အခန်း ၁၂၃၂
Vol. 83 Ch. 1232
အခန်း (၁၂၃၂) သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေ။ (ဒိုမိန်း)။
မာကျိရှန်း၏ အငွေ့အသက်သည် သက်တံရောင်နှင့်တူပြီး သူ့မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ ဖြစ်နေသည်။ တခဏအတွင်းမှာပင်, သူသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာသည်။
"ဘုန်း”။
မာကျိရှန်း၏ လက်ဖဝါးသည် ကြီးမားသော နဂါးကြီးတစ်ကောင်၏ ခြေသည်းများကဲ့သို့ ဖြစ်ပြီး၊ ၎င်းသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်သော သွေးရနံ့များ ထွက်ပေါ်လာသည်။ သူ့လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် လေဟာနယ်သည် အဆက်မပြတ် တုန်နေသည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ့အကြည့်တွေက ချက်ချင်း ပြင်းထန်လာသည်။ နတ်ဆိုးနတ်ဘုရားတစ်ပါး၏ တန်ခိုးစွမ်းအားက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားသည်။
ဝှီး....။
ချင်ယွင်က ထိပ်တိုက် ရင်မဆိုင်ခဲ့ပါဘူး။ သူသည် နောက်သို့ လက်မဝက်ခန့် ရွှေ့လျား လိုက်စဉ် မာကျိရှန်း၏ ချွန်ထက်သော လက်သည်းများက သူ့ရင်ဘတ်ကို ထိုးဖြတ်လု မတတ် ဖြစ်သွားခဲ့သည်။
သို့သော် သူ၏လက်သည်းများမှ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင် အငွေ့အသက်များက ချင်ယွင်၏ ရင်ဘတ်ပေါ်တွင် နက်ရှိုင်းသော သွေးထွက်သံယို လက်သည်းရာ ငါးခုကို ဆုတ်ဖြဲသွားဆဲဖြစ်ပြီး ဒဏ်ရာမှ သွေးစိမ်းများ စီးကျလာသည်။
"ဘယ်လောက်တောင် ထက်ရှတဲ့ ခြေသည်းပညာရပ်လဲ" ချင်ယွင် အံ့သြသွားသည်။ အစောပိုင်းက သူသည် သူ၏ခန္ဓာကိုယ်ကို ကြံခိုင်သန်မာစေရန် နတ်ဆိုးနတ်ဘုရား၏ စွမ်းအားကို အသုံးပြုခဲ့သော်လည်း၊ မာကျိရှန်း၏ လက်သည်းများမှ ကြောက်စရာကောင်း သော သွေးစွမ်းအင်များက သူ့ရင်ဘတ်ကို ဆွဲဖြဲသွားခဲ့သည်။ ယင်းမှနေ၍ ထိုသွေးစွမ်းအင် သည် အလွန်အစွမ်းထက်ကြောင်း တွေ့ရှိရပေသည်။ နတ်ဆိုးနတ်ဘုရား၏ တန်ခိုး အစွမ်းသည်ပင် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ပေ။
ဘန်း…။
ချင်ယွင်သည် အံ့သြနေစဉ်မှာ မာကျိရှန်း၏ လက်သည်းတွေက ချင်ယွင်ဆီကို တစ်ဖန် ဖမ်းဆုပ်လာပြန်သည်။
ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင်အဖြစ် ပြောင်းသွားကာ ပျောက်ကွယ်သွားခဲ့သည်။
မာကျိရှန်း၏ လက်သည်းများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သို့သော် သူ၏ လက်သည်းများမှ ထုတ်လွှတ်သော ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များ သည် မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းနက်ငါးခုကို စုတ်ဖြဲပစ်လိုက်သည်။ တွင်းနက်ကြီးများသည် မီတာထောင်ပေါင်းများစွာ ရှည်လျားပြီး အအဝေးရှိ တောင်ထိပ် တစ်ဝက်ကျော်ကိုပင် ဖမ်းဆုပ်မိသွားသည်။
ချင်ယွင်၏ရုပ်အသွင်သည် ဘေးတစ်ဘက်တွင် ပေါ်လာသည်။ သူသည် မြေပြင်ပေါ်ရှိ နက်ရှိုင်းသော လျှိုများကို ကြည့်ကာ အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
မာကျိရှန်း၏ ခန္ဓာကိုယ်တွင် အားကောင်းသည့် စွမ်းအားများ ရှိနေကြောင်း သူသိထား သော်လည်း ဤစွမ်းအားသည် ဤမျှလောက် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့လက်သည်းများမှ ထွက်ပေါ်လာသော သွေးစွမ်းအင်က အစွမ်းထက်လွန်းသည်။
"ကြည့်ရတာ, ငါ ပေါင်းစပ်နတ်ဘုရားတန်ခိုးကို အသုံးပြုရမယ့်ပုံပဲ။ ကြယ်နတ်ဆိုး နတ်ဘုရားတန်ခိုး စွမ်းအားက မာကျိရှန်းကို ဆန့်ကျင်ဖို့ မလုံလောက်တော့ဘူး။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့မျက်လုံးများသည်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက်၊ သူသည် သူ၏ခန္ဓာကိုယ်အတွင်း ရှိ နတ်ဘုရားတန်ခိုးများကို ပေါင်းစပ်ရန် စတင် ကြိုးစားလိုက်သည်။
သို့သော်၊ ဤတစ်ကြိမ်တွင်၊ သူသည် သူ၏နတ်ဘုရားတန်ခိုးအားလုံးကို မပေါင်းစပ်ခဲ့ပေ။ သူသည် နတ်ဘုရားတန်ခိုးလေးမျိုးထဲမှ နှစ်ခုဖြစ်သော ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုး နှင့် ဖျက်ဆီးခြင်းနတ်ဘုရားတန်ခိုးတို့ကို ပေါင်းစပ်လိုက်သည်။
ဤနတ်ဘုရားတန်ခိုး နှစ်ခုစလုံးသည် ပြင်းထန်သော တိုက်ခိုက်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားတန်ခိုးများ ဖြစ်ကြပါသည်။ ဤနတ်ဘုရားတန်ခိုးနှစ်ခုကို ပေါင်းစပ်ခြင်းသည် ၎င်းတို့၏ တိုက်ခိုက်မူစွမ်းအားများကို ပိုမိုအားကောင်းစေမည် ဖြစ်သည်။
ဘန်း..။
ပြင်းထန်သော အနက်ရောင်လျှပ်စီးကြောင်းများသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့သည်။ ဤအနက်ရောင်လျှပ်စီးကြောင်းများတွင် အလွန်မင်း အစွမ်းထက်သော နတ်ဘုရားတန်ခိုးများ ပါဝင်နေသည်။
"ငါ မင်းကို သေစေချင်တယ်" ဤအခိုက်တွင် မာကျိရှန်းသည်လည်း ချင်ယွင်ကို လှမ်းကြည့်ပြန်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်က ပိုပြင်းထန်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြီးမားကျယ်ပြန့်သော သွေးစွမ်းအင်တွေက ထွက်ပေါ်လာပြန်သည်။ တခဏအတွင်းမှာပင် ချိုင့်ဝှမ်းတစ်ခုလုံး ပြင်းထန်သော သွေးစွမ်းအင်များဖြင့် ပြည့်နှက်နေ သည်။
မာကျိရှန်းသည် ရူးသွပ်သော အခြေအနေသို့ ရောက်ရှိသွားသော်လည်း သူ၏ ဆင်ခြင်တုံ တရားသည် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိပေ။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်ကို ကြည့်နေသည့် သူ၏အကြည့်များသည် သွေးဆာနေသည့် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လို ဖြစ်နေခဲ့ပြီး အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်နေသည်။
အောက်မှာရှိနေကြသည့် လူအုပ်ကြီးသည် နတ်ဆိုးတစ်ကောင် သိမ်းပိုက်ခံရသည့် ပုံစံပေါက်နေသော မာကျိရှန်းကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် အံ့အားသင့်သွားကြသည်။
"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းတဲ့ သွေးစွမ်းအင်တွေလဲ။ ညီအစ်ကိုမာရဲ့ သွေးနတ်ဆိုးသန့်စင်ခြင်း နယ်မြေက နောက်တကြိမ် တိုးတက်လာပြန်ပုံတယ်။" မာကျိရှန်းနှင့်အတူ လိုက်ပါလာသည့် ချောမောသေ်လူငယ်က သူ့ကိုယ်သူ စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ချင်ယွင်ကို ကြည့်နေသည့် သူ့မျက်လုံးများက ချက်ချင်းပင် သနားသည့် အမူအရာ ပေါ်လာပါသည်။
သူ့အမြင်အရဆို, မာကျိရှန်းသည် ဤသွေးစွမ်းအင်ကို အသုံးပြုထားတာကြောင့် ဤလူငယ်သည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။
"ဘုန်း”။
ဒီရေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ မာကျိရှန်းသည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသော သွေးစွမ်းအင်ဖြင့် ချင်ယွင်ဆီသို့ တဟုန်ထိုး ပျံသန်းသွားခဲ့ သည်။ ပြင်းထန်သော သွေးစွမ်းအင်သည် ချင်ယွင်ကို သွေးအိုင်ထဲတွင် နစ်မြှုပ်ချင်နေသည့် အလား လှိုင်းထန်နေသော ဒီရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
"ဟင့်၊ လူ့သားသွေးတွေကို အသုံးပြုပြီး၊ ဒီလိုဆိုးညစ်တဲ့ နတ်ဆိုးပညာကို သန့်စင်ခဲ့တယ်။ ငါ မင်းကို သတ်ရင်ဘူးဆိုရင် စောကဒတက်ကြလိမ့်မယ်နဲ့တူတယ်" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ ပေါင်းစပ်ထားသော နတ်ဘုရားတန်ခိုးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသည့် အနက်ရောင် လျှပ်စီးနတ်ဘုရားနဂါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် တုနှိုင်းမရအောင် ရက်စက် ကြမ်းကြုတ် သွားစေသည်။
ဖျက်ဆီးခြင်း နတ်ဘုရားတန်ခိုးသည် ပေါက်ကွဲအသက်နတ်ဘုရားတန်ခိုးနှင့် ပေါင်းစပ် ခြင်းဖြင့် ပို၍ပင် အစွမ်းထက်ပြီး၊ ပို၍ပင် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတန်ခိုး တစ်ခု ဖြစ်လာခဲ့သည်။ ဖရိုဖရဲလျှပ်စီးများတွင် ထိုပေါင်းစပ်နတ်ဘုရားတန်ခိုးကို ထည်သွင်း ခြင်းဖြင့် ထိုဖရိုဖရဲလျှပ်စီး၏ စွမ်းအားသည် ထိတ်လန့်တုန်လှုပ်ဖွယ် အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။
"ဘုန်း”။
ဖရိုဖရဲလျှပ်စီးများမှ ပေါင်းစပ်သိပ်သည်းထားသည့် ချင်ယွင်၏ လျှပ်စီးနဂါးကြီးသည် မာကျိရှန်း၏ သွေးရောင်စွမ်းအင်နှင့် အပြင်းအထန် တိုက်မိသွားပြီး ကောင်းကင်တုန်ခါ လောက်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ၊ သူတို့၏ ခြေဖဝါးအောက်မှ မြေပြင်သည် ချက်ချင်းပင် တစစီပျက်ဆီးသွားခဲ့သည်။
ချင်ယွင်နှင့် မာကျိရှန်း နှစ်ဦးစလုံးသည် စွမ်းအားနှစ်ရပ်ဖြင့် ဖွဲ့စည်းထားသော မုန်တိုင်း ကြောင့် နောက်ပြန် ဆုတ်သွားကြသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကာ တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေကြသည်။
အောက်မှာရှိနေကြသည့် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤထိပ်တိုက်တွေ့ဆုံမှု အဆင့်သည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ မာကျိရှန်းသည် ဤမျှ အစွမ်းထက်သော အစွမ်းသတ္တိကို ပြသနိုင်ခြင်းက အံ့သြစရာမဟုတ်သော်လည်း ချင်ယွင်၏ ဤမျှလောက် အစွမ်းထက်သော တိုက်ခိုက်ရေး စွမ်းအားကို ပြသနိုင်ခြင်းက သူတို့အား အမှန်တကယ် တုန်လှုပ်စေခဲ့သည်။
အံ့သြတုန်လှုပ်သူများတွင် လူငယ်စုံတွဲနှင့် မာကျိရှန်း၏အဖော်သာမကဘဲ၊ ချင်ယွင် ဘက်တွင်ရှိနေကြသည့် တော်ညီအစ်မနှင့် နီထိုက်စွေ့တို့ပင် အံ့သြတုန်လှုပ် သွားကြသည်။
"နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါးရဲ့ ခွန်အား။ သူက ဒီအချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် သန်မာလာရတာလဲ။" တော်ယုသည် ကောင်းကင်ယံတွင် တိုက်ခိုက်နေဆဲ ဖြစ်သော ချင်ယွင်အား ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်ကာ သူမ၏ လှပသော မျက်လုံးများသည် သံသယများဖြင့် တောက်ပနေသည်။
ချင်ယွင်၏တိုးတက်မှုသည် မြန်ဆန်လွန်းသည်။ မြန်ဆန်မူက သူမနားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ။ လူတစ်ဦးသည် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်မှ နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ်သို့ အချိန်တိုအတွင်း မည်သို့မည်ပုံ တက်လှမ်းလာနိုင်သည်ကို သူမ စိတ်ကူးကြည့်ရန် ခက်ခဲသည်။
"ဘုန်း”။
ချင်ယွင်၏ တိုက်ပွဲစွမ်းရည်ကြောင့် တော်ယုသည် ထိတ်လန့်နေစဉ်မှာ, ကောင်းကင်ယံ၌ ချင်ယွင်နှင့် မာကျိရှန်းအကြား တိုက်ပွဲသည် ရူးသွပ်ဖွယ် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။
ချင်ယွင်သည် မာကျိရှန်း၏ သွေးစွမ်းအင်လှိုင်းများကို ထိုးဖောက်ရန်အတွက် ပြင်းထန်သော အနက်ရောင်လျှပ်စီးကြောင်းများကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထိပ်တိုက်တွေ့မိတိုင်း ကောင်းကင်ကြီး တုန်ခါလောက်သည့် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး၊ ၎င်းတို့ ဖြတ်သန်းသွားတိုင်း နေရာတိုင်း အပျက်ဆီးများ အဖြစ် ပြိုပျက်သွားကြသည်။
အချိန်အနည်းငယ်အတွင်းမှာပင် သူတို့၏တိုက်ပွဲအပြီးသည် နတ်တောင်ကြီးတစ်ခုကိုပင် လှုပ်ခါသွားခဲ့သည်။ မူလက တောင်တန်းများဖြင့် ဝန်းရံထားခဲ့သော လှပသော မြင်ကွင်း သည် ယခုအခါ အပျက်အစီးနယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
"ဘုန်း..”။
ချင်ယွင်နှင့် မာကျိရှန်းတို့သည် ထပ်မံ ထိပ်တိုက်ဆုံမိကြပြန်သည်။ အားပြင်းသော ထိပ်တိုက်တွေ့ဆုံမှုကြောင့် သူတို့ နှစ်ယောက်စလုံး တုန်လှုပ်သွားပြန်သည်။
"မင်း ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားနဲ့ တဟုန်ထိုး မြင့်တက်လာမယ်လို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ မင်း အရင်က ငါ့အပေါ် ဒီလောက် မာနကြီးနေခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် အခုတော့ အရာအားလုံး ပြီးသွားပါပြီ။ ဒီလိုဆိုမှတော့, ငါ မင်းကို ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို နောက်ထပ် ခံစားခွင့် ပေးလိုက်မယ်" မာကျိရှန်းသည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ထူထဲသော သွေးအလွှာတစ်ခု တောက်ပလာသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သွေးရောင် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ သည်။ ပြင်းထန်သော သွေးရောင် အငွေ့အသက်သည် ချိုင့်ဝှမ်းတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဤသွေးစွမ်းအင်များ တိုးမြင့်လာသည်နှင့်အမျှ ချင်ယွင်သည် သွေးအိုင်ကြီးထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်သည် ကြီးမားကျယ်ပြန့် သော သွေးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တွင် လူသေကောင်များနှင့် အရိုးပင်လယ်များပင် ပြည့်နှက်နေခဲ့သည်။ တစ်ကမ္ဘာလုံးသည် သွေးကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏ နတ်ဘုရားတန်ခိုးက အလွန်အမင်း ဖိနှိပ်ခံထား ရသလို ခံစားလိုက်ရပြီး၊ သူ၏ နတ်ဘုရားတန်ခိုး လည်ပတ်မှုနှုန်းမှာလည်း နှေးကွေးသွားခဲ့ သည်။
"ဟား...၊ ဟား...၊ မင်းတော့ သေပြီ။ ငါ့ရဲ့ သွေးနတ်ဆိုးသန့်စင်ခြင်းနယ်မြေထဲမှာဆို ငါက အုပ်စိုးသူဘုရင်ပဲ။ ငါ မင်းကို ဖြည်းဖြည်းချင်း ဝါးမျိုမှာကို စောင့်နေလိုက်တော့" မာကျိရှန်းက ကျယ်လောင်စွာ ရယ်မောပြီး သူ့အမူအရာက လူတွေကို ဝါးစားနေသည့် အလား ထူးထူးခြားခြား ရက်စက် ကြမ်းကြုတ်လွန်းသည်။