← Chapters

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အခန်း ၁၂၄၈

Vol. 84 Ch. 1248

အခန်း (၁၂၄၈) သေမင်းကို ပါးရိုက်သူ။

လူတိုင်းသည် ထိုမူလနေရာမှာပင် လုံးဝကို မလှုပ်ရှားနိုင်အောင် ကြောက်လန့်နေကြပြီး၊ သူတို့မျက်လုံးများက ပြူးကျယ်နေကာ၊ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်နေကြသည်။

နှောင်းပိုင်း ကြယ်နတ်ဘုရား နတ်ဘုရားသားရဲဖြစ်သည့် ရွှေရောင်ငှက်ကြီးသည် ထိုကဲ့သို့ စားသောက်ခံခဲ့ရသည်။

ဤအရာက ကောင်းကင်ကို အံတုလွန်းသော်လည်း၊ ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရသည့်အခါ, သူတို့၏ စိတ်နှလုံးများသည် သက်သာရာ ရသွားခဲ့သည်။

ကံကောင်းထောက်မစွာပင်၊ ချင်ယွင်သည် ၎င်းကို နတ်ဘုရားနဂါးပုံစံဖြင့် ကိုက်စားခဲ့ခြင်း ဖြစ်သည်။ အကယ်၍, လူသားပုံစံဖြင့်သာ မျိုချမိပါက၊ လက်ရှိ မြင်ကွင်းသည် သွေးထွက် သံယို မြင်ကွင်းမျိုးဖြစ်ပြီး ရက်စက်လွန်းသောကြောင့် မထိန်းနိုင်ဘဲ အော့အန်မိကြလိမ့် မည်။

ချူယွန်လည်း မှင်သက်သွားပြီး သူ့မျက်နှာမှာ ထိတ်လန့်တုန်လှုပ်နေသေးသည် ။

"ဒါက ညီအစ်ကိုချင် ဖြစ်နေတုန်းပဲလား။ ညီအစ်ကို ချင်က လူသားလား၊ နတ်နဂါးလား?" ချူယွန်က ဘေးမှ ရှေးဟောင်းတာအိုအား မေးလိုက်သည်။

ရှေးဟောင်းတာအိုက ပြုံးပြီး ရှင်းပြသည် "သူက လူသားပါပဲ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က ကံကြမ္မာကောင်းအများပြားနဲ့ ကြုံတွေ့ခဲ့ရတယ်။ သူ ဘာကြောင့် နတ်နဂါးအဖြစ် ပြောင်းလဲနိုင်လဲဆိုတာတော့ ငါလည်း မသိဘူး။ သူက နတ်ဘုရားနဂါးတစ်ကောင်ရဲ့ အမွေကို ဆက်ခံခဲ့ရတာလို့ ငါ ယုံကြည်တယ်။ ဒါကြောင့်, သူက နတ်နဂါးတစ်ကောင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်တာနေမှာ"။

"နတ်နဂါးအမွေကို ဆက်ခံတာလား?။ ဒါကို လူသားတစ်ဦးထံ အပ်နှင်းခဲ့တာလား?" ချူယွန်သည် သူ့နားသူ မယုံနိုင်လောက်အောင်ပင် ဖြစ်ရသည်။

သူ၏ အထင်အမြင်တွင်၊ နတ်ဘုရားနဂါးများသည် အလွန်မောက်မာသော တည်ရှိမှုများ ဖြစ်သည်။ ကြီးကျယ်ခမ်းနားသော နတ်ဘုရားနန်းတော်ကြီး လေးခုမှာလည်း နတ်ဘုရား နဂါးများရှိသည်။ သူတို့သည် သူတို့ဘာသာ တိုက်ခိုက်ကြပြီး သဘာဝအတိုင်း မောက်မာကြသည်။ အထူးသဖြင့် သူတို့သည် လူသားများကို အထင်သေးကြသည်။ သူတို့မျက်လုံးထဲမှာတော့ လူသားများသည် သူတို့၏ အစားအစာများသာ ဖြစ်ကြပါသည်။ ၎င်းသည် ရွှေတောင်ပံငှက်ကြီးဖြစ်သည့် ရွှေရောင်ငှက်ကြီးနှင့် အတူတူပင် ဖြစ်သည်။

ထို့ကြောင့်၊ နတ်ဘုရားနဂါးများသည် ၎င်းတို့၏အမွေကို နတ်ဘုရားကမ္ဘာရှိ လူသား တစ်ဦးထံ လက်ဆင့်ကမ်းပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် ဤအရာသည် ချင်ယွင် အဘယ်ကြောင့် နတ်ဘုရားနဂါးအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်ကို ရှင်းပြရန် အတွက် တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်ပါသည်။

ချင်ယွင်သည် နတ်ဘုရားနဂါး၏ သဘောတူထောက်ခံမူကို ရယူနိုင်ပြီး၊ နတ်ဘုရားနဂါး၏ အမွေနှစ်ကို ရယူနိုင်ခဲ့ခြင်းသည် ကောင်းကင်ဘုံကို လုံးဝ အံတုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ချူယွင်သည် ချင်ယွင်ကိုကြည့်ရင်း အနှိုင်းမဲ့ လေးစားလာမိသည်။

ချင်ယွင်၏ ပါရမီအရည်အချင်းအရဖြစ်စေ, သို့မဟုတ် သူ၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းအားအရဖြစ်စေ, မည်သည့်အရာဖြစ်ဖြစ် သူသည် လေးနက်စွာ ယုံကြည်မူရှိသည်။

တော်ယု၏ မျက်လုံးများမှာလည်း အလွန်အံ့အားသင့်စွာဖြင့် လင်းလက်သွားသည်။ ပြင်ပကမ္ဘာတွင်၊ ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းရည်က သူမကို ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။ ယခုဆိုလျှင် ချင်ယွင်သည် နတ်နဂါးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲနိုင်မည် ဟု သူမ မမျှော်လင့်ခဲ့ပေ။

အမြီးကိုးချောင်း မြေခွေးတစ်ကောင်အဖြစ်၊ သူမသည် သဘာဝအတိုင်း နတ်ဘုရား သားရဲ အမျိုးအစား အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ နတ်ဘုရားနဂါးများသည် နတ်ဘုရားသားရဲများ ကြားတွင် အမြင့်မြတ်ဆုံး တည်ရှိမှုဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ယခုအခိုက်အတန့်တွင် ချင်ယွင်သည် သူမနှလုံးသား၏ နက်ရှိုင်းသောနေရာမှ ပြင်းပြသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့ပြီး၊ ချင်ယွင်ကိုကြည့်သည့် သူမ၏ အကြည့်များသည် ပို၍ပင် မြတ်နိုးသည့် အမူအရာရှိလာခဲ့သည်။

တော်အန်းအနေဖြင့်မူ, သူမသည်လည်း ချင်ယွင်၏ ဆက်တိုက်ဆိုသလို လုပ်ဆောင်ခဲ့သည့် နည်းလမ်းကြောင့် ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ ယခုလေးတင်၊ ချင်ယွင်၏ လွှမ်းမိုးကြီးစိုး နိုင်စွမ်းရှိသော စွမ်းဆောင်မှုက သူမကို ထိန်းချုပ်၍မရအောင်ပင် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေ သည်။ ယခုအချိန်တွင် ချင်ယွင်သည် သူမမျက်လုံးထဲတွင် လုံးဝကို ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ဦး ဖြစ်သည်။

"ငါ့တပည့်ရဲ့ အသက်ကို ပြန်ပေး။" ထိုအချိန်တွင် ကောင်းကင်ယံမှ နောက်ထပ် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

အသက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း နတ်ဘုရားသားရဲကြီးအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ဤနတ်ဘုရားသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမခွေးဖြူကြီးကဲ့သို့ နှင်းဖြူရောင် ဖြစ်သည်။ သူသည် ချင်ယွင်ဆီသို့ အပြေးအလွှား ပြေးသွားစဉ် သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းများ ထွက်ပေါ်လာသည်။

"ရေဖြူရောင်စိမ့်လား?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာ သည်။

ရေဖြူရောင်စိမ့်သည် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သော်ငြားလည်း, ၎င်းသည် တိုက်ခိုက်ရာမှာ မကျွမ်းကျင်ပေ။ ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် သာမန် အထွတ်အထိပ် လူသား ကြယ်နတ်ဘုရားများထက် အနည်းငယ်သာ ပိုသန်မာသည်။ ထို့ကြောင့် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ လက်ရှိအသွင်ပြောင်းထားသည့် ပုံစံသည် လုံးဝ ပြောင်းလဲခြင်းမရှိစဉ်ကအတိုင်း တူညီလုနီးပါးပင်။

ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက်သွားခဲ့သည်။ မူလက သူသည် အသက်လတ်ပိုင်းအရွယ် အမျိုးသား၏အသက်ကို ချမ်းသားပေးချင် သော်လည်း ယခုတော့ မပေးချင်တော့ပေ။

ရေဖြူရောင်စိမ့်များသည် ၎င်းတို့၏ရန်ငြိုးများကို မှတ်သားပြီး အစဉ်ထာဝရ ရှင်သန်နေထိုင်ကြသူ ဖြစ်သည်။

ချင်ယွင်က သူ့တပည့်ကို သတ်ခဲ့ပြီး၊ ဤအမုန်းအာဃာတကို နက်ရှိုင်းစွာ ခံယူပြီးသွားပြီ။ အကယ်၍, သူ့ကို မသတ်ခဲ့ဘူးဆိုလျှင်, ရေဖြူရောင်စိမ့်သည် နောင်အနာဂတ်မှာ သူနှင့်ပတ်သက်ပြီး သေချာပေါက် ပြဿနာရှာလိမ့်မည်။

ချင်ယွင်က သူ့ကို မကြောက်သော်လည်း, သူ့ပတ်ဝန်းကျင်မှ လူတွေကို တွေးပြီး၊ သူမှာလည်း ရွေးချယ်စရာ မရှိတော့ပါဘူး။ ထို့ကြောင့် ဤရေဖြူရောင်စိမ့်သည် ယနေ့တွင် သေဆုံးရလိမ့်မည်။

ဘန်း..။

ချင်ယွင်သည် သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြေးလာနေသော ရေဖြူရောင် စိမ့်ကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးသည် ကြိုတင်ပြင်ဆင် ခြင်းမရှိဘဲ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး၊ ကြီးမားသော နဂါးခြေသည်းများကို ဖုံးလွှမ်းသွားသည်။

"ဘန်း..”။

ချင်ယွင်၏ကြီးမားလှသော နဂါးခြေသည်းကြီးသည် အညှာအတာမဲ့စွာ ရိုက်လိုက်ရာ ရေဖြူရောင်စိမ့်၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပြတ်တောက်ပြီး ၎င်း၏စိတ်ဝိညာဉ်ကို လုံးလုံး လျားလျား ကြေမွသွားစေခဲ့သည်။

မြေပြင်ပေါ်တွင် ကောင်းကင်တုန်လောက်သည့် ပေါက်ကွဲသံတစ်ခုလည်း ဖြစ်ပေါ်ခဲ့သည်။ မြေပြင်သည် လုံးဝ အက်ကွဲသွားကာ အက်ကွဲကြောင်းများသည် ကီလိုမီတာပေါင်းများ ကျယ်ပြန့်သွားသည်။ အတွင်းမှာ အနှိုင်းမဲ့ကြီးမားသော လမ်းကြောင်းကြီးတစ်ခု ပေါ်လာသည်။

ချင်ယွင်၏ ဧရာမခြေသည်းကြီး ထိမှန်သွားသည့် နေရာသည် တုနှိုင်းမရတဲ့ ကြီးမားသော ကောင်းကင်တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကီလိုမီတာသောင်းနှင့်ချီ၍ တုန်ခါသွားကာ အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။

ထိုခြေသည်းကြီးသည် ပြတ်သားစွာဖြင့် လျင်မြန်စွာ ရွေ့လျားသွားပြီး ၎င်း၏ စွမ်းအား သည် ချင်ယွင်၏ ယခင်တိုက်ခိုက်မှုများထက် ပို၍ပင် ကြောက်စရာကောင်းသည်။

ပတ်ဝန်းကျင်မှ လူတွေလည်း အံသြသွားပြန်သည်။ ထိတ်လန့်ခြင်းအပြင်, သူတို့သည် ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးကို ကြည့်နေရင်း အံ့ဩသွားကြသည်။

အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးသည် ထိုကဲ့သို့ ရိုက်သတ်ခံလိုက်ရသည်။ ထို့ပြင် ၎င်းသည် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်နေသေးသည်။ အကယ်၍, ဤသတင်းသာ ပြန့်သွားခဲ့လျှင်, ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်။

ချင်ယွင်သည် သူ့စိတ်ဝိညာဉ်တစ်ခုလုံး ကြေမွသွားသော ရေဖြူရောင်စိမ့်ကို ကြည့်ကာ သူ့စိတ်နှလုံးထဲတွင် သက်တောင့်သက်သာရှိစွာ သက်ပြင်းချလိုက်သည်။

သူ သက်ပြင်းတစ်ချက် ချပြီးနောက်တွင် ပြင်းထန်သော အားနည်းသည် ခံစားချက်က သူ့ခန္ဓာကိုယ်ကို ချက်ချင်း ပြည့်သွားစေသည် ။

"ဘုန်း”။

ချင်ယွင်၏ နဂါးခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး၊ သူသည် ကောင်းကင်မှ ပြိုလဲကျသွားတော့မည်။

"ချင်ယွင်…”။

အဝေးက တောင်ထိပ်ပေါ်မှာ ရပ်နေသော တော်ယုသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူမရုပ်အသွင်က လျင်မြန်စွာ ပြေးထွက်သွားသည်။ သူမခြေချောင်းတွေက လေဟာနယ် ထဲ နှစ်ကြိမ်သုံးကြိမ် ထိလိုက်သည်နှင့် သူမသည် ချင်ယွင်၏အနားမှာ ပေါ်လာပြီး ချင်ယွင်ကို ပွေ့ဖက်လိုက်ပါသည်။

သူမသည် ကြယ်နတ်ဘုရားနယ်ပယ်သို့ မ၀င်ရောက်သေးသော်လည်း အချိန်တိုအတွင်း ခုန်ပျံသွားလာခြင်းကို သူမ လုပ်နိုင်ပါသေးသည်။ ချင်ယွင်ကို ပွေ့ဖက်ပြီးနောက် သူတို့နှစ်ဦး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် လုံးဝသတိလစ်သွားကာ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ဖြင့် ပွေ့ဖက်ခံထားရကြောင်းကိုပင် သူ မခံစားရပေ။

ချင်ယွင်သည် မူးလဲသွားရုံသာဖြစ်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် မခံစားရသည်ကို သတိထားမိပြီးနောက် တော်ယုသည် သူမ၏ လှပသော မျက်နှာပေါ်ရှိ တင်းမာမှုများ ပျောက်ကွယ်သွားသော်လည်း, ရှက်ရွံ့သော မျက်နှာအမူအရာက အစားထိုးသွားသည်။

အဘယ့်ကြောင့်ဆိုသော်, သူမသည် ယခုအချိန်မှာ ချင်ယွင်၏ ခေါင်းတစ်ခုလုံးကို ပွေ့ဖက်ထားသောကြောင့် ဖြစ်ပါသည်။ သူမအနေဖြင့်, ဤသည်မှာ, ယောက်ျား တစ်ယောက်နှင့် ပထမဆုံးအကြိမ် နီးနီးကပ်ကပ် ထိတွေ့မိခြင်း ဖြစ်သည်။ ယခုမူ သူမသည် ချင်ယွင်က မေ့မြောနေသဖြင့် လွှတ်ပေးရန်လည်း တွန့်ဆုတ်နေခဲ့သည်။ သူမသည် မည်သည့်အရာကိုမှ မသိသလိုဟန်ဆောင်ကာ ချင်ယွင်ကို တိတ်တဆိတ် ပွေ့ဖက်လိုက်သည်။

ခပ်ဝေးဝေးတွင် ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ကြသည်။ မူလက သူတို့သည် အပြေးအလွှား သွားချင်သော်လည်း မမျှော်လင့်ဘဲ ဤမြင်ကွင်းကို မြင်ပြီး၊ ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။

'"ညီအစ်ကိုချင်က အရမ်းအစွမ်းထက်ရုံတင်မကဘူး အရမ်းလည်း ကံကောင်းတယ်။ ဒီမိန်းကလေးက ညီအစ်ကိုချင်ကို ချစ်နေတာ ထင်ရှားတယ်။ ရှစ်ပ်.. ရှစ်ပ်..၊ ဒီပုံစံက... ညီအစ်ကိုချင် မခံစားနိုင်တာ နှမြောစရာပဲ”။ ချူယွန်က ပြုံးပြီး သူ့မျက်နှာတွင် နောက်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီကောင်စုတ်လေးရဲ့ ကံတရားက အမြဲတမ်း ထူးထူးခြားခြားပဲ။ ဒါ့အပြင် သူ့ကို သဘောကျတဲ့လူတွေ အားလုံးကလည်း အလှလေးတွေချည်းပဲ။ တစ်ခါတလေကျတော့, သူ့ဆရာတစ်ယောက်အနေနဲ့ ငါတောင် မနာလိုဖြစ်မိတယ်။ ငါတို့နဲ့ ယှဉ်လိုက်ရင် သူ့ရဲ့ ကံတရားနဲ့ ပါရမီမှာပါ နှစ်ခုစလုံးက နတ်ဘုရားကမ္ဘာမှာတောင် ထိပ်တန်း တည်ရှိမှု တစ်ခုပဲ" ရှေးဟောင်းတာအိုက သူ့မျက်နှာပေါ်တွင် အပြုံးနှင့်အတူ ပြောလိုက်သည်။

"ရှစ်ပ်..၊ ငါ ညီအစ်ကိုချင်ကို လျှော့တွက်မိခဲ့ပြီ။ တကယ့်ကို ကံကောင်းခြင်းတွေက တစ်ခုထက်မက ရှိနေတာပဲ။" သို့သော်လည်း ထိုအချိန်တွင် ချူယွန်သည် နီထိုက်စွေ့နှင့် အခြားသူများရှိနေသည့် တောင်ထိပ်ကို လှမ်းကြည့်ရင်း စကားမပြောနိုင် ဖြစ်သွားရပြန် သည်။

တော်အန်းက နီထိုက်စွေ့ အနားမှာ ရပ်နေသည်။ သူမသည် အဝေးမှာ ချင်ယွင်ကို ပွေ့ဖက်ထားသည့် သူမအစ်မ တော်ယုကို လှမ်းကြည့်နေသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် အပြုံးအရိပ်တစ်ခုမျှ ရှိမနေဘဲ သူမ၏ အမူအရာမှာ ပို၍ ပို၍ပင် ရှုပ်ထွေးနေလာသည်။

All Chapters