← Chapters

အခန်း ၁၂၃၄

Vol. 83 Ch. 1234

အခန်း ၁၂၃၄

Vol. 83 Ch. 1234

အခန်း (၁၂၃၄) ဖုန်မှုန့်များ တည်ငြိမ်သွားခြင်း။

မာကျိရှန်းသည် အနှိုင်းမဲ့ ကြီးမားသော ဓားအလင်းတန်းကြီးကို ကြည့်ရင်း၊ သူ့မျက်နှာပေါ် တွင် အလွန်ထိတ်လန့်သော အမူအရာ ပေါ်လာသည်။

ထိုဓားအလင်းတန်းကြီးသည် သူ့နှလုံးသားအောက်ခြေမှပင် သူ့ကို ကြောက်ရွံ့မှုကို ခံစားရ စေသည်။ ဓားအလင်းတန်းမှ ပျံ့နှံ့ထွက်ပေါ်လာသော နတ်ဘုရားတန်ခိုးသည် သူ့ခန္ဓာကိုယ် ကို မသိစိတ်မှ တုန်လှုပ်စေခဲ့သည်။

မာကျိရှန်းသည် တုံ့ဆိုင်းမနေဘဲ အစွမ်းထက်သော ဓားအလင်းတန်ကြီးကို တားဆီးရန် သူ၏ ခွန်အားအားလုံးကို အလျင်အမြန် စုဆောင်းလိုက်သည်။

သို့သော် သူ၏ အစွမ်းထက်သော သွေးစွမ်းအင်များသည် ဓားအလင်းတန်းကြီးနှင့် ထိတွေ့သည့်အခိုက်မှာ ဓားအလင်းမှ ထွက်ပေါ်လာသော ထက်ရှသော ဓားစွမ်းအင် ကြောင့် ကွဲအက်သွားခဲ့လေသည်။

ဓားအလင်းတန်းကြီးသည် အတားအဆီးမရှိဘဲ ရှေ့သို့ ဆက်လက်ရွေ့လျားသွားကာ မာကျိရှန်း၏ ခန္ဓာကိုယ်ကို အတားအဆီးမရှိဘဲ ထိမှန်သွားခဲ့သည်။

“မဟုတ်ဘူး…”

မာကျိရှန်းက အလွန်အမင်း မကျေမနပ် အသံဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် ဤဓားအလင်းတန်းကြီးအောက်တွင် သူ့တစ်ကိုယ်လုံး လုံးလုံးလျားလျား ဘာမှမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ မာကျိရှန်း သေဆုံးပြီးနောက် အလောင်းတောင်တန်းကြီးနှင့် သွေးပင်လယ်ကမ္ဘာကြီးသည်လည်း ချက်ခြင်း ပြိုကျသွားသည်။

ကောင်းကင်နှင့်မြေကြီးသည် ပြောင်းလဲသွားခဲ့ပြီ။ အလောင်းတောင်တန်းကြီးနှင့် သွေးပင်လယ်ကြီးလည်း ပျောက်ကွယ်သွားပြီ။ ယခင်ရင်းနှီးဖူးသော ချိုင့်ဝှမ်းသည် ချင်ယွင်၏ မျက်လုံးထဲတွင် ပြန်ပေါ်လာပြန်သည်။ ချင်ယွင်၏ရုပ်အသွင်လည်း ချိုင့်ဝှမ်းထဲ သို့ ပြန်ရောက်သွားသည်။

ချိုင့်ဝှမ်းအတွင်းရှိ လူများသည် ချင်ယွင်၏မျက်နှာကို အံ့အားသင့်စွာ တစ်ဖန် ပြန်ကြည့်ကြ သည်။

အထူးသဖြင့် မာကျိရှန်းနှင့်အတူ လျှောက်လှမ်းလာခဲ့သော ချောမောသော လူငယ်သည် သူ၏မျက်ခုံးများကို တွန့်ထားပြီး၊ မျက်လုံးများက အလင်းရောင်ကဲ့သို့ စူးရှတောက်ပနေ သည်။

တော်ညီအစ်မလည်း စိတ်လှုပ်ရှားသည့် အမူအရာကို ထုတ်ဖော်ထားသည်။ ယခုလေးတင်, ချင်ယွင်နှင့် မာကျိရှန်းတို့သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ချင်ယွင်၏ လုံခြုံရေးအတွက် သူမတို့ စိုးရိမ်နေကြတုန်းပင်။ ယခု ချင်ယွင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရတော့ သူမတို့သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းကိုယ်စီ ချလိုက်ပါ သည်။

"ကောင်လေး၊ မင်း မာကျိရှန်းကို ဘာလုပ်လိုက်တာလဲ" ချောမောသော အမျိုးသားသည် ကောင်းကင်ယံရှိ ချင်ယွင်ကို ရုတ်တရက် မေးလိုက်သည်။

မာကျိရှန်းသည် မည်မျှ အစွမ်းထက်သည်ကို သူသာ သိသည်။ မာကျိရှန်းသည် သွေးနတ် ဆိုးသန့်စင်ခြင်းနယ်မြေကဲ့သို့ မကောင်းသော ကမ္ဘာတစ်ခု ပိုင်ဆိုင်ထားကြောင်းကိုလည်း သူ သိထားသည်။ ထို့ကြောင့် ချင်ယွင်သည် မာကျိရှန်းနှင့်အတူ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ၊ မာကျိရှန်းသည် သူ၏ သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေထဲသို့ ချင်ယွင်ကို ဆွဲခေါ်သွားသည်ဟု သူ သိလိုက်သည် ။

သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေထဲတွင်၊ မာကျိရှန်း၏ စွမ်းအားသည် အလွန် မြင့်တက်လာမည် ဖြစ်သည်။ သူသည်ပင် မာကျိရှန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် အနိုင်ယူနိုင်သည်ဟုပင် မပြောဝံ့ပေ။ ထို့ကြောင့်၊ ချင်ယွင်သည် သေလူဖြစ်မည်မှာ သေချာသည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သွေးနတ်ဆိုး သန့်စင်ခြင်းနယ်မြေထဲမှ ထွက်ခွာ လာပြီးနောက် မာကျိရှန်း၏ ရုပ်အသွင်က မည်သည့်အခါမှ ပေါ်မလာတော့ပေ။ ဤအရာက သူ့ကို အရမ်းစိတ်လှုပ်ရှားပြီး ပဟေဋ္ဌိဖြစ်စေခဲ့ကာ၊ သူသည် စိစစ်နိုင်စွမ်း မရှိသည့်အတွက် မေးလိုက်သည်။

"ငါ သူ့ကို သတ်လိုက်ပြီ။ ဘာလဲ?။ မင်းက သူ့အတွက် လက်စားချေချင်လို့လား?" ချင်ယွင်သည် ခေါင်းလှည့်လာပြီး၊ ချောမောသော လူငယ်ကို ကြည့်ကာ အပြုံးနှင့်အတူ ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လွင်နေသည်။

သို့သော် ချောမောသော လူငယ်သည် အထိန်းချုပ်မဲ့ပြီး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ရသည်။ ပြင်းထန်သော အေးစက်မှုတစ်ခုက သူ့နှလုံးသားထဲမှ ပျံ့နှံ့ ထွက်ပေါ်လာသည်။

သွေးနတ်ဆိုးသန့်စင်ခြင်း နယ်မြေထဲတွင် မာကျိရှန်းကိုသတ်ပြီး ဒဏ်ရာကင်းစွာ ထွက်လာနိုင်ခြင်း၊ ဤလူမျိုးသည် သူနှင့်ဆန့်ကျင်ဘက်ပြုနိုင်သော အရာမဟုတ်ပေ။

"မဟုတ်ဘူး၊ ငါ သူ့အတွက် လက်စားချေချင်လို့ မဟုတ်ပါဘူး။ မာကျိရှန်းက မကောင်းမှု များစွာကို ကျူးလွန်ထားသူပဲ။ ဒီကပ်ဘေးကြီးက သူနဲ့ ထိုက်တန်ပါတယ်။" ချောမောသော လူငယ်က ကမန်းကတန်း ပြောလိုက်သည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ကွေးညွှတ်နေသည့်အရိပ်ယောင် သမ်းနေသည်။ ထို့နောက်, သူသည် ချောမောသော လူငယ်ကို လျစ်လျူရှုပြီး နီထိုက်စွေ့ဘက်သို့ ချက်ခြင်း ပြန်သွားခဲ့သည်။

ချင်ယွင်က သူ့ကို ပစ်မှတ်မထားသည်ကို တွေ့လိုက်ရလျှင်, ချောမောသည့် လူသည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

သို့သော်လည်း အဝေးမှ လူငယ်စုံတွဲသည် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် သူတို့ ရင်ထဲ၌ အလွန်တုန်လှုပ်သွားခဲ့ရသည်။

မာကျိရှန်းနှင့် ဤချောမောလူငယ် နှစ်ဦးစလုံးသည် ကြယ်အလင်းမြို့မှဖြစ်ကြပြီး၊ ၎င်းတို့၏ ခွန်အားသည် ကြယ်အလင်းမြို့၏ သာမာန်တပည့်များကြားတွင် ထိပ်တန်း ၃ ယောက်တွင် ပါဝင်ကြသည်။ သို့သော်, သူတို့သည် လူငယ်တစ်ဦးအပေါ် အားနည်းသည့် အမူအရာကို ပြန်သခဲ့ရသည်။ ယင်းက ၎င်းတို့အတွက် လုံးဝ မထင်မှတ်ထားသည့် အရာဖြစ်သည်။

လူငယ်နှင့် အမျိုးသမီးတို့သည် တစ်ကိုယ်လုံး ထွင်းဖောက်မြင်လိုသည့်အလား ချင်ယွင်၏ နောက်ကျောပြင်ကို ကြည့်လိုက်ကြသည်။ သို့သော်၊ ချင်ယွင်၏ ကျင့်ကြံမှုသည် နတ်ဘုရား တစ်ပိုင်းနယ်ပယ်သို့ ပြန်ရောက်သွားကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။ ဤအရာက သူတို့၏ မျက်ခုံးတွေကို ချက်ချင်း တွန့်သွားစေသည်။

"ဒီလူက မရှိးရှင်းဘူး” လင်ဝူချင်းသည် သူ့ဘေးမှ ယုရှောင်ထံသို့ အသံဖြင့် ပေးပို့လိုက် သည်။

ယုရှောင်က ခေါင်းညိတ်ပြသော်လည်း ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူမအကြည့်များက သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

...

ချင်ယွင်သည် ပတ်ဝန်းကျင်လူများ၏ အကြည့်များကို လျစ်လျူရှုလိုက်သည်။ ထိုအချိန်တွင် သူသည် တော်ညီအစ်မများအနားသို့ ရောက်နေပြီ ဖြစ်သည်။ တော်ညီအစ်မ ၏ အမူအရာများကို ကြည့်လိုက်ရင်း ချင်ယွင်က အားကိုးရာမဲ့ အပြုံးကို ထုတ်ဖော် လိုက်ပါသည်။

ချင်ယွင် သူမတို့ဆီသို့ လျှောက်လှမ်းလာသည်ကို တော်ယု မြင်သောအခါ သူမ၏ မျက်နှာ သည် ချက်ချင်း နီရဲသွားသည်။ သူမသည် ခေါင်းငုံ့ကာ ချင်ယွင်၏ မျက်လုံးများကို မကြည့်ဝံ့တော့ပေ။

တော်အန်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူမက ချင်ယွင်ကို စိတ်လှုပ်ရှားစွာဖြင့် ပြောသည် “ဝိုး..၊ နင်ဘယ်တုန်းက အရမ်းအစွမ်းထက်လာတာလဲ?။ နောက်ဆုံးအကြိမ်တုန်းက နင် ငါ့အစ်မနဲ့ငါ့ကို အနိုင်ယူခဲ့ပေမယ့် နင် ဒီလောက် အစွမ်းမထက်သေးတာ သေချာပါတယ်။ ငါ့ကို မြန်မြန်ပြောစမ်းပါ။ နင် အခု ဘယ်လောက် တောင် သန်မာနေပြီလဲ။"

ထိုသို့ပြောပြီးနောက်, သူမသည် ချင်ယွင်အား လူဆိုးတစ်ဦးကို ညှဉ်းပမ်းနှိပ်စက်ပြီး စစ်ဆေးနေသကဲ့သို့ သူမမျက်လုံးကြီးကြီးဖြင့် ကြည့်လိုက်သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ တော်အန်းသည် သူ့ကို ရန်ငြိုးထားခဲ့ကြောင်း သူ သိသည်။ သို့သော် ချင်ယွင်က သူတို့မကို ကယ်တင်လိုက်ရုံဖြင့် သူမသည် ချင်ယွင်ကို သတ်ပစ်ရန် အော်ဟစ်ပြောဆိုခဲ့ခြင်း မရှိတော့ပေ။

"ငါ့ရဲ့ခွန်အားက နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်နဲ့ အထွတ်အထိပ် ကြယ်နတ်ဘုရား အဆင့်ကြားမှာ ဖြစ်နိုင်တယ်။" ချင်ယွင်က ခဏလောက်စဉ်းစားပြီး အဖြေပေးလိုက်သည်။

တော်အန်းနှင့် တော်ယုတို့သည် ချင်ယွင်၏ အဖြေကို ကြားလိုက်သောအခါတွင် သူမတို့၏ မျက်နှာများသည် ချက်ချင်းပင် ထိတ်လန့်သည့် အမူအရာများ ပေါ်လွင်လာသည်။

သူမတို့သည် ချင်ယွင်ကို နောက်ဆုံး တွေ့ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။ ချင်ယွင်၏ ခွန်အားသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှ အထွတ်အထိပ်နှင့် နောက်ပိုင်း ကြယ်နတ်ဘုရားကြားအထိ တိုးမြင့်လာခဲ့သည်။ ခွန်အားအရာမှာ ဤကြောက်စရာကောင်းသော တိုးတက်မူအမြန်နှုန်းသည် သူမတို့အား သေလုနီးပါးအထိ ထိတ်လန့်စေခဲ့သည်။

"အဟွတ်..၊ အဟွတ်..” တော်အန်းက ချောင်းဆိုးလိုက်သည်။ ယခုလေးတင် သူမသည် သူမကိုယ်သူမ လည်ပင်းညှစ်မိပြီး သေလုနီးပါး ဖြစ်သွားခဲ့သည်။

"ပုံမှန်မဟုတ်တဲ့လူပဲ”။ တော်အန်းသည် ချင်ယွင်ကို တိုက်ရိုက် နာမည်ပေးပြီးနောက် သူ့ကို သံသယအကြည့်များဖြင့် စိုက်ကြည့်နေသည်။

ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။ ဒီမိန်းကလေးက သူ့ကို ကယ်တင်ရှင်အဖြစ် လုံးဝ မှတ်ယူထားခြင်း မရှိပါဘူး။

"သခင်လေးချင်၊ အခုနက ကျွန်မတို့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်" တော်ယုသည် တော်အန်းကို အလျင်အမြန် ဆွဲကာ ချင်ယွင်အား ညင်သာစွာ ပြောလိုက်သည်။

ချင်ယွင်က ပေါ့ပေါ့ဆဆ ခေါင်းညိတ်ပြလိုက်သည်။ ညီအစ်မနှစ်ယောက်၏ ရုပ်ရည်သည် ဆင်တူသော်လည်း သူမတို့၏စိတ်နေသဘောထားက ကွာခြားလွန်းသည်ဟု ချင်ယွင်သည် သူ့စိတ်ထဲတွင် သက်ပြင်းချပြီး တွေးလိုက်မိသည်။

တော်ယုသည် ထက်မြက်ပြီး ဉာဏ်ကောင်းကာ၊ သီးသန့်ဆန်သည်။ ဤတော်အန်းသည် လှုပ်လှုပ်ရှားရှားနေတတ်ပြီး၊ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ပွင့်လင်းသော စိတ်သဘေထားရှိသည်။

"စကားမစပ်၊ မင်းတို့ ဘာလို့ ဒီကိုရောက်နေတာလဲ။ မင်းတို့ရော ဓားမြုပ်နှံခြင်း တောင်တန်းထဲကို ဝင်ချင်လို့လား?” ချင်ယွင်က ရုတ်တရက် တစ်ခုခုကို တွေးမိပြီး တော် ညီအစ်မကို လှည့်ကြည့်လိုက်သည်။

"ဟုတ်တယ် သခင်လေး ချင်၊ ကျွန်မတို့က ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို ဝင်ဖို့ စီစဉ်နေတာ။ ကျွန်မတို့က နတ်ဘုရားတိုက်ပွဲအသံရဲ့ လမ်းညွှန်မှုအောက်ကနေ ဒီကို ရောက်လာကြတာ။ ကျွန်မတို့ ဒီကို ရောက်တာနဲ့ မထင်မှတ်ဘဲ တစ်ခုခု ဖြစ်သွားခဲ့တယ်" တော်ယုက ပြောသည်။

ချင်ယွင်က ဘာမှမပြောဘဲ ခေါင်းညိတ်လိုက်သည်။

တော်ညီအစ်မများ၏ ခွန်အားဖြင့် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ ဝင်ခြင်းသည် အလွန် အန္တရာယ်များကြောင်း သူသိသော်လည်း၊ တော်ညီအစ်မများသည် ဓားမြှုပ်နှံခြင်း တောင်တန်းသို့ ဝင်ရောက်လိုသည်ကို သူသိသောကြောင့် အခြားမည်သည့် စကားမျှ မပြောခဲ့ပေ။ သူတို့တို့မှာလည်း ကိုယ်ပိုင်အကြောင်းပြချက်များ ရှိနိုင်ပါသည်။

တစ်ဖက်တွင်မူ၊ နီထိုက်စွေ့က မျက်မှောင်ကြုတ်လိုက်သည်။ ထင်ရှားသည်မှာ၊ တော်ညီအစ်မအတွက် ဓားမြှုပ်နှံခြင်းတောင်တန်းသို့ ဝင်ရန် မသင့်တော်ဟုလည်း သူ ထင်ခဲ့သည်။ သို့သော်, သူသည် ချင်ယွင်ကို ကြည့်လိုက်ချိန်မှာ သူက ဘာမှ မပြောပေ။

ထင်ရှားသည်မှာ၊ သူသည် တော်ညီအစ်မများကို ချင်ယွင်၏အမျိုးသမီးများအဖြစ် ဆက်ဆံခဲ့ပြီး ဖြစ်သည်။ ချင်ယွင်နှင့်အတူ ရှိနေသရွေ့ သူမတို့သည် သဘာဝအတိုင်း အန္တရာယ် မရှိနိုင်ပေ။

ချင်ယွင်သည် နီထိုက်စွေ့၏ ထူးဆန်းသော အကြည့်ကို သတိမထားမိပေ။ ထိုအချိန်မှာ သူက တခြားကိစ္စတစ်ခုကို စဉ်းစားနေသည်။

"တော်ယု, တော်အန်း မင်းတို့ရော ဘာအသံတွေ ကြားခဲ့လဲ။" ချင်ယွင်က အတွေးတစ်ခုရပြီး မေးလိုက်သည်။

All Chapters