← Chapters

အခန်း ၁၂၅၀

Vol. 84 Ch. 1250

အခန်း ၁၂၅၀

Vol. 84 Ch. 1250

အခန်း (၁၂၅၀) ကြယ်တစ်ပွင့်နတ်ဆိုးကျွန်။

ဘန်း..။

နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် နံနက်ခင် ခေါင်းလောင်းသံကဲ့သို့ တုန်ခါနေပြီး ညနေပိုင်း ဗုံတီးသံကဲ့သို့ ကီလိုမီတာ ထောင်နှင့်ချီ၍ မြည်ဟီးနေသည်။

ချင်ယွင်သည် ဘုန်းကြီးတစ်ပါးကဲ့သို့ ငြိမ်သက်နေ၏။

နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားထဲတွင် ကောင်းကင်နှင့်မြေကြီး၏ နယ်မြေတစ်ခု ပါရှိနေ သည်။ ထိုအခိုက်တန့်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်တစ်ခုလုံးကို နတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားက ဝါးမျိုသွားခဲ့ပြီး သူသည် ကောင်းကင်နှင့်မြေကြီး၏ ထိုနယ်မြေဒေသတွင် ရှိနေခဲ့သည်။

ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားအတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ နယ်မြေ အတွင်းမှာ ရပ်နေခဲ့သည်။ သူ့မျက်လုံးတွေက ပတ်ဝန်းကျင်ကို ကြည့်ရူစစ်ဆေးရင်း, သူ့မျက်လုံးထဲမှာ အံ့သြစရာ အရိပ်အယောင်တွေ ပေါ်လာပါသည်။

ဤသည်မှာ ဘာမှမရှိသည့် အချည်းနှီးကမ္ဘာတစ်ခု ဖြစ်ခဲ့သည်။ ကောင်းကင်ကြီးဖြစ်စေ, ကမ္ဘာမြေကြီးဖြစ်စေ, နတ္ထိစွမ်းအင်ဖြင့် ဖွဲ့စည်းထားပါသည်။ အဝေးမှာ အဆုံးမသတ်နိုင် သည့် အဖြူရောင်ကြီး ဖြစ်နေသည်။ မည်သည့် ဖွဲ့အစည်းမူမှ ရှိမနေခဲ့ပါ။

သူ ခြေလှမ်းလိုက်စဉ်မှာ, သူသည် ရေကန်တစ်ခုပေါ်သို့ နင်းသွားရသကဲ့သို့ သူ့ခြေဖဝါး အောက်တွင် လှိုင်းလုံးများ ပေါ်လာသည်။

သို့သော်လည်း, ထိုအရာများသည် ချင်ယွင်ကို တုန်လှုပ်စေပြီး အံ့အားသင့်သွားစေသည့် အကြောင်းရင်းများ မဟုတ်ပေ။ ချင်ယွင်ကို အမှန်တကယ် အံ့အားသင့်စေသည့် အကြောင်းအရင်းမှာ သူ့ရှေ့တွင် ရပ်နေသော နတ်ဆိုးနတ်ဘုရား၏ ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် ဖြစ်သည်။

မှန်ပါသည်။ ဤကြီးမားလှသော နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးသည် နတ်ဆိုး နတ်ဘုရားကမ္ပည်းပြားက သိမ်းယူသွားခဲ့သည့် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ ရုပ်အလောင်းကြီး အတိအကျပင်။

သို့သော် ခြားနားချက်မှာ ယခုအခါ မြေကမ္ဘာနတ်ဆိုးနတ်ဘုရားသည် အသက်ရှင်နေဆဲ ဖြစ်သည်။ သူ့မျက်လုံးများက ပြူးကျယ်နေပြီး သူ့ခန္ဓာကိုယ်သည် နတ်ဆိုးနတ်ဘုရား၏ အနှိုင်းမဲ့ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းသည် ကောင်းကင်ကို မော့ရင်း အော်ဟစ်နေသည်။ ၎င်းမြင်ကွင်းသည် ဆူနာမီနှင့် မုန်တိုင်းတွေ တဟုန်းဟုန်း တိုက်ခတ်နေသည်နှင့် ပိုတူပါသည်။

ကံကောင်းထောက်မစွာ၊ မြေကမ္ဘာနတ်ဆိုးဘုရား၏ လက်များ၊ ခြေထောက်များနှင့် လည်ပင်းတို့ကို လေဟာနယ်ထဲမှ ဆန့်ထွက်နေသော သံကြိုးကြီးများဖြင့် ချည်နှောင်ထား သည်။ သူ မည်မျှပင် ရုန်းကန်ကြိုးစားနေပါစေ, သံကြိုးကြီးကနေ မလွတ်မြောက်နိုင်ခဲ့ပါ ဘူး။ ၎င်းသည် အဆက်မပြတ် ဟိန်းဟောက်နေရုံသာ တတ်နိုင်ပြီး၊ ကြောက်မက်ဖွယ် အော်ဟစ်အသံကို ဖြစ်ပေါ်စေသည်။

"ဟင်... ဘာဖြစ်နေတာလဲ?" ချင်ယွင်က မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။

ယခင်က သူသည် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ အလောင်းကို ကြည့်ရှုစစ်ဆေးခဲ့ဖူး သည်။ အလောင်း၏ အမြုတေသည် ကွဲအက်သွားကာ အတွင်း၌ နတ်ဘုရားစိတ်ဝိညာဉ် ပျောက်ကွယ်နေပြီကို တွေ့ရှိခဲ့ရသည်။ ၎င်းသည် အသက်မရှိသည့် ခန္ဓာကိုယ်တစ်ခု အဖြစ်သာ ကျန်ရစ်တော့သည်။ သို့သော်၊ ယခုအခါ, မြေကမ္ဘာနတ်ဆိုးနတ်ဘုရားသည် သူ့ရှေ့တွင် ရုန်းကန်နေရသော သက်ရှိသတ္တဝါတစ်ကောင်နှင့် တူသည်။ ယင်းက ချင်ယွင်ကို မယုံနိုင်လောက်အောင်ပင် ခံစားရစေသည်။

သူ့ရှေ့မှ မြေကမ္ဘာနတ်ဆိုးနတ်ဘုရားသည် သတိလစ်သွားပုံမပေါ်ဘဲ၊ သူသည် ရူးသွပ်သွား ကာ အလိုလိုဗီဇကြောင့် ဟိန်းဟောက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ယင်းကပင် ချင်ယွင်ကို တုန်လှုပ်စေခဲ့သည်။

"ဒါက နတ်ဆိုးကျွန်ပဲ..”။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာ, ရင်သပ်ရှုမောဖွယ် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဘယ်သူလဲ?။ ဘယ်သူပြောနေတာလဲ" ချင်ယွင်သည် ချက်ချင်းပင် ပတ်ဝန်းကျင်ကို စူးစူး စိုက်စိုက် ကြည့်လိုက်သည်။ သို့သော်၊ ရူးသွပ်နေသော နတ်ဆိုးနတ်ဘုရားကြီးမှ လွဲ၍ ပတ်ဝန်းကျင်တွင် မည်သည့် လူအရိပ်ယောင်မျှ မရှိပေ။

"ငါက အဲဒီနတ်ဆိုးနတ်ဘုရား ကမ္ပည်းပြားပဲ။ ငါက ဒီလေဟာနယ်အတွင်း နေရာတိုင်းမှာ ရှိတယ်။" ထိုဝိညာဉ်ပုံရိပ်ထံမှ ဆက်လက်၍ မြည်လာသည်။

"နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားလား? ခင်ဗျားက ပစ္စည်းဝိညာဉ်လား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

သူသည် ထိုနတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ ပိုင်ရှင်အဖြစ် အသိမှတ်ပြုခဲ့သော်လည်း၊ သူသည် ၎င်းနှင့်ပတ်သက်ပြီး မည်သည့်အရာမှ မသိသလို၊ ၎င်းကိုလည်း လုံးဝ မထိန်းချုပ် နိုင်ခဲ့ပါဘူး။ ယခင်က သူသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားကြီး သူ့ဘာသာသူ လှုပ်ရှား လာသည်ကို မြင်လိုက်ရသည့်အခါ၊ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားအတွင်းမှာ ပစ္စည်း ဝိညာဉ်ရှိနေမည်ဟု ချင်ယွင် ခန့်မှန်းပြီးသား ဖြစ်သည်။

"ပစ္စည်းဝိညာဉ်လား...? ဒီလိုပါပဲ.." သိမ်မွေ့သောအသံက ရယ်မောလိုသည့် အရိပ်အမြွက် ဖြင့် အတည်မပြုဘဲ ပြောလိုက်သည်။

'"ချင်ယွင်၊ မင်းက ငါ့ကို မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုထားပြီးသားဆိုတော့ မင်းက ငါ့သခင်ပဲပေါ့လေ။ ဒါပေမယ့် မင်းရဲ့စွမ်းအားက အရမ်းကို အားနည်းနေတာကြောင့် မင်းအနေနဲ့ ငါ့စွမ်းရည်တွေကို အသုံးမချနိုင်သေးဘူး။ ဒါကြောင့် မင်းအနေနဲ့ ငါ့ကို ထိန်းချုပ်ချင်တယ်ဆိုရင် မင်းရဲ့ကိုယ်ပိုင်ခွန်အားကို တိုးတက်လာအောင် အရင်လုပ်ရ မယ်။" သိမ်မွေ့သောအသံက ဆက်၍ မြည်ဟီးလာပြန်သည်။

"ခွန်အားက အားနည်းနေတာလား?။ ဒါဆို ဘယ်နယ်ပယ်ကို ရောက်ဖို့လိုလဲ" ချင်ယွင်က မထိန်းနိုင်ဘဲ အံ့သြတကြီး မေးလိုက်ပါသည်။

ယခုဆိုလျှင် သူသည် အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် နတ်ဘုရားကမ္ဘာ၏အောက်ခြေမှာသာ ရှိနေသေးသော်လည်း ထိုကဲ့သို့ ခွန်အားမျိုးဖြင့် အသုံးမချနိုင်သော ရတနာ မရှိပါဘူး။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ကိုပင် သူသည် တိုက်ရိုက် အသုံးပြုနိုင်ပါသည်။ ဤနတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ အဆင့်က ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတွေထက် ပိုမြင့်နေသလား။ သို့သော်၊ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းထက် ပိုအဆင့်မြင့်သော ရတနာများရှိသေးကြောင်းကို သူ မည်သည့်အခါမှ မကြားဖူးချေ။ ဤအရာက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။

နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် ချင်ယွင်၏ အတွေးအမြင်များကို မြင်တွေ့ခဲ့ရ ပုံရပြီး ဆက်ပြောသည် "ဒီကမ္ဘာကြီးရဲ့ အရွယ်အစားက မင်း စိတ်ကူးယဉ်ထားတာထက် အများကြီး ကွာခြားတယ်။ မင်းသိထားရမှာက မင်းရဲ့စကြာဝဠာနယ်ပယ်ကို အဆက် မပြတ် မြှင့်တင်နေဖို့ပါပဲ။ တခြားကြယ်နတ်ဘုရားတွေ, မြေကမ္ဘာနတ်ဘုရားတွေ၊ ကောင်းကင်နတ်ဘုရားတွေနဲ့ ဘိုးဘေးနတ်ဘုရားတွေအတွက်တော့, သူတို့အားလုံးဟာ စကြဝဠာရဲ့အနှစ်သာရကို ကျင့်ကြံနိုင်မှသာလျှင် စစ်မှန်သော တော်ဝင်တာအိုကို ပိုင်ဆိုင်လိမ့်မယ်”။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့မျက်နှာက ထိတ်လန့် တုန်လှုပ်သွားသည် ။

သူ၏ကနဦးစကြဝဠာကျင့်ကြံမှုအား အခြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖော်ပြခဲ့ခြင်း မပြုခဲ့ပေ။ ထိုအကြောင်းကို ရှေးဟောင်းတာအို ဆရာသခင်တစ်ဦးသာလျှင် သိပါသည်။ သို့သော်၊ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ ပစ္စည်းဝိညာဉ်သည် ၎င်းအကြောင်းကို အမှန်တကယ် သိရှိနေခဲ့သည်။ ဤအရာက ဖြစ်နိုင်သည်ဟု ချင်ယွင် လုံးဝ မထင်ထားသည့် အရာဖြစ်သည်။

"ကျုပ်မှာ စကြာဝဠာတစ်ခုရှိတယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ် သိတာလဲ" ချင်ယွင်သည် မမေးမီ ခဏမျှ တုံ့ဆိုင်းသွားသေးသည်။

"ဟား...၊ ဟား...၊ တကယ်လို့, မင်းသာ စကြဝဠာတစ်ခုကို ပိုင်ဆိုင်ထားတာ မဟုတ်ရင်, ငါရဲ့သခင်အဖြစ် မင်းကိုယ်မင်း အသိအမှတ်ပြုနိုင်မယ်လို့ ထင်နေတာလား?။" နတ်ဆိုး နတ်ဘုရားကမ္ပည်းပြား၏ ပစ္စည်းဝိညာဉ်က ပြန်ပြောသော်လည်း၊ ချင်ယွင်ကို သူ၏သခင် အဖြစ် လုံးဝ မမှတ်ယူထားသကဲ့သို့ ၎င်း၏လေသံက လွှမ်းမိုးကြီးစိုးလွန်းနေသည်။

ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ ဤကဲ့သို့ စကားပြော ဆိုနိုင်သော ပစ္စည်းဝိညာဉ်ကို သူ့အနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား ပစ္စည်းဝိညာဉ်၏ စကားလုံးများမှတဆင့် ချင်ယွင်ကို အရာများစွာ နားလည်စေခဲ့သည်။

သူ့စိတ်ထဲမှာ မထင်မှတ်ထားသည့် မှန်းဆချက်တစ်ခု ရှိလာခဲ့ပြီး၊ ထိုခန့်မှန်းချက်က ချင်ယွင်ကို အဆုံးမရှိ တုန်လှုပ်သွားစေခဲ့ပါသည်။

နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် ဤစကြဝဠာမှ ရောက်လာခြင်း မဟုတ်ဘဲ အပြင်ဘက် ကောင်းကင်ဘုံတစ်ခုမှ (အခြားစကြာဝဠာ)တစ်ခုမှ ရောက်လာခြင်း ဖြစ်မည်ဟု သူသည် ယောင်ဝါးဝါး ခံစားမိသည်။ ကောင်းကင်ဘုံ၏တန်ခိုး စွမ်းအားသည် တာအို၏ အဆုံးမဟုတ်ကြောင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း ဤအရာများသည် သူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ သူ မမေးမြန်းခဲ့ပါဘူး။ ထို့အပြင်၊ အကယ်၍, သူ မေးမြန်းခဲ့လျှင်ပင် နတ်ဆိုးနတ်ဘုရား ပစ္စည်းဝိညာဉ်သည် မည်သည့်အရာကိုမျှ တုန့်ပြန် ပြောမည်မဟုတ်ဟု ထင်ရသည်။

"အယ်..၊ ဒါက ပစ္စည်းဝိညာဉ်လား..?" ချင်ယွင်က မေးမြန်းချင်သော်လည်း နတ်ဆိုး နတ်ဘုရားကမ္ပည်းပြား၏ ပစ္စည်းဝိညာဉ်ကို မည်သို့ ခေါ်ရမှန်း မသိပေ။

"ငါ့ကို ရော့လို့ပဲ ခေါ်ပါ" "ပစ္စည်းဝိညာဉ်၏ အသံသည် ထပ်၍ ထွက်ပေါ်လာပြန်သည်။

"ရော့၊ ခင်ဗျား ခုနကပြောခဲ့တဲ့ နတ်ဆိုးကျွန် ဘာဖြစ်သွားတာလဲ။ ပြီးတော့ သူက သေသွားပြီဆိုတာ သေချာပါတယ်။ သူ အခု ဘာလို့ အသက်ရှင်နေသေးတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒီနတ်ဆိုးကျွန်လို့ခေါ်တဲ့အရာက သဘာဝအတိုင်း သတိလွတ်နေတဲ့ နတ်ဆိုးနတ်ဘုရား တစ်ပါးပဲ။ သူတို့မှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ပိုင်ဆိုင်ထားပေမယ့်, သူတို့မှာ ကိုယ်ပိုင် အသိဥာဏ် မရှိကြဘူး။ နတ်ဆိုးကျွန်များကို ကြယ်ကိုးပွင့်နဲ့ ခွဲခြားထား သည်။ သူက အနိမ့်ဆုံးအဆင့် ကြယ်တစ်ပွင့် နတ်ဆိုးကျွန်ပဲ။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကတော့ အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်နဲ့ ညီမျှသည်။ သူ ဘာကြောင့် အသက်ပြန်ရှင်လာတာလဲ ဆိုတော့ သူ့ရဲ့ နတ်ဘုရားအမြုတေကို ငါက ပြန်လည် ပေါင်းစည်းပေးလိုက်လို့ပဲ။ ဒါပေမယ့် သူ့ရဲ့ နတ်ဘုရားအမြုတေမှာ စိတ်ဝိညာဉ် မရှိဘူး။ ဒါကြောင့် သူက ရှေ့ဆက်မတိုးတက်နိုင်တော့ဘူး” လျိုဘိုက ပေါ့ပါးသော လေသံဖြင့် ရှင်းပြသည်။ (လျှိုဘိုသည် ရော့ခ်၏နာမည်ဖြစ်နိုင်ပါသည်)။ ရှေ့ဆက်ပြီး အတွေ့များသည့်နာမည်ကို ဦးစားပေးရေးပါမည်။)

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အလွန်မင်း အံ့အားသင့်သွားခဲ့သည်။ မြေကမ္ဘာ နတ်ဘုရား၏ အမြုတေတစ်ခုကို ပေါင်းစည်းသိပ်သည်းရန်အတွက် မြေကမ္ဘာနတ်ဆိုး နတ်ဘုရားတစ်ပါး၏ အလောင်းကို အသုံးခြင်း။ ထိုနတ်ဘုရားစွမ်းရည်သည် မည်မျှ အစွမ်းထက်လိုက်သနည်း?။ ထိုအပြင်, ထိုနတ်ဆိုးကျွန်သည် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား နယ်ပယ်၏ အစောပိုင်းကျင့်ကြံမူအဆင့်မှာ ရှိနေသော်လည်း ကြယ်တစ်ပွင့်သာ ရှိနေသေး သည်။ ထိုသို့ဆိုလျှင်, ကြယ်ကိုးပွင့် နတ်ဆိုးကျွန်သည် မည်သည်စွမ်းအားမျိုးကို ပိုင်ဆိုင် ထားမည်နည်း?။

ဘိုးဘေးနတ်ဆိုးနတ်ဘုရားဆိုရင်ရော...?

ချင်ယွင်က ဤအကြောင်းကို ဆက်မတွေးရဲတော့ပေ။ အဆုံးတွင်, ဘိုးဘေးနတ်ဘုရား အဆင့်ရှိသည့် အလောင်းတစ်လောင်းကို ရှာတွေ့ခြင်းက ကောင်းကင်ဘုံကို ပျံတက်ခြင်း ထက်ပင် ခက်ခဲပါလိမ့်မည်။

“ဒါဆို ဒီနတ်ဆိုးကျွန်တွေကို ငါ ဘယ်လို ထိန်းချုပ်ရမလဲ?။ ချင်ယွင်က ဆက်မေးသည်။

လျိုဘိုသည် သူ့ကို ဤနေရာသို့ ခေါ်လာခဲ့သည်ကို သူ သိသည်။ ထို့ကြောင့် သူ့ကို ဒီအကြောင်း မပြောဘူးဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ သူသည် သူ့ကို ဒီနတ်ဆိုးကျွန်ကို ထိန်းချုပ်ခိုင်းလို၍ ဖြစ်ရမည်။

သေချာပေါက် သိရမှာပေါ။ လျိုဘိုက ဆက်ပြောသည် "ဒီနတ်​ဆိုးကျွန်​ကို ထိန်းချုပ်​ဖိုက အရမ်းလွယ်​ပါတယ်​။ မင်းက ဒီနတ်ဆိုးကျွန်ရဲ့ နတ်ဘုရားအမြုတေဆီ အာရုံစိုက်ပြီး မင်းရဲ့စိတ်စွမ်းအားကို ပို့လွှတ်ဖို့ပဲ လိုအပ်တယ်။ ပြီးရင် မင်းက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ် နိုင်ပြီး မင်းအတွက် တိုက်ပွဲဝင်ခိုင်းလို့ရပြီ။ ဒါပေမယ့်, မင်းရဲ့ လက်ရှိ စိတ်ဝိညာဉ် အခြေအနေအရ၊ ဒီကြယ်တစ်ပွင့် နတ်ဆိုးကျွန်ကို ထိန်းချုပ်ဖို့တောင် နည်းနည်း ခက်မယ့်ပုံပဲ။ မင်းအနေနဲ့ အနည်းဆုံး အမွှေးတိုင်တဝက်ထိန်းညှိချိန်လောက်သာ ထိန်းနိုင်လိမ့်မယ်”။

"ဒီလိုလား?။ ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်မှ ပုံရိပ်တစ်ခုက ကွဲထွက်သွားကာ၊ ကြယ်တစ်ပွင့် နတ်ဆိုးကျွန်ဆီသို့ စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ်အထဲသို့ နစ်မြုပ်သွားခဲ့သည်။

ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေကမ္ဘာနတ်ဆိုးဘုရား၏ ခန္ဓာကိုယ်ကို လုံးလုံး လျားလျား ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရသည်။ သူ့ကိုယ်ခန္ဓာတွင် ပါရှိနေသည့် အစွမ်းထက်သော စွမ်းအားက သူသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သည့် အလား ခံစားလိုက်ရသည်။

“အတော် သန်မာတာပဲ” အမွှေးတိုင်တစ်ဝက် ထွန်းညှိချိန်က လုံလောက်ပါပြီ။” မြေကမ္ဘာ နတ်ဆိုးဘုရား၏ မျက်လုံးများသည် အနှိုင်းမဲ့ ထက်ရှသော အလင်းရောင်ဖြင့် တောက်ပနေ သည်။

All Chapters