← Chapters

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အခန်း ၁၂၃၁

Vol. 83 Ch. 1231

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၃)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၂၃၁) မိဘများမမှတ်မိအောင် ရိုက်နှက်ခြင်း။

"သေလိုက်တော့”။

မာကျိရှန်း၏ နတ်ဘုရားလက်ဖဝါးကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ချင်ယွင် ဆီသို့ ပစ်လွှတ်လိုက်သည်။

သူ့ခြေဖဝါးအောက်မှ မြေပြင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်မှာ လှုပ်ခါနေသည်။

"ဟင့်…”။

ချင်ယွင်က တဟားဟား ရယ်မောလိုက်ပြီး မြေပြင်ပေါ် ခြေတစ်ချက်ပေါက်လိုက်သည်။ တုန်လှုပ်နေသော မြေပြင်သည် ချက်ချင်းပင် မတုန်လှုပ်တော့ပေ။

ထို့နောက်တွင်၊ ကြယ်နတ်ဆိုးနတ်ဘုရား၏တန်ခိုး စွမ်းအားက ချင်ယွင်၏ နတ်ဘုရား အမြုတေမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သော နတ်ဆိုးနတ်ဘုရား၏ တန်ခိုး စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှာ အထူးစက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်စေပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ကြောက်မက်ဖွယ်ရာ အတိုင်းအတာ အထိ ပေါက်ကွဲထွက်လာသည်။

နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်သည် နံပါတ်တစ် ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ဟု ခေါ်ဆိုနိုင်ပြီး၊ ၎င်းသည် နာမည်နာမည်ဂုဏ်သတင်း သည် အချည်းနှီး မဟုတ်ပေ။

ချင်ယွင်သည် ချက်ချင်းဆိုသလို လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ မာကျိရှန်း၏ လက်ဖဝါးကြီးကို ရင်ဆိုင်လိုက်သည်။

"ဘန်း..”။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးသည် ချက်ချင်း ပေါက်ကွဲသွားကာ ချင်ယွင်၏ ခြေဖဝါးအောက်မှ မြေပြင်သည် ပြိုကျသွားသည်။ သို့သော်လည်း ချင်ယွင်၏ ရုပ်အသွင်သည် လေဟာနယ်တွင် အခိုင်အမာရပ် တည်နေပြီး မာကျိရှန်း၏ လက်ဖဝါးကို ပြင်းပြင်းထန်ထန် ခံယူလိုက်သည်။

"ဘာလဲ၊ မင်းက ငါ့လက်ဖဝါးကို အတင်းအကြပ် ခံယူနိုင်တာလား။" မာကျိရှန်း၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သော အမူအရာကို ဖော်ထုတ်လိုက်ပြီး သူ၏ အကြည့်များသည် အလွန်စူးရှလာသည်။

"မင်း နောက်ထပ် လက်ဖဝါးတစ်ချက်ကို ခံယူနိုင်မယ်ဆိုတာ ငါမယုံဘူး။" မာကျိရှန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်တစ်ဖက်က ပြင်းထန်သော နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းနှင့်အတူ အလားတူ မြင့်တက်သွားပြီး၊ ချင်ယွင်အပေါ် ကျယ်လောင်သော တုန်ခါသံဖြစ်ပေါ်စေသည်။

သို့သော်လည်း ချင်ယွင်သည် တချိန်တည်းမှာပင် လှုပ်ရှားလိုက်ပြီး သူ၏ ဘယ်လက်ဖြင့် ထိုးချလိုက်သည်။

နတ်ဘုရားတန်ခိုးက ပျံ့နှံ့သွားကာ ချင်ယွင်၏ရုပ်အသွင်က မလှုပ်မယှက် ဖြစ်နေသည်။ မာကျိရှန်း၏လက်ဖဝါးပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ချင်ယွင်ကို အနည်းငယ်မျှ မလှုပ်နိုင်ပေ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်းဟာ အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရား အဆင့်မှာပဲ ရှိသေးတာလေ။ ငါ့ရဲ့ ကောင်းကင်တုန်ခါလက်ဖဝါးကို ဘယ်လိုလုပ် ခံယူနိုင် မှာလဲ။" မာကျိရှန်းက ထိတ်လန့်စွာ ပြောသည်။

သူ့ရှေ့မှလူငယ်၏ ခွန်အားသည် သူမြင်ရသလောက် မရိုးရှင်းဟု ထိုအခိုက်တန့်မှာပင် သူ နားလည်သွားခဲ့သည်။

"ဟမ့်၊ မင်းဆီက လက်ဖဝါးနှစ်ချက်ကို အသာထား၊ မင်းဆီက လက်ဖဝါးအချက်တစ်ရာ ဆိုရင်တောင် ငါ ဖမ်းဆုပ်နိုင်တုန်းပဲ" ချင်ယွင်က ရယ်မောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် လျှပ်စီးလက်သလို တိုက်ခိုက်လိုက်သည်။ သူ့လက်များ က ရေနဂါးတစ်ကောင်ကဲ့သို့ ချက်ချင်း ဆန့်ထွက်လာကာ မာကျိရှန်း၏ လက်ကို ဆုပ်ကိုင် လိုက်လေသည်။

သူ့အရှိန်ဟုန်က လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။ မာကျိရှန်းပင် တုံ့ပြန်ရန် အချိန်မရခဲ့ပေ။

ချင်ယွင်သည် မာကျိရှန်း၏လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး၊ နောက်မှ အလိုက်သင့် လိုက်ပါသွားခဲ့သည်။ ကြယ်နတ်ဆိုးနတ်ဘုရား၏တန်ခိုး စွမ်းအားကို သူ့ခြေထောက်များ ဆီသို့ ချက်ချင်း ဖြည့်သွင်းလိုက်သည်။

"ဘန်း..”။

ချင်ယွင်၏ဒူးသည် ကောင်းကင်ဘုံပြိုလဲပြီး မြေကမ္ဘာအက်ကွဲလောက်သည့် အငွေ့အသက် များဖြင့် မာကျိရှန်း၏ မျက်နှာကို တိုက်ရိုက် တိုက်ချလိုက်သည်။ ထိုကြောက်မက်ဖွယ် စွမ်းအားသည် မဂျိရှန်၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

တခဏအတွင်းမှာပင် မာကျိရှန်း၏ မျက်နှာတစ်ခုလုံး ချိုင့်ဝင်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ့မျက်နှာရှိ အရိုးတွေအားလုံး ပေါက်ကွဲသွားသည်။

မာကျိရှန်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့် အနောက်သို့ ပျံသန်းသွား သည်။

သို့သော် ဤအရာသည် အဆုံးသတ် မဟုတ်ပေ။ ချင်ယွင်သည် လျှပ်စီးလက်သလို သူ့ခန္ဓာကိုယ်က လေဟာနယ်ပေါ်ကို လှမ်းတက်လိုက်ပြီး၊ သူသည် ချက်ချင်းဆိုသလို နောက်သို့ လိုက်ပါသွားခဲ့သည် ။

ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုး စွမ်းအားသည် သူ၏ လက်သီးများကို ဖုံးအုပ်ထား သည်။ ကြယ်နတ်ဆိုးနတ်ဘုရား၏ အစွမ်းထက်သော တန်ခိုးသည် တုနှိုင်းမနိုင်လောက် အောင် ကြီးမားသည်။ ထို့နောက် ချင်ယွင်၏လက်သီးများက မာကျိရှန်း၏မျက်နှာပေါ် မုန်တိုင်းတစ်ခုကဲ့သို့ တရစပ် ထိုးဖောက်တိုက်နေသည်ကို တွေ့မြင်ရလိမ့်မည်။

ချင်ယွင်၏လက်သီးချက်ကြောင့် သနားစရာကောင်းသော မာကျိရှန်း၏မျက်နှာသည် တခဏအတွင်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ချင်ယွင်သည် တော်အန်း၏ ယခင် စကားများကို အမှန်တကယ် သဘောကျသည်။ ထို့ကြောင့် သူ့မိဘများသည်ပင် သူ့ကို မှတ်မိတော့မည် မဟုတ်ပေ။။

"ကောင်းလိုက်တာ၊ ကောင်းကောင်းတိုက်ခိုက်လိုက်။ နင်လည်း သောက်ရမ်းပျော်နေလိမ့် မယ်။ ချင်ယွင် ပိုကြိုးစားထား" အဝေးက တော်အန်းသည် ကမ္ဘာကြီး ကမောက်ကမ မဖြစ်မည်ကို ကြောက်ရွှံ့နေသည့်အလား သူမအမူအရာမှာ အလွန်စိတ်လှုပ်ရှားနေသည်။

ယခုအချိန်တွင် တိုက်ပွဲဝင်နေသူမှာ ချင်ယွင်မဟုတ်ဘဲ သူမကိုယ်တိုင်ပင် ဖြစ်နေဟန်တူ သည်။ သူမသည် သူမ၏ လက်သီးသေးသေးလေးကို အဆက်မပြတ် ဝှေ့ယမ်းကာ သူမ၏ မျက်လုံးကြီးများက တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေသည်။ သူမ၏ အမူအရာက ဖော်မပြနိုင်လောက်အောင် ချစ်ဖို့ကောင်းပြီး လှုပ်ရှားသက်ဝင်နေသည်။

ဟုတ်ပါသည်။ သူမတစ်ယောက်တည်း အော်ဟစ်အားပေးနေခြင်းတော့ မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးကိုပင် မကြောက်သော နီထိုက်စွေ့သည်လည်း အလွန်တရာမှ စိတ်လှုပ်ရှားနေပြီး ချောမောခန့်ငြားနေသည်။

"ဝိုး၊ အဲဒါ နတ်ဆိုးနတ်ဘုရားရဲ့ တန်ခိုးစွမ်းအားလို့ ခေါ်တယ်။ ညီအစ်ကို ချင်၊ မဟုတ်ဘူး, ဆရာကြီး ချင်၊ သူ့ကို တာဝန်တစ်ခုအနေနဲ့ ရိုက်နှက်ပြီး၊ နတ်ဆိုးနတ်ဘုရားရဲ့ တန်ခိုးကို သိအောင် ပြောပြလိုက်စမ်းပါ။" နီထိုက်စွေ့က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူ၏ ကျယ်လောင်သော အသံသည် ကောင်းကင်ဘုံကိုးခု၏ နတ်ဘုရား မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းကာ ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်နေသည်။

လူငယ်စုံတွဲသည် ဤမြင်ကွင်းကို မြင်သောအခါ၊ အမြဲအေးစက်ပြီး မာနထောင်လွှား နေသော သူတို့၏နှုတ်ခမ်းထောင့်စွန်းများက မထိန်းနိုင်ဘဲ ရှုံ့မဲ့သွားကြသည်။

မာကျိရှန်း၏အဖော် လူငယ်၏ အမူအရာသည် အလွန်ပင် မှိုင်းညို့နေပြီး ပြင်းထန်သော အအေးဓာတ်က သူ့မျက်လုံးများ၏ နက်ရှိုင်းသေားအရပ်မှ ထွက်ပေါ်လာသည်။

ချင်ယွင်၏ တရစပ်တိုက်ခိုက်ခြင်း ခံခဲ့ရသော မာကျိရှန်းသည် ဒေါသထွက်လွန်ပြီး သွေးအန်တော့မည် ဖြစ်သည်။ သူသည် ယခုအချိန်အထိ သူ၏ကျင့်ကြံအဆင့်ဖြင့် ထိုသို့သော အရှက်ရမှုမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့်အတွက် ရူးသွပ်သွားသလို ခံစားလာရသည်။

"ဘန်း..”။

ချင်ယွင်သည် မာကျိရှန်း၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ပြီး လွင့်ပျံသွားစေကာ အဝေးမှ တောင်ထိပ်ကို ပြိုကျသွားစေခဲ့သည်။

ကြေမွနေသော ကျောက်တုံးများသည် မာကျိရှန်းကို နစ်မြုပ်စေကာ ကောင်းကင်ယံတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေပြီး တောင်ပြိုကျသည့်အသံက မိုးခြိမ်းသံကဲ့သို့ ဖြစ်နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေသေးသည်။ သူ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အလျင်လိုခြင်း မရှိပေ။

ဤသည်မှာ မာကျိရှန်း၏ အစစ်မှန် ခွန်အားမဟုတ်မှန်း သူ သိသည်။ ဤလူ၏ ခန္ဓာကိုယ် အတွင်း၌ ဝှက်ထားသော ကြီးမားသော စွမ်းအားတစ်ခု ရှိနေပြီး၊ ထိုစွမ်းအားသည် အမျက်ဒေါသ အပြည့်ဖြင့် ပေါက်ကွဲထွက်လာနိုင်သည်။

ထို့ကြောင့် ချင်ယွင်၏ တရစပ်သည် တော်အန်း စိတ်ကျေနပ်စေရုံသာမက မာကျိရှန်းကို လည်း ဒေါသထွက်စေလိမ့်မည်။ သူသည် ထိုအစွမ်းထက်သော စွမ်းအားကို လှုံ့ဆော် ပေးချင်သည့်အလား မာကျိရှန်းကို ယခုထက် ပို၍ အမျက်ဒေါသ ပေါက်ကွဲထွက်စေချင် သည်။ ဤနည်းဖြင့် သူသည်လည်း ပျော်ရွှင်စွာ တိုက်ပွဲဝင်နိုင်မည် ဖြစ်သည်။

တိုက်ပွဲများအပေါ် ရူးသွပ်သူတစ်ဦးအတွက် သင့်လျော်သော ပြိုင်ဘက်တစ်ဦးကို တွေ့ရှိရခြင်းသည် မည်မျှ ကံကောင်းလိုက်သနည်း?။

ချင်ယွင်သည် မာကျိရှန်းနှင့် တိုက်ပွဲတွင် သူ၏လက်သီးပညာရပ်နှင့် ဓားသိုင်းပညာရပ်များ ၏ အရည်အသွေးကို သန့်စင်လိုသည်။ ထို့ကြောင့် ဤတိုက်ပွဲသည် အရေးမပါဟု ထင်ရသော်လည်း တကယ်တော့၊ ချင်ယွင်အတွက် ကျင့်ကြံမှုတစ်မျိုးလည်း ဖြစ်ပါသည်။

တခြားလူများအတွက်မူ, ချင်ယွင်သည် စိတ်ပူခြင်း အလျင်းမရှိပေ။ သူ့လက်ထဲတွင် ထိပ်တန်းအဆင့် ရတနာအချို့ကို ဆုပ်ကိုင်ထားသည်။ အကယ်၍ ဤလူများသည် သူ့အပေါ် အမှန်တကယ် ဝံ့ကြွားလာပြီး ဒုက္ခပေးလာမည်ဆိုလျှင်, ချင်ယွင်သည် ထိပ်တန်း အဆင့် နတ်ဘုရားဆေဘာကို တိုက်ရိုက် အသုံးပြုနိုင်သည်။

တခြားလူသုံးယောက်သည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို တစ်ချိန်တည်း ဖြတ်တောက်နိုင်ခြင်း မရှိမှာပင် စိုးရိမ်မိသေးသည်။

ခပ်ဝေးဝေးတွင်၊ တော်ယုသည် ချင်ယွင်၏ မြင့်မားသော နောက်ကျောကို လှမ်းကြည့်လိုက် ရင်း သူမမျက်လုံးများသည် အလွန်ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကို ပေါ်လွင်စေ သည်။

ယခင်က ချင်ယွင်သည် မာကျိရှန်းနှင့် မယှဉ်နိုင်ဟု သူမ ထင်ခဲ့သော်လည်း ယခုအခါ မာကျိရှန်းသည် သူ့ရှေ့တွင် လုံးဝကို စွမ်းအားမရှိတော့ပေ။ ဤအရာက သူမ နားလည်မှု ထက် ကျော်လွန်သွားခဲ့ပြီ။

"သူ့ရဲ့ ခွန်အားက ဘာလို့ ဒီလောက် မြန်မြန်ကြီး တိုးမြင့်လာရတာလဲ?။ သူ့ရဲ့ကျင့်ကြံမူ နယ်ပယ်က အများကြီး တိုးတက်မလာပါဘူး။ ဒါက ဘယ်လို ဖြစ်လာရတာလဲ?" တော်ယုသည် သူမကိုယ်သူမ တွေးနေမိသည်။

"ဘန်း..”။

ထိုအချိန်တွင် အဝေးရှိ တောင်ထိပ်ပေါ်မှ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာ သည်။ ကျောက်တုံးများသည် ချက်ချင်းပင် လွင့်ထွက်သွားပြီး၊ အဝေးမှ တောင်ထိပ်ပေါ်နှင့် မြေပြင်ပေါ်သို့ ထိုးကျသွားကာ ကြီးမားသော တွင်းနက်ပေါက်ကြီးများ ဖြစ်ပေါ်လာသည်။

“အား…”

ဖုန်မှုန်များပျံ့နှံ့နေသော တောင်ထိပ်၏ ပြိုကျနေသော အပျက်အစီးများကြားမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ဟစ်သံသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေကာ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများဖြင့် ရောထွေးနေသည်။

"မကောင်းတော့ဘူး၊ ဂျူနီယာညီမာက ရူးသွပ်သွားခဲ့ပြီ" မာကျိရှန်း၏အဖော်သည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး သူ၏မျက်ခုံးများသည် လျှိုမြောင် တစ်ခုထဲသို့ နက်ရှိုင်းစွာ တွန့်ဝင်သွားခဲ့သည်။

ဘေးတဖက်မှ လူငယ်နှင့် အမျိုးသမီးတို့၏ မျက်နှာများလည်း တုန်လှုပ်ခြောက်ခြားမှုများ နှင့် ပြည့်နှက်နေသည်။ သူတို့သည် တဟုန်ထိုး ပျံ့နှံ့တက်လာသော နတ်ဘုရားတန်ခိုးကို ကြည့်လိုက်ရင်း သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်ဘောင် ပေါ်လာသည်။

တော်ညီအစ်မသည်လည်း မျက်မှောင်ကြုတ်ကာ ချင်ယွင်အတွက် စိုးရိမ်စ ပြုလာသည်။

သို့သော်လည်း ချင်ယွင်ကိုယ်တိုင်က သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိခဲ့ဘဲ စူးရှထက်မြက်သော ဖီးနစ်မျက်လုံး တစ်စုံသည် ပြင်းထန်သော အလင်းရောင်ဖြင့် ထွက်ပေါ်လာသည်။

"နောက်ဆုံးတော့။" ချင်ယွင်က ရယ်မောလိုက်သည်။

သို့သော်, သူပြောပြီးသည်နှင့် အနှိုင်းမဲ့ ကြောက်စရာကောင်းသော အငွေ့အသက်ဖြင့် ချင်ယွင်ဆီသို့ အပြေးအလွှား ပျံတက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

သာမန် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည်ပင် ထိုပုံရိပ်ဖြင့် အပြင်းအထန် တိုက်မိခြင်းကြောင့် ချက်ခြင်း ပေါက်ကွဲသွားမည်ကို စိုးရိမ်ရသည်။

All Chapters