← Chapters

အခန်း ၁၂၄၆

Vol. 84 Ch. 1246

အခန်း ၁၂၄၆

Vol. 84 Ch. 1246

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၄)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၂၄၆) နဂါးနှင့် ငှက်ကြီးတို့၏ တိုက်ပွဲ။

"ချွမ်း…”။

ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ မြန်ဆန်နေခဲ့ သည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသား၏လက်မောင်းကို ဆေဘာတစ်ချက်ဖြင့် ဖြတ်တောက်ပြီးနောက်တွင်, သူသည် နောက်ထပ် ဆေဘာဓားချက်များကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ဓားသွားပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ပို၍ပင် ထူးခြားနေပြီး၊ သက်တံ့ရောင်အလင်းသည် ကီလိုမီတာထောင်နှင့်ချီ၍ လင်းလက်တောက်ပနေပါသည်။

အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ ရင်ဘတ်သည် အနှိုင်းမဲ့ ကြီးမားသော အက်ကွဲကြောင်းတစ်ခုအဖြစ် ပွင့်ထွက်သွားခဲ့သည်။ ပေါင်းစပ်ထားသည့် ခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုးသည် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားပြီး အလွန်မင်း နာကျင်မူကို ခံစားရစေသည်။

"ခင်ဗျား အခု ထွက်သွားနိုင်ပြီ" ချင်ယွင်က အေးစက်စွာ အော်ပြောလိုက်သည်။ သူသည် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ကို ကန်ထုတ်ကာ ချက်ချင်းပင် လွင့်ပျံ သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံး လေထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင် အောင် လည်ပတ်ပြီး မိုင်တစ်ရာအကွာဝေးရှိ တောင်တန်းကို ထိမှန်သွားသည့် တိုင်အောင်ပင်။ သူ့တစ်ကိုယ်လုံးသည် ပျက်ဆီးများကြားမှာ လုံးဝ နစ်မြုပ်သွားသည် ။

ဤအရာအားလုံးသည် တစ်ချက်တည်းဖြင့် ပြီးမြောက်ပြီး၊ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ။

ချင်ယွင်သည် ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားကို မသတ်ခဲ့ပေ။ သူ့ကို မသတ်ချင်၍ မဟုတ်ပေ။ ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူသည် ချင်ယွင်၏ ဓားနှစ်ချက် ကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သော်လည်း၊ သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို လုံးလုံး လျားလျား ဖျက်ဆီးရန် အချိန်အနည်းငယ် ယူရပါလိမ့်မည်။

ထို့အပြင်, ယခုအချိန်မှာ ချင်ယွင် သတ်ပစ်ချင်သောလူက အသက်လတ်ပိုင်းအရွယ် အမျိုးသား မဟုတ်ဘဲ၊ အမြဲတမ်း မာနကြီးနေခဲ့သော ရွှေရောင်ငှက်ကြီး ဖြစ်ပါသည်။

မူလက ကျင်းဖန်သည် ရှေးဟောင်းတာအိုနှင့် အခြားသူများကို ထပ်မံ တိုက်ခိုက်ရန် ဆန္ဒရှိသော်လည်း ချင်ယွင်ကြောင့် သူ့ဆရာသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီး၊ ကန်ထုတ်ခံရသည့်မြင်ကွင်းကို မြင်တွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့မျက်ခုံးတွေက ချက်ချင်း လေးနက်လာခဲ့သည်။

ဘန်း…။

သို့သော် သူ့စိတ်ထဲတွင် အံ့အားသင့်မှုများ ပျောက်ကွယ်မသွားခင် နှင်းဖြူရောင် အေးစက်စက် အလင်းတန်းတစ်ခုက သူ့ဆီသို့ လျင်မြန်စွာ ဖြတ်ပိုင်းလာခဲ့သည်။

ချင်ယွင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ သူ့ရှေ့မှာ ပေါ်လာပြီး သူ့လက်ထဲရှိ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာဖြင့် သူ့ဘက်သို့ ခုတ်ပိုင်းလိုက် ဖြစ်သည် ။

ချင်ယွင်သည် နတ်ဘုရားတန်ခိုးလေးမျိုးကို ပေါင်းစပ်ထားပြီး သူ့လက်ထဲမှား ထိပ်တန်း နတ်ဘုရား ဆေဘာတစ်ချောင်းလည်း ရှိနေခဲ့သည်။ ဆေဘာတစ်ချက်ခုတ်ပိုင်းခြင်းက ကီလိုမီတာ တစ်ထောင်ဝန်းကျင်ကို လှုပ်ခါသွားလောက်သည်။ သူသည် ကီလိုမီတာ တစ်ထောင်အကွာအဝေးမှ လိုက်ပါခဲ့လျှင်ပင်, ဆေဘာတစ်ချက် ခုတ်ပိုင်းခြင်းက နတ်တောင်တစ်ခုကို နှစ်ပိုင်းခွဲရန် လုံလောက်ပါသည်။

ယခု သူသည် ရွှေရောင်ငှက်ကြီးကို ထိုဆေဘာဖြင့် ခုတ်ချလိုက်ပြီး၊ ရွှေရောင်ငှက်ကြီးသည် ၎င်းဓားချက်ကို မည်သို့ လက်ခံနိုင်မည်နည်း?။

ရွှေရောင်ငှက်ကြီးသည် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့ ထွက်ပေါ်လာစဉ် ၎င်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင်၊ ထောင်ပေါင်းများစွာသော နတ်ဘုရားအမွေးအတောင်များသည် သူ့ခန္ဓာကိုယ်မှ ထွက်လာ ခဲ့သည်။ နတ်ဘုရားအမွေးတောင်တစ်ခုစီတွင် အလွန်မင်း အစွမ်းထက်သော တန်ခိုး စွမ်းအားများ ပါဝင်နေသည်။

တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာဓားက ခုတ်ပိုင်းသွားသည်။ ထောင်ပေါင်းများစွာသော နတ်ဘုရားအမွေးအတောင်များသည် ဆေဘာအလင်းအောက် မှာ ဗလာနတ္ထိအဖြစ် ချက်ချင်း ပြောင်းသွားခဲ့သည်။ ထို့အပြင်, ရွှေရောင်ငှက်ကြီးသည် ဆေဘာအလင်းတန်းကြောင့် နောက်သို့ အသည်းအသန် ဆုတ်ခွာသွားရသည်။ ၎င်းသည် သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်ပြီး အဝေးတနေရာသို့ ပြင်းထန်စွာ ပြုတ်ကျသွား သည်။ ၎င်းသည် အဝေးမှ တောင်နံရံထဲသို့ ပစ်မှန်ပြီး ကျယ်လောင်သော တုန်ခါသံများ ဖြစ်ပေါ်စေသည်။

ချင်ယွင်သည် သူ၏လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ထားသည်။ သူ့အကြည့်တွေ က ချွန်ထက်သော ဆေဘာထက်ပင် စူးရှသည်။ သူ၏ အေးစက်သော မျက်လုံးများက ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေပုံရသည်။

ဘန်း….။

သို့သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်သည် မထိန်းချုပ်မဲ့ပြီး တုန်ခါသွားကာ၊ သူ့ပါးစပ်ထောင့်မှ သွေးစရာများ စီးကျလာသည်။

ပေါင်းစပ်နတ်ဘုရားတန်ခိုးလေးမျိုးအား အတင်းအကျပ် အသုံးပြုခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝန်ထုပ်ဝန်ပိုးသည် အနှိုင်းမဲ့ ကြီးမားနေဆဲ ဖြစ်သည်။

သို့သော်, ယခုတစ်ကြိမ်သည် ယခင်အကြိမ်တွေထက် အများကြီး ပိုကောင်းပါသည်။ နောက်ဆုံးအကြိမ်တုန်းက၊ ချင်ယွင်သည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိုရုံအချိန်ထိသာ ခံနိုင်ရည်ရှိခဲ့သည်။ ယခုတစ်ကြိမ်မှာတော့ သူသည် အနည်းဆုံး အမွှေးတိုင် သုံးချောင်း ထွန်းညှိန်ပြီးအထိ ခံနိုင်ရည်ရှိနိုင်သည်။ ထို့ကြောင့် ထိုအချိန်သည် ချင်ယွင်အတွက် ဤရွှေရောင်ငှက်ကြီးကို သတ်ပစ်ရန် လုံလောက်သော အချိန်ဖြစ်သည်။

"နှိမ့်ကျတဲ့လူသား၊ မင်းက သေချင်နေတာပဲ" သို့သော် ထိုအခိုက်တွင် တောင်ထိပ်ပေါ် ပြုတ်ကျသွားသော ရွှေရောင်ငှက်ကြီးသည် ရုတ်တရက် ပေါက်ကွဲသွားသည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းက ဖုန်မှုန့်များကြားမှ တဟုန်ထိုး ပျံ့နှံ့လာကာ ကြီးမားသော ရွှေရောင်ငှက်ကြီးသည် လေထဲတွင် ပေါ်လာသည်။

ရွှေရောင်ငှက်ကြီးသည် ကောင်းကင်ကိုပင် ဖုံးလွှမ်းနိုင်သည့် ၎င်း၏တောင်မံများကို ဖြန့်လိုက်သည်။ ၎င်းသည် အတောင်ငါးထောင်ရှည်လျားပြီး ကောင်းကင်တစ်ခုလုံးနီးပါးကို ဖုံးအုပ်ထားမှာကိုပင် စိုးရိမ်နေမိသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်နတ်ဘုရား အမွေးအတောင်များသည် သူ၏ စူးရှသော အကြည့်အောက်များတွင် သတ္တုတောက်ရောင်များဖြင့် တဖျပ်ဖျပ် ခတ်နေသည်။ သူ့တစ်ကိုယ်လုံးသည် နတ်ဘုရားသံမဏိကဲ့သို့ဖြစ်ပြီး အနှိုင်းမဲ့မာကျောနေသည်။

"ချီး...”။

ရွှေတောင်ပံငှက်ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး စူးရှသော မျက်လုံးတစ်စုံ က ချင်ယွင်ကို စိုက်ကြည့်နေသည်။

"လူသား၊ ဒီနေ့ ငါ မင်းကို ဝါးမျိုပြီး ငါတို့ ရွှေတောင်ပံငှက်မျိုးနွယ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြောပြမယ်။" ရွှေရောင်ငှက်ကြီးက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ ကြီးမားလှသော လင်းယုန်ခြေသည်းကြီးများကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။

လင်းယုန်ခြေသည်းကြီးများမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုခြေသည်းကြီးဖြင့်ဆို, ၎င်းသည် မြေပြင်တစ်ခုလုံးကိုပင် လုံးလုံး ကွဲသွားအောင် ပြုလုပ်နိုင်ပုံရသည်။

အဝေးမှတောင်ထိပ်ပေါ်တွင် ဤအရာအားလုံးကို စောင့်ကြည့်နေသော နီထိုက်စွေ့နှင့် အခြားသူများသည် အလွန်ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်နေကြ သည်။

ပုံမှန်မဟုတ်သော တော်အန်းသည် ကောင်းကင်ယံရှိ ရွှေရောင်ငှက်ကြီးဆီကို လက်ညှိုးထိုး ပြီး အော်ပြောလိုက်သည် "ဝိုး၊ ဘယ်လောက်တောင် ကြီးလိုက်တဲ့ငှက်ကြီးလဲ”။

ကောင်းကင်ယံမှ ရွှေရောင်ငှက်ကြီးသည် ထိုစကားကိုကြားတော့ ပြောစရာစကားပင် မဲ့သွားရသည်။ ဤမိန်းကလေး၏ ပါးစပ်ကို သေချာပေါက် စုတ်ဖြဲပစ်မည်ဟု သူ့စိတ်ထဲမှာ တေးထားလိုက်သည်။

ချင်ယွင်သည် အလွန်ကြီးမားသော လင်းယုန်ခြေသည်းကြီးကို ကြည့်လိုက်သော်လည်း သူ့ပါးစပ်ထောင့်က မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်, သူသည် သူ့လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

"မင်းရဲ့ လင်းယုန်ခြေသည်းတွေက ငါ့ကို နာကျင်စေမယ်လို့ မင်း တကယ်ထင်နေတာ လား။" ချင်ယွင်က ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့မျက်လုံးများမှ ခရမ်းရောင် တောက်တောက် ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။

"အောင်း...”။

ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး ထူထပ်သော မြူခိုးများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက် ရောက်ရှိနေသူ လူအားလုံးကို ထိတ်လန့်စေသွားမည့် မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့သည်။ ကြီးမားသော နဂါးခြေသည်းကြီးသည် မြူခိုးထဲတွင် ချက်ချင်း ပေါ်လာပြီး လင်းယုန်ခြေသည်းကြီးပေါ်သို့ ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ပေတစ်သောင်းရှည်သော ခရမ်းရောင်နဂါးကြီးသည် လူတိုင်း၏အမြင်အာရုံထဲ တွင် ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးငွေ့ရောင် အငွေ့အသက်သည် လီတစ်သောင်းအထိပင် တုန်လှုပ်သွားစေပြီး ၎င်း၏ကြီးမားလှသော နဂါးမျက်လုံးများ သည် တုနှိုင်းမရသော ကြမ်းကြုတ်သော အကြည့်များကို ထင်ရှားစေသည်။

"ဒါ... ဒါက ချင်ယွင်လား..?" လူတိုင်း အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်ထားကြသည်။

နီထိုက်စွေ့နှင့် တော်ညီအစ်မသည် မယုံနိုင်စွာ မျက်လုံးပြူးသွားကြသည်။

သူတို့တင်မကဘဲ ချူယွန်လည်း သူ့မျက်နှာပေါ်တွင် အံ့အားသင့်နေပုံပင်။ ရှင်းရှင်းပြောရ လျှင်, ချင်ယွင်သည် ဧရာမနဂါးကြီးအဖြစ် ပြောင်းလဲနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဟုတ်ပါသည်, တုန်လှုပ်ခြောက်ခြားဆုံး လူတော့ ချင်ယွင် ဖမ်းဆုပ်ခြင်းခံလိုက်ရသည့် ရွှေရောင်ငှက်ကြီးပင် ဖြစ်တော့သည်။ သူ၏လင်းယုန်မျက်လုံးများတွင် ပြင်းပြင်းထန်ထန် မယုံကြည်နိုင်သည့် ခံစားချက်မျိုး ရှိနေလေသည်။

လူသားတစ်ဦးသည် နတ်ဘုရားနဂါးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားနိုင်သည်ဟု သူ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပါ။

"မင်း ငါတို့ကို စားချင်နေတာ မဟုတ်လား။ ဒီနေ့ ဘယ်သူက ဘယ်သူ့ကို စားမလဲဆိုတာ ငါကြည့်ချင်မိတယ်" ချင်ယွင်က လူသားအသံကို ထုတ်ဖော်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် စွမ်းအားများက ဆိတ်သုဉ်းခြင်းရှစ်မျိုးကိုပင် တုန်လှုပ်သွားစေပါသည်။ (Eight Desolates သည် Li Qiye မှဖန်တီးခဲ့သော ခေတ်သစ်၏အမည်ဖြစ်ပြီး ထိုပုံစံ ပြောင်းလဲနေသော ကမ္ဘာ၏အမည်ဖြစ်သည်။ Li Qiye သည် သူ၏ ကျင့်ကြံမှုစနစ်သစ်ကို မိတ်ဆက်ပြီး ခေတ်သစ်တစ်ခုကို စတင်ခြင်းဖြင့် တာအိုသခင်၏ခေတ်ကို စတင်ခဲ့သည်။) ခဏခဏတွေ့ရသည့်အတွက် ဗဟုသုတအဖြစ် တင်ပြပေးခြင်း ဖြစ်ပါသည်။

သူစကားပြောနေစဉ်တွင် ရွှေရောင်လင်းယုန်ခြေသည်းကြီးကို ဖမ်းဆုပ်ထားသော ချင်ယွင်၏ နဂါးခြေသည်းကြီးသည် ချက်ချင်းပင် ၎င်း၏ ခွန်အားကို စိုက်ထုတ်လိုက်သည်။ ထို့နောက်တွင်, ချင်ယွင်သည် ရွှေရောင်ငှက်ကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ဆွဲချလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချသည်ကို လူတိုင်း မြင်လိုက်ရသည်။

"ဘုန်း”။

ရွှေရောင်ငှက်ကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် မြေပြင်တစ်ခုလုံး ချက်ချင်း ကွဲထွက်သွားသည်။ ၎င်းမြင်ကွင်းသည် တောင်ပေါ်ရေလွှမ်းမိုးခြင်းနှင့် ဆူနာမီလှိုင်းများကဲ့သို့ ဖြစ်နေပြီး၊ ကောင်းကင်ဘုံကိုပင် လှုပ်ခါစေသည့် မြေလှိုင်းလုံးကြီးများ ဖြစ်ပေါ်စေသည်။

ရွှေရောင်ငှက်ကြီးသည် သနားစဖွယ်အသံဖြင့် အော်ဟစ်နေသည်။ ချင်ယွင်၏ ပစ်ရိုက်မူက မယုံနိုင်လောက်အောင် ပြင်းထန်လွန်းသည်။ ရွှေရောင်ငှက်ကြီးသည် မတ်တပ်ရပ်ရန်ပင် ရုန်းကန်နေရပြီး, တောင်ပံများကို မခတ်ဘဲမနေနိုင်ခဲ့ပေ။

ဧရာမနဂါးခြေသည်းကြီးသည် ချက်ချင်းပင် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ၎င်း၏ ဦးခေါင်းကို မလှုပ်ရှားနိုင်အောင် မြေပြင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိထားသည်။

"မင်းဆိုတဲ့ ရွှေတောင်ပံငှက်ကြီးက အရမ်းကို မာနကြီးနေတာ မဟုတ်ဘူးလား၊ အခု ဘာလို့ ဘာမှ မပြောနိုင်တော့လဲ" ချင်ယွင်နဂါးကြီးသည် လှောင်ပြောင်သော အသံကို လွှင့်ထုတ်လိုက်ပြီး သူ၏ ခရမ်းရောင် နဂါးမျက်လုံးများက အဆုံးမဲ့ သရော် လှောင်ပြောင်မှု ကို ထင်ရှားစေသည်။

"အား.....ငါ မင်းကို သတ်မယ်" ကျင်းဖန်၏ မျက်နှာသည် လွန်စွာမှ မလိုလားအပ်သော အမူအရာ ပေါ်လွင်လာသည်။ သူသည် မတ်တပ်ရပ်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့သော် လည်း ချင်ယွင်၏ နဂါးခြေသည်းကြီးကို လှုပ်ခါရန် သူ့ခွန်အားက မလုံလောက်ခဲ့ပါဘူး။

ပထမဆုံးအနေဖြင့်၊ နတ်ဘုရားနဂါးအဖြစ် ပြောင်းလဲသွားသော ချင်ယွင်၏ ခန္ဓာကိုယ်ကို မဆိုထားနှင့်၊ သူကိုယ်တိုင်ကပင် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် နှိုင်းယှဉ်၍ ရနေပြီး ဖြစ်သည်။ ထို့အပြင်, ချင်ယွင်သည် နတ်ဘုရားတန်ခိုးလေးမျိုးနှင့် ပေါင်းစပ်ထားသည်။ ထိုကဲ့သို့ အင်အားကြီးမားသော စွမ်းအားအောက်တွင်၊ ရွှေရောင်ငှက်ကြီးသည် လက်တုံ့ပြန်ရန် အခွင့်အရေးပင် မရှိပေ။ သူ့အစစ်အမှန် အသွင်အပြင် ပြောင်းထားလျှင်ပင် သူ ထိုကဲ့သို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

All Chapters