အခန်း ၁၂၄၇
Vol. 84 Ch. 1247
အခန်း (၁၂၄၇) စားသောက်ခြင်း။
ကျင်းဖန်သည် ပြင်းထန်စွာ ဒေါသထွက်နေခဲ့ပြီး၊ ချင်ယွင်၏ စကားလုံးများသည် ဓားကဲ့သို့ သူ့နှလုံးသားထဲသို့ ထိုးဖောက် ဝင်ရောက်သွားသည်။
ရွှေတောင်ပံငှက်ကြီးတစ်ကောင်အနေဖြင့်, သူသည် ငယ်စဉ်ကတည်းက မာနကြီးခဲ့သူ ဖြစ်သည်။ ယခုတော့ သူသည် ခြေဖဝါးအောက်မှာ တိုက်ရိုက် နင်းခံထားရပြီး၊ သူ့ဂုဏ်သိက္ခာကို ရက်စက်စွာ နင်းချေခဲ့သည်။
တန်းတူအဆင့်အတန်းရှိသည့် နတ်ဘုရားနဂါးတစ်ကောင် ဖြစ်နေရင်တောင်, တခြားလူများက သူ့ဂုဏ်သိက္ခာကို နင်းချေ၍ မရပါဘူး။
"သေလိုက်တော့” ရွှေရောင်ငှက်ကြီးသည် ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး၊ ၎င်းအသံက လီတာတစ်သောင်း အချင်းဝက်တစ်ခုလုံး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက လေထဲသို့ ပြည့်သွားလေသည်။
"မွေးရာပါ နတ်ဘုရားစွမ်းရည်?" ချင်ယွင်၏ ဧရာမ နဂါးမျက်လုံးကြီးများက အပြုံးမပျက် တောက်ပနေသည်။ ရွှေရောင်ငှက်ကြီးကို သူ လုံးဝ မသတ်ရခြင်း၏ အကြောင်းရင်းမှာ ရွှေရောင်ငှက်ကြီးသည် ၎င်း၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုရန် စောင့်ဆိုင်း နေခြင်းကြောင့် ဖြစ်သည်။
ထိုရွှေရောင်ငှက်ကြီး၏ မွေးရာပါ နတ်ဘုရား စွမ်းရည်ကို သူ တကယ် မြင်ချင်မိသည်။ ယခု၊ ရွှေရောင်ငှက်ကြီးသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်မှု မရတော့ဘဲ ဤမွေးရာပါ နတ်ဘုရား စွမ်းရည်ကို အသုံးချလိုခဲ့သည်။
ဘန်း…။
ဟုတ်ပါသည်, ထိုအခိုက်တန့်မှာ, ရွှေရောင်အလင်းတိုင်လုံးတစ်ခုက ကောင်းကင်ကနေ ဆင်းသက်လာပြီး ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်ပေါ်ကို ချက်ချင်း ကျဆင်းသွားပါသည်။
ရွှေရောင်အလင်းတန်းများ လင်းလက်လာသည်နှင့်အမျှ ကျင်းဖန်၏ ခန္ဓာကိုယ်သည် ပြောင်းလဲလာသည်။
ဤအခိုက်အတန့်တွင် သူ၏ နဂိုက အနှိုင်းမဲ့ ကြီးမားသော ခန္ဓာကိုယ်သည် ကျုံ့လာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျိုးကြေနေသော ရွှေရောင်အမွေးအတောင်များသည် တဖြည်းဖြည်း ပြန်လည်ပြုပြင်လာပြီး မူလက အလွန်မာကျောသော ရွှေရောင်အမွေးအတောင် များသည် ပိုမာကြောလာခဲ့သည်။
ရွှေရောင်တလက်လက် တောက်ပနေသော အလင်းရောင်သည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်နေသဖြင့် လူများကို အေးစိမ့်သည့်ခံစားချက်မျိုး ပေးစွမ်းနေ သည်။
ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်သည် အရှည်ပေ ၅၀၀၀ အရွယ်စားမှ ပေတစ်ရာ အရွယ်အစားအထိ သေးငယ်သွားခဲ့သည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ယခင်ကထက် ပိုမိုအားကောင်းလာသည်။
"ဘုန်း..”
ပြင်းထန်သော ရွှေရောင်နတ်ဘုရားတန်ခိုးက သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ ချင်ယွင်သည် သူ၏ နဂါးခြေသည်းကြီးအောက်မှ ပြင်းထန်သော စွမ်းအားများ တဟုန်ထိုး ထွက်လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ရန်အထိပင် တွန်းအားပေးနိုင်ခဲ့သည်။
ရွှေရောင်ငှက်ကြီးသည် ချင်ယွင်၏နဂါးခြေသည်းကြီးမှ ထွက်ခွာသွားပြီး အဝေးသို့ ပျံသန်း သွားခဲ့သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ရွှေရောင်မှ နက်မှောင်သော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က ပိုသေးသွားသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ခွန်အားတွေက အရင်ကထက် အများကြီး ပိုသန်မာလာခဲ့သည်။
"ဒါက ငါတို့ ရွှေရောင်ငှက်မျိုးနွယ်ရဲ့ မွေးရာပါ နတ်ဘုရား စွမ်းရည်ပဲ။ ငါတို့ ရွှေရောင်ငှက်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်က မဟူရာလျှပ်စီးက ငါတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ဆယ်ဆအထိ ပေါက်ကွဲနိုင်စွမ်း ရှိတယ်။ ဒီနေ့တော့ မင်းကို ငါတို့ရွှေရောင်ငှက်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို သိစေရမယ်" ကျင်းဖန်က ဒေါသတကြီး အသံထွက်လာသည်။
ထိုစကားကို ပြောပြီးနောက် နက်မှောင်သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ သည်။ ထိုနတ်ဘုရား လျှပ်စီးသည် အလွန်လျင်မြန်ပြီး ၎င်းတွင်ပါရှိသော စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
နက်မှောင်သော ရွှေရောင်လျှပ်စီးကြောင်းသည် ကောင်းကင်ယံကို ချက်ချင်း ဖြတ်ကျော် ကာ ချင်ယွင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို အသာထား၊ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ထိုလျှပ်စီးကြောင်းကို ထိပ်တိုက် ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။
ဒါပေမယ့် ဤအရာက အခြားလူများအတွက် ဖြစ်ပါသည်။ ချင်ယွင်အတွက်မူ၊ ဤနက်မှောင်သော ရွှေရောင်နတ်ဘုရားလျှပ်စီးကြောင်းသည် မည်မျှပင် အစွမ်းထက်စေ ကာမူ၊ ၎င်းသည် သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါ။
"အောင်း..”။
ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့် နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ရှောင်တိမ်းခြင်းမရှိဘဲ ကောင်းကင်ယံမှ ရွှေရောင်ငှက်ကြီးဆီသို့ တိုက်ရိုက် ပစ်ဝင်သွားသည်။
"ဘုန်း..”။
နက်မှောင်သော ရွှေရောင်နတ်ဘုရားလျှပ်စီးသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။
သို့သော်၊ နက်မှောင်သော ရွှေရောင်အလင်းတန်းများက ချင်ယွင်၏ ခရမ်းရောင် အကြေးခွံများကို ရိုက်ခတ်သွားပြီးနောက် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ကျင်းဖန် တွေးထားသလို, ၎င်းသည် ချင်ယွင်၏ အကြေးခွံတွေကို မပေါက်ကွဲစေခဲ့ပါဘူး။
"ဒါ... ဒါက မဖြစ်နိုင်ဘူး။ ငါ့ရဲ့ မဟူရာလျှပ်စီးက ငါတို့ မျိုးနွယ်ရဲ့ အသက်သွေးကြော လျှပ်စီးပဲ။ ဒါက ဘယ်လိုလုပ် အသုံးမဝင် ဖြစ်ရမှာလဲ" ကျင်းဖန်၏မျက်နှာသည် ချက်ချင်း ပင် ထိတ်လန့်သွားသည်။ ယခုလေးတင် သူမြင်ခဲ့ရသည့်မြင်ကွင်းက အမှန်တရားဆိုသည် မှာ သေချာပါသည်။
ချင်ယွင်၏ နဂါးမျက်လုံးကြီးများက အပြုံးအရိပ်ကို ပေါ်လွင်စေသည်။ သူ့မျက်လုံးများတွင် ခရမ်းရောင်အလင်းတစ်ချက် လင်းလက်သွားစဉ် သူက အော်ပြောလိုက်သည် "မင်းက လျှပ်စီးကို သဘောကျမှတော့, ငါကလည်း မင်းကို တစ်ခုပြန်ပေးမယ်။"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ၏နဂါးပါးစပ်မှ အနက်ရောင်လျှပ်စီးကြောင်းကို မှုတ်ထုတ်လိုက်သည်။ ဤလျှပ်စီးကြောင်းသည် အချင်းဆယ်မီတာအထိ ထူပြီး၊ ကြောက်မက်ဖွယ်လျှပ်စီးတိုင်တစ်ခုအဖြစ် ဖြစ်တည်ကာ ရွှေရောင်ငှက်ကြီးဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
လျှပ်စီးတိုင်မှာ အလွန်အစွမ်းထက်သည့် စွမ်းအားများ ပါ၀င်နေပြီး၊ ၎င်းထံမှ ထုတ်လွှတ် သည့် စွမ်းအားက ပို၍ပင် ကြောက်စရာကောင်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
ဤလျှပ်စီးတိုင်သည် အလွန်လျင်မြန်ပြီး ကျင်းဖန်’ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ရွှေရောင်ငှက်ကြီးသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး တားဆီးပိတ်ဆို့ရန် သူ၏ နက်မှောင်သော ရွှေအမွေးအတောင်များကို ဝှေ့ယမ်းလိုက်သည်။
"ဘုန်း”။
ချင်ယွင်၏ အနက်ရောင်လျှပ်စီးတိုင်သည် ရွှေရောင်အမွေးအမှင်များနှင့် အပြင်းအထန် တိုက်မိပြီး ကျယ်လောင်သော အသံထွက်သည်။
ထို့နောက်မှာတော့ ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်စရာကောင်း သည့် လျှပ်စီးတိုင်ကြောင့် နောက်ပြန် ဆုတ်သွားသည်ကို လူတိုင်း တွေ့ရှိလိုက်ရပါသည်။ ၎င်းသည် ပေပေါင်းသောင်းနှင့်ချီပြီး ဆက်တိုက် ပျံသန်းသွားခဲ့သည်။ နတ်တောင် တစ်ခုတစ်လေကတောင် သူ့ခန္ဓာကိုယ်ကို မပိတ်ဆို့နိုင်ခဲ့ပါဘူး။ သူ မရပ်တန့်နိုင်ခင် နတ်တောင် သုံးတောင်ကို ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ရင်သပ်ရူမောသွားကြသည်။
အကယ်၍, သူတို့သာ ထိုကဲ့သို့ ကြောက်စရာကောင်းသည့် လျှပ်စီးတိုက်ခိုက်မှုကို ခံရမည်ဆိုလျှင်, အပိုင်းအစပင် မကျန်မည်မှာ သေချာပါသည်။
ရွှေရောင်ငှက်ကြီးသည် အဆက်မပြတ် လွင့်ထွက်သွားသော်လည်း၊ သူသည် ထိုလျှပ်စီး တိုင်ကို တားဆီးနိုင်ခဲ့သည်။ သူ၏ရွှေရောင်အမွေးအတောင်များသည် တကယ့်ကို မာကျောသည်ကို တွေ့မြင်နိုင်ပါသည်။
ထိုအချိန်တွင် ကျင်းဖန်၏ ခန္ဓာကိုယ်သည်လည်း ရပ်တန့်သွားခဲ့သည်။ သူ၏ လင်းယုန် မျက်လုံးတစ်စုံက ချင်ယွင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အမွေးအတောင်များသည် ယခုအချိန်တွင် မပေါက်ကွဲခဲ့ သော်လည်း မည်းမှောင်သွားသေးသည်။ အနက်ရောင်လျှပ်စီးကြောင်းသည် သူ၏ ရွှေရောင်အမွေးအတောင်များကို ထိခိုက်ပျက်စီးစေခဲ့သည်မှာ ထင်ရှားသည်။
ကျင်းဖန်သည် သူ့အမွေးများ ညိုမဲသွားသည်ကို ကြည့်ပြီး သူ့မျက်လုံးထဲတွင် အမျက်ဒေါသက ပိုပိုပြင်းထန်လာခဲ့သည်။
"ဒီနေ့ မင်း မသေရင် ငါ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ ရွှေရောင်အမွှေး ပုံရိယောင် မိုးစက်။ ကျင်းဖန်က ကျယ်လောင်စွာ အော်လိုက်ပြီး မရေမတွက်နိုင်သည့် ရွှေရောင် နယ်မြေ (ဒိုမိန်း)တွေဟာ သူ့ခန္ဓာကိုယ်ကနေ ချက်ချင်း ပစ်လွှတ်သွားပြီး ချင်ယွင်ဆီကို ပြေးသွားခဲ့သည်။
၎င်းရွှေရောင်နယ်မြေများ ချင်ယွင်ဆီသို့ ပြေးသွားစဉ်မှာ သူ့ခန္ဓာကိုယ်သည်လည်း လျှပ်စီး လက်သကဲ့သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။
ဤရွှေရောင်အမွေးအတောင် ဓားများသည် ယခင်ကထက်ပင် ပို၍အစွမ်းထက်လာခဲ့သည်။ သာမာန် အထွက်အထိပ် ကြယ်နတ်ဘုရား ကျွမ်းကျင်ပညာရှင်များပင် ၎င်းကို တားဆီးနိုင်စွမ်း မရှိလောက်ပေ။ ၎င်းတို့အနေဖြင့် မသေဘူးဆိုလျှင်ပင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိသွားလိမ့်မည်။
သေချာသည်မှာ, ၎င်းသည် အခြားလူများတွက် ဖြစ်ပါသည်။ ချင်ယွင်အတွက်မူ, ထိုရွှေရောင် အမွေတောင်များသည် သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါဘူး။
“အဆုံးသတ်ဖို့ အချိန်ရောက်ပြီ”။
ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ခရမ်းရောင် နဂါးလက်သည်းကြီးသည် ချက်ချင်း ဆန့်ထွက်လာကာ ရွှေရောင်အမွေးတောင်များကို လျစ်လျူရှုပြီး ရွှေရောင် ငှက်ကြီး၏ ခန္ဓာကိုယ်ဆီသို့ ဆုပ်ကိုင်လိုက်လေသည်။
ရွှေရောင်အမွေးတောင်များသည် ချင်ယွင်၏ခန္ဓာကိုယ်နှင့် အပြင်းအထန် တိုက်မိပြီး၊ အနှိုင်းမဲ့ လှပသော မီးပန်းမီးပွားများ ထုတ်လွှတ်နေကာ၊ သန့်စင်သော သံမဏိအချင်းချင်း တိုက်မိသည့်အသံများ ထွက်ပေါ်နေသော်လည်း၊ ၎င်းသည် ချင်ယွင်၏ အကြေးခွံများကို မချိုးဖျက်နိုင်ခဲ့ပေ။
ရွှေရောင်ငှက်ကြီး၏ အမွေးတောင်များသည် မာကြောပါသည်။ ချင်ယွင်၏ အကြေးခွံများ ကမူ အနှိုင်းမဲ့ မာကြောလှသည်။ ထို့အပြင် ချင်ယွင်၏ အကြေးခွံများသည် ခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုးဖြင့် ကောင်းချီးပေးထားသည်။ ထို့ကြောင့် ရွှေရောင်ငှက်ကြီးသည် ချင်ယွင်၏ အကြေးခွံများကို ချိုးဖြတ်ရန် မဖြစ်နိုင်ပေ။
ဘန်း..။
ချင်ယွင်၏ ကြီးမားလှသော နဂါးခြေသည်းကြီးသည် ရွှေရောင်အမွေးတောင်များကို ထိုးဖောက်ကာ ရွှေရောင်ငှက်ကြီးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
ကျင်းဖန်၏ အမူအရာသည် ကျယ်လောင်စွာ အော်ဟစ်ရင်း ချက်ချင်းပင် ဖျော့တော့သွား သည်။
သူသည် ရွှေရောင်တောင်ပံငှက်ကြီး၏ကိုယ်ကို ဖမ်းကိုင်ထားပြီး၊ သူ့နဂါးပါးစပ်ထဲသို့ ပစ်ချလိုက်ချိန်မှာ ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု လင်းလက်သွား သည်။
"ကျွတ်...”
နဂါးအဆွယ်ကြီးများသည် ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်ကို အံကြိတ်ကာ ရွှေရောင် အမွေးများမှတစ်ဆင့် ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။ နဂါးကြီးသည် ၎င်းကို အစွမ်းကုန် ကိုက်ချပြီး ရွှေရောင်ငှက်ကြီး၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲ ဆွဲထုတ်လိုက်စဉ် ရွှေရောင်ငှက်ကြီး၏ သွေးများ စီးကျလာသည်။
"အား...”။
ကျင်းဖန်သည် အနှိုင်းမဲ့ သနားစဖွယ် အော်ဟစ်သံဖြင့် အော်ဟစ်လိုက်သည်။
"စား...စား..”။ အားလုံးက တုန်လှုပ်ချောက်ချားသွားကြပြီး သူတို့၏မျက်နှာများက တုန်လှုပ် ခြောက်ခြားခြင်းဖြင့် ပြည့်နေခဲ့သည်။
ခပ်လှမ်းလှမ်းမှ အသက်လတ်ပိုင်းအရွယ် အမျိုးသားလည်း ထိုမြင်ကွင်းကို မြင်လိုက်ရ သောအခါ အံ့အားသင့်သွားခဲ့သည်။ တခဏအကြာ, သူသည် နောက်ဆုံးတွင် တုံ့ပြန်လာပြီး ချင်ယွင်ကို အော်ပြောလိုက်သည် "ငါ့တပည့်ကို လွှတ်လိုက်စမ်း..."
ချင်ယွင်သည် ၎င်းကို လျစ်လျူရှုပြီး နဂါးပါးစပ်ကြီးကိုဖွင့်ကာ ကျင်းဖန်၏ခန္ဓာကိုယ်ကို မျိုချလိုက်ပြီး သူ့ဗိုက်ထဲသို့ လုံးလုံးလျားလျား ဝါးမျိုးသွားလေသည်။