← Chapters

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အခန်း ၁၂၅၃

Vol. 84 Ch. 1253

အခန်း (၁၂၅၃) လျှို့ဝှက်ဆန်းကြယ်သော ဝါးသစ်တော

ချင်ယွင်၏ရုပ်သွင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် သူ၏ ကျင့်ကြံမူသည် အလွန်အမင်း ဖိနှိပ်ခံရကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

ဤအခိုက်အတန့်တွင်၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးနှင့် ကြယ်နတ်ဆိုး နတ်ဘုရား တန်ခိုး နှစ်ခုစလုံးသည် ထူးထူးခြားခြား နှေးကွေးစွာ ရွေ့လျားနေခဲ့သည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့်ဆို, ၎င်းသည် အများဆုံး အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားတစ်ပါး၏ ခွန်အားနှင့်သာ ညီမျှပါတော့သည်။ အကယ်၍, သူသည် သူ၏ ခွန်အား အားလုံးကို အသုံးပြုလျှင်ပင်, ၎င်းသည် အများဆုံး နှောင်းပိုင်း ကြယ်နတ်ဘုရား အဆင့်လောက်သာ ရှိပါတော့မည်။

သူ၏ ခွန်အားသည် နယ်ပယ်တစ်ခုအထိ လုံးလုံးလျားလျား ဖိနှိပ်ခံလိုက်ရပြီး၊ သူ၏ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည်လည်း သူ၏ ခန္ဓာကိုယ်မှ အမှန်တကယ် မထွက်ခွာနိုင်တော့ပေ။ ဤနတ်ဘုရားနယ်မြေ၏ ကန့်သတ်ချုပ်ချယ်မှုများသည် မည်မျှ အားကောင်းသည်ကို တွေ့မြင်နိုင်သည်။

တကယ်တော့ သူတစ်ယောက်သာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရှိ လူများ၏ စွမ်းအားသည် တစ်စစနှင့်တစ်စ အားနည်းလာကြသည်။ တော်ယုနှင့် တော်အန်းတို့လို ကြယ်နတ်ဘုရား နယ်ပယ် မရောက်သေးသည့် လူများပင်, သူတို့၏စွမ်းအား တစ်ဝက်လောက် အားနည်း သွားကြသည်။

ချင်ယွင်သည် ခေါင်းမော့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပါသည်။ သူတို့ခြေထောက် အောက်၌ တုနှိုင်းမယှဉ်နိုင်အောင် မာကျောသော နတ်ဘုရားနယ်မြေကြီး ဖြစ်သည်။ သူ့အကြည့်တွေက ပြင်ပကမ္ဘာမှာထက် ပို၍ နက်ရှိုင်းပြီး အပြင်ပ ကမ္ဘာမှာထက်ပင် မာကြေနေသည်။ ပတ်ဝန်းကျင်သည် မှုန်ဝါးနေပြီး၊ သူမြင်နိုင်သမျှသည် မီတာတစ်ရာ အကွာဝေးအတွင်း မြင်ကွင်းတစ်ခုသာ ဖြစ်သည်။ သူမည်မျှပင် အားစိုက်ကြည့်ရူပါစေ ထို့ထက်ပို၍ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါဘူး။

သူ့ဦးခေါင်းထက်မှာ, ကောင်းကင်ယံတွင် လွင့်မျောနေသော နေမင်းကြီး၊ အပြာရောင် ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်တွေကို တွေ့မြင်နိုင်ပြီး၊ မြူခိုးများ လုံးဝ ကင်းရှင်းနေ သည်ကို မြင်လိုက်ရတော့, လုံးဝ အံ့မခမ်းဖြစ်ရသည်။

သူတို့နောက်မှာ ချောမွေ့ပြီး မာကျောတဲ့ တောင်တံတိုင်းတစ်ခုရှိတယ်။ ဓားတစ်ချောင်း တည်းဖြင့် တစ်စုံတစ်ဦးမှ အပိုင်းပိုင်းဖြတ်လိုက်သကဲ့သို့ မျက်နှာပြင်သည် အလွန်ချောမွေ့ နေပါသည်။ လက်တွေ့မှာ ပြူးစရာနေရာမရှိခဲ့ဘူး။

သူတို့ရှေ့မှာ ဝါးတောကြီးတစ်ခု ရှိနေသည်။ ဤဝါးကိုယ်ထည်များသည် ကျောက်စိမ်းနှင့် တူပြီး ဝါးရွက်များပင်လျှင် အစိမ်းမြရောင် ရှိသည်။ သူတို့သည် အလွန်လှပကြသည်။

ထို့အပြင် ဝါးတောသည် မြူအလွှာများနှင့် ပြည့်နေသည်။

"နတ်ဘုရားကျောက်စိမ်းဝါးလား?။ ဒဏ္ဍာရီလာ နတ်ဘုရားကျောက်စိမ်း ဝါးလား? ချူယွန်သည် ရုတ်တရက် အံ့အားတသင့် အော်ပြောလိုက်သည်။

ချင်ယွင်သည် အံ့အားတသင့် အော်ဟစ်သံကိုကြားစဉ် မျက်ခုံးတွန့်သွားသည်။ အခြားသူများလည်း ချူယွန်ကို အံ့အားသင့်စွာ ကြည့်လာကြပြီး ဝေခွဲမရဖြစ်နေပုံရသည်။

ချင်ယွင်သည် ရှေးဟောင်းတာအိုဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အမူအရာက အလွန်လေးနက်သည်ကို တွေ့လိုက်ရသည်။ ယင်းကြောင့် သူ့စိတ်နှလုံးထဲ တွင် ဆိုးဝါးသည့် ကြိုတင်သတိပေးချက်က မြင့်တက်လာခဲ့သည်။

“အစ်ကိုချူယွန်, အစ်ကိုတို့ အရင် ဒီနတ်ဘုရားနယ်မြေထဲ ရောက်ခဲ့စဉ်တုန်းက ဒီဝါးတောအုပ်ကို မတွေ့ခဲ့ဘူးလား?" ချင်ယွင်သည် သူ့စိတ်ထဲတွင် သံသယစိတ်က မြင့်တက်လာတုန်းပင်။

အစောပိုင်းက ချူယွန်၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုက ပြဿနာတစ်ခု ရှိနေပြီဟု ရှင်းပြပြီးသွားပါပြီ။ သူသည် ဒီဝါးတောအုပ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်သာ, သူသည် အံ့ဩသည့်အမူအရာကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ အကယ်၍, သူသာ ၎င်းဝါးတောအုပ်ကို ယခင်က မြင်ခဲ့ဖူးလျှင်, သူ့အတွက် ယခုလို အံ့ဩဘနန်း ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

“ဟုတ်တယ်။ ငါတို့ အရင်က နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်စွန်ပိုင်းကို လှည့်ပတ် သွားလာခဲ့ပေမယ့် ဒီဝါးတောအုပ်ကို မတွေ့ခဲ့ဖူးဘူး။” ချူယွန်က ခေါင်းညိတ်ပြီး ပြောသည်။

ချူယွန်၏အဖြေကို လက်ခံရရှိပြီးနောက်၊ ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာက ပို၍ပင် လေးနက်လာသည်။

ယခုအချိန်တွင် သူတို့၏တည်နေရာသည် နတ်ဘုရားနယ်မြေ၏ အပြင်ဘက်ကျဆုံး ဒေသ ဖြစ်သည်။ သို့သော် ဤဝါးတောကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ကြောင်း ချူယွန်က ပြောဆိုနေသည်။ ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း?။

"ကြည့်ရတာ, ဒီနတ်ဘုရားနယ်မြေက ရှုမြင်ကွင်းတွေက အဆက်မပြတ် ပြောင်းလဲနေပုံပဲ။ ငါတို့ရဲ့ ယခင်အတွေ့အကြုံက အသုံးမဝင်တော့ဘူး။ နောက်ပိုင်းမှာ, စူးစမ်းလေ့လာဖို့ ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရမယ်။" ရှေးဟောင်းတာအိုက လေးနက်စွာ ပြောသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူလည်း ဤပြဿနာကို ယခုလေးတင် တွေးနေခဲ့ သည်။ ဤနတ်ဘုရားနယ်မြေ၌ရှိသော အရာများသည် အမြဲတစေ ပြောင်းလဲနေသင့်သည်။ ထို့ကြောင့်သာ၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ယခင်က ဤနေရာတွင် အမှန်တကယ် ရှိခဲ့ကြသော်လည်း၊ ထိုစဉ်က သူတို့မြင်ခဲ့သော မြင်ကွင်းမျိုးကို သူတို့ မမြင်တွေ့ရတော့ပေ။

သူတို့သည် ရှေ့ဆက်လျှောက်လှမ်းရန်အတွက် ကိုယ့်ကိုယ်ကိုသာ အားကိုးရလိမ့်မည်။

"စကားမစပ်၊ အစ်ကိုချူယွန်၊ စောစောက ဒီဝါးတွေကို နတ်ဘုရားကျောက်စိမ်းဝါးတွေလို့ အစ်ကို ပြောခဲ့တယ်။ ဒီဝါးတွေမှာ ထူးခြားတာတစ်ခုခုများ ရှိနေလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ယခုလေးတင် ချူယွန်သည် ဤဝါးတောအုပ်ကို မြင်သောအခါ သူ့မျက်နှာတွင် အံ့ဩ ထိတ်လန့်သွားသည်မှာ သိသာထင်ရှားသည်။ ဆိုလိုသည်မှာ ဤဝါးများသည် အလွန် ထူးခြား၍ ဖြစ်နိုင်ပါသည်။

ချင်ယွင်၏မေးခွန်းကို ကြားသောအခါ အားလုံးက ချူယွန်ကို လှည့်ကြည့်လိုက်ကြသည်။ ရှင်းရှင်းပြောရလျှင်, ထိုနတ်ဘုရားကျောက်စိမ်းဝါးက မည်သည့်အရာဖြစ်လဲဆိုသည်ကို သူတို့ မသိခဲ့ကြပါဘူး။

"ဒီနတ်ဘုရားကျောက်စိမ်းဝါးဟာ အင်မော်တယ်ကမ္ဘာမှာတော့ အလွန်ဆန်းကြယ်တဲ့ ဝါးတစ်မျိုးပဲ။ နတ်ဘုရားကမ္ဘာမှာတောင် ပျောက်ကွယ်သွားခဲ့တာ ကြာလှပြီ။ အခု ဒီမှာ တကယ် ကြုံတွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကြည့်ရတာ, ငါတို့မှာ ပြဿနာကြီး တစ်ခု ရှိနေပုံပဲ" ချူယွန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"အယ်..၊ ဒါက ဝါးတောအုပ်တစ်ခုပဲ မဟုတ်လား? ပြဿနာတစ်ခုခု ကြုံလာရင်တောင်, ငါက ပုဆိန်တစ်ချောင်းနဲ့ ဖြတ်တောက်ပစ်လိုက်လို့ရတယ်။" နီထိုက်စွေ့က စိတ်ရှုပ်ထွေး စွာ ပြောသည်။

ချင်ယွင်က ဘာမှပြန်မပြောပေ။ သို့သော်, သူသည် ထိုဝါးတောအုပ်က သူတို့အတွက် မည်ကဲ့သို့ ခြိမ်းခြောက်မှုမျိုး ဖြစ်ပေါ်လာနိုင်သလဲ?။ သို့မဟုတ်, ပြဿနာကြီးတစ်ခုက မည်သည့်အရာဖြစ်မလဲဆိုသည်ကို သိချင်နေခဲ့ပါသည်။

"မင်း မှားနေပြီ။ ဒီနတ်ဘုရားကျောက်စိမ်းဝါးက အဆင့်မြင့် နတ်ဘုရားပစ္စည်းနဲ့ ယှဉ်လို့ရတဲ့အထိ အနှိုင်းမဲ့ မာကျောတယ်။ မင်းလက်ထဲက အဆင့်နိမ့် နတ်ဘုရားပစ္စည်းဆို ပြောမနေနဲ့၊ အဆင့်မြင့် နတ်ဘုရားပစ္စည်းတွေတောင်မှ ထိခိုက်ဒဏ်ရာ အနည်းငယ် ရအောင်သာ လုပ်နိုင်လိမ့်မယ်။ ထိပ်တန်းအဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုကသာ ဤနတ်ဘုရားကျောက်စိမ်းဝါးတွေကို ခုတ်လှဲနိုင်လိမ့်မယ်" ချူယွန်က ပြန်ပြောသည် ။

"မဟုတ်သေးပါဘူး။ ဒီလောက်တောင် မာကြောတယ်ပေါ့။ လခွမ်းကွာ၊ ငါ့အဆင့်နိမ့် နတ်ဘုရားပုဆိန်နဲ့တောင် ဖြိုခွဲလို့မရနိုင်ဘူးလား?" နီထိုက်စွေ့က မျက်လုံးပြူးကျယ်စွာ မယုံကြည်နိုင်သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။

ဘေးမှတော်ညီအစ်မလည်း အံ့အားသင့်နေသည့် အမူအရာများကို ထုတ်ပြလာကြသည်။ ချင်ယွင်နှင့် ရှေးဟောင်းတာအိုတို့သာ တွေးတောစဉ်းစားနေသည့် အမူအရာများကို ထုတ်ဖော်ထားကြသည်။

"မာကြောတာအပြင်, ဒီနတ်ဘုရားကျောက်စိမ်းဝါးနဲ့ ပတ်သက်တဲ့ တခြားထူးခြားတာများ ရှိသေးလား။" ချင်ယွင်က ဆက်မေးသည်။

ယခင်က ချူယွန်သည် ၎င်းတို့သည် ကြီးမားသော ပြဿနာကြီးတစ်ခုကို ကြုံတွေ့ရမည်ဟု ပြောခဲ့ဖူးသည်။ ဤနတ်ဘုရားကျောက်စိမ်းဝါးများသည် မာကြောရုံသက်သက်ဆိုလျှင် သူသည် ထိုကဲ့သို့ပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤနတ်ဘုရားကျောက်စိမ်းဝါးတွင် ကြောက်စရာကောင်းသော အခြားရူထောင့်များရှိနေသည်မှာ သေချာပါသည်။

"ရှိတာပေါ့၊ ဒီနတ်ဘုရား ကျောက်စိမ်းဝါးတွေနဲ့ပတ်သက်ပြီး အမှန်တကယ် ကြောက်စရာ ကောင်းတဲ့အရာက, အဲဒီဝါးတွေဟာ ထူးဆန်းတဲ့ ရနံ့တွေကို ပိုင်ဆိုင်ထားတာပဲ။ အဲဒီရနံ့တွေက ဘယ်သူမှ သတိမထားမိခင်မှာ ပုံရိပ်ယောင်တွေကြား ကျရောက်သွား အောင် လုပ်ဆောင်နိုင်တယ်။ အဲဒီပုံရိပ်ယောင်တွေက လက်တွေ့နဲ့ စိတ်ကူးယဉ်မူကြား ခွဲခြားလို့ မရတော့ဘူး။ တစ်ခါတလေမှာဆို မင်းရဲ့အဖော်တွေကတောင် မင်းကို ရုတ်တရတ် တိုက်ခိုက်လာနိုင်တယ်။ မင်းအနေနဲ့ ခုခံကာကွယ်လို့ မရနိုင်ဘူးပေါ့။" ချူယွန်က လေးနက်စွာ ပြောသည်။

"ဒါဆိုလည်း ငါတို့ရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုယ့်ရဲ့ကျင့်ကြံမူအခြေခံနဲ့ စည်းတံဆိပ် ပိတ်ထားလိုက်မယ်လေ။ ဒါဆို အဲဒီရနံ့ကို မရှူမိဖို့ ပြဿနာမရှိတော့ဘူး မဟုတ်လား" တော်အန်းက သူမမျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လှုပ်ရင်း မေးလိုက်သည်။

"အဲဒါက အသုံးမဝင်ဘူး။ ဒီနတ်ဘုရားကျောက်စိမ်းဝါးရဲ့ ရနံ့က နတ်ဘုရားတန်ခိုးရဲ့ ကန့်သတ်အတားအဆီးမူတွေကို လျစ်လျူရှုနိုင်တယ်။ ဒါ့အပြင်, အဲဒီရံ့က လူတွေရဲ့ နှာခေါင်းနဲ့ ပါးစပ်ကနေတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်တာ မဟုတ်ဘဲ အရေပြားကနေတစ်ဆင့် ဝင်ရောက်တာဖြစ်တဲ့အတွက် ခုခံဖို့က မဖြစ်နိုင်ဘူး။ မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တွေတောင် ဒီနတ်ဘုရား ကျောက်စိမ်းဝါးကို တွေ့သာနဲ့ ကျောခိုင်းဖို့ပဲ ရွေးချယ်နိုင်တယ်” ချူယွန်က ပြောသည်။

ဤစကားကို လူတိုင်းကြားသောအခါတွင် သူတို့၏မျက်နှာများသည် ထိတ်လန့်တုန်လှုပ် သွားကာ သူတို့၏အမူအရာများလည်း လေးနက်လာကြသည်။

ချင်ယွင်၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ ယခုအချိန်မှာ သူတို့အတွက် လမ်းကြောင်း တစ်ခုသာ ရှိပါသည်။ သူတို့သည် ဒီဝါးတောအုပ်ကို ဖြတ်သွားရမည်။ တခြားသွားစရာ လမ်းမရှိပေ။

အကယ်၍ ဤနတ်ဘုရားကျောက်စိမ်းဝါးသည် ချူယွန်ပြောခဲ့သည့်အတိုင်း အမှန်တကယ် ပင် ကြောက်မက်ဖွယ် ကောင်းပါက၊ သူတို့သည် အမှန်တကယ်ပင် ပြဿနာကြီးတစ်ခု ကြုံတွေ့ရပေလိမ့်မည်။

ဝှီး…။

သို့သော် ထိုအချိန်တွင် တစ်ခါမှ စကားမပြောသည့် တော်ယုသည် ရုတ်တရက် လှုပ်ရှား သွားသည်။ သူမသည် ခြေချောင်းများကို မြေပြင်ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် ပေါ့ပေါ့ပါးပါး ထိလိုက်ပြီး ဝါးတောအုပ်ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။

"အစ်မ, နင် ဘယ်သွားမလို့လဲ" တော်အန်းသည် သတိပေးသံဖြင့် အော်ဟစ်လိုက်ပြီး ကမန်းကတန်း လိုက်သွားခဲ့သည်။

သို့သော်လည်း သူမသည် ခြေလှမ်း အနည်းငယ်ပင် မလှမ်းနိုင်ခင်မှာ တော်ယု၏ တစ်ကိုယ်လုံးသည် ဝါးတောထဲအုပ်ထဲရှိ မြူခိုးများကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ။

တော်ယု ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့်ရင်း ချင်ယွင်၏ မျက်ခုံးများသည် ကျုံ့သွားပြန်သည်။ သူ့စိတ်ထဲမှာ မည်သည့်အရာ တွေးနေမှန်း မသိနိုင်ပေ။

ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများတွင် လေးနက်မှုကို သတိပြုမိကြသည်။

"အစ်မက ဘာလို့ စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားရတာလဲ။" တော်အန်းသည် သူမနှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသေးသည်။

နီထိုက်စွေ့သည် လက်တစ်ဖက်တွင် ပုဆိန်ကြီးကို ကိုင်ထားပြီး၊ အခြားလက်တဖက်က သူ့နောက်ကျောမှာရှိနေကာ၊ သူ့မျက်လုံးတွေက အားမာန်အပြည့်နှင့်ပင်။

"ကျွန်တော်လည်း ဝင်ရအောင်။" ချင်ယွင်က သူ့နောက်မှ လူတွေကို စကားမပြောခင် ခဏလောက် စဉ်းစားနေသေးသည်။

ထိုသို့ပြောပြီးနောက်, သူတို့သည် ဝါးတောအုပ်ဆီသို့ လျှောက်သွားကြသည်။ တခဏတာ ထိတ်လန့်သွားပြီးနောက်, အားလုံးသည် ချင်ယွင်၏ ခြေလှမ်းများအတိုင်း လိုက်ပါကာ ဝါးတောအုပ်ဆီသို့ လျှောက်သွားကြသည်.

All Chapters