← Chapters

အခန်း ၁၂၃၈

Vol. 83 Ch. 1238

အခန်း ၁၂၃၈

Vol. 83 Ch. 1238

အခန်း (၁၂၃၈) စူးစမ်းလေ့လာခြင်း။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ပေတစ်သောင်းအကွာအထိ ပစ်ချခံရပြီး၊ တောင်နံရံတစ်ခုသို့ အပြင်းအထန် ပစ်ရိုက်သွားခဲ့သည်။ ထိုမှသာ သူသည် ထိုကြောက်စရာကောင်းသော စွမ်းအားမှ လွတ်မြောက်သွားခဲ့သည်။

ချင်ယွင်၏ ပစ်ရိုက်မှုကြောင့် သူ့နောက်မှ တံတိုင်းကြီးသည် အစိပ်စိပ်မွှာမွှာ ပြိုကျသွားခဲ့ သည်။ ၎င်းသည် အပျက်အစီးများ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့သည်။ တောင်နံရံပေါ်မှာ ဧရာမပင့်ကူအိမ်ကြီးကဲ့သို့ အစင်းအရာများ ရေးဆွဲသွားခဲ့သည်။

ချင်ယွင်သည် ဒူးတစ်ဝက် ကိုယ်နေဟန် အနေအထားဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွား သည်။ သူ့ပါးစပ်ထောင့်မှ သွေးများ ဖြာကျနေသည်။ သူ့ရင်ဘတ်ပေါ်ရှိ အသားများသည် လည်း အသားပြားပမာ ကြေမွနေသည်။

သို့သော်၊ သူ့မျက်လုံးများသည် စူးရှသော ဓားနှစ်လက်အား ရှေ့တည့်တည့်ကို စိုက်ကြည့် နေရင်း သတိကြီးစွာ ထားပြီး တဖျပ်ဖျပ် ခတ်နေခဲ့သည်။

ယခုလေးတင် တိုက်ခိုက်မှုသည် ရုတ်ချည်းဖြစ်ခဲ့ပြီး အရိပ်မဲ့လွန်းသည်။ ချင်ယွင်သည် သူ့ကို တိုက်ခိုက်လာသည့်အရာကိုပင် မမြင်လိုက်ရဘဲ လွင့်ထွက်သွားခဲ့သည်။

ထို့အပြင်၊ ဤထူးဆန်းသော စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ စွမ်းအားများ သွန်းလောင်းလိုက်သည့် အခိုက်တွင်၊ ချင်ယွင်သည် ဧရာမ နတ်ဆိုးနတ်ဘုရားတစ်ပါး၏ လက်သီးဖြင့် အပြင်းအထန် ထိုးနှက်ခြင်းကို ခံရသကဲ့သို့ ခံစားရသည်။ သူ့တစ်ကိုယ်လုံး ချက်ချင်းပင် အက်ကွဲသွားခဲ့ရသည်။

အကယ်၍ ချင်ယွင်သည် သူ၏နတ်ဘုရားအမြုတေကို ကနဦးစကြဝဠာအတွင်းမှာ ဖုံးကွယ်ထားခြင်းသာ မရှိခဲ့ပါက၊ သူ၏ကြယ်အမြုတေသည် ယခုလေးတင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကြောင့် လုံးဝ အက်ကွဲသွားပေလိမ့်မည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်တစ်ဝက်သည် ကနဦးစကြဝဠာထဲသို့ ပေါင်းစပ် သွားခဲ့ပြီး ကျန်တစ်ဝက်မှာ နတ်ဘုရားအမြုတေအဖြစ် ပေါင်းစပ်သွားခဲ့သည်။

ထို့ကြောင့်၊ ကနဦးစကြာဝဠာနှင့် နတ်ဘုရားအမြုတေတို့ မပြိုကွဲသရွေ့၊ သူသည် လုံး၀ သေဆုံးလိမ့်မည် မဟုတ်ပေ။

ရုပ်ခန္ဓာကိုယ်အတွက်မူ, နတ်ဘုရားအမြုတေဖြင့် ရစ်ပတ်ထားသဖြင့်၊ ၎င်းသည် ဒဏ်ရာ ကြီးကြီးမားမား ရခဲ့လျှင်ပင် ချက်ချင်း ပြန်ကောင်းနိုင်ပါသေးသည်။

ဘန်း..။

နတ်ဆိုးနတ်ဘုရား၏ တန်ခိုး စွမ်းအားသည် နတ်ဘုရားအမြုတေမှ တဟုန်ထိုး ပျံ့နှံ့ ထွက်လာခဲ့ပြီး၊ ချင်ယွင်၏ ရင်ဘတ်ရှိ ဒဏ်ရာများကို အဆက်မပြတ် ပြုပြင်ပေးနေခဲ့သည်။ အသက်တစ်ရှိုက်အတွင်းမှာပင် အက်ကွဲအက်နေသော အသွေးအသားများသည် ပြန်ပေါက် လာကြသည်။

ဤအရာသည် နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ်၏ ခွန်အားပင် ဖြစ်ပါသည်။ နတ်ဆိုး နတ်ဘုရားရုပ်ခန္ဓာကိုယ်၏ ပြန်လည်ကုစားနိုင်မူ အမြန်နှုန်းသည် အဆင့်တူ နတ်ဘုရား ခန္ဓာကိုယ်များထက် သာလွန်ပါသည်။ ဤအရာသည် နတ်ဘုရားကမ္ဘာတစ်ခုလုံး ကောင်းစွာ သိထားသည့် အကြောင်းအရာ ဖြစ်သည်။

ကောင်းကင်နတ်ဘုရား သို့မဟုတ် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ကိုယ်တိုင် လှုပ်ရှားပြီး ချင်ယွင်၏ ကနဦးစကြာဝဠာကို တိုက်ရိုက် မဖြိုခွဲပါက, မြေကမ္ဘာ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင်လျှင် ချင်ယွင်ကို အမှန်တကယ် သတ်ဖြတ်ရန် အလွန်ခက်ခဲမည်ဟု ပြောဆိုနိုင်ပါသည်။ ၎င်းတို့သည် အများဆုံး သူ၏သွေးအသား ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးနိုင်ပါလိမ့်မည်။

.

ထို့သို့ဖြစ်လျှင်ပင် ချင်ယွင်သည် ရုပ်ခန္ဓာကိုယ်အသစ်ကို သိပ်သည်းနိုင်ပါသေးသည်။ သူ့စိတ်ဝိညာဉ်ကို မဖျက်စီးနိုင်သရွေ့ သူသည် အမှန်ပင် မပျက်စီးနိုင်တော့ပါ။

"အစ်ကို နီ၊ တော်ယု၊ တော်အန်း၊ မြန်မြန် ပြန်ဆုတ်ကြ။" ချင်ယွင်က ကမန်းကတန်း သတိပေးလိုက်သည်။

ဤထူးဆန်းသော တိုက်ခိုက်မှုကို သူသည် အသက်မသေဘဲ ခံနိုင်ရည်ရှိခဲ့သော်လည်း၊ နီထိုက်စွေ့နှင့် အခြားသူများသည် ထိုသို့မလုပ်ဆောင်နိုင်သောကြောင့် ချင်ယွင်သည် နီထိုက်စွေ့နှင့် အခြားသူများအတွက် အလွန်စိုးရိမ်နေခဲ့သည်။

နီထိုက်စွေ့နှင့် အခြားသူများသည် ချင်ယွင်၏သတိပေးချက်ကို ကြားသောအခါတွင် အန္တရာယ်ကို သိရှိသွားကြသည်။ သူတို့သည် ပုံရိပ်ယောင်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ နောက်သို့ ဆုတ်ခွာသွားကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ တိုက်ခိုက်မှုမျိုး မကြုံခဲ့ရပေ။ သူတို့ သုံးယောက်စလုံးသည် ထိခိုက်မှုမရှိဘဲ ချင်ယွင်ရှိရာဆီသို့ ဆုတ်ခွာသွားကြသည်။

"ချင်ယွင် ရှင် အဆင်ပြေရဲ့လား" တော်ယုက အလောတကြီး ရှေ့ကို တိုးပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"အဆင်ပြေပါတယ်။ ငါ့မှာ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် ရှိတယ်။ ဒီတိုက်ခိုက်မှုက ပြင်းထန်ပေမယ့် ငါ့ကို မသတ်နိုင်ပါဘူး။ ဒါပေမယ့် မင်းတို့ သတိထားရမယ်။ ဒီစွမ်းအားက မင်းတို့အားလုံးကို သတ်ပစ်ဖို့ လုံလောက်နေပြီ" ချင်ယွင်က သူတို့သုံးယောက်ကို ပြောလိုက်သည်။

တော်ယုနှင့် အခြားသူများသည် ချင်ယွင်၏စကားကို ကြားသောအခါ အားလုံးက ခေါင်းညိတ်ပြကြသည်။ ချင်ယွင်၏စကားသည် မှန်သည်, မှားသည်ဟု မည်သူမှ သံသယမ၀င်ကြပေ။

ချင်ယွင်၏ခွန်အားကို သူတို့ သိကြသည်။ သူမသိလိုက်ခင်မှာပင် သူ့ကို နောက်ပြန် လွင့်စေခဲ့ပြီး၊ ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်နိုင်ခဲ့သော ထိုစွမ်းအားသည် အလွန့်လွန် ကြောက်စရာကောင်းပါသည်။

"အဲဒါက အအတိအကျ ဘာလဲ?. ငါ ဘာလို့ မမြင်ရတာလဲ?။ ငါတောင် ဘာမှ နားမလည် တော့ဘူး" နီထိုက်စွေ့က တိုက်ရိုက်ပင် မေးလိုက်သည်။

ချင်ယွင်က ခေါင်းခါပြလိုက်သည်။ သူကိုယ်တိုင်လည်း အဖြေမပေးနိုင်ပါဘူး။ ယခုလေးတင် တိုက်ခိုက်မှုသည် ရုတ်တရတ် ဖြစ်လွန်းပြီး မူမမှန်မှုမျိုးကို လုံးဝ မခံစားရပေ။

"ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ?။ ဒီကို ထွက်လာခဲ့စမ်း" တော်အန်းသည် သူ့လက်များကို တင်ပါးပေါ်တင်ကာ လိမ္မာပါးနပ်သော အမျိုးသမီးများ ကျိန်ဆဲနေသော မျက်နှာထားဖြင့် သူမရှေ့မှ လွတ်နေသော လွင်ပြင်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက် သည်။

ငွေခေါင်းလောင်းထိုးသံကဲ့သို့ အော်ဟစ်သံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်နေသော် လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ ပထမဆုံးအနေဖြင့်, သူတို့ရှေ့မှ အရာသည် လူသားလား သက်ရှိသတ္တဝါလားဟု မပြောတတ်သေးပါဘူး၊ တော်အန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မူစွမ်းအားဖြင့် ၎င်းကို မျှားခေါ်ထုတ်မည်ဆိုလျှင် ပင်, သူမအနေဖြင့် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

"ငါ့ကို ဒီမှာစောင့်နေ။ ငါသွားကြည့်ဦးမယ်။" ချင်ယွင်သည် လှည့်ပြီး တော်အန်းနှင့် အခြားသူများကို ညွှန်ကြားလိုက်သည်။

"ဒါပေမယ့်" တော်ယုက တစ်ခုခုပြောချင်သော်လည်း ချင်ယွင်၏ပုံရိပ်က ထွက်သွားခဲ့လေ ပြီ။

တော်ယုသည် သူမစကားတွေကို ပြန်လည်မျိုချဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ သူမက အနီရောင်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်နေသည်။ တကယ်တော့ သူမ ပြောချင်သည်မှာ အန္တရာယ်များလွန်း၏။ မသွားနှင့်ဟူပင်။ သို့သော် လည်း နောက်ပိုင်းတွင် သူမသည် ထိုသို့သော စကားများကို သူမအတိုင်းတာဖြင့် ပြောရန် မသင့်တော်ကြောင်း သူမ သိရှိလိုက်သည်။ သူမသည် ချင်ယွင် အဆင်ပြေပါစေဟုသာ သူမ နှလုံးသားထဲမှာ ဆုတောင်းနေခဲ့သည်။

တော်အန်းနှင့် နီထိုက်စွေ့တို့သည်လည်း ချင်ယွင်ကို စိုးရိမ်ကြီးစွာ ကြည့်နေကြသည်။ အထူးသဖြင့် ယခုအခါ, ချင်ယွင်သည် သူတို့ ယခင်ကရပ်နေခဲ့သည့် နေရာသို့ ရောက်ရှိ နေပြီကို သူတို့မြင်လိုက်ရသည့်အခါ သူတို့၏နှလုံးများသည် လည်ချောင်းဆီသို့ ရုတ်တရက် တက်လာခဲ့သည်။

ချင်ယွင်သည် သူပစ်လွှတ်ခံရသည့် နေရာသို့ အရောက်တွင် ရပ်တန့်လိုက်သည်။ သူက ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ကာ ရှေ့ကို ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သူ ကြိုတင်ကာကွယ်မူ မရှိခင်မှာ လွင့်ထွက်သွားခဲ့ရပြီး၊ အရိပ်ယောင် တစ်ခုတစ်လေမျှ မတွေ့ခဲ့ရသော်လည်း, ချင်ယွင်သည် သတ်ဖြတ်လိုသည့် ဆန္ဒကို ခံစားနေရဆဲ ဖြစ်သည်။

ထိုသတ်ဖြတ်လိုသည့်ဆန္ဒမှာ အလွန်အားနည်းပြီး လျှပ်တပြက်မျှသာ ဖြစ်သော်လည်း၊ ချင်ယွင်သည် ၎င်းကို အာရုံခံစားမိပါသေးသည်။

ချင်ယွင်သည် အစောပိုင်းက သူ့ကို တိုက်ခိုက်ခဲ့သူသည် သက်ရှိသတ္တဝါတစ်ကောင် ဖြစ်ကြောင်း သေချာပြီး၊ ၎င်းတွင် ထူးကဲသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားရမည်။ ထို့အပြင်, ထိုသက်ရှိသတ္တဝါသည် အနည်းငယ် ထူးခြားပုံပေါ်ပြီး သူ၏စိတ်ဝိညာဉ် စွမ်းအားဖြင့်ပင် ၎င်း၏တည်ရှိမှုကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

ဘန်း…။

သေချာပါသည်၊ ချင်ယွင်သည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်စဉ်မှာ, အနှိုင်းမဲ့ ကြီးစိုးသော အငွေ့အသက်က သူ၏ရှေ့မှ ထွက်ပေါ်လာခဲ့သည်။ ဤအငွေ့အသက်သည် အလွန်အားကောင်းသည်။ ယခင်က ချင်ယွင်ကို တိုက်ခိုက်ခဲ့သော စွမ်းအားနှင့် အတူတူ ပင်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အကြွင်းကျန်နှင်းဓားက သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာပြီး ခုတ်ပိုင်းချလိုက်သည်။

"ဘုန်း..”။

အကြွင်းအကျန်နှင်းဓား၏ ဓားအလင်းသည် အနှိုင်းမဲ့ မာကျောသော နတ်ဘုရားသံမဏိ တစ်ခုနှင့် အပြင်းအထန် တိုက်မိသွားပုံရသည်။ ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံတစ်ချက် ထုတ်လွှတ်ပြီး၊ ၎င်းထံမှ ပြင်းထန်သော တွန်းကန်အားကြောင့် ချင်ယွင်ကို လွင့်ပျံသွားစေခဲ့သည်။

ချင်ယွင်သည် သူ့ဓားမှတဆင့် တိုးဝင်လာသော တန်ပြန်အားကို မဖယ်ရှားနိုင်ခင် သူသည် ပေတစ်ထောင်အကွာအထိ လွင့်ပျံသွားခဲ့ပြီး၊ သူ့လက်မောင်းက ထုံကျင်နေသည်။

ချင်ယွင်က ခေါင်းကိုမော့ပြီး ရှေ့ကို ရုတ်တရက် ကြည့်လိုက်စဉ်, သူ့မျက်လုံးတွေက စူးရှလာသည်။

ယခုလေးတင် တန်ပြန်စွမ်းအားမှတစ်ဆင့် ချင်ယွင်သည် သူ့ရှေ့တွင် တကယ်ပင် အစွမ်းထက်သော သက်ရှိသတ္တဝါ တစ်ကောင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤသက်ရှိ သတ္တဝါသည် အရင်ဆုံး တိုက်ခိုက်ရန် အစပြုပုံ မပေါ်သော်လည်း တစ်စုံတစ်ယောက်သည် ထိုမျဉ်းကို ဖြတ်ကျော်ရန် သတ္တိရှိသည်နှင့်, အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသည့် ထိုအရာသည် တိုက်ခိုက်လာမည်ခြင်းဖြစ်ပြီး ၎င်းတို့၏တိုက်ခိုက်မှုများသည် အလွန်မင်း ရက်စက်ကြမ်းကြုတ်သည်။

ထို့ကြောင့် ချင်ယွင်သည် ရုတ်တရက် သူ့နှလုံးသားထဲတွင် အတွေးတစ်ခု ဝင်လာသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သော ထိုအရာသည် သူတို့ကို အမှန်တကယ် သတ်ချင်၍မဟုတ်ဘဲ၊ တစ်စုံတစ်ခုကို စောင့်ရှောက်နေသည်ဟု သူ မှန်းဆ လိုက်မိသည်။ ချင်ယွင်အပေါ် ယခင်လုပ်ဆောင်ချက်များသည် သူ မဝင်ရောက်သင့်သော နေရာသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသောကြောင့် အမှောင်ထဲတွင် ပုန်းကွယ်နေ သည့် ထိုအရာက သူ့ကို တိုက်ခိုက်လာခြင်း ဖြစ်မည်။

သို့သော်၊ ချင်ယွင်သည် သူ့ရှေ့ရှိ တောင်တန်းအလွတ်ထဲတွင် မည်သည့် ရတနာအမျိုးစား များ ဝှက်ထားသည်ကို အလွန်သိချင်နေပြီး၊ ၎င်းသည် ပုန်းကွယ်နေသော မွန်းစတားကို အဘယ်ကြောင့် အလွန်သတိထား နိုးကြားစေရသနည်း။

"ငါတို့ ကြိုးစားကြည့်ရင် အဖြစ်ပျက်ကို တွေ့ရလိမ့်မယ်" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။

သူ့လက်ထဲမှ နှင်းဖြူရောင်ဓားသည် ဓားချက်တစ်ချက် ချက်ခြင်း ဖြတ်ပိုင်းသွားခဲ့ပြီး၊ ဓားရောင်ခြည်အလင်းတန်းသည် ကောင်းကင်ယံကို ဖြတ်သန်းကာ အလွန်မြန်ဆန်သော အရှိန်ဟုန်ဖြင့် လွတ်နေသော တောင်တန်းအလယ်ဆီကို ဦးတည်သွားလေသည်။

All Chapters