← Chapters

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း (၁၂၅၂) ဘိုးဘေးနတ်ဘုရား၏ နယ်မြေ။

ချင်ယွင်သည် တော်ယု၏စကားကို ကြားသောအခါ လေးလေးနက်နက် တွေးတောမိသွား သည်။

ယခုလေးတင် တော်ယုသည် တိုက်ရိုက် မပြောသော်လည်း သူမအဓိပ္ပါယ်က တော်တော် ရှင်းနေပါပြီ။

သူမ၏ဆိုလိုရင်းအဓိပ္ပါယ်မှာ အလွန်ကို ရိုးရှင်းပါသည်။ ဆိုလိုသည်မှာ၊ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်၏ စိမ်းပြာနန်းတော် နတ်ဘုရားစေတီသည် ထိုနတ်ဘုရားနယ်မြေ၌ အလွန်ဖြစ်နိုင်ချေများပြီး၊ သူမတို့သည် စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရယူရန်အတွက် ထိုနတ်ဘုရားနယ်မြေသို့ သွားရမည် ဖြစ်သည်။

ယခုအချိန်တွင်၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့နှစ်ယောက်သာ ထိုနတ်ဘုရားနယ်မြေ၏ တည်နေရာကို သိသောကြောင့်, သူမတို့သည် ရှေးဟောင်းတာအိုနှင့် ချူယွန်တို့အား ထိုနတ်ဘုရားနယ်မြေ၏ တည်နေရာကို ပြောပြရန် တောင်းဆိုချင်ကြသည်။

ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် အတွေ့ကြုံကြွယ်ဝသူများ ဖြစ်သောကြောင့် တော်ယု၏ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို မည်သို့ မကြားနိုင်ဘဲ နေမည်နည်း။

သို့ရာတွင်၊ ၎င်းတို့သည် ယခုလေးတင် ဘိုးဘေးနတ်ဘုရား၏ နယ်မြေကို ကာကွယ်ရင်း အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ပြီး၊ အခုအချိန် သူတို့ကိုတောင်းဆိုခြင်းက သူမတို့အတွက် သင့်လျော်မည် မဟုတ်ပေ။

"အဲဒီနယ်မြေအကြောင်း ငါ ပြောပြလို့ရပါတယ်။ ဒါပေမယ့် မင်းတို့ကို မသွားဖို့ ငါ အကြံပေးချင်တယ်။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီက ဘယ်လိုရတနာမျိုးလဲဆိုတာ ငါမသိပေမယ့်, မင်းတို့ရဲ့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးနတ်ဘုရားက သူ့ဘဝတစ်သက်တာအတွင်း အရာအားလုံးနဲ့ ဖန်တီးခဲ့တာလို့ မင်း ပြောခဲ့တယ်။ “ဆိုလိုတာက ဒီရတနာပစ္စည်းက ရိုးရှင်းမှာမဟုတ်ဘူး”။ အဲဒီရတနာက မင်းတို့ရဲ့ မြေခွေးမျိုးနွယ်အတွက် ထူးကဲသော အဓိပ္ပါယ်လည်း ရှိနေနိုင်တယ်။ တကယ်လို့, စိမ်းပြာနန်းတော် နတ်ဘုရားစေတီဟာ အဲဒီနတ်ဘုရားနယ်မြေထဲမှာ တကယ် ရှိနေရင် လည်း၊ နတ်ဘုရားနယ်မြေရဲ့ အတွင်းပိုင်းထဲမှာ ရှိနေလိမ့်မယ်။ အတွင်းပိုင်းက အဆုံးမဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ မင်းတို့ရဲ့ကျင့်ကြံမူအရဆို, ဘိုးဘေးနတ်ဘုရား ဝူဝမ် ကို မဆိုထားနဲ့၊ အသက်ရှင်လျက် ပြန်ထွက်လာဖို့တောင်မှ မဖြစ်နိုင်ဘူး" ရှေးဟောင်း တာအိုက တော်ယုကိုကြည့်ပြီး ပြောလိုက်သည်။

သူနှင့်ချူယွန်တို့သည် နတ်ဘုရားနယ်မြေ၏ အတွင်းပိုင်းကို ခြေမချဖူးသော်လည်း၊ ထိုနတ်ဘုရားနယ်မြေ၏အတွင်းပိုင်းမှ အန္တရာယ်များကို ခံစားမိပါသည်။ တော်ညီအစ်မ၏ ကျင့်ကြံမူအဆင့်သည် ချူယွန်ထက်ပင် နိမ့်ကျနေပါသည်။ ထို့ကြောင့်, အကယ်၍, သူမတို့ ဝင်သွားမည်ဆိုလျှင်, သေချာပေါက် သေဆုံးရလိမ့်မည်။

“ကျွန်မတို့ သေသွားမယ်ဆိုရင်တောင် သွားရဦးမှာပဲ”။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ က ကျွန်မတို့ရဲ့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်းမြေခွေးမျိုးနွယ်အတွက် အလွန် အရေးကြီးတယ်” တော်ယုက မျက်မှောင်ကြုတ်ကာ သူမ၏မျက်လုံးများတွင် စိတ်ပိုင်း ဖြတ်ထားသော အမူအရာဖြင့် ပြောလိုက်ပါသည်။

"မှန်တယ်၊ ကျွန်မတို့သေရင်တောင် စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရအောင်ယူရဦး မယ်” တော်အန်းကလည်း သူမ၏ချစ်စဖွယ်မျက်နှာပေါ်တွင် ရှားရှားပါးပါး လေးနက်သော အမူအရာဖြင့် အော်ပြောလိုက်ပါသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးထဲတွင် လေးစားမူ အရိပ်မြွက် ပေါ်လာပါသည်။

တော်ညီအစ်မ၏ စိတ်ပိုင်းဖြတ်ထားမှု အရိပ်အယောင်များက ချင်ယွင်ကို သူမတို့အပေါ် အလွန်လေးစားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ သူမတို့အနေဖြင့် သေမှာမှန်းသိလျှက် ပင် ဆက်လက်လုပ်ဆောင်လိုသည်။ ထိုဆုံးဖြတ်ချက်မျိုးက လူတော်တော်များများ မပိုင်ဆိုင်ထားသည့် အရာတစ်ခု ဖြစ်သည်။

“ဆရာ, ကျွန်တော်လည်း အဲဒီဘိုးဘေးနယ်မြေကို တကယ်ကို သွားကြည့်ချင်မိတယ်။ ကျွန်တော်လည်း ဝူဝမ်ဓားဘိုးဘေးရဲ့ အမွေကို မတော်တဆ ရရှိခဲ့တယ်။ ဒါကြောင့်, သူနဲ့ ကျွန်တော်ကြားမှာ အဆက်အသွယ်တစ်ချို့ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ကျွန်တော်လည်း သူ့ရဲ့နတ်ဘုရားနယ်မြေကို အရမ်းကို သွားကြည့်ချင်မိတယ်” ချင်ယွင်က ရှေးဟောင်းတာအိုကို ပြုံးပြီး ပြောသည်။

ထိုဘိုးဘေးနတ်ဘုရားသည် ဝူဝမ်ဓားဘိုးဘေးဖြစ်နိုင်ကြောင်း ကြားသိပြီးနောက်၊ သူသည် ထိုနတ်ဘုရားနယ်မြေကို စိတ်ဝင်စားလာခဲ့သည်။ အဆုံးတွင်, သူသည် ဝူဝမ်ဓားဘိုးဘေး၏ ဝူဝမ်ဓားပညာရပ်ကို ရရှိခဲ့ပြီးဖြစ်သောကြောင့် တစ်နည်းအားဖြင့် ချင်ယွင်သည် ဝူဝမ်ဓားဘိုးဘေး၏ တပည့်ထက်ဝက်အဖြစ် သတ်မှတ်ခံထားရသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း မင်းတို့ကို အဲဒီနတ်ဘုရားနယ်မြေကို ငါ ခေါ်သွားပေးမယ်။ အဲဒီစိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရှာတွေ့နိုင်မလားဆိုတာကတော့ သူမတို့ရဲ့ ကံကြမ္မာအပေါ် မူတည်ပါတယ်။" ရှေးဟောင်းတာအိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

တော်ညီအစ်မသည် ရှေးဟောင်းတာအို၏စကားကို ကြားသောအခါ ချက်ချင်းပင် တောက်ပသော အပြုံးကို ထုတ်ဖော်လာကြသည်။ သူမတို့သည် ချင်ယွင်ကို ကျေးဇူးတင် စွာ ကြည့်ကြသည်။ ရှေးဟောင်းတာအိုက ဘိုးဘေးနတ်ဘုရား၏ နယ်မြေအကြောင်းကို သူမတို့ကို မပြောပြလိုသော်လည်း ချင်ယွင်ကြောင့် ပြောပြခြင်းဖြစ်သည်ကို သူမတို့ သိကြပါသည်။

ချင်ယွင်က ပြုံးပြီး ဘာမှ ပြန်မပြောပေ။

တစ်ဖက်တွင်မူ၊ နီထိုက်စွေ့သည် ဘိုးဘေးနတ်ဘုရားနယ်မြေ တစ်ခုလုံးကို လှုပ်ရှားပစ် တော့မည့်အလား သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပနေသည်။

ထို့နောက် သူတို့ခြောက်ယောက်သည် ဘိုးဘေးနတ်ဘုရား တည်ရှိရာ နတ်ဘုရားနယ်မြေ ဆီသို့ ဦးတည်သွားကြသည်။

သို့သော်, သူတို့သည် သူတို့နောက်ကွယ်မှ တိတ်တဆိတ် လိုက်ပါလာသည့် ပုံရိပ်ယောင် အသွင်အပြင်တစ်ခုကို သတိမထားမိလိုက်ပေ။ ထိုပုံရိပ်၏အကြည့်တွေက လူအုပ်ကြားထဲ ရှိ ချင်ယွင်ကို လောဘဇောကပ်နေသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

…

ထိုနတ်ဘုရားနယ်မြေသည် ဓားမြှုပ်နှံခြင်းတောင်တန်း၏ မြောက်ဘက်စွန်းအရပ်တွင် တည်ရှိပြီး ၎င်းသည် ကြီးမားသော ချိုင့်ကြီးတစ်ခု ဖြစ်သည်။

ထိုချိုင့်ကြီးကို အစွမ်းထက်သော ကန့်သတ်ချက်များဖြင့် ဖုံးအုပ်ထားသည်။ ထိုချိုင့်ထဲသို့ ဝင်ရောက်လာသူတိုင်းသည် မပျံသန်းနိုင်ဘဲ ခြေလျင်သာ လမ်းလျှောက်နိုင်ကြသည်။

ချင်ယွင်နှင့် အခြားသူများသည် သုံးရက်ပြည့် ခရီးထွက်ခဲ့ကြပြီး၊ နောက်ဆုံးတွင်, သူတို့သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားသူများပြောခဲ့သည့် ချိုင့်ကြီးဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ချင်ယွင်နှင့် အခြားသူများသည် ချိုင့်ကြီး၏အစွန်းတွင် ရပ်ကာ အောက်ကိုငုံ့ကြည့်ကြ သည်။ အထဲမှာ မြူခိုးများအုံ့စိုင်းနေသည်ကို မြင်ကြရသည်။ သူတိုသည် အထဲမှာ မည်သည့်အရာများ ရှိနေလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပါဘူး။ သူတို့သည် ထူထပ်သော မြူခိုးများကြားတွင် ဘုံဗိမာန်များနှင့် နတ်ဘုရားခန်းမများ ရှိနေသည်ကို ဝေဝေဝါးဝါး မြင်နေရသည်။ ၎င်းတို့သည် ထူးခြားဆန်းပြားလှသည်။

နတ်ဘုရားနယ်မြေတစ်ခုလုံးမှ ပြင်းထန်သော ဖိနှိပ်မူ အငွေ့အသက်များ ထွက်ပေါ်လာနေ သည်။ ၎င်းသည် ထူးထူးခြားခြား ခမ်းနားထည်ဝါလွန်းပြီး လူများကို ဒူးထောက်ကာ ဝတ်ပြု ကိုးကွယ်လိုစိတ်ကိုပင် ခံစားရစေသည်။

"ဒါက နတ်ဘုရားနယ်မြေပဲ။ ဘယ်လောက်ကြီးလဲတော့ ငါ မသိဘူး၊ အဲဒီတုန်းက အစ်ကို ချူယွန်နဲ့ ငါတောင် သုံးလပြည့်တဲ့အထိ ပြင်ဘက်ဒေသမှာ လှည့်ပတ်နေခဲ့ရတယ်။" ရှေးဟောင်းတာအိုက အုံ့ဆိုင်းနေသည့် နတ်ဘုရားမြေကို ကြည့်ပြီး ပြောလိုက်သည်။

"သုံးလလား?။ ဒီလောက်တောင်ကြီးလား?" ချင်ယွင်က အံ့သြသည့် အမူအရာဖြင့် ထုတ်ပြောလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင်နှင့် ချူယွန်တို့၏ ကျင့်ကြံမှုဖြင့်, သူတို့သည် မရပ်မနား လမ်းလျှောက်မည်ဆိုလျှင်, သူတို့သည် ဝူဝမ်တောင်တန်းတစ်ခုလုံးကို သုံးလအတွင်း တစ်ကြိမ်ပတ်မိသည်အထိ သွားလာနိုင်ကြပါသည်။ ဤချိုင့်ကြီးသည် အကြည့်တစ်ချက် ဖြင့် အဆုံးကို မမြင်နိုင်သော်လည်း ဤမျှလောက် ကြီးမားဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ထိုသို့သော အခြေအနေအတွက် ရှင်းပြချက်တစ်ခုသာ ရှိနိုင်ပါတော့သည်။ ထိုချိုင့်ကြီးထဲ မှာ သီးခြားကမ္ဘာတစ်ခု ရှိနေခြင်း ဖြစ်ပါသည်။

'"ဒီနတ်ဘုရားနယ်မြေထဲမှာ ကန့်သတ်ချက်များစွာ ရှိတယ်။ မင်းတို့ ဂရုမစိုက်ဘူးဆိုရင်, သေသွားနိုင်တယ်။ ဝင်ပြီးတဲ့နောက်, မင်းတို့အနေနဲ့ သတိထားရမယ်။ အထဲမှာ မင်းတို့ ပျံသန်းနိုင်မှာ မဟုတ်ဘူး။ မင်းတို့ရဲ့ခွန်အားကို ဖိနှိပ်ထားရုံတင်မကဘူး၊ မင်းတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်အာရုံကလည်း မင်တို့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာနိုင်စွမ်း မရှိဘူး။ ဒါကြောင့် အရာအားလုံးကို စစ်ဆေးကြည့်ရူနိုင်ဖို့ မင်းတို့ရဲ့ သာမန်မျက်စိကိုပဲ အားကိုးနိုင်တယ်။" ချူယွန်က ဆက်ပြောသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ခွန်အားသည် ဖိနှိပ်ခံထားရပြီး၊ သူ့စိတ်ဝိညာဉ်သည်လည်း သူ့ခန္ဓာကိုယ်မှ မထုတ်လွှတ်နိုင်ပေ။ ဤကန့်သတ်ချက်သည် ကြီးမားလွန်းသည်။ သူ့စိတ်ဝိညာဉ်အာရုံမရှိလျှင် သူတို့အတွက် အန္တရာယ်ကို ကြိုတင်သိရှိဖို့ ခက်ခဲလိမ့်မည်။ အကယ်၍, သူတို့သာ စိတ်တည်ငြိမ်မှု မရှိနိုင်လျှင် အချို့သော ကန့်သတ်ချက်များထဲသို့ ကျရောက်နိုင်ဖွယ် ရှိသည်။ ဤအရာက တကယ်ကို အန္တရာယ်များလွန်းသည်။

"သွားကြစို့။ အားလုံးသွားကြရအောင်။ လူစုမကွဲစေနဲ့။ ဒီနည်းနဲ့ ငါတို့ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်လို့ရတယ်။" ချင်ယွင်က လူတိုင်းကို ပြောသည် ။

ချင်ယွင်၏စကားများသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိပြီး လူတိုင်းက ခေါင်းညိတ်ကြသည်။

အားလုံး အဆင်သင့်ဖြစ်နေပြီကို မြင်တော့ ချင်ယွင်က ဦးဆောင်ပြီး ချိုင့်ကြီးဆီသို့ ပြေးသွားလိုက်သည်။

လာရာလမ်းတစ်လျှောက်မှာ၊ ရှေးဟောင်းတာအိုဆရာသခင်နှင့် ချူယွန်တို့က ဒီနတ်ဘုရား နယ်မြေကိုဝင်ဖို့ လမ်းတစ်လမ်းသာ ရှိပြီး၊ အဲ့ဒါကလည်း ခုန်ဆင်းရန်ဖြစ်သည်ဟု ပြောပြထားပြီးသား ဖြစ်သည်။ အပြင်ထွက်မည်ဆိုလျှင်, အတွင်းမှ တည်နေရာရွှေ့ပြောင်း ကျောက်တုံးများကို အားကိုးနိုင်သည်။

ဘန်း..။

ချင်ယွင်၏ရုပ်အသွင်သည် ခုန်ဆင်းသွားသည်။ သူ၏ခန္ဓာကိုယ်သည် မြေဆွဲငင်အား ကြောင့် အောက်သို့ လျင်မြန်စွာ ကျဆင်းသွားသည်ကို သူ ခံစားနိုင်သည်။

သူသည် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် နတ်ဘုရားတန်ခိုးကို အသုံးပြုလိုသော်လည်း ၎င်းကို လုံးဝ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် သူ၏ ပြုတ်ကျသည့်အရှိန်ဟုန်ကို နှေးကွေးစေရုံသာ တတ်နိုင်ပါသည်။

"ကြည့်ရတာ ရှေးဟောင်းတာအိုဆရာသခင် ပြောတာ မှန်နေပုံပဲ။ ဒီနေရာက တကယ်ကို မပျံသန်းနိုင်ဘူးပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ဘန်း..။

ရုတ်တရက် ချင်ယွင်သည် သူ၏အရေပြားကို တစ်မျိုးမျိုးဖြင့် ထိုးဖောက်သွားသလို ခံစားလိုက်ရပြီး သူ့ပတ်ဝန်းကျင်ရှိ အငွေ့အသက်သည် ရုတ်တရက် အလွန်အမင်း ဖိနှိပ်လာလေသည်။

အရေပြား ထိုးဖောက်ခံရပြီး မကြာမီ၊ ချင်ယွင်သည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ၊ မရင်းနှီးသော ပတ်ဝန်းကျင်တစ်ခုသို့ ကျဆင်းလာခဲ့သည်။

တော်ယုသည် နောက်ဆုံး ခုန်ဆင်းလိုက်သည်။ သို့သော် သူမကို မည်သူမျှ မတွေ့ခဲ့ပါ။ သူမ ခုန်ဆင်းလိုက်သည့်အခိုက်တွင်၊ ပုံရိပ်ယောင် အသွင်အပြင်တစ်ခုသည် သူမ၏ ခန္ဓာကိုယ် ထဲသို့ ချက်ခြင်း ပျံ့နှံ့ဝင်လာပြီး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ တော်ယုသည် ပင် ၎င်းကို လုံးဝ သတိမထားမိခဲ့ပေ။

All Chapters