← Chapters

အခန်း ၁၂၄၂

Vol. 83 Ch. 1242

အခန်း ၁၂၄၂

Vol. 83 Ch. 1242

အခန်း (၁၂၄၂) ထွက်သွားစမ်း။

"ပုရွက်ဆိတ်ကောင်၊ မင်းကို ငါသတ်မယ်" ကျင်းဖန်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် တောက်ပလာပြီး၊ သူသည် ရှေးဟောင်းတာအိုဆီသို့ အပြေးအလွှား ပြေးသွားစဉ်မှာ သူ၏ ရုပ်အသွင်သည် ရွှေရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရှေးဟောင်းတာအို၏ အမူအရာ ပြောင်းလဲသွားပြီး၊ သူသည် အနည်းငယ်မျှပင် တုန့်ဆိုင်းမနေဘဲ သူ့ဓားကို အလျားလိုက် ကာလိုက်သည်။

ချွင်….။

ရွှေရောင်လင်းယုန်ခြေသည်းသည် ရှေးဟောင်းတာအိုဓား၏ ချက်ခြင်းပင် အပြင်းအထန် တိုက်မိသွားပြီး ကြောက်မက်ဖွယ်ရာ နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုက ရုတ်တရက် ပေါက်ကွဲသွားသည်။

"ဖူး…”

ရှေးဟောင်းတာအိုသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူသည် ကျောက်တုံး တစ်တုံးကဲ့သို့ အဝေးသို့ ပစ်လွင့်သွားပြီး ကျောက်နံရံကို အပြင်းအထန် ပစ်မှန်ကာ၊ နှိုင်းစာ၍မရအောင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအရာအားလုံးသည် တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းတာအို ၏ ဓားဖြင့် အလျားလိုက် ပိတ်ဆို့လိုက်သည့်အချိန်မှ သူပစ်လွင့်သည့်အချိန်အထိသည် တဒင်္ဂအတွင်း ဖြစ်ပျက်သွားခဲ့သည်။ ရှေးဟောင်းတာအိုသည် ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းတစ်ခု၏ အကူအညီကို ရရှိထားသော်လည်း သူနှင့် ကျင်းဖန်တို့အကြား အမြန်နှုန်း နှင့် ခွန်အား ကွာခြားချက်မှာ တူညီသောအဆင့် မဟုတ်ပေ။

အစောပိုင်းကတည်းက သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ ယင်းက ရှေးဟောင်းတာအို၏ တိုက်ခိုက်မှုသည် ရုတ်တရတ် ဆန်လွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင်, ကျင်းဖန်သည်လည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။

"ဟမ့်၊ ပုရွက်ဆိတ်တွေကတော့ ပုရွက်ဆိတ်ဖြစ်နေဦးမှာပဲ။ မင်းမှာ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ရှိနေရင်တောင် မင်းက အမှိုက်တစ်စပဲ ရှိနေပါသေးတယ်။ ဒီနေ့ ငါ မင်းရဲ့ဦးခေါင်းကို ဖြတ်ပြီး ငါတို့ကြားက ကွာခြားချက်ကို မင်းကို ပြောပြမယ်။" ကျင်းဖန် က ဒေါသတကြီး အော်လိုက်ပြီး သူ့အကြည့်တွေက စူးရှနေဆဲပင်။

သူပြောပြီးသည်နှင့် တပြိုင်နက် သူသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွား တော့မည်။ သို့သော် ထိုအခိုက်အတန့်တွင်၊ အနှိုင်းမဲ့အားကြီးသော ဓားအလင်းတစ်စင်း သည် အေးစက်စက် အပြာရောင်အလင်းတန်းတစ်ခုကဲ့သို့ လေထဲကို ဖြတ်သန်းကာ လင်းလက် တောက်ပသွားပြီး ကျင်းဖန်၏လည်ပင်းဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့ သည်။

"ဖန်းအာ သတိထား။" အဝေးမှ အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ သူငယ်အိမ်များ သည် ကပျာကယာ သတိပေးရင်း ပြောင်းလဲသွားသည်။

ကျင်းဖန်သည် ချက်ချင်း လှည့်ကြည့်လိုက်တော့ ရေခဲပြာရောင်ဓားက ပုံရိပ်ယောင်ကဲ့သို့ သူ့ဆီသို့ ခုတ်ပိုင်းလာသည်ကို မြင်လိုက်ရသည်။ တိမ်တိုက်များအတွင်းပါရှိသော စွမ်းအင် အတက်အကျလှိုင်းသည် အလားတူ အလွန်မင်း ကြောက်စရာကောင်းသည်။

ထိုအချိန်တွင်၊ ရေခဲပြာရောင်ဓားသည် ကျင်းဖန်ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျင်းဖန် က ရှောင်တိမ်းချင်သည်ဆိုလျှင်ပင်, အတော့်ကို နောက်ကျနေခဲ့ပြီ ။

ဘန်း…။

ရွှေရောင်အလင်းတန်းတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး၊ ရွှေရောင်ငှက်ကြီး၏ လည်ပင်း တစ်ခုလုံးကို ရွှေရောင်အမွေးများက ချက်ချင်း ဖုံးလွှမ်းသွားသည်။

ချွင်…။

အပြာရောင်ရေခဲဓားသည် ရွှေရောင်အမွေးအတောင်များပေါ်သို့ ချက်ချင်း ကျရောက်လာ သည်။ ၎င်းသည် ရွှေရောင်အမွေးအတောင်များကို ဖြတ်တောက်လိုက်သော်လည်း ဓား၏ တိုက်ခိုက်မှုကိုလည်း တားဆီးထားနိုင်သဖြင့် ရွှေရောင်ငှက်ကြီးအား တုံ့ပြန်ရန် အချိန် အနည်းငယ် ဆွဲပေးထားသည်။ (ကျန်းဖန်သည် တရုတ်နာမည်ဖြစ်ပြီး၊ Golden Roc' ရွှေရောင်ရော့ခ်ကို ရွှေရောင်ငှက်ကြီးဟု ပြန်ဆိုလိုက်ပါသည်)။

ရွှေရောင်ငှက်ကြီးသည် သူ၏ခြေချောင်းများကို လျင်မြန်စွာ လှုပ်ရှားသွားပြီး၊ ရေခဲပြာ ရောင်ဓားပေါ်မှ ဓားတန်ခိုးစွမ်းအားက ပေါက်ကွဲသွားသည်။ ထို့နောက် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသော ချူယွင်သည် ဓားနှင့်အတူ လွင့်ပျံသွားခဲ့သည်။

၎င်းသည် မရေမတွက်နိုင်သော ကျောက်တုံးများကို လှုပ်ခတ်သွားစေသော အဝေးမှ တောင်နံရံကို ပစ်မှန်သွားသည်။

"ပုရွက်ဆိတ်တွေဆိုတော့ ခိုးကြောင်ခိုးဝှက်ပဲ တိုက်ခိုက်ရဲတယ်။ မင်းတို့က ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းတွေကို ပိုင်ဆိုင်ထားရင်တောင်, အဆုံးသတ်မှာ အောင်မြင်ဖို့ ခက်ခဲနေဦးမှာပဲ" ကျင်းဖန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ဟုတ်ပါသည်။ ခုနက ချူယွန်သုံးခဲ့သည့်ဓားသည်လည်း ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းတစ်ခု ဖြစ်ပါသည်။

ထိပ်တန်းအဆင့် နတ်ဘုရာ်ပစ္စည်းနှစ်ခုသည် တစ်ပြိုင်နက် ပေါ်လာခဲ့သည်။ အကယ်၍ အပြင်ဘက် ကမ္ဘာတွင်သာ ရှိနေပါက၊ ၎င်းသည် ကြီးမားသော အာရုံစူးစိုက်မှုကို သေချာပေါက် ခံရမည်ဖြစ်သည်။ သို့မဟုတ် မဖြစ်နိုင်သော အရာတစ်ခု ပြောဆိုကြမည်မှာ သေချာပါသည်။ သို့သော်၊ ဤနေရာသည် ဓားမြှုပ်နှံခြင်းတောင်တန်းဖြစ်ပြီးသည်။ ထို့ကြောင့် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းနှစ်ခုလည်း ပေါ်လာနိုင်ပါသည်။

အဝေးမှာ မတိုက်ခိုက်ရသေးသော အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်နှာ ပေါ်တွင် အလွန်လေးနက်သော အမူအရာ ရှိနေခဲ့သည်။ တခြား မည်သည့် အကြောင်း ကြောင့်မှ မဟုတ်ပေ။ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့၏ လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း နှစ်ခုကြောင့် ဖြစ်ပါသည်။

ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းနှစ်ခု။ ဘိုးဘေးနတ်ဘုရားသာလျှင် ထိုကဲ့သို့သော စွမ်းရည်မျိုးကို ထုတ်ယူနိုင်ပေလိမ့်မည်။ ဤအရာက သူ့ကို ရှေးဟောင်းတာအို ယခင်က ပြောခဲ့သည့်စကားများကို ယုံကြည်စေခဲ့သည်။

"ဖန်းအာ ဒီမှာပဲ ရပ်လိုက်ပါ။ ဒီနှစ်ယောက်ကို သတ်လို့မရဘူး။" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကျင်းဖန်ထံသို့ အသံဖြင့် ပို့လွှတ်ကာ ပြောလိုက်ပါသည်။

ကျင်းဖန်သည် သူ့ဆရာ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။

သူ့ဆရာ တွေးနေသည့်အရာကို သူ သိသည်။ သို့သော်, မည်သူကရော ဤထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းနှစ်ခု၏ သွေးဆောင်မူကို မခံရဘဲရှိမည်နည်း?။

"မဟုတ်ဘူး၊ သူတို့ အဲဒီရတနာတွေကို မထိန်းချုပ်နိုင်ဘူးဆိုတာ သေချာတယ်။ ဒီထိပ်တန်း နတ်ဘုရားပစ္စည်းတွေက ငါ့အပိုင်ပဲ ဖြစ်ရမယ်။" ကျင်းဖန်က သူ့ကိုယ်သူ ရေရွတ်ရင်း သူ့မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူ့ရှေ့မှ ဤလူနှစ်ယောက်ကို သတ်ပစ်ရန် သူ စိတ်ကူးထားပြီးသား ဖြစ်သည်။ သူ့ဆရာက သူ့ကို အပြစ်တင်ရင်တောင် သူ မကြောက်ပါဘူး။ ထို့အပြင်၊ ဘိုးဘေးနတ်ဘုရားသည် ဤလူနှစ်ဦးကို အကာအကွယ်ပေးမည်ဟု သူ လုံးဝ မယုံကြည်ခဲ့ပေ။

"မင်းနဲ့ စလိုက်ရအောင်။" ကျင်းဖန်၏ စူးရှထက်မြက်သော လင်းယုန်မျက်လုံးများသည် ရှေးဟောင်းတာအိုဆီသို့ ချက်ချင်း ပစ်မှတ်ထားလိုက်သည်။

အရင်က သူသည် ရှေးဟောင်းတာအိုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး၊ သူ့စိတ်ထဲမှ သတ်ဖြတ်ချင်စိတ်က အထွတ်အထိပ် ရောက်ရှိနေခဲ့ပြီ။

ရွှေရောင်တောင်ပံ ငှက်တစ်ကောင်အနေဖြင့်, သူ၏ရွှေရောင်ငှက်မျိုးနွယ်သည် ခွန်အား အရာမှာ ခွန်သတ္တဝါအောက်သာ နိမ့်ကျပါသည်။ သူသည် နဂါးမျိုးနွယ်ထက်ပင် အားနည်း သူ မဟုတ်ပေ။ နတ်ဘုရားသားရဲတစ်ကောင်အနေဖြင့်၊ သူသည် သဘာဝအလျောက် သူ့ကိုယ်ပိုင် မွေးရာပါ နတ်ဘုရားစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်၊ ကျင်းဖန်၏တိုက်ခိုက်ရေးစွမ်းရည် ကောင်းကင်ဘုံကို အန်တုနိုင်သည်။

ယခုအချိန်တွင်၊ ကျင်းဖန်သည် ၎င်း၏ထူးခြားသော နတ်ဘုရားစွမ်းရည်ဖြစ်သည့် ရွှေရောင် လျှပ်စီးကို အမှန်တကယ်အသုံးပြုနေပါသည်။ ဤအခိုက်အတန့်တွင် သူ၏အရှိန်ဟုန်သည် လွန်ကဲစွာ မြင့်တက်သွားခဲ့ပြီး၊ ရှေးဟောင်းတာအိုဆီသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။

သူသည် ဤပုရွက်ဆိတ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်သည်။ လက်တုံ့ပြန်ရန် ခွန်အားကို နည်းနည်းလေးမျှ သူမပေးချင်ပေ။

ဝှီး…။

ရွှေရောင်ငှက်ကြီး၏ ရုပ်အသွင်သည် လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ချက်ခြင်းပင် ပေထောင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်ပြီး ရှေးဟောင်းတာအိုနှင့် မလှမ်း မကမ်း နေရာသို့ ရောက်ရှိသွားခဲ့သည်။ နောက်အခိုက်အတန့်တွင်, ၎င်း၏ စူးရှထက်မြက် သော ရွှေရောင် လင်းယုန်ခြေသည်းများသည် ရှေးဟောင်းတာအို၏ ခန္ဓာကိုယ်ကို ထိုးဖောက် ဝင်ရောက်တော့မည် ဖြစ်သည်။

အဝေးမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုမြင်ကွင်းကို မြင်လိုက်တော့ ခေါင်းယမ်းလိုက်မိသည်။ သူ့တပည့်သည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုံးလုံးလျားလျား လှုပ်ရှားနေသည်ကို သူ သိသည်။ သူ မည်မျှပင် တားဆီးဖို့ ကြိုးစားနေပါစေ အသုံးမဝင် တော့ပါဘူး။ သူ့ကို လွှတ်ထားလိုက်ရုံသာ တတ်နိုင်ပါတော့သည်။

ရှေးဟောင်းတာအို၏ အမူအရာသည် ပြောင်းသွားသည်။ စူးရှသော အရိပ်ယောင်တစ်ခုက သူ့မျက်လုံးထဲတွင် တောက်ပလာသည်။

သူ့အကြည့်တွေက ကျင်းဖန်၏ အရှိန်ဟုန်နှင့် လိုက်မြင့်နိုင်စွမ်းသော်လည်း, သူ့ခန္ဓာကိုယ် ကတော့ လုံးဝကို အရှိန်မြင့်နိုင်စွမ်း မရှိခဲ့ပါဘူး။ ထို့ကြောင့် ကျင်းဖန်တစ်ယောက် သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသည်ကိုသာ သူ ကြည့်နေနိုင်ပါသည်။ ထို့အပြင်, သူသည် ၎င်းကို ခုခံနိုင်စွမ်းလည်း မရှိခဲ့ပေ။

"ဟမ့်၊ ငရဲကိုသွားလိုက်တော" ကျင်းဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်လုံးထဲမှာ၊ သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ထွက်သွားစမ်း..”။

သို့သော်၊ ကျင်းဖန်၏ ခြေသည်းများသည် ရှေးဟောင်းတာအို၏ နတ်ဘုရားကိုယ်ခန္ဓာကို ဖြတ်သန်းသွားခါနီးတွင် ဓားအော်သံတစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်မှ လျင်မြန်စွာ ထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုသည် ကျင်းဖန်၏မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ရောက်ရှိသွားလေသည်။

ဓားအလင်းတွင် ပါရှိသော စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။ ကျင်းဖန် သည် သူ၏ဦးရေပြား ထုံကျင်သွားသလို ခံစားရသည်။

"အယ်..”။

ရှေးဟောင်းတာအိုအပေါ် တိုက်ခိုက်မူကို အလျင်အမြန် ရုတ်သိမ်းပြီး၊ ကောင်းကင်ယံမှ ထွက်ပေါ်လာသော ဓားကို တားဆီးရန်အတွက် သူ့ခွန်အားအားလုံးကို စုစည်းလိုက်စဉ်မှာ ကျင်းဖန်၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ချွင်…။

ရွှေရောင်ငှက်ကြီး၏ လင်းယုန်လက်သည်းသည် ဓားရှည်နှင့် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံသည်။ သို့ရာတွင်၊ ကြောက်မက်ဖွယ်ကောင်းသော ဓားရှည်သည် သူ၏ လင်းယုန် ခြေသည်းများကို မထိုးဖောက်နိုင်ခြင် အချိန်တစ်စက္ကန့်မျှသာ ထိန်းထားနိုင်ခဲ့သည်။ ထို့နောက်, ဓားရှည်သည် သူ့ညာဘက်ရင်ဘတ်ကို ဖောက်ဝင်သွားသည်။ သူ့တစ်ကိုယ်လုံး တခဏချင်း လွင့်ပျံသွားကာ၊ လတ်ဆတ်သော သွေးများ စီးကျလာသည်။

"ဘယ်သူလဲ?" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းသွားကာ၊ ရွှေရောင်ငှက်ကြီးကို အကူအညီပေးရင်း ကောင်းကင်ယံသို့ အော်ပြောလိုက်သည်။ သူ့အကြည့်တွေက စူးရှသောအကြည့်နှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။

ရှေးဟောင်းတာအိုနှင့် ချူယွန်တို့လည်း ခဏတာ အံ့အားသင့်သွားကြသည်။ ထင်ရှားသည် မှာ၊ သူတို့သည်လည်း တစ်စုံတစ်ဦးက ရုတ်တရက် တိုက်ခိုက်လာမည်ကို မမျှော်လင့်ခဲ့ပေ။ ထိုသူ မည်သူလဲဆိုသည်ကို သူတို့လည်း သိချင်နေကြသည်။

သို့သော် ဤအခိုက်အတန့်တွင်, ပုံရိပ်တစ်ခုက ရှေးဟောင်းတာအို၏ရှေ့မှာ ပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပေါ်လာပါသည်။

"ညီအစ်ကို ချင်လား.."

"ယွင်အာလား…."

ရှေးဟောင်းတာအိုတို့ နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။ ထိုပုံရိပ် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရတော့ သူတို့မျက်နှာပေါ်တွင် အလွန်အံ့သြသွားသည့် အမူအရာများ ဖြစ်ပေါ်လာသည်။

ဤအရေးကြီးသောအခိုက်အတန့်တွင် ချင်ယွင်သည် ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချင်ယွင်သည် ရွှေရော့ခ်ကို အမှန်တကယ် ထိခိုက်စေမည်ဟု မထင်ခဲ့ပေ။

"ဆရာ, အဆင်ပြေရဲ့လား" ရှေးဟောင်းတာအိုဆရာသခင် ဒဏ်ရာရသွားကို မြင်လျှင်, ချင်ယွင်က အရှိန်ပြင်းပြင်းဖြင့် ရှေ့ကိုလှမ်းကာ မေးလိုက်ပါသည်။

ရှေးဟောင်းတာအို၏ ဒဏ်ရာတွေက သေးငယ်ခြင်းမရှိသည်ကို သူ မြင်လိုက်ရလျှင်, သူ့မျက်လုံးများသည် ချက်ချင်းပင် ထူထပ်သော အခိုးအငွေ့များဖြင့် ပြည့်နှက်လာခဲ့သည်။ သူ့မျက်လုံးများ ပေါက်ကွဲတော့မည့်အလား ပြင်းထန်သော သတ်ဖြတ်ချင်စိတ်က သူ့နှလုံးသားထဲမှ ထွက်ပေါ်လာသည်။

ရှေးဟောင်းတာအို ဆရာသခင်သည် သေမျိုးကမ္ဘာမှာကတည်းက သူ့ကို ကြီးပြင်းလာ သည်အထိ စောင့်ကြည့်ပေးခဲ့သည်။ သူသည် သူ့ကို သွန်သင်ဆုံးမပေးရုံသာမက ကယ်တင်မူကိုလည်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပေးခဲ့ဖူးသည်။ ရှေးဟောင်းတာအို ဆရာသခင် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရတော့ ချင်ယွင်သည် မည်သို့လျှင် စိတ်မဆိုးဘဲ နေနိုင်တော့မည်နည်း?။

ချင်ယွင်သည် အဝေးမှ ဆရာတပည့်နှစ်ယောက်ကို လှမ်းကြည့်ရန် ခေါင်းကို ရုတ်တရက် မြှောက်လိုက်ပြီး၊ သူ့အကြည့်တွေက အလွန်မင်း အေးစက်လွန်းသည်။

All Chapters