အခန်း ၁၂၃၀
Vol. 82 Ch. 1230
အခန်း (၁၂၃၀) မာကျိရှန်းနှင့် တိုက်ပွဲ။
"ဒါဆို မင်းပေါ့”။ ငါ့ကို ခုနက ချောင်းမြောင်းတိုက်ခိုက်တဲ့ တစ်ယောက်လား။" မာကျိရှန်း သည် အရင်ဆုံး အပြင်ဘက်သို့ လျှောက်လှမ်းထွက်လာသော ချင်ယွင်ကို ကြည့်ကာ သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်လာသည်။ အစွမ်းထက်သော နတ်ဘုရားစိတ်ဝိညာဉ်တန်ခိုးက ချင်ယွင်ဆီသို့ မုန်တိုင်းတစ်ခုပမာ ချက်ချင်း လွှမ်းခြုံသွားသည်။
"သတိထား" မာကျိရှန်းသည် ချင်ယွင်ထံသို့ သူ၏ နတ်ဘုရားစိတ်ဝိညာဉ် တန်ခိုးကို လွှမ်းခြုံလိုက်သည့်အခါ, တော်ယု၏ လှပသော မျက်နှာက ချက်ချင်းပင် စိုးရိမ်သည့် အမူအရာ ပေါ်လာသည်။
သူမတို့သည် ယခင်က ချင်ယွင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ချင်ယွင်၏ စွမ်းအားသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသည်ကို သူမတို့ သိရှိကြသည်။ ဤကာလ အတွင်း သူ တိုးတက်လာလျှင်ပင်, အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်သည် သူ၏ အထွတ်အထိပ်ဟု ယူဆထားပြီး ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် မာကျိရှန်းနှင့် ပြိုင်ဘက်ဖြစ်မည်ဟု သူမ မထင်ထားပေ။ ထို့ကြောင့် သူမ၏လှပသော မျက်နှာမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
တော်အန်းလည်း တုန်လှုပ်ချောက်ချားသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ သို့သော်, သူမသည် တော်ယုလောက်တော့ အများကြီး မတွေးမိပါ။ သူမသည် ချင်ယွင်က မာကျိရှန်းကို အနိုင်ယူနိုင်ဖို့သာ မျှော်လင့်မိသည်။ ယခင်က ချင်ယွင်သည် မုန်းတီးစရာ ကောင်းသည်ဟု သူမထင်ခဲ့သော်လည်း မာကျိရှန်းသည် သူနှင့်ယှဉ်လျှင် ပို၍ပင် ရွံရှာဖွယ် ကောင်းနေပါသည်။
အောက်ခြေမှ လူတိုင်းက ချင်ယွင်ကို ကြည့်နေကြသည်။ ဒီလူက မာကျိရှန်း၏ လက်ထဲမှာ မည်မျှ ကြာကြာ တောင့်ခံနိုင်မလဲဆိုသည်ကို သူတို့ သိချင်နေကြသည်။ သူသည် မာကျိရှန်း ကို အနိုင်ယူဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။
လက်ရှိ ရောက်ရှိနေကြသည့်လူများတွင် နီထိုက်စွေ့တစ်ဦးတည်းသာ သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
လောင်းကစားဆိုင်သည် ချင်ယွင်၏ နတ်ဆိုးဆန်သော လုပ်ရပ်များကို မြင်ပြီးကတည်းက နီထိုက်စွေ့သည် ချင်ယွင်ကို လုံးဝ ယုံကြည်လာခဲ့သည်။ ချင်ယွင် မည်သည့်အရာကို လုပ်သည်ဖြစ်စေ, ချင်ယွင် လုပ်နိုင်မည်ဟု သူယုံကြည်သည်။ အဆုံးမှာတော့ ချင်ယွင်က သူ့ကို အရမ်းကို တုန်လှုပ်သွားစေခဲ့သည်လေ။
…
လူတိုင်း အတွေ့ကိုယ်စီ ရှိနေကြစဉ်မှာ, ချင်ယွင်သည် မာကျိရှန်းဆီမှ နတ်ဘုရား တန်ခိုး စွမ်းအင်မုန်တိုင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဘုန်း..”။
ချင်ယွင်က နည်းနည်းလေမှ ရှောင်တိမ်းခဲ့ခြင်း မရှိပါဘူး။ မာကျိရှန်း၏နတ်ဘုရားတန်ခိုး စွမ်းအင် မုန်တိုင်းသည် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်အား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ သို့သော် ချင်ယွင်၏ရုပ်အသွင်မှာ မလှုပ်မယှက် ရပ်နေသော ကြီးမားလှသည့် ခန္ဓာကိုယ် ကြီး တစ်ခုနှင့် တူနေသည်။ ၎င်းသည် သူ့အဝတ်အစား ထောင့်စွန်းလေးကိုပင် သက်ရောက်မူ မရှိခဲ့ပါဘူး။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်စက် အမူအရာမျိုး ရှိနေသည်။ သူ၏မျက်လုံးထဲ တွင် ဤနတ်ဘုရားတန်ခိုး စွမ်းအင်မုန်တိုင်းသည် ဟာသတစ်ခုမျှသာ ဖြစ်နိုင်ပါသည်။ သူသည် စကြာဝဠာ၏အလိုဆန္ဒကို အသုံးပြုရန် မလိုအပ်ကြောင်းကို လုံးဝ ပြောပြနေစရာ မလိုပါချေ။ မာကျိရှန်း၏ နတ်ဘုရားစိတ်ဝိညာဉ်တန်ခိုး စွမ်းအားသည် သူ့ကိုယ်ပိုင် နတ်ဘုရားစိတ်ဝိညာဉ် တန်ခိုးတစ်ခုတည်းကိုပင် အနည်းငယ်မျှ မလှုပ်ခါစေနိုင်ခဲ့ပေ။
ချင်ယွင်သည် အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်တွင်သာ ရှိသော်လည်း သူ၏ စိတ်ဝိညာဉ်ကို ကနဦးစကြဝဠာမှ အချိန်အတော်ကြာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။ ထို့ကြောင့်၊ ၎င်းသည် သဘာဝအတိုင်း သာမန်အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရား အဆင့်ရှိ ကျွမ်းကျင်သူများ၏ စိတ်ဝိညာဉ်များထက် များစွာ အားကောင်းနေပါသည်။
နတ်ဘုရားစိတ်ဝိညာဉ်ချင်းအရဆို, ချင်ယွင်၏ နတ်ဘုရာစိတ်ဝိညာဉ်စွမ်းအားသည် မာကျိရှန်း၏ စိတ်ဝိညာဉ်စွမ်းအားနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ အကယ်၍, သူသာ ကောင်းကင်ဘုံ၏အလိုဆန္ဒကို အသုံးပြုပါက ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် မာကျိရှန်းကို လုံးလုံးလျားလျား ချေမှုန်းနိုင်မည် ဖြစ်သည်။ (စကြာဝဠာ၏အလိုဆန္ဒနှင့် ကောင်းကင်ဘုံ၏အလိုဆန္ဒတို့သည် အတူတူဖြစ်ပါသည်။ ပါသည့်အတိုင်း ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်)။
"ဘုန်း”။
ကောင်းကင်ဘုံ၏အလိုဆန္ဒက ဖျတ်ခနဲလင်းလက်သွားစဉ်မှာ ချင်ယွင်၏မျက်လုံးများက တောက်ပလာခဲ့ပြီး၊ မာကျိရှန်း၏ နတ်ဘုရားစိတ်ဝိညာဉ်မုန်တိုင်းသည် အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့သည်။
"ဘာလဲ?" မာကျိရှန်းသည် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သော အမူအရာကို ထုတ်ဖော်လိုက် သည်။ ထင်ရှားသည်မှာ၊ အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားတစ်ပါးက သူ၏ စိတ်ဝိညာဉ် မုန်တိုင်းကို ဖြိုခွဲနိုင်စွမ်းရှိနေသည်ကို သူ မယုံကြည်နိုင်ပေ။
တော်ယုသည် သူမ၏မျက်နှာတွင် အံ့သြသောအမူအရာ ဖြစ်ပေါ်လာသည်။ ချင်ယွင်သည် မာကျိရှန်း၏ စိတ်ဝိညာဉ်မုန်တိုင်းကို အမှန်တကယ် တားဆီးနိုင်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
တော်အန်းကတော့ စိတ်လှုပ်ရှားမှု အပြည့်ဖြင့်ပင် အော်ဟစ်လိုက်ပြီး ချင်ယွင်ကို တူညီသော အဖွဲဝင်တစ်ဦးအနေဖြင့် လုံးလုံးလျားလျား ဆက်ဆံလိုက်သည်။
အောက်မှာရှိနေကြသည့် လူတိုင်းသည်လည်း အံ့အားသင့်ဟန် အမူအရာကိုယ်စီ ဖြစ်ပေါ်လာကြသည်။ ထိုမြင်ကွင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည် မှာ သိသာပါသည်။
"ဒီကောင်စုတ်လေးရဲ့ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားက ထူးထူးခြားခြား အစွမ်းထက် လွန်းတယ်။ တိုက်ရိုက် တိုက်ခိုက်လိုက်ပါ။ နတ်ဘုရားစိတ်ဝိညာချင်း သွားမပြိုင်နဲ့။" မာကျိရှန်းနှင့်ပါလာသော ချောမောခန့်ငြားသည့်လူငယ်က မာကျိရှန်းကို သတိပေးလိုက် သည်။
သူ့အဖော်၏စကားကြားတော့ မာကျိရှန်း၏ အကြည့်သည် ချက်ချင်းပင် ခက်ထန်လာပြီး ချင်ယွင်ကိုကြည့်သည့် သ်၏အကြည့်မှာလည်း သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်လာ သည်။
"ချာတိတ်လေး၊ မင်းရဲ့စိတ်ဝိညာဉ်က နည်းနည်းထူးခြားတယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားက မင်းခွန်အားရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာကို မင်း သိထားရမယ်။ မင်းရဲ့စစ်မှန်တဲ့ခွန်အားက မင်းရဲ့ ကျင့်ကြံမူအခြေခံအပေါ်မှာပဲ မူတည် တယ်။ မင်းက အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်နဲ့ အလယ်လတ်အဆင့် ကြယ်နတ်ဘုရားတစ်ပါးကို တွန်းလှန်နိုင်ပေမယ့်၊ ငါ့ကို တားဆီးချင်ရင်တော့ တကယ်ကို စိတ်ကူးယဉ်ဆန်လွန်းတယ်" မာကျိရှန်းက ချင်ယွင်ကို အေးစက်စွာ ပြောလိုက်ပြီး သူ့အသံက အေးစက်ပြီး အရိုးထိပါ ထိုးဖောက်သွားသည်။
ဤအခိုက်အတန့်တွင် သူ၏လက်များသည် ပြန်လည်ပေါက်နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအင်များသည် အလွန်ပြင်းထန်ပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။
"ဟင့်...”။
သို့သော်လည်း ချင်ယွင်သည် သူ့အား သူ့ပါးစပ်ထောင့်တွင် လှောင်ပြောင်သရော်ဟန်ဖြင့် တုံ့ပြန်ခဲ့သည်။
ချင်ယွင်၏အပြုအမူကို မြင်တော့ မာကျိရှန်းသည် လုံးဝ ဒေါသထွက်သွားခဲ့ပြီး၊ သူ့အသက်ရှုနှုန်းပင် မြန်ဆန်လာခဲ့သည်။
"မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" မာကျိရှန်းက အေးစက်စွာ ဟစ်အော်လိုက်ပြီး၊ ထိုအချိန်မှာ သူ၏နတ်ဘုရားတန်ခိုး စွမ်းအားက နွေဦးရာသီ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။
သူ့ခြေဖဝါးအောက်မှ တောင်ကြီးသည် သိပ်ထည်းစွာ ပေါက်ကွဲထွက်လာသည့် နတ်ဘုရား တန်ခိုး စွမ်းအားကြောင့် ချက်ချင်း ပြိုကျသွားသည်။ တောင်ထိပ်ပေါ်တွင် ရပ်နေသော တော်ညီအစ်မသည် ချက်ချင်းပင် ဟန်ချက်ပျက်သွားကာ တောင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ယခုအခါ, သူမတို့သည် နတ်ဘုရားတန်ခိုးနှင့် စိတ်ဝိညာဉ်နှစ်ရပ်စလုံးကို မာကျိရှန်းက စည်းတံဆိပ်ခတ်ထားပြီး၊ အကယ်၍ သူမတို့သာ ဤမျှမြင့်မားသော တောင်ထိပ်ပေါ်မှ ပြုတ်ကျသွားပါက မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမ့်မည်။
သို့သော် သူမတို့ မြေပြင်ပေါ်သို့ ပြုတ်ကျခါနီးတွင်, ပုံရိပ်တစ်ခုက ရုတ်တရက် သူမတို့ အနားတွင် တိတ်တိတ်လေး ပေါ်လာသည်။ ၎င်းပုံရိပ်သည် လက်တစ်ဖက်စီဖြင့် ခါးကို ပွေ့ဖက်ကာ သူမတို့နှစ်ဦးကို ပွေ့ဖက်ပြီး မြေပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်သွားသည်။
တော်ယုသည် သူမနှင့် အလွန်နီးကပ်သော ချင်ယွင်၏ မျက်နှာကို ကြည့်လိုက်သည်။ တခဏတာအတွင်း, သူမသည် စိတ်ညှို့ခံလိုက်ရသည်။ သူ၏ ပြတ်သားသော မျက်နှာနှင့် ဓားသွားကဲ့သို့ စူးရှသော မျက်လုံးများက သူမ၏ နှလုံးသားကို အဆုံးမရှိ တုန်လှုပ်စေခဲ့သည်။
"ဝှီး..”။ တော်ယု၏ပါးပြင်နှစ်ဖက်သည် ချက်ချင်းပင် နီရဲလာသည်။
"ဟိုကိုသွားပါ” သို့သော်လည်း တော်ယု၏စိတ်တွေ မှုန်ဝါးသွားသလို ဖြစ်နေစဉ်မှာ, ချင်ယွင်၏ အသံက သူမနားထဲသို့ ဝင်ရောက်လာပြီး၊ ချက်ချင်းဆိုသလို သူမကို နိုးကြားလာစေသည်။
ချင်ယွင်သည် အဝေးမှ နီထိုက်စွေ့ရှိရာကို ညွှန်ပြကာ ပြုံးလျက် သူမကို ကြည့်နေသည်။ သူ့မျက်လုံးတွေက အရာအားလုံးကို မြင်နေရသလိုပင်။
"ကောင်းပြီ...” တော်ယုသည် ချင်ယွင်၏အကြည့်ကို အမြန်ရှောင်လိုက်ပြီး ခေါင်းညိတ် သဘောတူသည်။ ထိုသို့ပြောပြီးနောက် သူမသည် တော်အန်းအား နီထိုက်စွေ့ရှိရာ အရပ်ဆီသို့ ဆွဲခေါ်လိုက်သည်။ သူမသည် ချင်ယွင်ကို မကြည့်ဝံ့သော်လည်း၊ သူမမျက်နှာပေါ်မှ နီရဲနေသော အရိပ်ယောင်များက သူမနားရွက်ဆီသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
“သူ့မိဘတွေ မမှတ်မိတဲ့အထိ ဒီကောင်ကို ငါတို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်ရမယ်။ တော်ယု၏ ဆွဲခေါ်ထုတ်ခြင်းခံလိုက်ရသော တော်အန်းသည် သူ့အစ်မ၏ ဖြစ်စဉ်ကို မတွေ့ရှိသေးပေ။ ယင်းအစား သူမက နောက်ပြန်လှည့်ပြီး ချင်ယွင်ကို အော်ပြောလိုက် သည်။
"ကောင်းပြီ သေချာပေါက် ရိုက်ပေးမယ်” ချင်ယွင်က ပြုံးပြီး ကူကယ်ရာမဲ့သော မျက်နှာဖြင့် တုန့်ပြန်လိုက်သည်။
ညီအစ်မနှစ်ယောက်၏ ပင်ကိုယ်စရိုက်သည် အလွန်ပင် ကွဲပြားသည်။ တစ်ယောက်က ဉာဏ်ကောင်းပြီး၊ နောက်တစ်ယောက်က အပြစ်ကင်းစင်သည်။
"လုံလောက်ပြီလား?" ချင်ယွင်သည် တော်ညီအစ်မ၏ ပင်ကိုယ်စရိုက်နှင့် ပတ်သက်ပြီး သက်ပြင်းချနေစဉ်မှာ, ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာ သည်။
မာကျိရှန်းသည် ချင်ယွင်၏ မူလနေရာ၌ ရပ်နေပြီး သူ့မျက်နှာပေါ်ရှိ အမျက်ဒေါသက ပြင်းထန်စွာ မြင့်တက်လာနေပြီ ဖြစ်သည်။
သူ ချင်ယွင်ကို တိုက်ခိုက်ခါနီးတွင် ချင်ယွင်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သိလိုက်ရသည်။ သို့သော်၊ ချင်ယွင်သည် သူနှစ်သက်သဘောကျသော မိန်းမလှနှစ်ဦးနှင့် ပရောပရည်လုပ်နေကြောင်းကို သူ တွေ့ရှိခဲ့သည်။
အကယ်၍, သူသာ မိန်းမလှလေးနှစ်ယောက်ကို ထိခိုက်သွားမည်ကို မစိုးရိမ်ပါက, သူသည် ချင်ယွင်ကို ချက်ချင်း တိုက်ခိုက်လိမ့်မည်။ ယခုတော့ အလှတရားတွေက ထွက်ခွာသွားခဲ့ ပြီ။ ထို့ကြောင့် သူသည် သဘာဝအတိုင်း လုံးဝ ဂရုမစိုက်တော့။ သူ၏သတ်ဖြတ်လိုသည့် ဆန္ဒက လွှမ်းခြုံသွားခဲ့ပြီး ချိုင့်ဝှမ်းထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
"တကယ်ဆို, ငါ မင်းကို ဒီလိုမေးခွန်း မေးသင့်တာ။ ငါ မင်းကို ပစ်ထားသွားတာ အတော်လေး ကြာသွားတဲ့အတွက် မင်း ပျော်ရွှင်သင့်တယ်" ချင်ယွင်က မာကျိရှန်းကို ကြည့်ရင်း တဟားဟား ရယ်မောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ခိုင်မာသော ယုံကြည်မှုများနှင့် ပြည့်နေခဲ့သည်။
"မင်းက သေခြင်းတရားကို တောင်းဆိုနေတာပဲ”။ မာကျိရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးများက ချက်ချင်း ပျံ့နှံ့သွားသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ပြေးဝင်သွားခဲ့သည်။ သူ့လက်ဖဝါးပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားသည် ချိုင့်ဝှမ်းတစ်ခုလုံးကို လှုပ်ခါသွားကာ ချင်ယွင်၏ ခြေဖဝါး အောက်ရှိ မြေပြင်များပင် တုန်လှုပ်လာသည်။
စာစဉ် (၈၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၁၅.၁၂.၂၀၂၄)