အခန်း ၁၂၃၆
Vol. 83 Ch. 1236
အခန်း (၁၂၃၆) ဓားမြုပ်နှံခြင်းတောင်တန်းသို့ ဝင်ရောက်ခြင်း။
ချင်ယွင်သည် တော်ယု၏ အတွေးများကို မည်သို့ မမြင်ဘဲရှိမည်နည်း?။
သို့သော် ချင်ယွင်သည် တော်ယုကို လက်ခံရန် မရည်ရွယ်ခဲ့ပေ။ တကယ်တော့ သူသည် တော်ယုကိုသာ လေးစားရုံသာရှိပြီး၊ ၎င်းက အမှန်တကယ် ချစ်ကြိုက်ခြင်းမျိုး မဟုတ်ပေ။
တကယ်တော့ ချင်ယွင်သည် ထိုညီအစ်မကို ပိုင်ဆိုင်လိုသေဆန္ဒ ပြင်းပြခြင်းမရှိပေ။
ဤညီအစ်မစုံတွဲသည် အမူအရာ၊ ရုပ်ရည်အသွင်နှင့် ပင်ကိုယ်စရိုက်တို့ ထူးကဲပြီး၊ ယောက်ျားဖြစ်နေသရွေ့ သူမတို့အပေါ် အနည်းငယ် မရိုးမသားစိတ် အမြဲတမ်း ဖြစ်နိုင်သော်လည်း ချင်ယွင်သည် သူမတို့အား ခေါ်ဆောင်သွားရန် တကယ်ကို ရည်ရွယ် ချက်မရှိခဲ့ပေ။
ပထမအချက်, သူ့မှာ ထိုညီအစ်မအပေါ် ခံစားချက် အစစ်အမှန် မရှိပါဘူး။ အကယ်၍ သူသည် သူမတို့ကို အမှန်တကယ် လက်ခံလိုပါကလည်း ၎င်းမှာ သူမတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန်သာ ဖြစ်ပါသည်။ ထိုသို့ဆိုလျှင်, ထိုညီအစ်မအပေါ် အရမ်းကို မတရားရာ ကျလိမ့်မည်။ ဒုတိယအချက်မှာ, ချင်ယွင်သည် အမျိုးသမီးများ လုံလောက်နေ ပါပြီ။ လောလောဆယ်တွင် အမျိုးသမီးလေးယောက်သည် သူ့ကို အင်မော်တယ်ကမ္ဘာမှာ စောင့်နေကြသည်။ နတ်ဘုရားကမ္ဘာထဲတွင် ဝိညာဉ်နတ်ဘုရားမလည်း ရှိနေသေးသည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ ဟာရမ်ကိစ္စကို မချဲ့ထွင်ချင်တော့ပေ။
ထို့ကြောင့်, သူသည် တော်ယု၏ ချစ်ခြင်းမေတ္တာကို မမြင်ကြောင်းသလိုသာ ဟန်ဆောင် နိုင်တော့သည်။ အစောပိုင်းက သူသည် ဓားမြုပ်နှံခြင်းတောင်တန်းကို အတူတူ ဝင်ရောက် ပြီး၊ အတူတူ လျှောက်လှမ်းရန် ကတိပေးခဲ့တုန်းက, သူသည် သူတို့မနှစ်ယောက်ကို သီးသန့် စွန့်စားစေလိုစိတ် မရှိခဲ့သောကြောင့် ဖြစ်ပါသည်။ ဓားမြုပ်နှံခြင်းတောင်တန်း ကနေ ထွက်ခွာပြီးနောက်, သူမတို့အနေဖြင့် မည်သည့်နေရာ သွားသည်ဖြစ်စေ, အရာအားလုံးက လေနှင့်အတူ ပျောက်ကွယ်သွးပါလိမ့်မည်။
ထိုနောက် ချင်ယွင်သည် နတ်ဘုရားတန်ခိုးကို ပေါင်းစပ်ကာ ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူ့ကြိုးစားမှုက စိတ်ပျက်စရာ မဟုတ်ခဲ့ပါဘူး။ နောက်ဆုံးတွင်, ထိုကြိုးစားအားထုတ်မူက ချင်ယွင်အား လျှပ်စီးစွမ်းရည်၏ တတိယမြောက် နတ်ဘုရား တန်ခိုးဖြစ်သော မြန်နှုန်းမြင့်နတ်ဘုရားတန်ခိုးကို ပေါင်းစည်းနိုင်ခဲ့သည်။
မြန်နှုန်းမြင့် နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားသူ ချင်ယွင်အတွက်မူ သူ၏ အမြန်နှုန်းသည် ပို၍ပင် မြင့်မားလာပေလိမ့်မည်။ အကယ်၍, သူသည် လေစွမ်းရည်နှင့် လျှပ်စီးစွမ်းရည် နတ်ဘုရားတန်ခိုးတို့ကို ပေါင်းစပ်လိုက်ပါက၊ သူ၏အမြန်နှုန်းသည် အထွတ်အထိပ်ရှိ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်သည့် အလွန်မင်း ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ နဂါးတောင်ပံများကိုပါ အသုံးပြုပြီးနောက်တွင်၊ သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကိုပင် တိုက်ရိုက် ကျော်တက်သွားလိမ့်မည်။
ယင်းက ချင်ယွင်ကို သူ၏ဓားမြုပ်နှံခြင်းတောင်တန်း ခရီးစဉ်အတွက် ယုံကြည်မှု ပို၍ရှိလာစေသည်။
ယခုအချိန်မှာ, ချင်ယွင်သည် နောက်ဆုံးလက်ကျန် နတ်ဘုရားတန်ခိုးတစ်မျိုးသာ ကျန်ပါတော့သည်။ သူသည် လေစွမ်းရည် ထာဝရပြောင်းလဲခြင်းနတ်ဘုရား တန်ခိုးတစ်ခု သာ မပေါင်းစည်းရသေးပေ။ အခြား နတ်ဘုရားတန်ခိုးအားလုံးကို ပေါင်းစည်းပြီးသွားပါပြီ။ (ထာဝရပြောင်းလဲခြင်း နတ်ဘုရားတန်ခိုးသည် အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင် တာအိုဉပဒေသမှ ဆင်းသက်လာသည့်အရာ ဖြစ်ပါသည်)။
ဤနောက်ဆုံး နတ်ဘုရားတန်ခိုးအမျိုးအစားကို ပေါင်းစည်းပြီးသည်နှင့် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို သန့်စင်နိုင်မည် ဖြစ်ပါသည်။ ထိုအချိန်တွင် သူ၏စွမ်းအားသည် အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားမည်မှာ သေချာသည်။
အချိန်တွေက လျှပ်တပြက် ကုန်ဆုံးသွားခဲ့သည်။ အချိန်သုံးရက်သည် ကုန်ဆုံးသွားပြီ။ ချင်ယွင်နှင့် အခြားသူများသည် သုံးရက်မြောက် နေ့အထိ စောင့်ဆိုင်းခဲ့ကြသည်။
ဘန်း..။
မျှော်လင့်ထားသလိုပင်၊ အချိန်ရောက်သည်နှင့် ချိုင့်ဝှမ်း၏ အလယ်ခေါင်တည့်တည့်ရှိ လေဟာနယ်အထက်မှာ လေဝဲဂယက်တံခါးတစ်ခုပေါ်လာပါသည်။
"သွားကြရအောင်”။
အချိန်အတော်ကြာ ပြင်ဆင်ထားသည့် လူငယ်၊ မိန်းမချောလေးနှင့် ချောမောလှပသော လူငယ်တို့သည် မဆိုင်းမတွပင် လေဝဲဂယက်တံခါးဆီသို့ ပြေးသွားကြကာ လေဝဲဂယက် ထဲသို့ ချက်ခြင်း ပျောက်ကွယ်သွားကြသည်။
လေဝဲဂယက်တံခါးသည် သုံးစက္ကန့်မျှသာ ပေါ်လာမည်ဖြစ်သောကြောင့် တွန့်ဆုတ်နေရန် မလိုအပ်ပါ။
"သွားကြရအောင်”။
ချင်ယွင်က နီထိုက်စွေ့နှင့် တော်ညီအစ်မတို့ကို ပြောလိုက်ပါသည်။ ထိုသို့ပြောပြီးနောက် သူသည် တော်ညီအစ်မကို လေဝဲဂယက်ဝင်ပေါက်ဆီသို့ ပို့ဆောင်ရန် သူ၏နတ်ဘုရား တန်ခိုးကို အသုံးပြုခဲ့သည်။
တော်ညီအစ်မသည် ကြယ်နတ်ဘုရားနယ်ပယ်သို့ မရောက်သေးသည့်အတွက် သူမတို့ သည် မပျံသန်းနိုင်ကြပေ။ ထို့ကြောင့်, သူမတို့သည် သူမတို့ကို ခေါ်ဆောင်ပေးဖို့အတွက် ချင်ယွင်ကိုသာ အားကိုးနိုင်ကြပါသည်။ ထိုသို့မဟုတ်လျှင်, သူမတို့သည် လေဝဲဂယက် တံခါးမပိတ်ခင်မှာ အမှီလိုက်နိုင်မှာ မဟုတ်ပါဘူး။ နီထိုက်စွေ့သည် ချင်ယွင်၏နောက်သို့ အနီးကပ် လိုက်လာသည်။
ရလာဒ်အနေဖြင့်, သူတို့လေးယောက်သည် ကောင်းကင်ယံကို ဖြတ်သန်းကာ၊ လေဝဲဂယက်တံခါးထဲကို ချက်ခြင်း ပျံသန်းသွားကြပါသည်။
ချင်ယွင်နှင့် အခြားလူများ အပြေးအလွှား ဝင်ရောက်သွားပြီးနောက် လေဝဲဂယက် တံခါးသည် ရုတ်တရက် ပိတ်သွားခဲ့ပြီး ချိုင့်ဝှမ်းအထက် ကောင်းကင်မှာ ပျောက်ကွယ်သွား ခဲ့သည်။ ချိုင့်ဝှမ်းသည်လည်း တစ်ဖန် ငြိမ်သက်သွားပြန်သည်။
...
ချင်ယွင်သည် လေဝဲဂယက်ထဲသို့ ဝင်ရောက်ပြီးနောက်၊ သူသည် တောင်တန်းများအတွင်း မရင်းနှီးသော ကမ္ဘာတစ်ခုထဲတွင် ပေါ်လာသည်။
ဤကမ္ဘာသည် ဝူဝမ်တောင်တန်း, ကမ္ဘာမြေပြင်နှင့် အလွန်ဆင်တူပြီး၊ ၎င်း၏ ဧရိယာသည် ထပ်တူပင် ကျယ်ဝန်းသည်။ သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ ဤကမ္ဘာပေါ်တွင် သက်ရှိအငွေ့အသက်များ ရှိမနေခြင်းပင် ဖြစ်သည်။ အရာအားလုံးသည် တစပြင်အလား တိတ်ဆိတ်မှုကို ထင်ရှားစေသည်။
သေချာသည်မှာ, ဤအရာက ချင်ယွင်နှင့် တခြားသူတွေကို အံ့အားသင့်စေသည့် အရာ မဟုတ်ခဲ့ပါဘူး။ သူတို့ကို တကယ် အံ့သြသွားစေသည်က သူတို့ရှေ့မှာ နေရာသည် သူတို့ကို စောင့်မျှော်နေသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်နေခြင်း ဖြစ်သည်။
သို့သော်၊ ဤချိုင့်ဝှမ်းကြိးသည် ယခင်က ချင်ယွင်နှင့် အခြားလူများ နေခဲ့ဖူးသည့် ချိုင့်ဝှမ်းနှင့် အနည်းငယ် ကွာခြားသည်။ ချင်ယွင်နှင့် အခြားလူများသည် စောစောက တောင်ထိပ်များကို ဖျက်ဆီးခဲ့ကြသော်လည်း၊ ယခုအချိန်တွင် ၎င်းတို့မှာ အန္တရာယ်မရှိဘဲ ထီးထီးကြီး တည်ရှိနေကြသည်။
"ဒါက ဓားမြုပ်နှံခြင်းတောင်တန်းလား?။ ဒါဆို ဓားမြုပ်နှံခြင်းတောင်တန်းအတွင်းမှာ ရှိတဲ့ လေဟာနယ်က ဝူဝမ်တောင်တန်းနယ်မြေပေါ်ကို လုံးလုံးလျားလျား လွှမ်းခြုံထားတာပေါ့။ ဝင်ပေါက်ကို ဘယ်သူမှ ရှာမတွေ့ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။" ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် မြစ်ရေပြင်များကို ကြည့်ကာ စိတ်ထဲတွင် ပြောလိုက် သည်။
လေဝဲဂယက်တံခါးထဲသို့ သူဝင်ရောက်လာကတည်းက ချင်ယွင်သည် လေဟာနယ်အတွင်း ပြောင်းလဲမှုများကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။
သူတို့သည် ကမ္ဘာငယ်လေးတစ်ခုထဲသို့ ၀င်ခဲ့ကြခြင်း မဟုတ်ကြောင်း သူ တွေ့ရှိခဲ့သည်။ ယင်းအစား၊ သူတို့သည် ၎င်းတို့ မူလရှိနေရာမှ လုံးဝအပြိုင်ဖြစ်နေသော ကမ္ဘာတစ်ခုထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤဓားမြုပ်နှံခြင်းတောင်တန်း နေရာသည် ဝူဝမ်တောင်တန်းနယ်မြေကို လုံးဝ ဖုံးလွှမ်းထားသည်။ ထို့ကြောင့် ဤနေရာရှိ အရာအားလုံးသည် ဝူဝမ်တောင်တန်းနယ်မြေနှင့် အလွန်ဆင်တူသည်။
"ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ ကမ္ဘာကြီးလဲ။ ဒီဓားမြုပ်နှံခြင်းတောင်တန်းကို ဘယ်သူက ဖန်တီးခဲ့တာလဲ။" နီထိုက်စွေ့သည် ချီးကျူးစကား မဆိုဘဲမနေနိုင်ခဲ့ပေ။ ထင်ရှားသည်မှာ၊ သူသည်လည်း ဓားမြုပ်နှံခြင်း တောင်တန်းအတွင်းမှ ဖြစ်ပျက်နေသည့် အရာများကို နားလည်ထားသည်။ သူသည် ဓားဓားမြုပ်နှံခြင်းတောင်တန်းကို ဖန်တီးခဲ့ သူ၏ ခွန်အားအကြောင်းတွေးတောရင်း သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။
ချင်ယွင်၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမူများဖြင့် ပြည့်နှက်နေခဲ့သည်။ ကမ္ဘာငယ်လေး တစ်ခု ဖန်တီးခြင်းသည် ကောင်းကင်နတ်ဘုရားနယ်ပယ်ရှိ ကျွမ်းကျင်သူများသာ ပြီးမြောက်နိုင်သော အရာဖြစ်သည်။ ယခုလို အံ့ဖွယ်ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်စွမ်း သည် ဘိုးဘေးနတ်ဘုရားသာလျှင် ပြီးမြောက်နိုင်ပါလိမ့်မည်။
သို့သော် ချင်ယွင်သည် ဤနတ်ဘုရားတိုက်ပွဲနယ်မြေကို ဖန်တီးခဲ့သည့်သူကို နားမလည် ခဲ့ပေ။ ၎င်းနယ်မြေသည် အဘယ်ကြောင့် ဝူဝမ်တောင်တန်းနယ်မြေနှင့် လုံးဝ ထပ်နေရ သနည်း။ ထို့အပြင်၊ ဓားမြုပ်နှံခြင်းတောင်တန်းအတွင်းရှိ ဤနတ်ဘုရားတိုက်ပွဲနယ်မြေထဲ မှာ နတ်ဘုရားစစ်ပွဲတစ်ခု ဖြစ်ပျက်ခဲ့ပုံရသည်။ ဤအရာအားလုံးသည် အဘယ့်ကြောင့် ဖြစ်ပျက်ခဲ့သနည်း?။
အရာအားလုံးသည် ချင်ယွင်အတွက် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
ဓားမြုပ်နှံခြင်းတောင်တန်း၏ ဒဏ္ဍာရီများနှင့် ပတ်သက်၍မူ လူတိုင်းတွင် မတူညီသော အမြင်များ ရှိကြသည်။ ဒဏ္ဍာရီအမျိုးအစားပေါင်း များစွာရှိခဲ့ကြသည်။ ချင်ယွင်သည် ၎င်းတို့အနက်မှ မည်သည့်အရာက မှန်ကန်သည်ကို စူးစမ်းလေ့လာရမည် ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို အရင်ဆုံး ရှာဖွေရန် ဆုံးဖြတ်ထားသည်။ အကြောင်းမှာ ချင်ယွင်သည် သူ၏ သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ်ကျောက်စိမ်းဆွဲသီးသည် ထူးထူးခြားခြား တောက်ပနေကြောင်းကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ သေချာသည်မှာ၊ ၎င်းကျောက်စိမ်းဆွဲသီးသည် ရှေးဟောင်း တာအိုဆရာသခင်၏ တည်ရှိနေမူကိုလည်း ခံစားနိုင်သေးသည်။ ဤအရာက ချင်ယွင်၏ နှလုံးသားကို ချက်ချင်းပင် ရွှင်လန်းသွားစေခဲ့သည်။
"ဆရာကြီးက တကယ်ပဲ ဓားမြုပ်နှံခြင်းတောင်တန်းထဲမှာ ရှိနေတာပဲ။ အရင်က ငါကြိုးစားခဲ့သမျှဟာ အချည်းနှီးမဟုတ်ဘူးလို့ ထင်ရတယ်။" ချင်ယွင်က သူ့စိတ်ထဲတွင် ပြုံးလိုက်ပြီး၊ သူ့ကိုယ်သူ ပြောလိုက်မိသည်။
ဓားမြုပ်နှံခြင်းတောင်တန်းကို ဝင်ရောက်ရသည့် သူ၏အဓိကရည်ရွယ်ချက်မှာ ရှေးဟောင်း တာအိုဆရာသခင်ကို ရှာဖွေရန်ဖြစ်ပြီး၊ ဒုတိယအနေဖြင့် ဓားမြုပ်နှံခြင်းတောင်တန်း၏ လျှို့ဝှက်ချက်များကို ရှာဖွေရန်ဖြစ်သည်။ ယခုအခါ ရှေးဟောင်းတာအိုဆရာသခင်သည် ဓားမြုပ်နှံခြင်းတောင်တန်း၌ ရှိနေကြောင်း အတည်ပြုနိုင်သဖြင့် ချင်ယွင်သည် သဘာဝ အတိုင်း အလွန်ပျော်ရွှင်နေပါသည်။
"ဝှီး... ဝှီး... ဝှီး..”။
ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ တည်ရှိမှုကို ခံစားမိစဉ်မှာ, ဓားမြုပ်နှံခြင်း တောင်တန်းသို့ ဝင်ရောက်လာခဲ့သော လူငယ်၊ မိန်းမချောလေးနှင့် ချောမောလှပသော လူငယ်တို့သည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပထမဆုံး ပျောက်ကွယ်သွားခဲ့ သည်။ သူတို့ သုံးယောက်သည် လမ်းကြောင်းနှစ်သွယ်ဖြင့် ပျံသန်းသွားကြသည်။
"သွားရအောင်။" ချင်ယွင်က နီထိုက်စွေ့နှင့် တော်ညီအစ်မကို ပြောလိုက်သည်။
"ဒါဆို ငါတို့ ဘယ်လမ်းကြောင်းကို သွားမှာလဲ။" နီထိုက်စွေ့က ချင်ယွင်ကို မေးသည်။
ယခုအချိန်တွင် ချင်ယွင်သည် ၎င်းတို့လေးဦး၏ ကျောရိုးဖြစ်သောကြောင့် သဘာဝအတိုင်း အရာအားလုံးသည် ချင်ယွင်အပေါ် မူတည်သည်။
တော်ညီအစ်မလည်း ချင်ယွင်ကို ကြည့်ကြသည်။ သူမတို့သည် ဘိုးဘေးရတနာကို ရှာဖွေရန် ဤနေရာသို့ ရောက်ရှိလာကြသော်လည်း ရတနာသည် ဓားမြုပ်နှံခြင်း တောင်တန်း၌ မည်သည့်နေရာတွင် ရှိနေသည်ကို မသိကြသေးပေ။ ထို့ကြောင့်, သူမတို့သည် ခြေတစ်လှမ်းစီသာ လှမ်းနိုင်ပါသည်။
ချင်ယွင်သည် စိတ်ဝိညာဉ် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်ပြီး၊ နောက်တကြိမ် အာရုံပြီးနောက်, သူသည် တောင်ဘက်သို့ ညွှန်ပြပြီး ပြောသည် "တောင်ဘက်ကို သွားကြရအောင်"
ထို့ကြောင့် ချင်ယွင်သည် အခြားလူသုံးဦးကို တောင်ဘက်အရပ်သို့ ခေါ်ဆောင်သွားခဲ့သည်။