အခန်း ၁၂၃၃
Vol. 83 Ch. 1233
အခန်း (၁၂၃၃) အကြွင်းကျန်နှင်း။
မာကျိရှန်း၏ အသံသည် ကျယ်လောင်ပြီး ကောင်းကင်ယံတွင် ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
အလောင်းများနှင့် သွေးပင်လယ်ပြင်ကြီးကို လှမ်းကြည့်ရင်း ချင်ယွင်၏မျက်ခုံးများသည် ချက်ခြင်းပင် တွန့်သွားခဲ့သည်။
"တကယ့် သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေပဲ။ တကယ်တော့ ဒါက သူ့ကိုယ်ပိုင် ကမ္ဘာတစ်ခုပဲ" ချင်ယွင်က သူ့ကိုယ်သူ အေးစက်စွာ ရေရွတ်လိုက်ပြီး သူ့မျက်လုံးတွေက ပြင်းထန်သော အမျက်ဒေါသ ထွက်ပေါ်လာသည်။
သူ့ရှေ့မှ လူသေကောင်များနှင့် သွေးပင်လယ်ကြီးသည် စိတ်ကူးယဉ်ဆန်ဆန် မွေးဖွားလာ ခြင်းမဟုတ်ဘဲ၊ တကယ့် အစစ်အမှန် ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
ဤနေရာ၌ရှိရှိသမျှ အလောင်းတိုင်းသည် တစ်ချိန်က သက်ရှိသတ္တဝါများကို ကိုယ်စားပြုခဲ့ ပြီး၊ သူ့ခြေထောက်အောက်ရှိ သွေးရောင်ပင်လယ်ပြင်ကြီးသည်လည်း ၎င်းတို့၏ သွေးများ ဖြင့် လုံးဝ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ချင်ယွင်သည် ဤကဲ့သို့ သွေးပင်လယ်မြင်ကွင်းတစ်ခုကို ဖန်တီးနိုင်ရန် အသက်ပေါင်း မည်မျှ လိုအပ်သည်ကို စိတ်ကူး၍ပင် မရနိုင်ခဲ့ပေ။
သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေသည် ငရဲဘုံ၏နှာခေါင်းတစ်ခု ဖြစ်သည်။
"ကမ္ဘာငယ်လေးတစ်ခု ဖန်တီးနိုင်ဖို့အတွက် အသက်ပေါင်း မြောက်များစွာ အသုံးပြုတာက နည်းနည်း ရက်စက်လွန်းတယ်လို့ မင်း မထင်ဘူးလား?" ချင်ယွင်သည် အဝေးမှာရှိနေသည့် မာကျိရှန်းကို ကြည့်ကာ ခက်ထန်ပြိး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ချင်ယွင်သည် တရားမျှတမူအတွက် မကောင်းဆိုးဝါးဆန်သူများကို မုန်းတီးနေသည့် လူကောင်းတစ်ယောက်မျိုး မဟုတ်သော်လည်း၊ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောကိစ္စရပ်များ၌ သူသည် အနှိုင်းမဲ့ ဒေါသဖြစ်မူကို ခံစားရသေးသည်။
မာကျိရှန်း၏ လုပ်ရပ်များသည် လူသားဖြစ်တည်မူနှင့် လုံးဝ ဆန့်ကျင်နေခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီးတို့ကပင် သည်းမခံနိုင်ဟု ဆိုနိုင်သည်။
"ရက်စက်တယ်လား..?။ သူတို့အပေါ် ရက်စက်ကြမ်းကြုတ်တောရော ဘယ်ဖြစ်လဲ?။ ဒီလူတွေက ပုရွက်ဆိတ်တွေပဲလေ။ ဒီသွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေကို သန့်စင်ဖို့ အတွက် သူတို့ရဲ့သွေးတွေကို အသုံးခြင်းကမှ ဒီကမ္ဘာကြီးမှာ သူတို့ရဲ့တန်ဖိုးပဲ။ ငါက သူတို့ရဲ့တန်ဖိုးကို သိရှိဖို့အတွက် ကူညီပေးနေတာ။ ငါက ရက်စက်တဲ့လူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" မာကျိရှန်းက အေးစက်သော အပြုံးဖြင့် တုန့်ပြန်လိုက်ပြီး၊ သူ့အမူအရာက အလွန်မင်း ရက်စက်ကြမ်းကြုတ်လာသည်။
"မိုက်မဲလိုက်တာ, ဖြစ်နိုင်တာက, ဒီကမ္ဘာလောကကြီးမှာ ကောင်းကင်ဘုံရဲ့ ဉပဒေသ သံသရာစက်ဝန်းဆိုတာ ရှိမနေဘူးလား?။ သတ္တဝါအားလုံးမှာ ကိုယ်ပိုင် ကံကြမ္မာဆိုတာ ရှိတယ်။ မင်းက အကြောင်းတရားကို စိုက်ပျိုးပြီးပြီဆိုတော့, နောက်အကျိုးဆက်ကို ခံစားဖို့ စောင့်ဆိုင်းနေပေတော့" ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေပြီး သူ၏ စိတ်ဆန္ဒသည် ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းနှင့်အတူ တဟုန်ထိုး မြင့်တက်လာနေ သည်။
သူသည် စကြဝဠာတစ်ခုကို ဖန်တီးထားသောကြောင့် ချင်ယွင်သည် အခြားသူများထက် ကောင်းကင်ဘုံ၏ တည်ရှိမှုကို နားလည်ခဲ့သည်။
စကြဝဠာရှိ အရာအားလုံးသည် စကြဝဠာ၏ နိယာမများကို လိုက်နာကြရသည်။ ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို လွန်ဆန်နေပုံရသော်လည်း တကယ်တော့ ၎င်းတို့ အားလုံးသည် ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် စကြဝဠာ၏လည်ပတ်မူ ချိန်ခွင်လျှာကို အပြင်းအထန် နှောင့်ယှက်ခြင်း လာပါကာ၊ ၎င်းတို့သည့် ကံတရား၏ပြစ်ဒဏ်ခတ်ခြင်းကို မခံစားရလျှင် ပင်, ကောင်းကင်ဘုံတန်ခိုးအစွမ်းသည် ၎င်းတို့အား တိုက်ခိုက် ချေမှုန်းဆဲပင် ဖြစ်သည်။
ထို့ကြောင့် မာကျိရှန်း၏ လုပ်ရပ်သည် လုံးဝ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဖြစ်သည်။
"ဟား...၊ ဟား...၊ ကမ္မလား?။ ကံတရားအကြောင်း ပြောစမ်းပါဦး ငါ့ကို။ မင်းကိုယ်မင်း ဗုဒ္ဓတစ်ပါးလို့ ထင်နေတာလား?။ ငါ မင်းကို ပြောပြမယ်။ ငါက ဒီကမ္ဘာကြီးရဲ့ အုပ်စိုးရှင်ပဲ။ အခု မင်းက ငါ့ရဲ့ သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေထဲမှာ ပိတ်မိနေပြီ။ မင်းလည်း မကြာခင်မှာ ငါ့ရဲ့အလောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာတော့မယ်။ မင်းက ငါကို ကံတရား အကြောင်း တရားဟောရအောင် မင်းမှာ ဘာအရည်အချင်းရှိလိုလဲ”။ မာကျိရှန်း ရယ်မောကာ ပြောလိုက်သည်။
သူ့မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေပြီး သွေးစွန်းနေသော အလင်းရောင်ကို ထုတ်လွှတ် သည်။ သူ့တစ်ကိုယ်လုံးသည် ပြိုင်ဘက်ကင်း နတ်ဆိုးတစ်ပါး ဖြစ်လာခဲ့သည်။
"အုပ်စိုးရှင်လား”။ ချင်ယွင်က ရယ်မောလိုက်သည်။
မာကျိရှန်းသည် ဤကမ္ဘာငယ်လေးကို ပေါင်းစည်းသိပ်သည်းနိုင်ရန် မကောင်းသော နည်းလမ်းများကို အသုံးပြုခဲ့သော်လည်း၊ ဤကမ္ဘာကြီးသည် အမှန်တကယ် နိမ့်ကျလွန်းလှ သည်။
သွေးနတ်ဆိုးသန့်စင်ခြင်းနယ်မြေဟု ခေါ်တွင်သော ဤနေရာသည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများဖြင့် လုံးဝ ဖွဲ့စည်းထားခြင်း မရှိပေ။ တခြားကမ္ဘာငယ်လေးများ ထက်ပင် နိမ့်ကျနေသေးသည်။ အကယ်၍ သွေးနတ်ဆိုးချီသည် အလွန်သိပ်သည်းပြီး ပြင်းထန်သော ဖိနှိပ်မှုတစ်ခုသာ ရှိမနေပါက, ဤသွေးနတ်ဆိုး သန့်စင်ခြင်း နယ်မြေသည် လေဟာနယ်သိုလှောင်ကွင်းနှင့် ဆင်တူသည့် လုံးဝ အဆံလွတ်နေသည့် အခွံတစ်ခုသာသာ ဖြစ်နိုင်ပါသည်။
ထိုကဲ့သို့သော ကမ္ဘာငယ်လေးသည် ချင်ယွင်၏ ကနဦးစကြာဝဠာနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။ ရှေးဟောင်း အပျက်အစီးနယ်မြေများ၏ ကမ္ဘာငယ်လေးများအောက်ပင် နိမ့်ကျနေပါသေး သည်။
မာကျိရှန်းသည် သူ့ကိုယ်သူ ဒီကမ္ဘာကြီးကို အုပ်စိုးသူဟု အမှန်တကယ် ထင်နေခဲ့သည်။ ဤအရာက တကယ်ကို ဟာသတစ်ခုပင်။
သေချာသည်မှာ, ဤကမ္ဘာငယ်လေးသည် ၎င်း၏ နို့စို့အရွယ်မှာပင် ရှိနေပါသေးသည်။ အကယ်၍, မာကျိရှန်းကို ဆက်လက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခွင့် ပြုပေးလိုက်ပါက၊ နောင်အနာဂတ်တွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမများသည် သွေးနတ်ဆိုး သန့်စင်ခြင်း နယ်မြေအတွင်းမှာ မွေးဖွားလာမည် ဖြစ်ပါသည်။ သို့သော် ချင်ယွင်၏ အမြင်အရဆို, မာကျိရှန်းသည် ဤအခွင့်အရေးကို လုံးဝ မရရှိနိုင်တော့ပေ။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းနဲ့ငါက ဘာမှမဆိုင်ခဲ့ဘူး။ ဒါပေမယ့် မင်းကို သူများကိစ္စထဲ ဝင်ရှုပ်ဖို့ ဘယ်သူက ပြောခဲ့လို့လဲ?။ စိတ်မပူပါနဲ့။ မင်းရဲ့ အဲဒီမိန်းမနှစ်ယောက်ကို ငါ မင်းကိုယ်စား ကောင်းကောင်းလေး ပြုစုပေးမယ်။ ငါ ကစားလို့ ပင်ပန်းသွားတဲ့အခါ၊ မင်းရဲ့ ဈာပနကိုလိုက်ဖို့အတွက် ငါ သူမတို့ကို ပို့ပေးလိုက်မယ်။ ကဲ, အခုတော့ မင်း သေနိုင်ပြီ။” မာကျိရှန်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ယမ်းပြီး၊ သူတို့ခြေအောက်မှ သွေးအိုင်ကြီးက ပြင်းထန်စွာ မြင်းတက်လာခဲ့သည်။
ကြောက်စရာကောင်းသော သွေးများသည် ကြီးမားသော သွေးနီရောင် နဂါးနှစ်ကောင် အဖြစ်သို့ ပေါင်းစပ်သွားသည်။ နဂါးနှစ်ကောင်သည် လေထဲသို့ပျံတက်ပြီး ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။
နဂါးကြီးများတွင် အနှိုင်းမဲ့ ပြင်းထန်သော သွေးထွက်သံယို အငွေ့အသက်များ ပါ၀င်ပြီး ၎င်းတို့၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နှောင်းပိုင်း ကြယ်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများသည် ၎င်းကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ချင်ယွင်သည် သူ့ဆီသို့ ပြေးလာနေသော သွေးနီရောင် နဂါးကြီးများကို ကြည့်လိုက်ရင်း သူ့မျက်လုံးထဲတွင် ပြင်းထန်သော ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
ပြင်းထန်သော ဓားစွမ်းအားသည် ကောင်းကင်ပေါ်သို့ ချက်ချင်း ထိုးတက်သွားကာ ကောင်းကင်ယံရှိ သွေးတိမ်တိုက်များကို ဖြတ်ကျော်သွားသည်။
ချင်ယွင်လည်း သူ့လက်ထဲမှာ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ဤဓားသည် အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းထားသော်လည်း ၎င်းပေါ်တွင်ရှိသော နတ်ဘုရား တန်ခိုး စွမ်းအားသည် ထူးထူးခြားခြား ထက်ရှလွန်းသည်။
မှန်ပါသည်။ ထိုဓားသည် လောင်းကစားကျောက်တုံးဆိုင်မှာ ချင်ယွင် ဖွင့်ဖော်ခဲ့သည့် ထိပ်တန်းအဆင့် ပျက်ဆီးနေသော နတ်ဘုရားဓား ဖြစ်ပါသည်။ ဤဓားသည် ကျိုးပဲ့နေ သော်လည်း၊ ၎င်း၏စွမ်းအားသည် သာမန် အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းများ ထက် ပင် အားကောင်းနေသည်။ ထို့ကြောင့် ချင်ယွင်သည် ဤဓားကို ထုတ်လိုက်သောအခါ၊ သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
"ဖန်း..’။
ချင်ယွင်သည် သူ့လက်ထဲမှဓားကို ခုတ်ပိုင်းလိုက်ပြီး၊ ထက်ရှသော ဓားအလင်းတန်းက ဓားကိုလွှမ်းခြုံသွားကာ သွေးများဖြင့် ပေါင်းစည်းထားသော သွေးနဂါးကြီးနှစ်ကောင်ကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
ချင်ယွင်သည် သူ့ဓားကို လက်ထဲတွင်ကိုင်လျက် ရပ်နေကာ သူ၏နတ်ဘုရားဓားသည် တောက်ပနေပြီး ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်နေသော ဓား၏တန်ခိုး၊
"ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းလား။ မင်းမှာ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း တစ်ခု ရှိနေတယ်။ ဟား...၊ ဟား...၊ ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီပေးခဲ့တယ်။" မာကျိရှန်းသည် ချင်ယွင်၏ လက်ထဲမှ ဓားကို ကြည့်လိုက်ပါသည်။ သူသည် တခဏတွင်း ထိတ်လန့်သွားသော်လည်း, သူ့မျက်လုံးများသည် တုနှိုင်းမရအောင် ပူပြင်းသည့် အကြည့်များဖြင့် ပေါက်ကွဲထွက်လာသည်။ သူ့အမူအရာက အနှိုင်းမဲ့ စိတ်လှုပ်ရှားနေပုံရ သည်။
"ဒီဓားရဲ့နာမည်က အကြွင်းကျန်နှင်းပဲ”။ ငါ အမှတ်တမဲ့ ရခဲ့တာပေါ့။ မူလကတော့, ငါ ဒီဓားကို မသုံးချင်ခဲ့ဘူး။ ငါက မင်းနဲ့တိုက်ခိုက်ပြီး၊ ငါ့ရဲ့နတ်ဘုရားစွမ်းရည်ကို သန့်စင်ချင်ခဲ့ တာ။ ဒါပေမယ့် အခုတော့ ဒီကိစ္စကို စိတ်ဝင်စားမူ ပျောက်ဆုံးသွားပြီ။” ချင်ယွင်က မာကျိရှန်းကို အေးစက်စွာ ကြည့်နေသည်။ သူ၏ဓားစွမ်းအားသည် နတ်တောင်ကြီးကဲ့သို့ ကြီးကျယ်ခမ်းနားပြီး သူ့လက်ထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒက ပို၍ပင် ကြီးထွားလာခဲ့ သည်။
"ဟမ့်၊ ငါ့ကိုသတ်မယ်။ ဟုတ်လား?။ ဘယ်နေရာကြည့်ကြည့် ဒီအရည်ချင်းမျိုး မင်းမှာ မတွေ့ရဘူး။ မင်းသေရမှာတင်မကဘူး၊ မင်းရဲ့ဓားကိုလည်း ငါပိုင်လိမ့်မယ်။ သေလိုက် တော့” မာကျိရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ သွေးရောင်လွှမ်းနေသည့် လက်ဟန်ပန် အမူအရာဖြင့် ချင်ယွင်ထံသို့ ပစ်လွှတ်ရင်း သူ၏လက်များသည် သွေးစွမ်းအားဖြင့် တဟုန်ထိုး ပျံ့နှံ့နေခဲ့သည်။ ဤသွေးရောင် လက်ဟန်အမူအရာ ပစ်လွှတ်ခြင်းတွင် ပါဝင်သော စွမ်းအားသည် အစောပိုင်းက သွေးနဂါးနှစ်ကောင်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
"ငါလည်း ပြန်ပေးမယ်” ဓားလှိုင်း..”။ ချင်ယွင်၏လက်ထဲမှ ဓားအလင်းက ထွက်ပေါ်လာ ပြီး၊ သူသည် ချက်ချင်းပင် နောက်တစ်ကြိမ် ထပ်မံခုတ်ပိုင်းလိုက်သည်။
ဓားစွမ်းအားသည် ချက်ချင်း ထိုးထွက်လာပြီး မာကျိရှန်း၏ သွေးရောင်ကိုယ်ထည်ကို ဖြိုခွင်းလိုက်သည်။
"ဘာလဲ?” မာကျိရှန်းသည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လာသည်။ သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေအတွင်းမှာ သူ၏ ခွန်အားများက အလွန်တိုးမြင့်လာ သည်ကို သိထားရပါမည်။ နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်ကို မဆိုထားနှင့်၊ အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်ပင် သူ့ကို အထင်သေးဝံ့မှာ မဟုတ်ပါဘူး။
သို့သော်, ၎င်းသည် သူ့ရှေ့မှ ဒီကောင်စုတ်၏ ဓားချက်ကြောင့် ကျိုးပျက်ခဲ့ရသည်။ ဤအရာက သူ့အတွက် အလွန်ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်စေခဲ့ပါ သည်။
"ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့လူ။ မင်းရဲ့ဘဝအတွက် ဒီဆိုးညစ်တဲ့ကမ္ဘာကို သန့်စင်ရုံနဲ့တင် မင်းသေဖို့ လုံလောက်ပြီ။ ဒီနေ့ မင်းနဲ့ မင်းရဲ့ဆိုးညစ်တဲ့ကမ္ဘာကို ဒီကမ္ဘာကြီးကနေ ထာဝရ ပျောက်ကွယ်သွားအောင် ငါ လုပ်ပေးမယ်။" ချင်ယွင်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒများ ထိုးထွက်လာခဲ့ပြီး၊ သူ့လက်ထဲမှ ဓား၏ အငွေ့အသက်က ပို၍ပင် ပြင်းထန်လာသည်။
"ဝူဝမ်ဓားသိုင်း, ဒုတိယဓားကွက်၊ ပျက်သုဉ်းခြင်းဓား”။ ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ဓားဆန္ဒတစ်ခုက ပေါက်ကွဲ ထွက်လာ ခဲ့သည်။
တခဏအတွင်းမှာပင် ချင်ယွင်၏နှင်းဓားက ခုတ်ပိုင်းသွားပြီး ပေ ၃၀၀၀ မြင့်သည့် ဓားအလင်းတန်းကြီးတစ်ခု ချက်ချင်း ပေါ်လာပြီး မာကျိရှန်းဆီကို တိုက်ရိုက် ဖြတ်သန်းပြီး ကျဆင်းသွားပါသည်။
ဤဓားအလင်းတန်းကြီး ထွက်ပေါ်လာစဉ်မှာ သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေ တစ်ခုလုံး သည် အချိန်မရွေး ပြိုလဲသွားတော့မည်သကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။