အခန်း ၁၂၃၅
Vol. 83 Ch. 1235
အခန်း (၁၂၃၅) တော်ယု၏ အတွေးများ။
ချင်ယွင်သည် အဘယ်ကြောင့် နတ်ဘုရားတိုက်ပွဲအသံသည် တည်ရှိနေခဲ့ပြီး၊ လူတိုင်းသည် အဘယ်ကြောင့် မတူညီသော အသံများကို ကြားနေရသနည်း? ဆိုသည့် အကြောင်းများကို အမြဲလိုလို သိချင်နေခဲ့သည်။
အရင်က သူသည် နီထိုက်စွေ့ကို မေးခဲ့ဖူးသည်။ နီထိုက်စွေ့သည် ဗုံသံကိုကြားခဲ့ရပြီး၊ ချင်ယွင် ကိုယ်တိုင်က ဓားအော်သံကို ကြားခဲ့ရသည်။ ထို့ကြောင့် တော်ညီအစ်မတို့ ကြားခဲ့ရသော နတ်ဘုရားတိုက်ပွဲသံကို သူ အမှန်တကယ် သိချင်မိသည်။
"ငါ ကုချင်းအသံကို ကြားရတယ်။" တော်ယုသည် ချင်ယွင်၏မေးခွန်းကို ပထမဆုံး ဖြေဆိုသူ ဖြစ်သည်။
"ငါက ရယ်မောသံကြီး ကြားရတာ။" တော်အန်းက ပြန်ပြောသည် ။
"ရယ်မောသံလား? ဘယ်လို ရယ်မောသံလဲ?" ချင်ယွင်က အံ့ဩသော အမူအရာဖြင့် မေးလိုက်သည်။
"သေချာပေါက် လူတွေရဲ့ရယ်မောသံပေါ့ဟဲ့။ မဟုတ်ရင် အခြားရယ်မောသံများ ရှိသေးလို့ လား" တော်အန်းက ချက်ချင်း ရှင်းပြသည်။
"ရယ်မောသံလား?" ချင်ယွင်၏မျက်နှာသည် တွေးခေါ်စဉ်းစားနေသည့် အမူအရာတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
သူနှင့် နီထိုက်စွေ့ ကြားခဲ့ရသော အသံများသည် ကျိုးကြောင်းဆီလျော်နေဆဲ ဖြစ်သည်။ အဆုံးတွင်၊ ဤဓားမြုပ်နှံခြင်းတောင်တန်းသည် ရှေးခေတ်စစ်မြေပြင်တစ်ခု ဖြစ်သည်။ ဓားအော်သံနှင့်ဗုံသံများသည် တိုက်ပွဲနှင့် ဆက်စပ်နေသော်လည်း တော်ယု၏ ကုချင်းသံ သည် နတ်ဘုရားတိုက်ပွဲအသံနှင့် အနည်းငယ်မျှ မသက်ဆိုင်ပါ။
တော်အန်း၏ အသံက ပို၍ပင် ဒေါသထွက်စရာကောင်းသည်။ တစ်စုံတစ်ယောက်က တိုက်ပွဲအတွင်းမှာ အရိုင်းဆန်ဆန် ရယ်မောနေခြင်းများ ဖြစ်နိုင်မလား။ ဒါဆို ဒီရယ်သံ ပိုင်ရှင်က ဘယ်သူဖြစ်မလဲ?။
"အဲဒါက ယောက်ျားရယ်သံလား?။ မိန်းမရယ်သံလား" ချင်ယွင်က ဆက်မေးသည်။
သို့သော် ထိုအချိန်တွင် တော်အန်းသည် ရှက်ရွံ့သော အမူအရာကို ဖော်ပြလာသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမက ပြောသည် “ဒီရယ်သံက ယောက်ျားလား၊ မိန်းမလား ငါ မသိဘူး။ ဘာပဲဖြစ်ဖြစ်, ငါ မပြောပြတတ်ဘူး”။
"ဒါဆို သူ ဘယ်လိုရယ်လဲဆိုတာတော့ မင်း သိသင့်တယ် မဟုတ်လား" ချင်ယွင်က ဆက်မေးသည်.
"ငါ သိတာပေါ့။ သူက အရူးအမူးကို ရယ်မောနေတာ။ ဝင့်ကြွားမူနဲ့အတူ အရူးအမူကို ရယ်နေတာခဲ့တာ။ သူ့အသံက ကျယ်လောင်လွန်းလို့ ငါ့ခေါင်းတောင် ပေါက်ကွဲမတတ်ပဲ” တော်အန်းက ရှင်းပြပြီးနောက် ချင်ယွင်ကို ဗလာမျက်လုံးဖြင့် ကြည့်လိုက်သည်။
တခဏလောက် စဉ်းစားပြီးနောက် ချင်ယွင်သည် သူ့ခေါင်းကို ကူကယ်ရာမဲ့ ခါယမ်းလိုက် သည်။ တော်အန်းနှင့် တော်ယုတို့၏ပါးစပ်မှ ရရှိသော အချက်အလက်များသည် နတ်ဘုရား တိုက်ပွဲအသံ၏လျှို့ဝှက်ချက်ကို မဖြေရှင်းနိုင်ပေ။
ချင်ယွင်သည် ဤအသံအမျိုးအစားများဖြင့် ချိတ်ဆက်မှုကို ရှာမတွေ့နိုင်ခဲ့ပါ။
"မေ့လိုက်ပါလေ။ ငါတို့ ဒီနတ်ဘုရားတိုက်ပွဲအသံရဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ပဟေဠိကို အဖြေရှာနိုင်ဖို့ဆို ဓားမြုပ်နှံခြင်းတောင်တန်းထဲ ရောက်တဲ့အထိ စောင့်ရလိမ့်မယ် ထင်တာပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါသည်။ သူသည် ဓားမြုပ်နှံခြင်း တောင်တန်း၏ ပြဿနာကို ခဏဘေးဖယ်လိုက်ပြီး တော်ညီအစ်မကို တစ်ဖန် မော့ကြည့်လိုက်သည်။
"မင်းတို့ ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်မယ်ဆိုတော့ မင်းတို့မှာ ဘာအစီအစဉ်တွေရှိလဲ? မင်းတို့ ငါတို့နဲ့လိုက်ဖို့ စိတ်ကူးရှိလား?။ ဒါမှမဟုတ်, မင်းတို့ချည်းပဲ လှုပ်ရှားမှာလား" ချင်ယွင်က တော်ညီအစ်မကို ကြည့်ပြီး မေးလိုက်သည်။
တော်ညီအစ်မ၏ ကျင့်ကြံမှုနှင့်ဆို, အန္တရာယ်များသည့် ဓားမြုပ်နှံခြင်း တောင်တန်းထဲကို ဝင်ရောက်ခြင်းသည် တကယ့်ကို အန္တရာယ်များသည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်၏ စကားများအရ, သူသည် သူမတို့ကို ကူညီနေသည်ဟု ရှင်းရှင်းလင်းလင်း အဓိပ္ပါယ်ရသည်။ ဆန္ဒရှိ မရှိကတော့, သူမတို့ကိုယ်ပိုင်ကိစ္စဖြစ်သည်။
“ကျွန်မတို့ ရှင်တို့နဲ့အတူ လိုက်ခဲ့မယ်။" တော်ယုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သော် လည်း၊ သူမ ထိုစကားပြောလိုက်ချိန်မှာ, ချင်ယွင်ကိုကြည့်နေသည့် သူမအကြည့်များကို အနည်းငယ် ရှောင်ထွက်သွားသည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါတို့ ဓားမြှုပ်နှံခြင်းတောင်တန်းထဲ ဝင်ပြီးရင် ငါတို့အတူတကွ ပူပေါင်းလုပ်ဆောင်ကြတာပေါ့။ တကယ်လို့ မင်းတို့ ထွက်သွားချင်တဲ့အခါ ထွက်သွားလို့ရ တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးချင်" တော်ယုက ချင်ယွင်ကို အလျင်အမြန် ဦးညွှတ်လိုက်သည်။
ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ဘာမှပြန်မပြော။ သူသည် သူ့နောက်မှ ကျောက်ဆောင်ကြီးဆီသို့ လျှောက်သွားကာ တင်ပျဉ်ခွေထိုင်ပြီး၊ နောက်ဆုံးလက်ကျန် နတ်ဘုရား တန်ခိုးနှစ်ခုကို ပေါင်းစပ်ရန် စတင်ကြိုးစားလေသည်။
တော်ယုသည် ချင်ယွင်၏ တရားထိုင်သည့် အသွင်အပြင်ကို ကြည့်ရင်း၊ မှင်သက်သွားကာ၊ သူမ မည်သည့်အရာ တွေးနေမှန်းပင် မသိတော့ပေ။
ဘေးနားတွင်ရှိနေသည့် တော်အန်းသည် သူမအစ်မ၏ ဖြစ်စဉ်ကို နောက်ဆုံးတွင် သတိပြုမိလိုက်သည်။ သူမက တော်ယု၏လက်မောင်းကို လက်ညှိုးနှင့်ထိုးကာ "အစ်မ၊ အစ်မ ဒီလူဆိုးကောင်ကို ကြိုက်နေတာ မဟုတ်လား" ဟု တိုးတိုးလေး ပြောသည်။
တော်ယုသည် တော်အန်း၏ စကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူမသည် ချင်ယွင်ကို အလျင်အမြန် ကြည့်လိုက်တော့ ချင်ယွင်က လုံးဝ လှုပ်ရှားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ ထိုအခါမှသာ သူမက သက်ပြင်းတစ်ချက်ချပြီး "နင် ဘာတွေ လျှောက်ပြောနေတာလဲ?။ လုံးဝ ဘာမှမဖြစ်ဘူးနော်" ဟု တော်အန်းအား ပြောလိုက်သည်။
"ဟား...၊ ဟား...၊ အစ်မကြီး၊ နင် လိမ်နေတာ မဟုတ်လား?။ ကိုယ့်မျက်နှာကို ပြန်ကြည့်စမ်း ပါဦး။" တော်အန်းသည် တော်ယု၏ လှပသော မျက်နှာကို လက်ညှိုးထိုးပြကာ ရယ်မော လိုက်သည်။
တော်ယုသည် တော်အန်း၏ ပါးစပ်ကို ဖုံးပိတ်ရန် အမြန်လက်ဆွဲပြီး၊ တော်အန်းထံသို့ အသံတစ်ခု ပေးပို့လိုက်သည်။ "တိတ်တိတ်နေစမ်း။ အဓိပ္ပာယ်မရှိတာ လျှောက်မနေနဲ့။ ငါတို့ကို ကယ်တင်ပေးတဲ့အတွက် ငါက သခင်လေးချင်ကို ကျေးဇူးတင်ရုံပါ။ ငါ့မှာ သူနဲ့ပတ်သက်ပြီး နင်ပြောသလို တူညီတဲ့ခံစားချက်မျိုး မရှိဘူး”။
"အစ်မကြီး၊ မင်းပြောလိမ်တဲ့အခါ မျက်လုံးတွေက အမြဲတမ်း ရွေးလျားနေတယ်ဆိုတာ နင် သိရဲ့လား?။ အစ်မ ဒီလူဆိုးကောင်ကို ကြိုက်နေတာ ရှင်းနေတာပဲ။ ဒါနဲ့များ အစ်မက ငြင်းနေသေးပဲ။ အစ်မ ဘယ်လောက်တောင် ဂရုစိုက်နေလဲ ပြန်ကြည့်လိုက်ဦး။ သခင်လေး ချင်ဆိုတဲ့စကားကို တစ်ချိန်လုံး ပါးစပ်ကကို မချတော့ဘူး” တော်အန်းက တော်ယုထံသို့ အသံပို့လိုက်သော်လည်း သူမမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်မစုတ်လေး၊ နင် ပွဲရှာနေတာ မဟုတ်လား" တော်ယုသည် ချက်ချင်းပင် ထိတ်လန့်စွာ ပြောသော်လည်း၊ သူမ၏ လှပသော မျက်နှာသည် ပို၍ပင်နီလာကာ သူမ၏ နှလုံးသားသည် ဖရိုဖရဲ ဖြစ်နေသည်။
"အစ်မ၊ နင် ဘာလို့ ဒီလူယုတ်မာကို ကြိုက်ရတာလဲ?။ ဖြစ်နိုင်တာက, သူက ငါတို့ကို ကယ်တင်ခဲ့လိုများလား။ ဒီလူဆိုးကောင်က ငါတို့ကို အရင်က အနိုင်ကျင့်ခဲ့တယ်။ ဒီကောင်က အကျင့်မကောင်သူတစ်ယောက်လို့ အစ်မပြောချင်ခဲ့တာကို မေ့သွားပြီလား" တော်အန်းသည် ပဟေဠိဆန်သော အမူအရာဖြင့် တော်ယုကို အသံပို့လွှတ်မူမှ တစ်ဆင့် မေးလိုက်သည်။
"သေချာပေါက် အကျင့်မကောင်းသူ မဟုတ်ဘူး။ သခင်လေးချင်က ရိုးဖြောင့်တဲ့ လူတစ်ယောက်ပဲ။ သူ အရင်တုန်းက ငါတို့ကို နောက်ပြောင်ကျီစယ်ခဲ့တာ သိသာပါတယ်။ အဲဒီအချိန်တုန်းက သူ့မျက်လုံးတွေက ဒီနေ့ မာကျိရှန်းနဲ့ မတူဘူး။ အရမ်းကို ကြည်လင်နေ တယ်" တော်ယုက ကမန်းကတန်း ရှင်းပြသည်။
ထို့နောက် သူမ၏စကား တစ်ဝက်တစ်ပျက်အရောက်တွင် တစ်ခုခုမှားနေပြီဆိုသည်ကို သူမ သိလိုက်သည်၊ သူမဘေးမှာရပ်နေသော တော်အန်းက သူမပါးစပ်ကို ဖုံးကာ တိတ်တိတ်လေး ရယ်နေမှန်း သိလိုက်ရသည်။
တော်ယုသည် သူမ တော်အန်း၏လှည့်စားခြင်း ခံလိုက်ရကြောင်း ချက်ချင်း သိလိုက်သည်။ ထို့ကြောင့် သူမသည် ဒေါသအရမ်းထွက်သွားကာ တော်အန်း၏နဖူးကို အပြင်းအထန် ခေါက်လိုက်သည်။
"အကျင့်မကောင်းတဲ့ ကောင်မလေး၊ နင်က ငါ့ကိုလှည့်စားဖို့ သတ္တိရှိတယ်လား။" တော်ယုက ဒေါသတကြီး ပြောသည်။
“အစ်မ, အစ်မတော့ တကယ်ကို မျှော်လင့်ချက်မဲ့နေပြီလို့ ငါ ထင်တယ်။ ပုံမှန်ဆို, အစ်မက အရမ်းကို ဉာဏ်ကောင်းပေမယ့် အခုတော့, အစ်မက ငါ့ထက်တောင် မိုက်မဲနေခဲ့ပြီ။ ငါတောင် အစ်မကို လှည့်စားနိုင်နေပြီ။ ဒီလူဆိုးကောင်ကို အစ်မ တကယ်ကြိုက်တာ ငါ မြင်နိုင်ပါတယ်" တော်အန်းက ကူကယ်ရာမဲ့ဟန် ပြောလိုက်သည်။
ယခုတစ်ခါမှာတော့ တော်ယုက မချေပတော့ပေ။ ယင်းအစား သူမသည် တော်အန်း၏ စကားများကို တွေးနေမိသည်။
တော်အန်းက အများကြီး ပြောခဲ့သည်။ သာမာန်အားဖြင့်၊ တော်အန်းသည် ဤကဲ့သို့ လှည့်စားမှုဖြင့် သူမကို မလှည့်စားနိုင်သော်လည်း၊ ယခုပင် သူမသည် မတွေးမိဘဲ ချင်ယွင်ကို ကာကွယ်ပေးမိခဲ့သည်။ ဤအချက်က ချင်ယွင်ကို သူမ တကယ်ကြိုက်ကြောင်း ပြသနိုင်လောက်အောင်ပင်။
"အစ်မ, နင် ဒီလူဆိုးကောင်ကို ကြိုက်နေမှတော့ ဘာလို့ သူ့ကို တိုက်ရိုက်မပြောဘဲ, နင့်ကို ခေါ်သွားခွင့်မပေးတာလဲ။ ဘယ်လိုဖြစ်ဖြစ်, ဒီကောင်ရဲ့ ခွန်အားက မဆိုးပါဘူး။ သူ့စရိုက်ကိုလည်း ထည့်တွက်ပေးလို့ ရနိုင်ပါတယ်။ အစ်မကြီး၊ သူက အစ်မနဲ့ ထိုက်တန်ပါတယ်” တော်အန်းက တော်ယုကို တိုက်တွန်းလိုက်သည်။
တော်ယုသည် ရှက်ရွံ့သော အမူအရာဖြင့် ခေါင်းကို အမြန်ခါလိုက်သည်။
"အစ်မ ရှက်နေရင် ငါ သွားပြောပေးမယ်လေ။" တော်အန်းက ကမန်းကတန်း ပြုံးပြီး ပြောလိုက်သည်။
တော်ယုက ထိတ်လန့်သွားကာ၊ တော်အန်းကို အလျင်အမြန် ဖမ်းလိုက်ပြီး၊ သူမကို မသွားဖို့ အချက်ပြလိုက်ပါသည်။
"မေ့လိုက်ပါ၊ သခင်လေးချင်က ထူးခြားတဲ့အရည်ချင်းတွေကို ပိုင်ဆိုင်ထားပြီး၊ ကျင့်ကြံမူက လည်း မြင့်မားတယ်။ ငါက သူ့နဲ့ မထိုက်တန်ပါဘူး။ မင်း ဒီအကြောင်းကို နောင်မှာ ထုတ်ပြောခွင့် မပြုတောဘူး။ သူ့ကို လွှတ်ပေးလိုက်ပါ။" တော်ယုက တော်အန်းကို အမိန့်ပေးသည်။
တော်အန်းသည် တော်ယု၏စကားကို ကြားသောအခါတွင် ကူကယ်ရာမဲ့ဟန် အမူအရာ ပေါ်လာသည်။
ရုတ်တရက် သူမသည် တစ်ခုခုကို တွေးနေပုံရပြီး စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် သူမအစ်မ ရှာတွေ့သွားမည်ကို ကြောက်သောကြောင့် သူမသည် ဤအပြုံးကို အလျင်အမြန် မျိုသိပ်လိုက်သည်။
တော်အန်းက ရယ်မောပြီး အဝေးမှ ချင်ယွင်ကို လှမ်းကြည့်သည်။ သူမက အံကြိတ်ကာ သူမကိုယ်သူမ ပြောလိုက်သည် “လူဆိုးကောင်၊ အစ်မကြီးက နင့်ကို သဘောကျမှတော့ ငါ အရင်ကကိစ္စကို စိတ်ထဲမထားတော့ဘူး။ ဒါပေမယ့် နင် ငါ့အစ်မကို အထင်သေးရဲရင် ငါ နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”။