အခန်း ၁၂၄၄
Vol. 83 Ch. 1244
အခန်း (၁၂၄၄) အလွန်လွန့်ခက်ခဲခြင်း။
ချင်ယွင်၏ လေသံသည် တည်ငြိမ်နေသော်လည်း သူ၏ ဟန်ပန်အမူအရာက ထူးခြားစွာ ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။
ကြယ်နတ်ဘုရားအဆင့်၏ အထွက်အထိပ်တစ်ဦးကို သူက "ဒါဆိုလည်း စမ်းကြည့်ပါ"ဟု ပြောဆိုခဲ့သည်။ ထိုစကားက စမ်းကြည့်စမ်းပါ၊ ဒီလောက်မလွယ်ဘူးဟု ဆိုလိုက်သည်ကို မြင်နိုင်ပါသည်။
ချင်ယွင်၏ အကြည့်များသည် နှင်းများကဲ့သို့ အေးစက်နေသည်။ သူသည် အသက်လတ်ပို င်းအရွယ် အမျိုးသားကို အေးစက်စွာ ကြည့်နေ၏။ သူ၏အကြည့်များသည် နှိမ့်ချမှုမရှိသလို မောက်မာခြင်းလည်းမရှိပေ။ တစ်ချိန်တည်းမှာ ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ကို သယ်ဆောင်လာသည်။
ကြယ်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်တွင်ရှိနေသည့် တင်းထန်နှင့် နောက်ဆုံး အကြိမ် တိုက်ခိုက်ခဲ့စဉ်က, သူသည် နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း မည်သည့် အကျိုးကျေးဇူးမှ မရရှိခဲ့ပေ။
ယခုအခါ သူ၏ ခွန်အားများသည် တိုးမြင့်လာသဖြင့် ကြယ်နတ်ဘုရားအဆင့်၏ အထွတ်အထိပ်ရှိ ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားအား အနိုင်ယူနိုင်စွမ်း ရှိမရှိ သူ မသိသေးပေ။ သို့သော် သူမစွမ်းနိုင်လျှင်ပင် လှုပ်ရှားဆဲ ဖြစ်သည်။
ယခင်က ကျင်းဖန်သည် သူ့ဆရာသခင်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိခဲ့သည်မှာ ထင်ရှားပါသည်။ အကယ်၍ သူသာ အချိန်မီ မရောက်လာခဲ့ပါက၊ သူ့ဆရာသခင်သည် ယခုအချိန်တွင် ဤနေရာ၌ ကွယ်လွန်သွားပေလိမ့်မည်။ ထို့ကြောင့် သူ့ကို မည်သူက တားဆီးရန် ကြိုးစားသည်ဖြစ်စေ, ယနေ့ သူသည် ဤကျင်းဖန်ကို သတ်ပစ်ရလိမ့်မည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသား၏အမူအရာမှာ အုံ့မှိုင်းနေပြီး သူ့မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နေခဲ့သည်။
သူသည် အရင်ဆုံး ခေါင်းငုံ့ခဲ့ပြီး ဖြစ်သော်လည်း အခြားတဖက်လူက လက်မလျှော့သေး ပေ။ ဤအရာက သူ့မျက်လုံးထဲတွင် သူ့ကို ထည့်မထားသည်မှာ ထင်ရှားပါသည်။
သူ့ရှေ့မှ လူငယ်၏ ခွန်အားသည် အနည်းငယ် ထူးဆန်းနေသော်လည်း ၎င်းသည် သူ့ကို မခြိမ်းခြောက်နိုင်သေးပေ။ ယခု လူငယ်သည် သူ့အား တိုက်ရိုက် နှိုးဆော်ခဲ့ပြီ။ အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ဦးအနေဖြင့်၊ သူ့မှာလည်း သူ့ကိုယ်ပိုင် ဂုဏ်ယူဝင့်ကြွားမူ ရှိနေပါသည်။
"ကောင်းပြီလေ၊ မင်းက ဒီလိုကြီးကြီးကျယ်ကျယ် ပြောရဲမှတော့ မင်းရဲ့ယုံကြည်မူက ဘာလဲဆိုတာ ငါ ကြည့်ပါရစေ။" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို အေးစက်စွာ ကြည့်နေသည်။ သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ သူ၏နတ်ဘုရားတန်ခိုးက ပျက်သုဉ်းခြင်းရှစ်ခုကိုပင် တုန်လှုပ်သွားစေနိုင်သည်။
အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားတစ်ပါး၏ ခွန်အားသည် ဟာသမဟုတ်ပေ။ အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ်နှင့် နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရား နယ်ပယ်ကြားတွင် ခြေတစ်လှမ်းသာ ဝေးကွာသော်လည်း၊ ၎င်းခြေတစ်လှမ်းသည်ပင် အထပ်တစ်ရာလောက် မြင့်မားပါသည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိလာပါက နယ်ပယ်သာလွန်သူတစ်ဦးအား စိန်ခေါ်ရန် ပို၍ပင် ခက်ခဲလာသည်ဟု ဆိုနိုင်ပါသည်။
အတိအကျပြောရလျှင် ချင်ယွင်၏ခွန်အားနယ်ပယ်သည် အလယ်လတ် ကြယ်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသော အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရား နယ်ပယ်၌သာ ရှိပါသည်။ သို့သော် ၎င်းသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်နှင့် ခြေလှမ်းနှစ်လှမ်း ဝေးနေပါသေးသည်။
နတ်ဘုရားကမ္ဘာ၏သမိုင်းကြောင်းတွင် အဆင့်နှစ်ဆင့်ဖြတ်ကျော်၍ ပြိုင်ဘက်ကို သတ်ဖြတ်နိုင်သူများကို လက်တစ်ဖက်တည်းနီးပါးဖြင့် ရေတွက်၍ရပါသည်။
အစောပိုင်းက ချင်ယွင်သည် နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါးကို အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်ဖြင့် အနိုင်ယူခဲ့ခြင်းကပင် ဤကမ္ဘာကြီးကို တုန်လှုပ် ခြောက်ခြား စေလောက်ပြီ ဖြစ်သည်။ သူသည် နတ်ဘုရားကမ္ဘာတွင် အခမ်းနားဆုံး မျိုးဆက်ထဲတွင် ပါဝင်နိုင်သည်။ အကယ်၍ သူသာ အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်ဖြင့် အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ပါက၊ ၎င်းသည် ကမ္ဘာကြီးကို တုန်လှုပ်သွားစေလောက်ပေလိမ့်မည်။
အဝေးမှာရှိနေသည့် နီထိုက်စွေ့နှင့် အခြားသူများလည်း ယခုအချိန်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် အနီးနားရှိ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်ကာ ချင်ယွင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတို့၏ ဓားဆွဲကိုင်ထားသည့် မြင်ကွင်းကို ကြည့်နေကြ သည်။ သူတို့၏ မျက်နှာများသည် အံ့သြခြင်းအမူအရာများ ထင်ရှားပေါ်လွင်နေသည်။
တော်ယုသည် ချင်ယွင်အတွက် ပို၍ပင် စိုးရိမ်ပြီး စိတ်ပူသွားသည်။ တော်အန်းကတော့ ကမ္ဘာကြီး ကမောက်ကမ မဖြစ်မှာကိုပင် စိုးရိမ်နေသူဖြစ်ပြီး၊ ချင်ယွင်ကို အားပေးရန် အသင့်ဖြစ်နေပါပြီ။
ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် အခုအခိုက်အတန့်တွင် အတူတူ စုဝေးနေကြပြီး၊ ချင်ယွင်ကို အံ့ဩစွာ ကြည့်နေကြသည်။
ချင်ယွင်၏ တိုက်ပွဲစွမ်းရည်သည် ၎င်းတို့ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။
ချင်ယွင်ကို စတွေ့ခဲ့စဉ်တုန်းက သူ၏ခွန်အားသည် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်မှာ ပင် မရှိခဲ့သော်လည်း, အခု နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့်ကိုပင် အလွယ်တကူ ဖြတ်ကျော်နိုင်စွမ်း ရှိနေခဲ့ပြီ။ ဤကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုအရှိန်အဟုန် သည် ကြားဖူးနားဝမရှိသဖြင့် သူတို့စိတ်နှလုံးကို တုန်လှုပ်စေပါသည်။
ရှေးဟောင်းတာအိုသည် စိတ်လှုပ်ရှားနေပြီး ကျေနပ်နေမိသည်။ ချင်ယွင်သည် သူ၏တပည့် ဖြစ်သည်။ ချင်ယွင် ပိုအားကောင်းလေလေ၊ သူ ပိုပျော်ရွှင်ရလေ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် အသက်လတ်ပိုင်းလူရွယ် အမျိုးသားနှင့် တိုက်ခိုက်တော့မည်ကို သူ မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
"ဘုန်း..”။
အားလုံး စိုးရိမ်နေကြစဉ်မှာ, မူလက တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ထားသည့် လူနှစ်ယောက်သည် နောက်ဆုံးတွင် စတင် လှုပ်ရှားသွားကြသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားက ဦးဆောင်ပြီး သူ့ဝတ်စုံလက်မောင်းကို လှန်လိုက် သည်။ သူ၏နတ်ဘုရားတန်ခိုးသည် ကြီးမားကျယ့်ပြန့်သည်။ သူ့နောက်မှာ နတ်တောင် သည် ချက်ခြင်း ကွဲထွက်သွားပြီး မြေကြီးပေါ်ကနေ မြင့်တက်သွားသည်။ ၎င်းသည် ကောင်းကင်ယံတွင် ကြီးမားသော ကျောက်မျှော်စင်ကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ချင်ယွင်ကို ရုတ်တရက် ဖိနှိပ်လိုက်သည်။
ထိုကျောက်စေတီသည် အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဘုရားတန်ခိုးများ ပါဝင်နေပြီး၊ ဆိတ်သုဉ်းခြင်းရှစ်ပါးကိုပင် ခြိမ်းခြောက်နိုင်သည်။
ချင်ယွင်သည် ကောင်းကင်ယံမှ ဖိနှိပ်လာသော ကျောက်စေတီကို ကြည့်လိုက်ရင်း သူ့အကြည့်များက အလွန်စူးရှလာသည်။ သူသည် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ လှည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုးက အကြွင်းအကျန်နှင်းဓားဆီသို့ ဖြတ်သန်းစီးဆင်းသွားသည်။ သူ့ဓား၏ ဓားသွားသည် အဆက်မပြတ် မြည်ဟီးလာပြီး သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒက ကီလိုမီတာတစ်ထောင်အဝေးထိ လွင့်စင်သွားလေသည်။
"ဂျိမ်း…”။
ချင်ယွင်၏လက်ထဲမှ နှင်းဓားက ပြိုဆင်းလာခဲ့ပြီး၊ ဆောင်းရာသီးနေရောင်အောက်မှာ ကျဆင်းနေသည့် နှင်းများအလား ဓားအလင်းက လွင့်ထွက်သွားသည်။ ၎င်းသည် တောက်ပပြီး အလွန်အမင်း ပြိုးပြိုးပြက်ပြက် လင်းလက်နေသော်လည်း လူတစ်ယောက် ၏ နှလုံးသားအောက်ပိုင်းအထိ အေးစက်မှုမျိုးကို ပေးစွမ်းနေသည်။
ချင်ယွင်သည် ထိုဓားချက်တွင် ထိန်ချန်ထားခြင် မရှိပါဘူး။ သူသည် နတ်ဘုရားဓားသိုင်းနှင့် ပေါင်းစပ်အသုံးပြုရန် နတ်ဘုရားတန်ခိုးနှစ်ခုကို တိုက်ရိုက် အသုံးပြုထားသည်။ ဓားအလင်းသည် ကောင်းကင်ယံကို ဖြတ်သန်းပြီး ဧရာမကျောက်စေတီကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။
"ဘန်း…”။
ချင်ယွင်၏ ဓားအလင်းသည် ကြီးမားသော ကျောက်စေတီကြီးအား နှစ်ပိုင်းခွဲ၍ တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ စေတီကြီးသည် ပေါက်ကွဲပြီး မြေပြင်ပေါ်သို့ ကျဆင်းကာ ကျောက်တုံးများအဖြစ်သို့ ပြောင်းသွားခဲ့သည်။
ဘန်း….။
ချင်ယွင်၏ဓားသည် ကျောက်စေတီကြီးကို အပိုင်းပိုင်း ဖြတ်တောက်ပြီးနောက်တွင် ပုံရိပ် တစ်ခုက ရုတ်တရက် ရောက်ရှိလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ဝှေ့ယမ်းလည်ပတ်နေပြီး ပြင်းထန်လှသော အငွေ့အသက်ဖြင့် ချင်ယွင်ကို ရုတ်တရက် ဖိနှိပ်လိုက်သည်။ သူ၏လက်ဖဝါးမှ နတ်ဘုရားတန်ခိုးသည် ပတ်ဝန်းကျင်ကို လှုပ်ခါသွား ကာ ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။
ချွင်….။
ချင်ယွင်သည် ချက်ချင်းပင် သူ၏ဓားကို အလျားလိုက် ပိတ်ဆို့လိုက်သည်။ ကျယ်ပြန့်သော မြေပြင်ပေါ်တွင် ကောင်းကင်ဘုံကိုးပါး၏ နတ်ဘုရား လျှပ်စီးကြောင်းများ ပေါက်ကွဲသွား သကဲ့သို့ သူ့ဓားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည် ကို သူ ခံစားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဓားမှတဆင့် ချင်ယွင်၏ ခန္ဓာကိုယ်ဆီ သို့ ရောက်ရှိလာခဲ့သည်။
ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ချက်ချင်း လွင့်ပျံသွားခဲ့ ပြီး သူ့ပါးစပ်ထောင့်မှ သွေးစများ ယိုးစီးထွက်လာခဲ့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ။ အထွတ်အထိပ် ကြယ်နတ်ဘုရား နယ်ပယ်က တကယ်ကို ထူးကဲလွန်းတယ်။ ဘုရားတန်ခိုးနှစ်ခု ပေါင်းစပ်စွမ်းအားနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။" ချင်ယွင်က နောက်ပြန်ဆုတ်သွား ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးသည် အစောပိုင်းက အရှိန်ဟုန်ကို မှီနိုင်သည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးတွင်ပါရှိသော စွမ်းအားသည် သူ၏ ရှေးဟောင်းဖရိုဖရဲနတ်ဘုရားတန်ခိုးနှင့် ဖျက်ဆီးခြင်းနတ်ဘုရားတန်ခိုး၏ ပေါင်းစပ် စွမ်းအားထက် များစွာသာလွန်နေခဲ့သည်။ နတ်ဘုရားတန်ခိုးနှစ်ခု ပေါင်းစပ်စွမ်းအားဖြင့် ပင်, သူသည် နှင်းဓားမှတဆင့် ထိုးဖောက်လာသော ထိုတန်ခိုးစွမ်းအားကြောင့် ဒဏ်ရာရရှိသွားဆဲ ဖြစ်သည်။
"ဟမ့်၊ ဆိုတော့, မင်းရဲ့ခွန်အားက သိပ်ပြီးတော့လည်း မကြီးမားပါဘူး။ ဒီလိုဆိုမှတော့, မင်း သေဖို့ စောင့်နေလိုက်တော့။" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏ ခွန်အားကို စမ်းသပ်ခဲ့ပုံရပြီး၊ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့ရုပ်အသွင်က ချင်ယွင်ဆီသို့ ရုတ်တရက် ပြေးသွားပြန်သည်။
ဤတစ်ကြိမ်တွင်, သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ သည် ပို၍ ကြောက်စရာကောင်းလာသည်။ သူ့အငွေ့အသက်က ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည်။ သူ့ဝတ်စုံလက်မောင်းများသည် ကောင်းကင်ဘုံကိုးခု၏ နတ်ဘုရား လျှပ်စီးများ ပါဝင်နေပုံရပြီး လှုပ်ခတ်နေသည်။
ချင်ယွင်သည် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်၊ သူ့ခါးသည် ရုတ်တရက် တည့်မတ်သွားပြီး၊ ဓားကဲ့သို့ ထက်မြက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"နတ်ဘုရားတန်ခိုးနှစ်ခုကို ခင်ဗျားကို အနိုင်မယူနိုင်ဘူးဆိုတော့, သုံးခုပေါ့၊ သုံးခုမှ အနိုင်မယူနိုင်ရင်၊ လေးခုပေါ့။ လေးခုမှအနိုင်မယူနိုင်ဘူးဆိုရင်, ငါးခုပေါ့။ ငါးခုနဲ့တောင် ခင်ဗျားကို မဖိနှိပ်နိုင်ဘူးလို့ ကျုပ် မယုံဘူး။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့လေသံက ထူးထူးခြားခြား လွှမ်းမိုးကြီးစိုးလွန်းသည်။ သူ့စကားသံ ထွက်ပေါ်လာသည့် အမျှ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
ဘန်း…။
ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် နတ်ဘုရားအလင်းများ ပေါက်ကွဲထွက်လာပြီး၊ သူ့လက်ထဲရှိ အကြွင်းအကျန် နှင်းဓားပေါ်တွင် နတ်ဘုရားတန်ခိုးသည် ချက်ချင်းပင် ထူထပ်လာသည်။
"ကျုပ်ဆီကနေ နောက်ထပ် ဓားတစ်ချက်ကို ခံယူလိုက်စမ်း။ ဓားလှိုင်း.." ချင်ယွင်က လေထဲသို့ ခုတ်ပိုင်းစဉ် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့လက်ထဲမှ နှင်းဓားက ချက်ခြင်း ကျဆင်းသွားသည်။
"ဘန်း…”။
ရုတ်တရက်၊ တဟုန်းဟုန်း ထိုးတက်သွားသည့် ဓားစွမ်းအားသည် ဒီရေလှိုင်းကြီးကဲ့သို့ ရှေ့သို့ တိုးဝင်လာသည်။ ဓားစွမ်းအားလှိုင်းသည် ကျန်းသုံးရာအရှည်ရှိပြီး ၎င်းအတွင်းပါရှိ သော ဓားစွမ်းအားသည် ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
ဓားစွမ်းအားလှိုင်း ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ အရာအားလုံး ကြေမွသွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် တဟုန်းဟုန်း ပျံ့နှံ့တက်လာသော ဓားစွမ်းအား လှိုင်းကို မြင်သောအခါ၊ သူ၏ မူလက ထိန်းချုပ်မူမှ လွတ်ကင်းသွားသော ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ဝတ်စုံလက်မောင်းများက လှိမ့်တက်သွားပြီး သွယ်လျသော လက်နှစ်ဖက်က ပေါ်လွင်လာကာ၊ သူ့လက်များပေါ်တွင် တံဆိပ်တော်ကြီး တစ်ခု ဖန်တီးပြီး လှိုင်းလုံးကြီးသဖွယ် တိုးဝင်လာသော ဓားစွမ်းအားလှိုင်းဆီသို့ ပိတ်ဆို့လိုက်သည်။