အခန်း ၁၂၄၀
Vol. 83 Ch. 1240
အခန်း (၁၂၄၀) ဘိုးဘေးနတ်ဘုရား၏ နယ်မြေ။
ချင်ယွင်နှင့် အခြားသူများသည် ကြေးနီတောင်တန်းကို သိမ်းဆည်းရန် အကြံစည်ကို စွန့်လွှတ်ပြီး၊ ရှေ့သို့ဆက်သွားရန် ဆုံးဖြတ်လိုက်စဉ်မှာ,
သူတို့သွားနေသည့် တောင်ဘက်အရပ်ရှိ မိုင်တစ်သောင်းဝေးကွာသော တောင်ခြေတစ်ခု မှာ လူလေးယောက် ရပ်နေကြပါသည်။
သို့သော် ၎င်းတို့လေးဦးသည် အဖွဲ့စည်းတစ်ခုတည်းမှ မဟုတ်ကြောင်း ထင်ရှားသည်။ လူနှစ်ယောက်၏ မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာကိုယ်စီ ရှိနေကြပြီး၊ ကျန် လူနှစ်ယောက်အား ကြည့်နေသည့် သူတို့၏အကြည့်များတွင် အထင်အမြင်သေးပြီး ရှုတ်ချမှုများနှင့် ပြည့်နှက်နေသည်။
အမျိုးသားတစ်ဦးသည် အဖြူရောင်ကြယ်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သူ့ပုံစံအရ အသက်လတ်ပိုင်းအရွယ်လောက်ရှိပြီး၊ သူ့အမူအရာက အေးစက်ပြီး ပြတ်သားသည်။ သူ၏ မျက်ခုံးများသည် ဓားရှည်များကဲ့သို့ ဖြစ်ပြီး၊ သူ့မျက်နှာက အကန့်သတ်မဲ့ ဂုဏ်သိက္ခာကို ထင်ရှားပေါ်လွင်စေသည်။ သူသည် သာမန်လူမဟုတ်ကြောင်း ထင်ရှားပါသည်။
အမှန်တကယ်မှာလည်း, သူ၏ကျင့်ကြံမူသည် လုံးဝ မနိမ့်ကျပေ။ သူ၏စွမ်းအားသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ။
သူ့ဘေးမှာ ရပ်နေသည့်လူက အတော်လေးကို ငယ်ရွယ်ပါသည်။ သူ့ပုံစံက လူငယ် တစ်ယောက်လို ဖြစ်ပြီး၊ အတွေ့နည်းပြီး၊ ရင့်ကျက်ပုံမရသေးချေ။ သို့သော် ဤလူငယ်၏ ကျင့်ကြံမူမှာလည်း နိမ့်ကျခြင်းမရှိပေ။ သူသည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လူငယ်၏အမူအရာမှာ အလွန်မောက်မာလွန်းလှသည်။ သူ၏လည်ပင်းသည် ဂုဏ်ယူ ဝံ့ကြွားသူတစ်ဦးကဲ့သို့ အမြဲ မတ်မတ်ထားသည်။ သူ့မျက်လုံးများသည် အထင်သေး ရှုံ့ချဟန်များဖြင့် ပြည့်နှက်နေသည်။
သူတိုနှင့် ဆန့်ကျင်ဘက်တွင် လူနှစ်ဦး ရပ်နေကြပြီး၊ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ များစွာ အားနည်းသည်။ တစ်ယောက်က အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်မှာသာရှိခဲ့ပြီး နောက်တစ်ယောက်ဆို ပို၍ပင် အားနည်းသေးသည်။ သူသည် နတ်ဘုရားတစ်ပိုင်း နယ်ပယ်တွင်သာ ရှိနေခဲ့သည်။
အကယ်၍,, ယခုအချိန်မှာ ချင်ယွင်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင်, သူသည် ထိုလူနှစ်ယောက်ကို သေချာပေါက် မှတ်မိပါလိမ့်မည်။
မှန်ပါသည်။ သူတို့ကတော့ ချင်ယွင်ရှာနေသည့် ချူယွန်နှင့် ရှေးဟောင်းတာအိုတို့ ဖြစ်ပါသည်။ သို့သော် သူတို့၏ လက်ရှိအခြေအနေမှာ ကောင်းမွန်ပုံ မပေါ်ပေ။
"ဟမ့်၊ ငါတို့ မသိဘူးလို့ မထင်နဲ့။ မင်းတို့က ငါတို့ကို ဒီစက်ဝိုင်းကြီးအတိုင်း ဦးဆောင် ခေါ်ပြီး လှည့်ပတ်သွားလာနေတာ။ ငါ မင်းတို့ကို နောက်တစ်ခါ ထပ်ပြောမယ်။ ငါတို့ကို အဲဒီနတ်ဘုရား နယ်မြေကို ခေါ်သွားလိုက်ပါ။ မဟုတ်ရင်, ငါ မင်းတို့ နှစ်ယောက်ကို ဝါးမြိုရ လိမ့်မယ်။ အခုပဲ ငါ မင်းတို့ကို ငါ့ဝမ်းဗိုက်အတွက် အစာလုပ်ပစ်မယ်" လူငယ်က မောက်မာစွာ ပြောလိုက်ပြီး၊ သူသည် ချူယွန်နှင့်ရှေးဟောင်းတာအိုကို ပြင်းပြင်းထန်ထန် အထင်သေးသည့် အမူအရာဖြင့် ကြည့်နေသည်။
နှိမ့်ကျလှသည့် လူသားနှစ်ယောက်။ တကယ်လို့, မင်းတို့မှာသာ အသုံးဝင်သည့်အရာ မရှိခဲ့ဘူးဆိုရင်၊ ဟိုးအရင်ကတည်းက ငါ မျိုချပြီးသွားပြီ။ သူ၏အမြင်တွင် လူသားများသည် အစကနေ အဆုံးထိ သူတို့အစာများသာ ဖြစ်ကြသည်။
ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် ထိုလူငယ်၏စကားကြားသောအခါ အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့၏မျက်နှာများက အပြုံးမပျက် ရှိနေကြသည်။
သူတို့၏ ကျင့်ကြံမှုသည် သူတို့ရှေ့မှ လူငယ်ထက် နိမ့်ကျသော်လည်း သူတို့ အားလုံးသည် အင်မော်တယ်ကမ္ဘာတွင် အထွတ်အထိပ်မှာ ရှိနေကြသူများ ဖြစ်ကြသည်။ သူတို့အရိုး နက်နက်ထဲမှာ ထည့်သွင်းထားသည့် မာန်မာနက ရှိနေတုန်းပင်။ ထို့ကြောင့် သူတို့ရှေ့မှ ဤလူငယ်လေးသည် သူ့မျက်လုံးများတွင် အထင်သေးသော အမူအရာနှင့်အတူ ကြမ်းတမ်းသော စကားများဖြင့် ရှုတ်ချပြောဆိုနေသော်လည်း သူတို့၏စိတ်ကို မထိခိုက် စေနိုင်ပေ။
သူတို့ နတ်ဘုရားနယ်မြေကို ရှာမတွေ့မချင်း သူတို့ကို ဘာမှလုပ်မှာ မဟုတ်ဘူးဆိုသည်ကို သူတို့ သိထားသည်။
"မင်းတို့က သေချင်နေကြတာလား" လူငယ်၏ မျက်လုံးများသည် ဒေါသကြောင့် ချက်ချင်း ပင် ပြူးကျယ်သွားကာ သူ၏ ရွှေရောင်သူငယ်အိမ်များသည် ပြင်းထန်သော အမျက်ဒေါသ ကြောင့် တောက်ပလာသည်။
ထို့နောက်တွင် သူ၏လက်မှ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခု ထွက်ပေါ် လာပြီး ချူယွန်နှင့် ရှေးဟောင်းတာအိုတို့ကို ဖမ်းဆုပ်တော့မည်။
လူငယ်၏လက်သည်းသည် တုနှိုင်းမရအောင် ပြင်းထန်ပြီး ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်နေကာ သူ၏နတ်ဘုရားသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ အကယ်၍, ထိုလက်သည်းသာ ကျရောက်သွားပါက, နတ်ဘုရားတစ်ပိုင်းဖြစ်သည့် ရှေးဟောင်းတာအို ကို အသာထား၊ ချူယွန်သည်ပင် ရှင်သန်နိုင်မည် မဟုတ်ပေ။
သို့သော် သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများသည် ရှေးဟောင်း ရေတွင်းကြီးတစ်ခုကဲ့သို့ ငြိမ်သက်နေဆဲပင်။
"ဖန်းအာ, ရပ်လိုက်တော့" မျှော်လင့်ထားသလိုပင်၊ လူငယ်က သူ့လက်သည်းများဖြင့် ဆွဲကုတ်ခါနီးမှာ ဘေးနားမှာ တိတ်တဆိတ် ရပ်နေသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားက စကားပြောလိုက်သည်။
မာနကြီးသော လူငယ်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကို ကြားသော အခါ လက်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။ သူ့လက်ထဲမှ ရွှေရောင်အလင်းတန်းများ လည်း ပျောက်ကွယ်သွားပြီး၊ သူသည် ချူယွန်နှင့် ရှေးဟောင်းတာအို ကို ခက်ထန်စွာ စိုက်ကြည့်နေသည်။
ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် အသိဉာဏ် အနည်းမျှပင် မရှိသည့် အကျဉ်းသား များကဲ့သို့ စကားတစ်ခွန်းမှ မပြောဘဲ ပြုံးလိုက်ကြသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချူယွန်နှင့် ရှေးဟောင်းတာအိုတို့ကို တစ်ချက် ကြည့်လိုက်ပြီး၊ သူ့မျက်လုံးများက နက်ရှိုင်းလွန်းသဖြင့် သူ မည်သည့်အရာ တွေးနေသည် ကို ဘယ်သူမှ မမြင်နိုင်ပေ။
“မင်းတို့နှစ်ယောက် ဒီနတ်ဘုရားနယ်မြေကို ပြောပြဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းတို့ကို သတ်ဖို့ စိတ်မရှည်ဖြစ်နေတဲ့ ငါ့တပည့်ကို အသာထား။ ငါကိုယ်တိုင်ကတောင် မင်းတို့ကို အချိန်အတော်ကြာ သည်းခံခဲ့ပြီးပြီ။ မင်းတို့ရဲ့ ကျင့်ကြံမူအခြေခံအရ, မင်းတို့ဟာ ငါတို့ဆရာတပည့်ရဲ့ လက်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိထားရမယ်။ ဒီဓားမြုပ်နှံခြင်းတောင်တန်းထဲမှာ မင်းတို့ကို ကယ်တင်မယ့်လူကိုလည်း မမျှော်လင့်နိုင် ဘူး။ ဒါကြောင့် စောစောစီစီး သိမ်သိမ်မွေ့မွေ့ ပြောလိုက်တာ အကောင်းဆုံးပဲ။” အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူထိုစကားများပြောနေစဉ်မှာ, မျက်လုံးများကို အနည်းငယ် မှေးကျဉ်းထားပြီး၊ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေ သည်။
ချူယွင်၏ အမူအရာမှာ အုံးမှိုင်းနေပြီး၊ သူသည် မလိုလားသည့် အမူအရာဖြင့် ထိုအမျိုးသားကို ကြည့်နေသည် ။
ရှေးဟောင်းတာအိုက ပြုံးပြီး အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ပြောလိုက်သည် "တကယ်တော့, ငါတို့က မင်းတို့ကို အဲဒီနတ်ဘုရားနယ်မြေကို ခေါ်မသွားရတဲ့ အကြောင်းရင်းက မင်းတို့ရဲ့အကျိုးအတွက်ပဲ။ အဲဒီနတ်ဘုရားနယ်မြေက အန္တရာယ်များ လွန်းတယ်။ မင်းတို့ကို အသာထား။ မြေကမ္ဘာနတ်ဘုရားတွေတောင် ဝင်ရောက်ပြီးရင် သေဆုံးရလိမ့်မယ်။ ဘာလို့ဆို အထဲမှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦး ရှိနေလို့ပဲ”။
"ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်လား?" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် မျက်မှောင်ကြုတ်ကာ ရှေးဟောင်းတာအိုကို ကြည့်ပြီး မေးသည် "ဘယ်အဆင့် ကျွမ်းကျင် ပညာရှင်လဲ?"
"ဘိုးဘေးနတ်ဘုရား" ရှေးဟောင်းတာအိုသည် စကားလုံးနှစ်လုံးကိုသာ ထုတ်ပြောလိုက် သော်လည်း အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ စိတ်ထဲတွင် ကောင်းကင်ဘုံ တုန်ခါလောက်သည့် မိုးကြိုပစ်သံကဲ့သို့ ထွက်ပေါ်လာသည်။
ဤစကားလုံးနှစ်လုံးသည် မည်မျှလေးလံသည်ကို နတ်ဘုရားကမ္ဘာ တစ်ခုလုံး သိနိုင်ပေ မည်။ ဘိုးဘေးနတ်ဘုရားနယ်ပယ်သည် နတ်ဘုရားကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည် နိုင်သည့် တည်ရှိမူတစ်ခု ဖြစ်သည်။ သူတို့သည် ရှေးဟောင်းတာအိုနှင့် ချူယွန်ကို ပုရွက်ဆိတ်များကဲ့သို့ ဆက်ဆံနေစဉ်မှာ, ဘိုးဘေးနတ်ဘုရားများသည် သက်ရှိသတ္တဝါ အားလုံးကို ပုရွက်ဆိတ်များအဖြစ် ရှုမြင်ကြသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ချွင်းချက်မရှိပေ။
"သောက်အဓိပ္ပာယ်မရှိလိုက်တာ။ အဲဒီမှာ ဘိုးဘေးနတ်ဘုရားတစ်ပါးက ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ?။ ဆရာ, သူက ဆရာ့ကိုခြောက်လှန့်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။ ကျွန်တော့် အမြင်အရတော့, သူကို နောက်တကြိမ် စကားနားမထောင်ပဲ မနေရဲအောင် လုပ်ဖို့, ဆရာက ကျွန်တော့်ကို ဘာလို့ ခွင့်မပြုတာလဲ” ရွေရောင်ရော့ခ် လူငယ်က ရှေးဟောင်းတာအိုကို ချက်ချင်းလက်ညှိုးထိုးပြပြီး ဒေါသတကြီး ပြောလိုက်သည်။ ထိုစကား ပြောပြီးနောက်တွင် သူသည် နောက်ထပ် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် အသင့်ဖြစ်နေလေပြီ။
သို့သော်, ရှေးဟောင်းတာအိုသည် အပြုံးမပျက် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပြီး သူ့အနားရှိ ချူယွင်လည်း အလားတူပင်။
အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်ခုံးမွှေးများသည် ချက်ချင်း တွန့်သွားခဲ့သည်။ ရှေးဟောင်းတာအို၏စကားမှာ မှန်ကန်နေကြောင်း ထင်ရှားပါသည်။
အကယ်၍ ထိုနတ်ဘုရားနယ်မြေ၌ ဘိုးဘေးနတ်ဘုရားတစ်ပါး အမှန်တကယ် ရှိနေခဲ့ပါက၊ သူ သွားရန် မဖြစ်နိုင်ပေ။ အကယ်၍, သူသာ ဘိုးဘေးနတ်ဘုရားကို ဒေါသထွက်အောင် လုပ်မိခဲ့မည်ဆိုလျှင်, သူ ရှင်သန်လွတ်မြောက်ရန်မဆိုထားနှင့်၊ သူ့နောက်ကွယ်က အင်အားစုများပင် ဒုက္ခအကြီးအကျယ် ရောက်ကြရလိမ့်မည်။
"အဲဒီနေရာက ဘိုးဘေးနတ်ဘုရားတစ်ပါး နေထိုင်ဖူးတဲ့ နတ်ဘုရားနယ်မြေလို့ မင်း ဘာလို့ ပြောနိုင်တာလဲ?။ မင်းကိုယ်တိုင် မျက်စိနဲ့မြင်ဖူးလို့ ပြောတာလား။" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ရှေးဟောင်းတာအိုကို စူးစူးရှရှကြည့်ကာ မေးလိုက်ပါသည်။
ရှေးဟောင်းတာအိုက ပြုံးပြီး ယောင်ယောင်ဝါးဝါး ပြောလိုက်သည် “မမြင်ဖူးဘူး။ ဒါပေမယ့် ငါတို့က အဲဒီနတ်ဘုရားနယ်မြေထဲ မတော်တဆ ဝင်သွားမိပြီး၊ အဲဒီနတ်ဘုရား နယ်မြေထဲမှာ ကျောက်ပြားတစ်ချပ်ကို မတော်တဆ တွေ့ရှိခဲ့တယ်။ အဲဒီကျောက်ပြားမှာ ပြောထားတာက “ ဓားတာအိုရဲ့ ဘိုးဘေး။ ကောင်းကင်နဲ့မြေကြီးဟာ ဒီကမ္ဘာပေါ်က အရာအားလုံးကို သတ်ဖြတ်နိုင်တဲ့ ဓားတွေပဲ”တဲ့။
“ဓားတာအိုရဲ့ဘိုးဘေးလား?။ ဖြစ်နိုင်တာက, အဲဒီလူက ပျောက်ကွယ်သွားခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့ ဒဏ္ဍာရီလာ ဓားဘိုးဘေးများ ဖြစ်နေမလား?။ အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာသည် ထိတ်လန့်သည့် အမူအရာ ချက်ချင်း ပေါ်လာပြီး၊ သူ့မျက်နှာပေါ်ရှိ အမူအရာလည်း မသေချာသည့်အမူရာ ဖြစ်လာသည်။
ထိုမြင်ကွင်းကိုမြင်တော့ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် သူတို့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာကြသည်။
မှန်ပါသည်။ သူတို့သည် ဘိုးဘေးနတ်ဘုရားတစ်ဦး နေထိုင်သည်ဟု သံသယဝင်စရာရှိ သည့် နတ်ဘုရားနယ်မြေသို့ ယခင်က ဝင်ရောက်ခဲ့ကြသည်။ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန် အနည်းငယ်ကိုလည်း သူတို့ တွေ့ရှိခဲ့ရသည်။ အစောပိုင်း က ရရှိခဲ့သော နတ်ဘုရားဆေးပြားသည် ထိုနတ်ဘုရားနယ်မြေမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်၊ ထိုနတ်ဘုရားနယ်မြေအတွင်း၌ နေရာတိုင်းမှာ သတ်ဖြတ်လိုသည့်ဆန္ဒမှား ရှိနေ သောကြောင့်၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် နက်ရှိုင်းသောအရပ်ထိ မဝင်ရဲဘဲ, ထိုနေရာမှပင် ထွက်လာခဲ့ကြသည်။
နောက်ပိုင်းမှာ, သူတို့သည် ဤဆရာတပည့်နှစ်ယောက်နှင့် တွေ့ဆုံမိသည်။ သူတို့သည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဆေးပြား၏ စွမ်းအင် အတက်အကျလှိုင်းကို အမှတ်မထင် တွေ့သွားကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ နတ်ဘုရားဆေးပြားကို တိုက်ရိုက် သောက်သုံးလိုက်ကြသည်။ ထိုမျှတင်မကသေးဘဲ၊ ထိုနတ်ဘုရားဆေးပြားများ၏ တည်နေရာကိုလည်း မေးမြန်းကြသည်။
ထို့ကြောင့်၊ ရှေးဟောင်းတာအိုက ဤနတ်ဘုရားဆေးပြားများသည် အလွန်အန္တရာယ်များ သော နတ်ဘုရားနယ်မြေတစ်ခုမှ ဆင်းသက်လာခဲ့ကြောင်း ပြောပြခဲ့သည်။ သို့သော် ထိုစကားများကို ကြားပြီးနောက် ထိုဆရာတပည့်နှစ်ဦးသည် ထိုနတ်ဘုရားနယ်မြေကို အမှန်တကယ် စိတ်ဝင်စားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူတို့က ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ကို ထို့နေရာသို့ ခေါ်ဆောင်သွားရန် ခြိမ်းခြောက်ခဲ့သည်။ ထို့ကြောင့် ယုခုလို မြင်ကွင်းမျိုး ဖြစ်ပွားနေရခြင်း ဖြစ်သည်။