← Chapters

အခန်း ၁၂၄၉

Vol. 84 Ch. 1249

အခန်း ၁၂၄၉

Vol. 84 Ch. 1249

အခန်း (၁၂၄၉) အလယ်လတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်။

တော်အန်းသည် သူ့အစ်မက ချင်ယွင်ကို ပွေ့ဖက်ထားသည့်မြင်ကွင်းကို ကြည့်ပြီး၊ အကြောင်းပြချက် တစ်ခုခုကြောင့် သူမစိတ်ထဲတွင် မကျေမနပ်ဖြစ်မူကို ခံစားခဲ့ရသည်။

ထိုမကျေနပ်မှု၏ သဲလွန်စက မည်သည့်နေရာမှ ရောက်ရှိလာသနည်း?။ အဘယ့်ကြောင့် မွေးဖွားလာလဲဆိုသည်ကို သူမ မသိပါဘူး။

ချင်ယွင်ကို ပွေ့ဖက်ထားသော သူမအစ်မကို ကြည့်ရုံမျှဖြင့် သူမ စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။

"ဒါဆို ငါလည်း သူ့ကို သဘောကျ နေလို့များလား?" တော်အန်းက အံ့အားသင့်စွာ ရေရွတ်ရင်း သူ့မျက်နှာပေါ်တွင် မယုံကြည့်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။

'"မဖြစ်နိုင်ဘူး။ ငါက ဒီလိုဖောက်ပြန်တဲ့ ကောင်ကို ဘယ်လိုလုပ် သဘောကျမှာလဲ?။ သူက လုံးဝ လူယုတ်မာတစ်ယောက်ပဲလေ။ သူ့ရဲ့ ချောမောတဲ့မျက်နှာ၊ ခွန်အား၊ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စိတ်သဘောထား၊ တစ်ချိန်က ငါတို့ကို ကယ်တင်ပေးခဲ့တဲ့ အချက်က လွဲရင်, သူက တခြားဘာတွေများ လုပ်နိုင်ဦးမှာလဲ။" တော်အန်းက ဆောလျင်စွာ ခေါင်းယမ်းလိုက်ပြီး ထိုအတွေးကို ဖယ်လိုက်သည်။

သို့သော် အဝေးကနေ ချင်ယွင်၏ရုပ်သွင်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးမှုနှင့်အတူ မကျေနပ်မှု အရိပ်အယောင်က သူမ၏နှလုံးသားထဲသို့ ပြန်လည် ဝင်ရောက်လာပြန်သည်။ သူမသည် အလွန်ဒေါသဖြစ်သွားသဖြင့် ခြေထောက်ကို နင်းဆောင့်ပြီး၊ သူမကိုယ်သူမ စိတ်ပျက်ကာ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။

တစ်ဖက်တွင်မူ၊ သူမအနားရှိ နီထိုက်စွေ့သည် ဤဖြစ်စဉ်တစ်ခုလုံးကို သူ့မျက်လုံးထဲတွင် မြင်တွေ့လိုက်ရသဖြင့် သူ၏ကြီးမားလှသော နွားမျက်လုံးများတွင် ခါးသီးမှု အရိပ်ယောင် ပေါ်လာသည်။

'"အာ…၊ ညီအစ်ကိုချင်၊ ငါလေးစားရတဲ့ ညီအစ်ကို, ငါ့နွားအိုကြီးလည်း ချောလွန်းပေမယ့် နွားမလေးတစ်ကောင်တောင် ရှာမတွေ့နိုင်ခဲ့ဘူး။ မင်းကတော့ ချောမောလှပတဲ့ မိန်းကလေနှစ်ယောက်ရဲ့ အသည်းနှလုံးသားကို လျှပ်တပြက် ဖမ်းစားလိုက်တာ ကောင်းရော့ကွာ။ အင်း..၊ ဒီလူက အခြားလူတွေနဲ့ယှဉ်ရင် တကယ်ကို ပြိုင်ဘက်ကင်းပဲ။ ငါ့အရိုးတွေ အစိပ်စိပ်မွှာမွှာ ပြန့်ကျဲသွားရင်တောင်, ငါ မင်းကို မယှဉ်နိုင်တော့ဘူး။ မင်းကို သက်ရှိမွန်းစတားလို့ ဘယ်သူ ပြောတာလဲ?။” နီထိုက်စွေ့သည် သူ့ကိုယ်သူ ရေရွတ်လိုက် ပြီး သူ့မျက်နှာမှာ အဆုံးမဲ့ လွမ်းဆွေးရိပ်များဖြင့် ပြည့်နေခဲ့သည်။ နီထိုက်စွေ့သည် မည်သို့ ရှင်သန်နေထိုင်ခဲ့ရလဲဆိုသည့်အကြောင်းကို တွေးတောနေဟန်ဖြင့် ကောင်းကင်ယံကို မျှော်ကြည့်နေလေသည်။

...

ချင်ယွင်သည် အိပ်ပျော်ရာမှ နိုးထလာချိန်မှာ, သုံးရက်မြောက်ပင် ရှိနေခဲ့ပြီ။

ချင်ယွင်သည် သုံးရက်ကြာ သတိလစ်နေခဲ့သည်။ သူသည် သုံးရက်လောက် သတိမေ့သွား ပြီး၊ တော်ယုသည်လည်း သူ့ကို သုံးရက်လုံးလုံး ထိုအတိုင်း ပွေ့ဖက်ထားသည်။

သို့သော် သူမျက်လုံးဖွင့်လိုက်သော အခါတွင် သူပထမဆုံး မြင်လိုက်ရသည်က နီထိုက်စွေ့ ၏ ရုပ်ဆိုးဆိုး မျက်နှာကြီး ဖြစ်နေသည်။

"ညီအစ်ကိုချင်, နောက်ဆုံးတော့ မင်း နိုးလာပြီလား" ချင်ယွင်သည် မျက်လုံးကို ဖွင့်ကြည့်လိုက်စဉ်, နီထိုက်စွေ့၏မျက်နှာက စိတ်လှုပ်ရှားနေသည့် အမူအရာ ပေါ်လာပါ သည်။

တော်ယုသည် ချင်ယွင် နိုးထလာတော့မည်ကို သိထားပုံရသည်။ ထို့ကြောင့် သူမသည် ရှက်ရွှံ့နေပြီး၊ နီထိုက်စွေ့ကို လှမ်းခေါ်ကာ၊ ချင်ယွင်ကို ပွေ့ဖက်ထားရန် နီထိုက်စွေ့ကို တောင်းဆိုခဲ့ပါသည်။

နီထိုက်စွေ့လည်း တွန့်ဆုတ်စွာဖြင့် သဘောတူလိုက်သည်။

"အန်း၊ ညီအစ်ကိုနီ၊ မင်း ငါ့ကို လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ပြုစုနေခဲ့တာလား။" ချင်ယွင်သည် မသိစိတ်က နီထိုက်စွေ့၏ ခိုင်ခံ့သော ရင်ဘတ်နှင့် အနက်ရောင် ရင်ဘတ် အမွေးအမှင်များကို စိုက်ကြည့်ကာ မေးလိုက်သည်။

သူသည် သတိလစ်မေ့မြောသွားသော်လည်း သူအိပ်မောကျသွားစဉ်မှာ နူးညံ့သိမ်မွေ့သော အတွေ့ထိကို ဖျတ်ခနဲ ခံစားလိုက်ရသည်။ ထိုနူးညံ့မှုက သူ့ကို အရမ်းကို သက်တောင့် သက်သာ ဖြစ်စေခဲ့သည်။ သို့သော် သူနိုးထလာသောအခါတွင် နီထိုက်စွေ့က သူ့ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် အချိန်အတော်ကြာ အောင် တွေးတော်ကြည့်သော်လည်း အတင်းအကြပ် ပါးစပ်ရှုံ့မဲ့ပြီး ထိုမေးခွန်းကို မေးလိုက်ရခြင်း ဖြစ်ပါသည်။

နီထိုက်စွေ့၏ မျက်နှာသည် ချက်ချင်းပင် ရှက်ရွံ့သော အမူအရာ ပေါ်လာသည်။ သို့သော် လည်း တော်ယုက သူ့ကိုကြည့်နေပြီး ပြောပြခွင့်မပြုသည်ကို သူ မြင်လိုက်ရသည်။ သူသည် ပါးစပ်အပြည့် တံတွေးတစ်ချက်မျှ မျိုချလိုက်ပြီး ခေါင်းညိတ်ပြလိုက်ရသည်။ အနက်ရောင် နွားအိုကြီးသည် ဝန်ခံလိုက်ပြီး အမှန်တကယ် ရှက်သွေးဖြာသွားသည်။

နီထိုက်စွေ့၏ နီရဲနေသော မျက်နှာကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ထွက်ကျလုမတတ်ပင်။ သူသည် ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး နီထိုက်စွေ့ကို ကန်ထုတ်လိုက်သည်။

"ထွက်သွားစမ်း”။

ချင်ယွင်သည် ခုနှစ်ရောင်ခြယ် အငွေ့အသက်နှင့်အတူ အော်ဟစ်လိုက်ပြီး၊ သူ့ပါးစပ်ထောင့်က နာကျင်မူနှင့်အတူ ရှုံ့မဲ့သွားသည်။

တစ်ဖက်တွင်မူ၊ နီထိုက်စွေ့သည် ကြာပန်းခါးကို စားမိလိုက်သလိုမျိုး သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အမူအရာ ရှိသည်။

နီထိုက်စွေ့ကို မောင်းထုတ်ပြီးနောက်၊ ချင်ယွင်သည် သူ့နှလုံးသားအတွင်း စိတ်ဓာတ်ကျမှု ကို အတင်းမောင်းထုတ်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

ဒဏ်ရာများသည် သူ့အတွက် အလွန်နာကျင်သော်လည်း ၎င်းသည် ရှားပါးသော အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။

ယခုအခါတွင် သူ၏ရုပ်ခန္ဓာကိုယ်သည် အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည် အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။

သူသည် အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏ ခွန်အားသည် တဖန် တိုးမြင့်လာလိမ့်မည်။ ဤနည်းအားဖြင့်၊ သူသည် နတ်ဘုရားတန်ခိုးလေးခု၏ ပေါင်းစပ်စွမ်းအားကို အသုံးရန် မလိုအပ်တော့ပဲ, နတ်ဘုရားတန်ခိုးသုံးခု၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုရုံဖြင့်ပင် အထွက်အထိပ် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင် တိုက်ခိုက်နိုင်ပါလိမ့်မည်။

သေချာသည်မှာ, ချင်ယွင်သည် အဆင့်ချိုးဖြတ်ပြီးနောက် သူ့ခန္ဓာကိုယ်သည်လည်း အရမ်းကို ကြံ့ခိုင်လာပါလိမ့်မည်။ ဤနည်းဖြင့် သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားတန်ခိုး လေးခု၏ ပေါင်းစပ်စွမ်းအားကို ခံနိုင်ရည်ရှိလာလိမ့်မည်။ နတ်ဘုရားတန်ခိုးလေးခု၏ ပေါင်းစပ်စွမ်းအားကို အသုံးပြုနိုင်စွမ်းက ပို၍ပင် ကြီးမားလာပါလိမ့်မည်။ အထွက်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်တွင် မည်သူမျှ သူ့ပြိုင်ဘက်ဖြစ်လာမည် မဟုတ်ဟု ခန့်မှန်းရပါ သည်။ အထွက်အထိပ် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိလာနိုင်မည်။

ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်း၏ ခွန်အားသည် ချီသန့်စင်မှုထက် အမြဲတမ်း အဆင့် တစ်ခု မြင့်မားနေခဲ့သည်။ သို့သော်, သေချာသည်မှာ, အထွတ်အထိပ် ကြယ်နတ်ဆိုး နတ်ဘုရား ကျွမ်းကျင်သူများသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်ရန် ဝေးကွာနေပါသေးသည်။

ထို့ကြောင့်, အကယ်၍, ချင်ယွင်သည် မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်လိုပါက၊ သူသည် နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။ ထို့အပြင်၊ သူသည် တိုက်ပွဲမစခင် သူ၏နတ်ဘုရားတန်ခိုးအားလုံးကို ပေါင်းစပ်ရန်အထိ စောင့်ဆိုင်းရဦးမည်။

သို့သော်၊ ယခုအချိန်တွင် ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ, သူသည် အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်ရန် ဖြစ်သည်။

ဘန်း..။

ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးမှိတ်ပြီး နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို စတင် ဖြန့်ချီလိုက်သည်။

နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်၏ စွမ်းအားသည် သာမန် ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနည်းများထက် နတ်ဘုရား အမြုတေကို ပိုမို အားကောင်းစေရုံသာမက ၎င်း၏ ကျင့်ကြံမှုအမြန်နှုန်းသည်လည်း အစွမ်းထက်သော ဖင်းဂေါ့ဂ်ခန္ဓာကိုယ်ကို သန့်စင်ခြင်းနည်စနစ်များထက် ပိုမိုအားကောင်းကြောင်း သိထားရမည်။

ဘန်း..။

ချင်ယွင်၏ သွေးနီရောင် နတ်ဘုရားအမြုတေသည် သူ့ခန္ဓာကိုယ်မှ ပျံထွက်သွားပြီး သူ့ဉီးခေါင်းထက်တွင် ပျံဝဲနေသည်။

နတ်ဘုရားအမြုတေသည် အနှိုင်းမဲ့ အစွမ်းထက်သော နတ်ဆိုးနတ်ဘုရားစွမ်းအားကို ထုတ်လွှတ်နေပြီး ထိုနတ်ဆိုးနတ်ဘုရားစွမ်းအားက အဆက်မပြတ် တိုးမြင့်လာနေဆဲပင်။ ရှင်းနေသည်မှာ, ၎င်းသည် အဆင့်ဖြတ်ကျော်ခြင်း၏ အတားအဆီးသို့ ရောက်နေပြီ ဖြစ်သည်။

ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ် ပျံ့နှံ့လာသည်နှင့်အမျှ ကြီးမားသော စွမ်းအင်စီးကြောင်းများသည် ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်အတွင်း ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းစွမ်းအင်များသည် ချင်ယွင်၏ သွေးနီရောင် နတ်ဘုရားအမြုတေဆီသို့ အရူးအမူး တိုးဝင်လာကြပြီး ၎င်းအတွင်းမှာ စုရုံးလာခဲ့သည်။

ရှေးဟောင်းစွမ်းအင်များ သွန်းလောင်းပြီးနောက်၊ ချင်ယွင်၏နတ်ဘုရားအမြုတေပေါ်ရှိ စွမ်းအင်အတက်အကျလှိုင်းများသည် ပို၍ပင် အားကောင်းလာသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချင်ယွင်၏ကျင့်ကြံမှုကို ကြည့်ကာ အံ့အားသင့်နေကြသည့် အမူအရာများကို ထုတ်ဖော်လာကြသည်။

အထူးသဖြင့် နီထိုက်စွေ့ ဖြစ်သည်။ ချင်ယွင်၏ ဦးခေါင်းထက်မှ သွေးနီရောင် နတ်ဘုရား အမြုတေကို မြင်လိုက်ရသောအခါတွင် သူ့မျက်လုံးများသည် ပြူးကျယ်လာပြီး သူ့မျက်နှာက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

"ကောင်းလိုက်တာ...၊ ဘယ်လောက်တောင် အစွမ်းထက်တဲ့ နတ်ဘုရားအမြုတေလဲ။ အဲဒါက အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ်မှာပဲ ရှိသေးတယ်။ ညီအစ်ကိုချင်ရဲ့ နတ်ဘုရားအမြုတေက ငါ့ထက် သုံးဆပိုအားကောင်းနေတာ သေချာတယ်။ ဘယ်လို ညီအစ်ကိုချင်က ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်ကို လေ့ကျင့်ထားတာပါလိမ့်။ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။” နီထိုက်စွေ့က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အဝေးမှ ချူယွန်နှင့် တော်ညီအစ်မများလည်း အံ့အားသင့်သွားကြသည်။ ချင်ယွင်၏ သွေးနီရောင် နတ်ဘုရားအမြုတေအတွင်း ပါရှိသော စွမ်းအားသည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို သူတို့ ခံစားနိုင်သည်။ ယခုတော့ ချင်ယွင်သည် အဘယ်ကြောင့် ကောင်းကင်ကို အံတုနိုင်သော တိုက်ခိုက်ရေး စွမ်းအား ပိုင်ဆိုင်ထားသည်ကို နောက်ဆုံးတွင် သူတို့ သိသွားကြသည်။ ဤကြယ်နတ်ဆိုးနတ်ဘုရား၏ နတ်ဘုရား အမြုတေတစ်ခုတည်းကပင် သာမန်လူများနှင့် လမ်းပေါင်းများစွာ ဝေးကွာနေပါပြီ။

ဘန်း..။

လူတိုင်း အံ့ဩနေကြစဉ်မှာ, ချင်ယွင်၏ ဦးခေါင်းထက်ရှိ သွေးနီရောင် နတ်ဘုရား အမြုတေကနေ ပြင်းထန်သော နတ်ဆိုးနတ်ဘုရားတစ်ပါး၏ စွမ်းအင်အတက်အကျလှိုင်း များ ပျံ့နှံ့ထွက်ပေါ်လာသည်။

"မင်း အဆင့်ဖြတ်ကျော်မူတစ်ခု ပြုလုပ်ပြီးသွားပြီလား?" လူတိုင်းက ကိုယ့်ကိုကိုယ် တွေးလိုက်ကြသည်။

ဘန်း..။

ဟုတ်ပါသည်,၊ ထိုပေါက်ကွဲသံက လူတိုင်း၏နှလုံးသားထဲမှာ ထွက်ပေါ်လာပြီးနောက်, ချင်ယွင်၏ ဦးခေါင်းထက်မှ သွေးနီရောင် နတ်ဘုရားအမြုတေသည် ရုတ်တရက် သူ၏ နတ်ဆိုးနတ်ဘုရားစွမ်းအားကို ကန့်သတ်လိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ နတ်ဆိုးနတ်ဘုရား စွမ်းအား အားလုံးကို မျိုချစုပ်ယူပြီးနောက် ရုတ်တရက် တုန်လှုပ်သွားသည်။

"ဘုန်း”။

ထို့နောက်တွင် ပြင်းထန်သော နတ်ဆိုးနတ်ဘုရား စွမ်းအားသည် ပေါက်ကွဲပြီး ကီလိုမီတာ ထောင်ပေါင်း များစွာအထိ လွင့်ပျံသွားသည်။

"သူ အဆင့်ဖြတ်ကျော်သွားပြီ။ သူ တကယ်ပဲ အဆင့်ဖြတ်ကျော်သွားခဲ့ပြီ။" အဝေးက လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားသည့် အမူအရာတွေကို ထုတ်ဖော်ပြသလာကြသည်။ အဘယ့်ကြောင့်ဆိုသော်, ယခုအချိန်မှာ ချင်ယွင်၏ သွေးနီရောင် နတ်ဘုရားအမြုတေကနေ ထုတ်လွှတ်လိုက်သည့် နတ်ဆိုးနတ်ဘုရား စွမ်းအားသည် အလယ်လတ် ကြယ်နတ်ဆိုးနတ်ဘုရားနယ်ပယ်အဖြစ်သို့ အံ့ဩဖွယ်ရာ ပြောင်းလဲသွားသောကြောင့်ပင်။

တစ်နည်းဆိုရသော် ချင်ယွင်သည် အလယ်လတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ လုံးလုံးလျားလျား ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်၊ ချင်ယွင်သည် နိုးထလာခြင်း မရှိသေးသောကြောင့် သူ၏မျက်ခုံးနှစ်ခုကြားရှိ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် အမှန်တကယ် လှုပ်ရှားသွားသည်ကို သူ သတိမထားမိလိုက်ပါချေ။

All Chapters