← Chapters

အခန်း ၁၂၅၁

Vol. 84 Ch. 1251

အခန်း ၁၂၅၁

Vol. 84 Ch. 1251

အခန်း (၁၂၅၁) ပြင်းထန်သော အားနည်းခြင်း၏ခံစားချက်

ချင်ယွင်၏ စိတ်သည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားမှ ပြန်ထွက်လာသောအခါ သူသည် ပြင်းပြင်းထန်ထန် အားနည်းသွားသည့် ခံစားချက်ကို ထင်ရှားစွာ ခံစားခဲ့ရသော်လည်း သူ၏ စိတ်သည် အလွန် စိတ်လှုပ်ရှားသွားသည်။

အစောပိုင်းက သူသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ လေဟာနယ်အတွင်းရှိ မြေကမ္ဘာ နတ်ဆိုးဘုရား၏ ခန္ဓာကိုယ်မှ ခွန်အားကို ခံစားခဲ့ရသည်။ လက်တဖက် မြောက်လိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖြိုခွင်းနိုင်သည့် ခံစားချက်က ကြည်နူးစရာ ကောင်းလွန်းသည်။ ထို့ကြောင့်, သူသည် ထိုစွမ်းအားထဲတွင် သူ့ကိုယ်သူ နှစ်မြှုပ်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် လျိုဘို ပြောသည့်အတိုင်းဆို, ချင်ယွင်၏ လက်ရှိစိတ်ဝိညာဉ်စွမ်းအားဖြင့်၊ သူသည် အမွှေးတိုင်တစ်ဝက် ထွန်းညှိချိန်လောသာ ထိန်းထားနိုင်သည်။ သူ့စိတ်ဝိညာဉ် စွမ်အား အားလုံးကို မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်မည်ဆိုလျှင်ပင် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် အချိန်အတိုင်းအတာ တစ်ခုအထိသာ ထိန်းချုပ်နိုင်လိမ့် မည်။

အသုံးပြုပြီးပါက, သူသည် နောက်တစ်ရက်ကြာသည်အထိ အသုံးမပြုနိုင်တော့ပါဘူး။

သေချာသည်မှာ, ချင်ယွင်အတွက်မူ၊ ထိုကြယ်တစ်ပွင့် နတ်ဆိုးကျွန်ရဲ့ ခန္ဓာကိုယ်သည် သူ၏အကြီးမားဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်ပါသည်။ သူသည် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူများနှင့် မကြုံတွေ့သရွေ့, မြေကမ္ဘာနတ်ဘုရား နယ်ပယ် အစောပိုင်းအဆင့်ရှိ ကျွမ်းကျင်သူများဖြစ်နေလျှင်ပင် တိုက်ပွဲကို အပြည့်အဝ တိုက်ခိုက် နိုင်မည်ဟု သူ ယုံကြည်ထားသည်။ အကယ်၍, သူသာ လုံလောက်အောင် ကံကောင်းခဲ့ မညဆိုလျှင်, သူသည် လုံးဝ သတ်ဖြတ်နိုင်စွမ်းပင် ရှိလိမ့်မည်။

အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရား အဆင့်သည် သာမန် အစောပိုင်း မြေကမ္ဘာ နတ်ဘုရား အဆင့်ကျွမ်းကျင်သူများထက် ပိုမိုအားပြီး၊ အလယ်လတ်အဆင့် မြေကမ္ဘာ နတ်ဘုရားကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်သော်လည်း, အဆုံးတွင် နတ်ဆိုးကျွန်၏ ခန္ဓာကိုယ်သည် သူ့ကိုယ်ပိုင် မဟုတ်ပေ။ ထို့အပြင်၊ သာမန် သူသည် အစောပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ရန် အမွှေးတိုင်တစ်ဝက် ထွန်းညှိချိန်အထိပင် အချိန်ယူရလိမ့်မည်။ အထူးနည်းလမ်းအချို့ကို ပိုင်ဆိုင်ထားသော အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူများကိုမူ သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲနေပါဦးမယ်။

...

ချင်ယွင် သူ့မျက်လုံးများကိုဖွင့်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ တော်ညီအစ်မနှင့် ရှေးဟောင်းတာအို ဆရာသခင်တို့သည် အဝေးမှပင် မတ်တပ်ရပ်ကာ သူ့ကို အံ့သြတကြီး ကြည့်နေကြသည်ကို သူ သတိထားမိသည်။

ချင်ယွင် ပြုံးပြီး လျှောက်သွားလိုက်သည်။

"ဆရာကြီးချင်၊ မင်း အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်ကို ဖြတ်ပြီးသွားပြီလား" နီထိုက်စွေ့က ကမန်းကတန်း မေးလိုက်သည်။

"ဟုတ်​တယ်​၊ ငါ အခုလေးတင် ကံကောင်းထောက်မပြီး ဖြတ်ကျော်သွားတာ” ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် ။

နီထိုက်စွေ့သည် ချက်ခြင်းပင် ချင်ယွင်က ချီးကျူးစကားဆိုကာ လက်မ ထောင်ပြလိုက် သည်။

ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါယမ်းလိုက်သည်။ ယခုအချိန်တွင်၊ သူသည် သူ၏ ဖင်းဂေါ့ဂ် ခန္ဓာကိုယ်ကို သန့်စင်ခြင်းမှာ အဆင့်ဖြတ်ကျော်မူတစ်ခု ရရှိခဲ့သည်။ သို့သော်၊ သူ၏ချီသန့်စင်မှုနယ်ပယ်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်မှာသာ ပိတ်မိနေခဲ့ပြီး နောက်ဆုံးလက်ကျန် လေစွမ်းရည်အမျိုးစား နတ်ဘုရားတန်ခိုးတစ်မျိုးကို မည်သည့် အခါမှ အောင်မြင်စွာ ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။

သို့သော်, ဤကိစ္စကို အလျင်စလို မလုပ်နိုင်သဖြင့်, သူသည် ဖြည်းညင်းစွာ ပေါင်းစပ်ရုံသာ တတ်နိုင်ပါသည်။

"ဆရာကြီး၊ အစ်ကိုချူယွန်၊ ဆရာတို့ ဘာလို့ ဓားမြှုပ်နှံခြင်းတောင်တန်းထဲကို ဝင်လာတာ လဲ။" ချင်ယွင်က ရှေးဟောင်းတာဆရာသခင်နှင့် အစ်ကိုချူယွန်တို့ကို လှည့်ကြည့်ပြီး မေးသည်။

ရှေးဟောင်းတာဆရာသခင်နှင့် ချူယွန်သည် ဤဓားမြှုပ်နှံခြင်းတောင်တန်းသို့ ရုတ်တရက် ရောက်လာရခြင်းအကြောင်းကို သူ အမြဲတမ်း သိချင်နေခဲ့သည်။

ချူယွန်နှင့် ရှေးဟောင်းတာအိုသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ အကြည့်ချင်း ဖလှယ်ပြီး အားကိုးရာမဲ့ ပြုံးလိုက်ကြပါသည်။

“မင်းနဲ့လမ်းခွဲပြီးနောက်, ငါတို့လည်း ဝူဝမ်ဓားသိုင်းကို နားလည်ဆင်ခြင်ဖို့ ဝူဝမ်တောင်ကို သွားဖို့ မူလက စီစဉ်ထားပေမယ့် လမ်းတစ်ဝက်မှာ ဓားမြှုပ်နှံခြင်းတောင်တန်းရဲ့ လေဟာနယ်တံခါးကို မတော်တဆ ကြုံတွေ့ရဖို့ မျှော်လင့်မထားဘူးလေ။ အဲဒီအချိန်တုန်း က ငါတို့လည်း ဒီနေရာက ဓားမြှုပ်နှံခြင်းတောင်တန်း ဖြစ်တယ်ဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် ငါတို့လည်း အထဲဝင်ပြီး တစ်ချက်လာကြည့်တာ။ ဒါပေမယ့်, ငါတို့ ဝင်ပြီးတဲ့နောက်, ငါတို့လည်း ဘယ်တော့မှ ပြန်ထွက်လို့ မရတော့ဘူးဆိုတာ တွေ့လိုက်ရ တာပဲ” ရှေးဟောင်းတာအိုက ပြောပြသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် သက်သာရာရစွာ ခေါင်းညိတ်လိုက်သည်။

အခြေခံအားဖြင့် သူမှန်းဆထားသည်နှင့် အတူတူပင်။ ရှေးဟောင်းတာအိုဆရာသခင်နှင့် အစ်ကို ချူယွန်တို့သည် ဓားမြှုပ်နှံခြင်းတောင်တန်းထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့ ခြင်း ဖြစ်သည်။

"ဒါဆို ဒီနှစ်ယောက်က ဆရာတို့ကို ဘာလို့ သတ်ချင်နေတာလဲ?" ချင်ယွင်က ဆက်မေး သည်။ ထုံးစံအတိုင်း၊ သူသည် ရွှေရောင်ငှက်ကြီးတို့ ဆရာတပည့်ကို ရည်ညွှန်းလိုက်ခြင်း ဖြစ်သည်။

"သူတို့က ငါတို့ကို အဲဒီနတ်ဘုရားနယ်မြေကို အတင်းအကြပ် ခေါ်သွားခိုင်းချင်နေတာ။ ဒီနတ်ဘုရားနယ်မြေက အလွယ်တကူ ရှာတွေ့နိုင်တဲ့ သန့်စင်တဲ့နယ်မြေတစ်ခုပဲ။ ဒါကြောင့် ငါတို့က သူတို့ကို စက်ဝိုင်းပုံစံလှည့်ပတ်ပြီး ဦးဆောင်ခေါ်သွားကြတာ။ ဒါပေမယ့် သူတို့က ငါတို့လုပ်ရပ်ကို ရှာတွေ့သွားခဲ့တယ်။ ဒီတော့, သူတို့က သဘာဝအတိုင်း ငါတို့ကို အလွှတ်မပေးတော့ဘူးပေါ့။ ဒါကြောင့် သူတို့က ငါတို့ကို တိုက်ခိုက်လာတယ်။ ပြီးတော့, မင်း ရောက်လာတာပဲ။" ချူယွန်က ရှင်းပြသည်။

"နတ်ဘုရားနယ်မြေလား? ဘာနတ်ဘုရားနယ်မြေလဲ" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

သူ့အမြင်အရဆို, ရှေးဟောင်းတာအိုဆရာသခင်သည် ရတနာတစ်ခုအတွက် သူ့အသက်ကို စတေးမည့်လူမျိုး မဟုတ်ပါဘူး။ ၎င်းနေရာသည် သူ သေလျှင်ပင် မပြောပြချင်သည့် နတ်ဘုရားနယ်မြေတစ်ခု ဖြစ်ပါလိမ့်မည်။ ထိုနေရာသည် သာမာန်နတ်ဘုရား နယ်မြေ မဟုတ်သည်မှာ သေချာပါသည်။

တော်ညီအစ်မနှင့် နီထိုက်စွေ့တို့သည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ကို တစ်ယောက်ပြီး တစ်ယောက် ကြည့်ရင်း အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်လာ ကြသည်။

ချူယွန်သည် ချင်ယွင်ကို ကြည့်လိုက်ပြီးနောက် နီထိုက်စွေ့နှင့် အခြားသူများကို ကြည့်ပြီး၊ တုံ့ဆိုင်းနေပုံရသည်။

"အစ်ကိုချူ၊ ပြောပြပါ။ သူတို့အားလုံးက ငါတို့ လူတွေပါပဲ” ချင်ယွင်က ပြောသည်။

ချူယွန်က ခေါင်းညိတ်ပြီး ပြောသည် "အဲဒါက ဘိုးဘေးနတ်ဘုရားတွေရဲ့ နယ်မြေတစ်ခုပဲ။ အစ်ကိုဂူနဲ့ ငါ့ရဲ့ခန့်မှန်းချက်အရဆို၊ အဲဒီနယ်မြေဟာ ဘိုးဘေးနတ်ဘုရားတွေ နေထိုင်တဲ့ နေရာတစ်ခု ဖြစ်သင့်တယ်။ နောက်ပြီး၊ အခုချိန်မှာ ဘိုးဘေးနတ်ဘုရားတွေဟာ ဒီနယ်မြေမှာ နေထိုင်ဖို့ အလွန်ဖြစ်နိုင်ချေများတယ်။"

"ဘိုးဘေးနတ်ဘုရားနယ်မြေလား…" ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော် လိုက်မိပါသည်။

သူ့နောက်မှ နီထိုက်စွေ့နှင့် တော်ညီအစ်မတို့လည်း အံ့အားသင့်နေသည့် အမူအရာများ ဖြစ်ပေါ်နေသည်။

ဘိုးဘေးနတ်ဘုရားသည် ကောင်းကင်ယံကို ဖြတ်၍ပင် မြင်နိုင်စွမ်းရှိပြီး၊ နတ်ဘုရား ကမ္ဘာတစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်သည်။

သူတို့၏နတ်ဘုရားအာရုံသည် နတ်ဘုရားကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်ပြီး၊ သူတို့၏ နတ်ဘုရားစွမ်းရည်များသည် ကြီးမားကျယ်ပြန့်လွန်းသည်။ သူတို့သည် ကီလိုမီတာ ၁၀ ဘီလီယံ သို့မဟုတ် ဘီလီယံ ၁၀၀ ကီလိုမီတာ အကွာဝေးအထိ ပျံ့နှံ့နိုင်ပြီး၊ သူတို့စိတ်နှလုံး လှုပ်ရှားလိုက်သည်နှင့်, နေရာမှာပင် သင့်အား သတ်ဖြတ်နိုင်သည်။ ဘိုးဘေးနတ်ဘုရား မျာသည် မည်မျှတန်ခိုးကြီးသည်ကို တွေးကြည့်နိုင်ပါသည်။

အခုအခါ, ချူယွန်က ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ထိုနေရာမှာ ရှိနေနိုင်သည်ဟု အမှန်တကယ် ဆိုနေခဲ့သည်။ သူ မည်သို့ မတုန်မလှုပ် တုန်လှုပ်ဘဲ နေမည်နည်း?။

"ဒီနတ်ဘုရားနယ်မြေမှာ ဘိုးဘေးနတ်ဘုရားတွေ ရှိတယ်ဆိုတာ ဘယ်လိုလုပ် သေချာနေ တာလဲ။" ချင်ယွင်က ဆက်မေးသည်။

"အခုအချိန်, အဲဒီနတ်ဘုရားနယ်မြေမှာ တကယ်ပဲ ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေသလား?"။ "ဒါတော့, ငါတို့လည်း မသိဘူး။ ဒါပေမယ့် အရင်တုန်းက ဘိုးဘေး နတ်ဘုရားတွေ နေခဲ့ဖူးတာတော့ ငါ သေချာတယ်။ ငါတို့တောင် နတ်ဘုရားနယ်မြေရဲ့ အစွန်အဖျားကို သွားပြီးတော့ ထိပ်တန်းအဆင့် နတ်ဘုရားဓားနှစ်လက် ရခဲ့တယ်။ ပြီးတော့ အဆင့်နိမ့်နတ်ဘုရားဆေးလုံးတစ်လုံးရောပဲ။ ဘိုးဘေးနတ်ဘုရားတွေကပဲ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို ထုတ်ယူသုံးစွဲနိုင်မှာ ငါစိုးရိမ်မိတယ်။ အတွင်းပိုင်းမှာ ဘာတွေရှိမလဲတော့ ငါတိုးလည်း မသိဘူး”။ ရှေးဟောင်းတာအိုက ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင် အံ့သြသွားပြန်သည်။

ထိပ်တန်းနတ်ဘုရားဓားနှစ်လက်နှင့် အဆင့်နိမ့် နတ်ဘုရားဆေးပြား။ ဤအရာသည် တကယ်ကို ကြီးမားလွန်းသည့်ပမာဏဟု ပြော၍ရပါသည်။ သာမာန်အားဖြင့်၊ ကောင်းကင်နတ်ဘုရားတွေတောင်မှ ဤကဲ့သို့ရတနာများကို မထုတ်ပေးနိုင်ကြပါဘူး။ ယခု၊ ထိုနတ်ဘုရားနယ်မြေ၌ ဘိုးဘေးနတ်ဘုရားတစ်ပါး ရှိနေဖို့ ဖြစ်နိုင်ချေ မြင့်မားသည် ဟု သူ အမှန်တကယ် ယုံကြည်လာသည်။

အကယ်၍ ထိုနတ်ဘုရားနယ်မြေ၌ ဘိုးဘေးနတ်ဘုရားတစ်ပါး အမှန်တကယ် ရှိနေခဲ့ပါက၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ လုပ်ဆောင်ချက်များသည် မမှားယွင်းပေ။

သူတို့သည် နတ်ဘုရားနယ်မြေမှ ရတနာများကို ယူဆောင်လာနိုင်သောကြောင့်၊ ဘိုးဘေး နတ်ဘုရား၏ လက်ခံသဘောတူညီချက်ကို ရရှိ၍ဖြစ်သည်။ ရှေးဟောင်းတာအို ဆရာသခင်နှင့် ချူယွန်တို့သည် ခြိမ်းခြောက်ခံရသောကြောင့် နတ်ဘုရားနယ်မြေကို လမ်းပြပေးလိုက်မည်ဆိုလျှင်, သူတို့သည် ဘိုးဘေးနတ်ဘုရားအား အမျက်ဒေါသ ထွက်အောင် လုပ်မိရန် အလားအလာ အလွန်များပါသည်။

ဘိုးဘေးနတ်ဘုရား အသက်ရှင်နေသည်နှင့် ထိုဆရာတပည့်နှစ်ယောက်ကို အသာထား။ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ပင်လျှင် အသက်ရှင်ရန် အခွင့်လမ်း မရှိနိုင်ပေ။ ထို့ကြောင့်သာ, ရှေးဟောင်းတာအိုဆရာသခင်နှင့် ချူယွန်တို့သည် ဘိုးဘေးနတ်ဘုရား အစား ထိုဆရာတပည့်နှစ်ယောက်ကို ပြစ်မှားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးတွင်၊ ဤလူနှစ်ယောက်ကို စော်ကားခြင်းသည် အသက်ရှင်ရန် အခွင့်အလမ်း သာရှိသေးသည်။ ဘိုးဘေးနတ်ဘုရားကို စော်ကားခြင်းသည် အမှန်တကယ်ပင် သေခြင်း၏ လမ်းစဖြစ်သည်။

"အဲဒီဘိုးဘေးနတ်ဘုရားက ဟိုတချိန်တုန်းက ဝူဝမ်ဓားဘိုးဘေးများ ဖြစ်နေမလား?။" သို့သော်, လူတိုင်းသည် ဘိုးဘေးနတ်ဘုရား အမှန်တကယ် တည်ရှိနိုင်သည်ဟု တွေးမိပြီး သူတို့စိတ်ထဲတွင် သက်ပြင်းကိုယ်စီ ချနေစဉ်မှာ ဤအရာ အားလုံးကို တိတ်တဆိတ် နားထောင်နေသော တော်ယုက ပြောလာသည်။

"ငါ ခန့်မှန်းတာမမှားရင် အဲဒီဘိုးဘေးနတ်ဘုရားက ဝူဝမ်ဓားဘိုးဘေး ဖြစ်သင့်တယ်" ရှေးဟောင်းတာအိုက တော်ယုကို စိုက်ကြည့်ကာ ခေါင်းညိတ်သည်။

ထိုစကားကို ကြားတော့ တော်ယုသည် မျက်မှောင်ကြုတ်သွားသည်။

အမြဲတမ်း တက်ကြွနေသော တော်အန်းသည်ပင် ထိုအခိုက်အတန့်မှာ ထူးထူးခြားခြား တိတ်ဆိတ်နေပြီး၊ သူမအမူအရာက အနည်းငယ် အုံ့မှိုင်းနေသည်။

"ဘာဖြစ်လို့လဲ?" ချင်ယွင်က မေးသည်။

တော်ယုက ချင်ယွင်ကို မော့ကြည့်လိုက်ပြီး ပြောသည် "ငါတို့ အခုအချိန် ဓားမြုပ်နှံခြင်း တောင်တန်းထဲကို ဝင်လာရတဲ့ အကြောင်းရင်းက ငါတို့ အမြီးကိုးချောင်း ကောင်းကင် ကျောက်စိမ်းမြေခွေးမျိုးနွယ်ရဲ့ အဖိုးတန်ဆုံး ရတနာဖြစ်တဲ့ စိမ်းပြာနန်းတော် နတ်ဘုရား စေတီကို ပြန်ယူဖို့ပဲ။ အဲဒါက ငါတို့ မြေခွေးဘိုးဘေး သူ့ဘဝရဲ့ ကြိုးစားအားထုတ်မှု အားလုံးနဲ့ သန့်စင်ထားတဲ့ ရတနာတစ်ခု ဖြစ်တယ်။ အဲဒီအထဲမှာ ငါတို့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်ရဲ့ အမွေအနှစ်တွေအားလုံး ရှိနေတယ်။ အဲဒီအချိန်တုန်းက ငါတို့ ဘိုးဘေးဟာ ဝူဝမ်ဓားဘိုးဘေးရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီလည်း ဝူဝမ်ဓားဘိုးဘေးရဲ့လက်ထဲ ကျရောက်ခဲ့တယ်"

တော်ယုက ဘာမှ ဖုံးကွယ်မထားဘဲ သူမခရီးစဉ်၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ရှင်းပြသည်။

ချင်ယွင် အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်လာကြသည်။

All Chapters