အခန်း ၁၂၄၁
Vol. 83 Ch. 1241
အခန်း (၁၂၄၁) သတိပေါ့လျော့ကြခြင်း။
ရှေးဟောင်းတာအိုသည် သူတို့ကို နတ်ဘုရားနယ်မြေသို့ ခေါ်ဆောင်မသွားလိုပေ။ ထို့အပြင်, သူတို့သည် ထိုဆရာတပည့်နှစ်ဦးကို နတ်ဘုရားနယ်မြေသို့ ခေါ်ဆောင်သွား သည်နှင့် တပြိုင်နက်, ထိုဆရာတပည့်နှစ်ဦးသည် သူတို့ကို သေချာပေါက် သတ်ပြီး နှုတ်ပိတ်ပစ်မည်ကို ရှေးဟောင်းတာအိုက သိထားသည်။
ထို့အပြင်, နတ်ဘုရားနယ်မြေ တည်ရှိရာနေရာသည် အမှန်တကယ် ဘေးကင်းလုံခြုံသည် ဟု သူတို့လည်း မပြောနိုင်ပေ။
သေချာသည်မှာ, ထိုဆရာတပည့် နှစ်ယောက်သည် စိတ်ဝိညာဉ်ရှာဖွေခြင်းကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးကို မပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူတို့သည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့၏ စိတ်ဝိညာဉ်များကို ရှာဖွေပြီးဖြစ်ကာ၊ ထိုကဲ့သို့ မေးခွန်းများစွာကို မေးမြန်းနေရန်ပင် မလိုအပ်တော့ပေ။
ယခုအချိန်တွင်၊ ရှေးဟောင်းတာအိုသည် ၎င်းတို့ကို ကြောက်ရွံ့သွားစေရန်အတွက် ဘိုးဘေးနတ်ဘုရား၏ အမည်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူနှင့် ချူယွန်တို့သည် ဘိုးဘေးနတ်ဘုရား၏ မျက်နှာသာပေးမူကို ခံယူခဲ့ကြသူများဖြစ်ကြောင်း ယုံကြည်သွား လိမ့်မည်။ ထိုသို့ဆိုလျှင်, ၎င်းတို့သည် နောက်တစ်ကြိမ် သူတို့ကို သတ်ဖြတ်လိုသည့် ဆန္ဒဖြင့် မစတင်ရဲတော့ပေ။
သေချာသည်မှာ, ရှေးဟောင်းတာအို၏ ဤလှုပ်ရှားမှုက တကယ်ကို အလုပ်ဖြစ်ခဲ့ပြီး၊ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ကို စိုက်ကြည့်ရင်း ချီတုံချတုံ ဖြစ်သွားခဲ့သည်။
ဘိုးဘေးနတ်ဘုရားများ၏ နယ်မြေအတွင်းသို့ ဝင်ရောက်နိုင်ပြီး ၎င်းတို့၏ ရတနာများကို ဘေးကင်းစွာဖြင့် ယူဆောင်နိုင်သူများသည် သဘာဝအတိုင်း ဘိုးဘေးနတ်ဘုရား၏ စောင့်ရှောက်မူ ခံရသူများဖြစ်ကြပါသည်။ ပုံမှန်အားဖြင့်ဆို, ထိုကဲ့သို့ လူမျိုးများကို ရန်စကြ မည်မဟုတ်ပေ။ အဆုံးတွင်၊ ထိုကဲ့သို့သော လူများသည် ဘိုးဘေးနတ်ဘုရား၏ ကောင်းချီးပေးခြင်း ခံရသူများ ဖြစ်ကြသည်။ သူတို့သည် ဘိုးဘေးနတ်ဘုရား နှစ်သက် သဘောကျသော လူများ ဖြစ်ကြသည်။ မည်မျှပင် ရင်းနှီးနေပါစေ, သူတို့ကို လွယ်လွယ်နှင့် မစော်ကားနိုင်ပါဘူး။
အကယ်၍, သင်သည် သူတို့ကိုသတ်ပြီး ဘိုးဘေးနတ်ဘုရားကို စော်ကားမိသလို ဖြစ်သွားခဲ့ လျှင်, ကီလိုမီတာ ဆယ်သန်းလောက် ဝေးကွာနေလျှင်ပင် ဘိုးဘေးနတ်ဘုရားက သင့်ကို ချက်ချင်း သတ်ပစ်နိုင်မှာ စိုးရပါသည်။
ဘိုးဘေးနတ်ဘုရားက ထိုကိစ္စကို သိရှိခြင်းမရှိမှာကို စိုးရိမ်နေစရာ မလိုပါဘူး။ ဘိုးဘေး နတ်ဘုရားသည် ထိုအကြောင်းကို တွေးတောလိုက်သည်နှင့် သူ၏စိတ်ဝိညာဉ် ဆန္ဒသည် နတ်ဘုရားကမ္ဘာရှိ မည်သည့်နေရာတွင်မဆို ပျံ့နှံ့သွားနိုင်သည်။ ထို့ကြောင့်၊ အကယ်၍, သင်သည် ဘိုးဘေးနတ်ဘုရားကို ပြစ်မှားစော်ကားမိပါက၊ သေရန်နည်းလမ်းတစ်ခုသာ ရှိနိုင်ပေသည်။
"ညီအစ်ကိုဂူ၊ မင်းရဲ့ ဒီလှုပ်ရှားမှုက တကယ်ကို အံ့သြစရာကောင်းတယ်။ အဲဒါက သူတို့ကို တကယ်ကို ခြိမ်းခြောက်နိုင်တာပဲ။" ချူယွန်သည် ရှေးဟောင်းတာအိုကို အသံထုတ်လွှင့်ပြီး ချီးကျူးလိုက်သည်။
ရှေးဟောင်းတာအို၏ အမူအရာက မည်သည့်အပြောင်းလဲမှမရှိဘဲ တုန့်ပြန်ပြောလိုက် သည် "ဒါက ဘာမှမဟုတ်ပါဘူးကွာ။ နောက်ဆုံးမှာတော့, ငါတို့ပြောခဲ့တာတွေကလည်း လွဲမှားနေတာမှ မဟုတ်တာ။ နည်းနည်းလေး မွှေနှောက်ပေးလိုက်ရုံပါပဲ။ အဲဒီ နတ်ဘုရား နယ်မြေက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ နယ်မြေဖြစ်နိုင်တယ်။ အခုမဟုတ်တော့ဘူးဆို ရင်တောင် တစ်ချိန်တုန်းကပေါ့”။
ချူယွန်သည် သူ့စိတ်ထဲတွင် အနည်းငယ် ခေါင်းညိတ်လိုက်ပါသည်။ သူ့စိတ်ထဲမှာ ရှေးဟောင်းတာအို၏ ပြောစကားများကို သဘောတူပါသည်။ သူတို့ အမှတ်မထင် ဝင်ရောက်မိခဲ့သည့် နတ်ဘုရားနယ်မြေသည် တကယ့်ကို နားမလည်နိုင်အောင်ပင်။ သူတို့သည် အပြင်ဘက်အစွန်ဆုံးကျသော ဧရိယာသို့သာ လမ်းလျှောက်ခဲ့ကြပြီး၊ နတ်ဘုရားဆေးတစ်လုံးကို ရရှိခဲ့သည်။ ၎င်းသည် အဆင့်နိမ့်ဆေးတစ်လုံးဖြစ်သော်လည်း၊ နတ်ဘုရားကမ္ဘာရှိ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်နေဆဲပင်။
ထိုနတ်ဘုရားနယ်မြေ၏ နက်ရှိုင်းသောနေရာ၌ တည်ရှိနေမည့်အရာကို ယုံကြည်ရန်ပင် သူတို့အတွက် အမှန်တကယ် ခဲယဉ်းလှသည်။
ထိုနတ်ဘုရားနယ်မြေသည် ဓားမြုပ်နှံခြင်းတောင်တန်းရှိ အကြီးမားဆုံး ရတနာသိုက်ပြီး ဖြစ်ကြောင်း သူ သေချာပေါက် သိသည်။ ထိုအချိန်တုန်းက နတ်ဘုရားတိုက်ပွဲသည် ထိုဘိုးဘေးနတ်ဘုရားလည်း ပါဝင်နေသောကြောင့် ထိုနတ်ဘုရားနယ်မြေနှင့် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနိုင်ဖွယ် ရှိသည်။
"ဆရာ, သူတို့ လှည့်စားတာမခံပါနှင့်။ ဓားဘိုးဘေး ပျောက်ကွယ်သွားတာဖြင့် ကြာလှပြီ။ သူတို့ ဒီနတ်ဘုရားကမ္ဘာမှာ ရှိမရှိတောင် ကျွန်တော် သိချင်မိတယ်။ သူတို့က ဆရာကို ခြောက်လှန့်ဖို့အတွက် ဘိုးဘေးနတ်ဘုရားရဲ့အမည်ကို အသုံးပြုနေကြတာ ရှင်းနေတာပဲ လေ။ အဲဒါက ဘိုးဘေးနတ်ဘုရားရဲ့ နယ်မြေ ဟုတ်မဟုတ် သူတို့ကိုခေါ်ပြီး သွားကြည့်ကြရ အောင်” ကျင်းဖန်ဟုခေါ်သော လူငယ်သည် သူ့ဆရာ၏ တုံ့ဆိုင်းနေမှုကို မြင်ပြီး ကမန်းကတန်း အော်ပြောလိုက်သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့တပည့်၏ စကားကို ကြားလိုက်သည်နှင့် ချက်ခြင်း သတိဝင်လာသည်။
ဟုတ်တယ်…။
အကယ်၍, သူတို့သာ သွားကြည့်ခဲ့မည်ဆိုလျှင်, ထိုနယ်မြေသည် ဘိုးဘေးနတ်ဘုရား၏ နယ်မြေ ဟုတ်မဟုတ် သိရှိနိုင်ပါသည်။ အကယ်၍, ၎င်းသည် ဘိုးဘေးနတ်ဘုရား၏ နယ်မြေ ဖြစ်နေခဲ့မည်ဆိုလျှင် သူသည် ဝင်ရောက်နိုင်စွမ်း မရှိနိုင်ပေ။ ထို့အပြင်၊ ဤလူနှစ်ယောက်ပြောသည့် စကားများသည် အလိမ်ညာစကားများ ဖြစ်နိုင်ဖွယ် ဖြစ်သည်ဟု သူ အမြဲတမ်း ခံစားမိသည်။
"လူကြီးမင်းတို့၊ ငါတို့လည်း ဓားဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးကို မြင်ချင်မိပါတယ်။ ကျေးဇူးပြုပြီး လမ်းကို ဦးဆောင်ပေးပါ။" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့အရင်ကတိုင်း အေးစက်ပြီး အုံ့မှိုင်းသည့် အသွင်အပြင်သို့ ပြန်ရောက်သွားပြီး၊ ရှေးဟောင်းတာအိုနှင့် ချူယွန်ကို ပြုံးပြလိုက်သည်။
ရှေးဟောင်းတာအိုသည် သူ့စိတ်ထဲတွင် ဝမ်းနည်းနေသော်လည်း, သူသည် မည်သည့် အမူအရာကိုမှ ဖော်မပြသေးပေ။
"မင်းတို့ တကယ်ပဲ ရှေ့ဆက်သွားဖို့ တောင်းဆိုနေတာလား?။ ဒီနတ်ဘုရားနယ်မြေက တကယ်ကို အန္တရာယ်များတယ်။ ငါ ထပ်မသွားရဲတော့ဘူး။" ရှေးဟောင်းတာအိုက ရှက်ရွံ့သော အမူအရာဖြင့် မေးလိုက်သည်။
"ငါလည်း မသွားရဲဘူး။ မင်းတို့ ကိုယ်ဘာသာပဲ သွားစေချင်တယ်။ ငါ မင်းတို့ကို လိပ်စာ ပြောပြမယ်လေ။ ဓားရှည်တစ်လက်နဲ့တူတဲ့ တောင်ထွတ်တစ်ခုကို ရောက်တဲ့အထိ မင်းတို့ တောင်ဘက်ကို ဦးတည်သွားပါ။ အဲဒါက အဲဒီနတ်ဘုရားနယ်မြေပဲ" ချူယွန်က အလွန်မင်း စိတ်မချမ်းသာသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့က သေချင်နေတာပဲ။ ဘယ်အချိန်က စပြီး ဈေးဆစ်ရဲတာလဲ?" ကျင်းဖန် အမည်ရှိ လူငယ်သည် ချက်ချင်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏နတ်ဘုရားတန်ခိုး သည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ကို ပြင်းထန်စွာ ဖိနှိပ်လာသည် ။
ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ နှစ်ယောက်လုံး ပါးစပ်မှ သွေးများ ထွက်လာပြီး တုန်လှုပ် သွားကြသည်။
ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် နတ်ဘုရားတန်ခိုးကြောင့် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် ကျင်းဖန်သည် သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သူသည် မျက်နှာပေါ်တွင် ရက်စက်သော အပြုံးဖြင့် သူတို့နှစ်ယောက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူကို မတားတော့ပါဘူး။ သိသာထင်ရှားသည်မှာ၊ ဒီလူနှစ်ယောက်အား သင်ခန်းစာတစ်ခု သင်ပေးရမည့် အချိန် ရောက်ပြီဟု သူ ခံစားမိသည်။
"ဟမ့်၊ ပုရွက်ဆိတ်လို လူသားတွေ။ မင်းတို့က သေခါနီးနေတာတောင် ဘယ်လိုလုပ် ဒီလောက်တောင် မာနကြီးရဲရတာလဲ။ ဘယ်လောက်တောင်မှ မိုက်မဲလိုက်လဲ။ ဘိုးဘေး နတ်ဘုရားက မင်းတို့ကို ကာကွယ်ပေးမယ်ဆိုတာကို ငါတို့ကရော တကယ် ယုံမယ်လို့ ထင်နေတာလား?။ ရယ်စရာကောင်းလိုက်တာ။" ကျင်းဖန်က ကျယ်လောင်စွာ ရယ်မော လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ရှေးဟောင်းတာအိုရှေ့သို့ လှမ်းလာပြီး မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်သည်။
ဘန်း…။
သို့သော် ထိုအချိန်တွင် စူးရှသောဓားအလင်းတစ်ခုက လင်းလက်လာပြီး ရှေးဟောင်း တာအို၏လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ ထိုဓားရှည်သည် သွေးကဲ့သို့ အနီရောင်ဖြစ်သည်။
ဓားထွက်ပေါ်လာသည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားသည်။ ထို့နောက် ပြင်းထန်သော ဓားဆန္ဒက ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းတာအို၏အကြည့်တွေက ချက်ချင်းပင် အလွန်စူးရှလာပြီး၊ သူ့လက်ထဲမှ သွေးနီရောင်ဓားက ချက်ချင်းပင် ခုတ်ပိုင်းသွားခဲ့သည်။
ချက်ခြင်းဆိုသလို သွေးနီရောင်ဓားသည် ပေါ်လာခဲ့ပြီး၊ ထိုကျင်းဖန်းသည် ရှေးဟောင်း တာအိုနှင့် အလွန်နီးကပ်နေသည်။
သူ၏ ကျင့်ကြံမှုသည် ကျင်းဖန်ထက် အဆပေါင်းများစွာ နိမ့်ကျသော်လည်း ရှေးဟောင်း တာအို၏လက်ထဲမှ ဓားသည် အလွန်မင်း ထူးခြားလွန်းသည်။
ကျင်းဖန်သည် ဓားအလင်းကို သတိပြုမိသည့် အခိုက်တွင်၊ သူ့တစ်ကိုယ်လုံးသည် တုန့်ပြန်လာ၊ပြီး ခုခံရန်အတွက် သူ၏နတ်ဘုရားတန်ခိုးကို အသုံးပြုလိုခဲ့သည်။ သို့သော်၊ သူသည် ရှေးဟောင်းတာအို သို့မဟုတ် ရှေးဟောင်းတာအို၏လက်ထဲမှ ဓားကို လျှော့တွက် နေဆဲ ဖြစ်သည်။
“ဖန်း..…”
ရှေးဟောင်းတာအို၏ဓားသည် ခုတ်ပိုင်းလိုက်ရာ ကျင်းဖန်၏နတ်ဘုရားတန်ခိုးသည် ချက်ခြင်း ပြတ်တောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဓားသည် ကျင်းဖန်၏ ရင်ဘတ်ပေါ်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခုအဖြစ် ဆုတ်ဖြဲလိုက်သည်။ ကျင်းဖန်၏ ခန္ဓာကိုယ်သည် ဓားဖျားဖြင့် ဖြတ်တောက်လိုက်သည့် အခိုက်တွင် သူ၏ သွေးတစ်ဝက် နီးပါးကို သွေးနီရောင်ဓားက ဝါးမျိုသွားခဲ့သည်။ အကယ်၍, သူသာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် နောက်ပြန်မဆုတ်နိုင်ခဲ့ပါက၊ သူ့ခန္ဓာကိုယ်ရှိ သွေးအနှစ်သာရ အားလုံးသည် ထိုခဏအတွင်း စုပ်ယူခံရလိမ့်မည်။
ကျင်းဖန်သည် အဝေးသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး၊ ရှေးဟောင်းတာအိုကို ကြည့်သည့် ၎င်း၏အကြည့်များသည် ချက်ချင်းပင် အလွန်ခက်ထန်လာပြီး၊ သူ၏မျက်လုံးများတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် အမှန်တကယ်ပင် နတ်ဘုရားတစ်ပိုင်းကြောင့် ဒဏ်ရာရခဲ့သည်။ ဤသည်မှာ ကြီးစွာသော အရှက်တရားတစ်ခု ဖြစ်သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားလည်း အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လာ သည်။ သူသည် သူ့တပည့်ကို ဦးစွာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ရှေးဟောင်း တာအို၏လက်ထဲရှိ သွေးနီရောင်ဓားပေါ်သို့ ကျရောက်သွားသည်။
"သူရဲ့ဓားက ထူးဆန်းတယ်။ အဲဒါက သေချာပေါက် အစွမ်းထက်တဲ့ နတ်ဘုရားပစ္စည်း တစ်ခုပဲ။ ဓားက တကယ်ပဲ နတ်ဘုရားသွေးတွေကို ဝါးမျိုနိုင်တယ်။ ကံကောင်းစွာပဲ၊ သူ့ရဲ့ ခွန်အားက မမြင့်မားဘူး။ တကယ်လို့, သူ့ရဲ့ကျင့်ကြံမူသာ အစောပိုင်း ကြယ်ဘုရား အဆင့်ကို ရောက်နေခဲ့ရင်, စောစောက ဓားချက်ကြောင့် ဖန်းအား သေသွားမှာတောင် စိုးရိမ်မိတယ်။" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူသည် ရှေးဟောင်းတာအို၏ လက်ထဲမှ ဓားကို ကြည့်လိုက်ရင်း, အနှိုင်းမဲ့ ရင်တွေ ပူလောင်လာသည်။
ရှေးဟောင်းတာအိုသည် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သော်လည်း မသေဘဲ အဝေးမှာရှိနေ သည့် ကျင်းဖန်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်းက ကျင်းဖန်ကို သတ်ဖြတ်နိုင်ခြေ အလွန်နည်းကြောင်း သူသိသော်လည်း လှုပ်ရှားရန် အတွက် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သေးသည်။
သူ့အမြင်အရဆို, အကယ်၍, သူသည် သူတို့ကို ထိုနတ်ဘုရားနယ်မြေသို့ ခေါ်ဆောင်ခဲ့မည် ဆိုလျှင်ပင်၊ အဆုံးတွင် သူတို့သည် ကျိန်းသေပေါက် အသတ်ခံရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ခြင်းကြောင့် သူသည် တစ်ဖက်လူ၏ အထင်သေးမူကို အခွင့်ကောင်းယူကာ ဦးစွာ လှုပ်ရှားခြင်းသည် ပိုမိုကောင်းမွန်သည်။
သူ့လက်ထဲမှာရှိသည့် ထိုဓားသည် သဘာဝအတိုင်း သူ ထိုနတ်ဘုရားနယ်မြေကနေ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မကောင်းသော စွမ်းအင်များဖြင့် ပြည့်နေသော ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းတစ်ခု ဖြစ်သည်။ ထိုသို့မဟုတ်လျှင်၊ သူ၏နတ်ဘုရားတစ်ပိုင်း ကျင့်ကြံမူအဆင့်ဖြင့် ကျင်းဖန်၏ ဆံပင်တစ်ချောင်းကိုပင် ထိခိုက်ဒဏ်ရာရစေနိုင်မှာ မဟုတ်ပါဘူး။