အခန်း ၁၂၄၅
Vol. 83 Ch. 1245
အခန်း (၁၂၄၅) ဒေါသထွက်နေသော ချင်ယွင်။
"ဘုန်း…”။
ဓားစွမ်းအားလှိုင်းလုံးကြီးသည် ဧရာမလှိုင်းလုံးကြီးကဲ့သို့ အသက်လတ်ပိုင်းအရွယ် အမျိုးသား ဖန်တီးထားသော ပင်လယ်လှိုင်းတံပိုး တံဆိပ်တော်ထဲသို့ ထိုးကျသွားကာ ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းသည် ကြီးမားသော လှိုင်းလုံးကြီးသည် ဧရာမသင်္ဘောကြီးကို ရိုက်ခတ်သွားပြီး ဘေးနှစ်ဘက်သို့ ပြိုကွဲသွားသ ကဲ့သို့ပင်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးသည် ပတ်ဝန်းကျင်သို့ အဆက်မပြတ် ပျံ့နှံ့သွားကာ တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ ကျောက်နံရံများတွင် ကြောက်မက်ဖွယ် ဓားအမှတ်အသားများ ကျန်ရစ်ခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို မြင်ရသောအခါတွင် အံ့သြမဆုံး ဖြစ်ပြီး အော်ဟစ်မိကြသည်။ သူတို့အားလုံးသည် ဤကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအား မုန်တိုင်းကို ဟန့်တားရန် သူတို့၏နတ်ဘုရားတန်ခိုးကို စုစည်းလိုက်ကြသည်။ သို့သော်, ထိုဓားစွမ်းအားသည် ၎င်းတို့အား အလွန်တရာ သနားစဖွယ်အခြေအနေမျိုး ရောက်ရှိစေခဲ့ ပြီး မကြာခဏ ဆုတ်ခွာသွားရသည်။
ခပ်လှမ်းလှမ်းတွင် ချင်ယွင်နှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတို့သည် လေထဲတွင် တည့်မတ်စွာ ရပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားမုန်တိုင်းစွမ်းအားသည် သူတို့ကို ဝင်တိုက်ခါနီးတွင် ချက်ခြင်း အက်ကွဲသွားသည်။
"ဒီဓားချက်က တော်တော်လေးကို အစွမ်းထက်တယ်။ သာမာန် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့အဆင့်ထိ ရောက်ရှိနေပြီ။ ဒါပေမယ့် မင်း ငါ့ကို ဒီလိုမျိုး အနိုင်ယူနိုင်မယ်လို့ ထင်လား။" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်ကို အေးစက်စွာ စိုက်ကြည့်ရင်း သူ၏နှုတ်ခမ်းများက တွန့်ကွေးသွားကာ တဟားဟား ရယ်မောလိုက်သည်။
ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်မဖြေ။
သူသည် ယခုလေးတင် ထိုဓားချက်တိုက်ခိုက်မူမှာ နတ်ဘုရားတန်ခိုးသုံးမျိုးဖြစ်သည့် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားတန်ခိုး၊ ဖျက်ဆီးခြင်းနတ်ဘုရားနှင့် ပေါက်ကွဲအသက် နတ်ဘုရားတန်ခိုးတို့ကို ပေါင်းစပ်ထားသောကြောင့်၊ ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်ဖြင့် ပေါက်ကွဲခဲ့နိုင်ခြင်း ဖြစ်ပါသည်။
ချင်ယွင်၏ လက်ရှိ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့်၊ နတ်ဘုရားတန်ခိုးသုံးမျိုးကို ပေါင်းစပ်ခြင်း သည် ပုံမှန်အားဖြင့် သူခံနိုင်ရည်ရှိသော ကန့်သတ်ချက် ဖြစ်သည်။
အကယ်၍, သူသည် အခြားနတ်ဘုရားတန်ခိုးတစ်မျိုးနှင့် ထပ်ပေါင်းစပ်ပါက၊ သူ၏ ခန္ဓာကိုယ်သည် ပြိုလဲကျမည့် လက္ခဏာများ ပြသလာနိုင်သည်။ ထိုအချိန်တွင်၊ ချင်ယွင် သည် ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားကို အနိုင်ယူနိုင်ခဲ့လျှင်ပင်၊ နောက်ပိုင်းတွင်, သူသည် အားနည်းသောအခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့သော် နတ်ဘုရားတန်ခိုးသုံးမျိုးကို ပေါင်းစပ်လိုက်သောအခါ၊ ၎င်းတို့၏ စွမ်းအားသည် အထွတ်အထိပ်ရှိ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ နတ်ဘုရားတန်ခိုးနှင့် အတူတူပင် ဖြစ်သည်။ ၎င်းစွမ်းအားသည် ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားကို ရင်ဆိုင်နိုင်သည့် မည်သည့်အားသာချက်မှ ရှိမနေပါဘူး။
"ဆရာ၊ သူ့ကိုသတ်ပါ။"
ချင်ယွင်သည် သူ့ကိုယ်သူ အသက်လတ်ပိုင်းအရွယ် အမျိုးသားကြား ကွာခြားချက်ကို ချိန်ဆနေချိန်မှာ, သူ၏ နတ်ဘုရားခန္ဓာကိုယ် လုံးဝ ပြန်လည်ကုစားပြီးသွားသော ရွှေရောင်ငှက်ကြီးက အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ရုတ်တရက် အော်ပြော လိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကာ၊ သူ့နှလုံးသားထဲမှာ ဒေါသလှိုင်းက မြင့်တက်လာခဲ့သည်။ သို့သော် နောက်တစက္ကန့်အကြာတွင် ဤရွှေရောင်ငှက်ကြီး၏ စကားလုံးများက သူ့နှလုံးသားထဲမှ အမျက်ဒေါသကို လုံးလုံးလျားလျား ပေါက်ကွဲ သွားစေခဲ့သည်။
"ဟမ့်၊ မင်းကများ ငါ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင် လုပ်ရဲတယ်ပေါ့။ ဆရာက မင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ အဖော်တွေကိုလည်း မင်းနဲ့အတူ မင်းရဲ့သင်္ချိုင်းဆီ လိုက်ပါရ လိမ့်မယ်။ မိန်းမနှစ်ယောက်လည်း ရှိနေသေးတယ်။ ငါ သူတို့ကို ရှင်ပါလျက်နဲ့ သေခြင်း တရားကို တောင်းခံရတဲ့အထိ ပြောပြပေးမယ်။ ငါရွှေရောင်ငှက်ကို စော်ကားခြင်းရဲ့ အကျိုးဆက်တွေကို ငါ မင်းတို့ကို ပြောပြမယ်။” ကျင်းဖန်သည် ချင်ယွင် သူ့ဆီသို့ လှမ်းကြည့်နေသည်ကို မြင်သောအခါ၊ သူက ချက်ချင်း လှောင်ပြောင်လိုက်ပြီး ရက်စက် ကြမ်းကြုတ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
ချင်ယွင်၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ ဤရွှေရောင်ငှက်ကြီးသည် တကယ်ကို မသိနားမလည်သူ တစ်ယောက်ဖြစ်သည်။ အကယ်၍, စောစောက ထိုအသက်လတ်ပိုင်း အရွယ် အမျိုးသားကြောင့်သာ မဟုတ်ပါက၊ အခုအချိန်မှာ ထိုရွှေရောင်ငှက်ကြီးသည် ခေါင်းဖြတ်ခံရတာ ကြာလှပြီ။ အခု ဒီနေရာတွင် ယခုလို ကျယ်လောင်စွာ ပြောဆိုရန် သူ့မှာ မည်သည့် အခွင့်အရေးမျိုး ရှိမည်နည်း?။
"လူသား၊ ငါ မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူးလို့ မင်း တကယ်ထင်နေတာလား။ ငါ မင်းကို ပြောပြမယ်။ ငါ့ရဲ့ သတိပေါ့ဆမှုကြောင့်သာ။ မဟုတ်ရင်, အစောပိုင်းက, ငါဟာ ငါတို့ရဲ့ ရွှေရောင်ငှက်ကြီးမျိုးနွယ်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးမချဘဲ နေမလား?။ ငါ အဲဒီနတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီးတာနဲ့ မင်းက ငါ့ရဲ့ပြိုင်ဘက် ဖြစ်မှာမဟုတ်တော့ ဘူး" ကျင်းဖန်သည် ချင်ယွင်ကိုကြည့်ကာ အနှိုင်းမဲ့ အေးစက်သည့်အသံဖြင့် ထူးထူး ခြားခြား အော်ပြောလိုက်သည်။
"တကယ်လား?။ ဒါဆို မင်း ဘာလို့ မစမ်းကြည့်တာလဲ။ မင်းရဲ့ မွေးရာပါ နတ်ဘုရား စွမ်းရည်ကို သုံးထားရင်တောင် မင်းကို ငါ့ဓားက အလွယ်တကူ ဖြတ်တောက်နိုင်သေး တယ်" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
သူသည် ကျင်းဖန်ကို ဒေါသထွက်အောင်လုပ်ပြီး လှုပ်ရှားလာအောင် တွန်းအားပေးလိုက် သည်။ ဤနည်းဖြင့်, သူ့ကို သတ်ဖို့ အခွင့်ကောင်း ရလိမ့်မည်။ ထိုသို့မဟုတ်လျှင်၊ ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို တားဆီနေမှာ ဖြစ်သည့်အတွက် ကျင်းဖန်ကို သတ်ဖို့က သူ့အတွက် အလွန်ခက်ခဲပါလိမ့်မည်။
"ဟမ့်၊ ချာတိတ်လေး၊ ငါက မင်းရဲ့လှုံ့ဆော် ရန်စတာကို ခံလိမ့်လို့ မင်း ထင်နေတာလား။ မင်းကိုတိုက်ခိုက်ဖို့အတွက် ငါ့ကို တွန်းအားပေးနေတယ်ပေါ့။ ငါတောင် အခုလို ကလေးဆန်တဲ့ နည်းလမ်းကို ထုတ်ဖော်ဖို့ ဘယ်တုန်းကမှ အာရုံမရှိခဲ့ဘူး။ မင်းက ငါ့ကို အထင်သေးလွန်းတာပဲ။ သေချာတာက, တကယ်လို့ ငါ တကယ်လုပ်ရှားခဲ့ရင်တောင် မင်းအနေနဲ့ ငါ့ကိုသတ်နိုင်မှာ မဟုတ်ဘူး။ ငါ မင်းကိုပြောပါရစေ။ ငါက တချက်လေးမှ လှုပ်ရှားမှာမဟုတ်ဘူး။ ငါ မလှုပ်ရှားဘူးဆိုပေမယ့်, မင်းတိုက်ခိုက်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး မင်းရဲ့အဖော်တွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်မယ်။ မင်းမျက်လုံးတွေနဲ့ မင်းရဲ့ရှေ့မှာ သူတို့ တစ်ယောက်ချင်းစီ ပြိုလဲကျနေတာကို ငါ မင်းကို မြင်စေချင်တယ်။ ဟား…၊ ဟား…။" ကျင်းဖန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေက မြေခွေးတစ်ကောင်လို စဉ်းလဲကောကျစ်စွာ တောက်ပနေခဲ့ပြီး၊ သူ့အမူအရာက အထင်အမြင်သေးမူများဖြင့် ပြည့်နှက်နေခဲ့သည်။
“မင်း လုပ်ရဲလား”။ ချင်ယွင်က ချက်ချင်းပင် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အကယ်၍, ရွှေရောင်ငှက်ကြီးသာ သူ အသက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် တိုက်ခိုက် နေသည့်အချိန်မှာ ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားလူများကို တိုက်ခိုက်ရန် အခွင့်ကောင်း ယူခဲ့မည်ဆိုလျှင်၊ ထိုအချိန်တွင် ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားလူများသည် သေဆုံးရုံသာမက ချင်ယွင်၏ စိတ်အခြေနေကိုလည်း အကြီးအကျယ် ထိခိုက်နိုင်ပါသည်။
“ဟမ့်၊ ငါ လုပ်ရဲမယ်လို့ မင်း ထင်လား”။ ကျင်းဖန်က အေးစက်စက်အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ရှေးဟောင်းတာအိုနှင့် အခြားလူများဆီသို့ ပြေးသွားတော့သည်။
“မင်းက သေချင်နေတာပဲ” ချင်ယွင်၏မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါက်ကွဲထွက်လာရင်း ချက်ချင်းပင် ပြူးကျယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက အရူးအမူး ပျံ့နှံ့ထွက်ပေါ်လာပြီး, သူသည် ကျင်းဖန်ဆီသို့ ပျံသန်းသွားတော့မည်။
သူသည် ကျင်းဖန်ကို ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားသူများကို တိုက်ခိုက်ခြင်းမှ တားဆီးချင်သော်လည်း၊ သူ့ရှေ့တွင် ပုံရိပ်တစ်ခုက အလျင်စလို ပေါ်လာခဲ့ပြီး၊ သူ့လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"ထွက်သွားစမ်း”။ ချင်ယွင်က သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် အသက်လတ်ပိုင်း အရွယ် အမျိုးသားကို လှမ်းအော်လိုက်သည်။
"မင်းရဲ့ပြိုင်ဘက်က ငါပဲ။ မင်း ငါ့ကို ထွက်သွားစေချင်ရင် မင်းအနေနဲ့ ငါ့ကို အနိုင်ယူဖို့ လိုတယ်" အသက်လတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို လွှတ်မပေးရန် ဆုံးဖြတ်ထား ဟန်ဖြင့် ချင်ယွင်ကို လှောင်ပြောင် ပြောလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းလာပြီး သူ၏ သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာသည်။
"ဘုန်း”။
ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချူယွန် နှင့် ရှေးဟောင်းတာအိုတို့သည် ရွှေရောင်ငှက်ကြီးကို ကိုင်တွယ်ရန်အတွက် ပူးပေါင်း တိုက်ခိုက်ကြသော်လည်း၊ သူတို့သည် ရွှေရောင်ငှက်ကြီးကြောင့် နောက်ပြန် လွင့်စင်သွား ကာ အဝေးမှ တောင်နံရံကိုပစ်မှန်ပြီး သွေးအန်နေကြသည်။
ချူယွန်နှင့် ရှေးဟောင်းတာအိုတို့ လွင့်ပျံသွားပြီးနောက် ကျင်းဖန်သည် ချင်ယွင်ဆီသို့ လှည့်ကြည့်ကာ “မင်းရဲ့ဆရာကို ငါ့ ဘယ်လိုနင်းချေသတ်မလဲဆိုတာ စောင့်ကြည့်နေ လိုက်" ဆိုပြီး ရန်စလည်း မမေ့ခဲ့ပေ။
ချင်ယွင်၏ အမျက်ဒေါသက ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့ပြီး၊ ပြင်းထန်သော အမျက်ဒေါသက ကောင်းကင်ယံတိုင် ပျံ့လွင့်သွားခဲ့သည်။
"မင်းက ဒီလောက်တောင် သေချင်နေမှတော့, ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်။" ချင်ယွင်က ပေါက်ကွဲသံဖြင့် အောက်ပြောလိုက်သည်။ ထို့နောက်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုနတ်ဘုရားတန်ခိုးသည် အရောင်ခုနှစ်ရောင်ကို ထုတ်ဖော်လှစ်ပြနေသည်။ ထိုနတ်ဘုရားတန်ခိုး ပျံ့နှံ့ထွက်ပေါ်လာသည်နှင့် ချင်ယွင်၏ ကိုယ်ခန္ဓာသည် ခုနစ်ရောင်ခြယ် နတ်ဘုရားအလင်းများအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ချင်ယွင်၏ဆံပင်များသည် အဆက်မပြတ် ကခုန်နေကာ သူ့မျက်လုံးများသည် သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြည့်နှက်နေပြီး၊ သူ၏နတ်ဘုရားတန်ခိုးသည် ကောင်းကင်နှင့် တောင်တန်းများကိုပင် တုန်လှုပ်စေခဲ့သည်။
ထိုအချိန်တွင်၊ သူသည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ဖြစ်သည်။ သူသည် ဆိတ်သုဉ်းခြင်းရှစ်မျိုးကိုပင် တုန်လှုပ်သွားစေပြီး၊ သူ့လက်ထဲမှ အကြွင်းကျန် နှင်းဓားသည် လည်း ပျောက်ကွယ်သွားခဲ့သည်။ ယင်းအစား၊ ၎င်းနေရာမှာ နဂိုအတိုင်း ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာဖြင့် အစားထိုးသွားခဲ့သည်။
နတ်ဘုရားဆေဘာ၏ ဓားသွားသည် နှင်းကဲ့သို့ ဖြူဆွတ်နေပြီး၊ သက်တံရောင် နတ်ဘုရား တန်ခိုးက ၎င်းဓားသွားနှင့် ချိတ်ဆက်မိသွားသည်နှင့်, ၎င်း၏အထက်ရှိ အငွေ့အသက်သည် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားစေသည်။
ဘန်း။
ချင်ယွင်၏အကြည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားဆီကို ချက်ချင်း ရောက်ရှိသွားပြီး နောက်၊ သူ၏ပုံရိပ်သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။
"မကောင်းတော့ဘူး” ချင်ယွင်ကို ထိပ်တိုက် ရင်ဆိုင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားခဲ့သည်။ အလွန်မင်း ထိတ်လန့် တုန်လှုပ်သော အမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားက ထွက်ပေါ်လာသည်။
"ဒီနေရာမှာ" အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ဘယ်ဘက်သို့ ဆတ်ခနဲ လှမ်းကြည့်လိုက်ပြီး၊ နတ်ဘုရားတန်ခိုး အပြည့်ပါသည့် သူ၏ဝတ်စုံလက်မောင်းဖြင့် ဘယ်ဘက်သို့ လှမ်းရိုက်လိုက်သည်။
"ဖျန်း…”။
သို့သော် သူ့လက်ဖဝါး ရိုက်ထုတ်ပြီးသည်နှင့် အလွန်မင်း ထက်ရှသော အလင်းတန်းတစ်ခု က လေထဲမှာ တောက်ပလာပြီး သူ့လက်ဖဝါးကို နှစ်ခြမ်းခွဲလိုက်သည် ။
ထိုမျှတင်မကသေးဘဲ, သူ့လက်မောင်းတစ်ခုလုံးကို နှစ်ပိုင်းခွဲပြီး ဖြတ်တောက်ပစ်လိုက် သည်။ သွေးများ လွင့်ထွက်သွားပြီး ခွဲခြမ်းမှုမှာ အလွန်သပ်ရပ်သည်။
"ဘာ.." အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။ သို့သော် သူ့မျက်လုံးအစုံက ချင်ယွင်ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေလေသည်။
စာစဉ် (၈၃) ပြီးပြီ။
ဘာသာပြန်သူ နေဇင်။