အခန်း ၁၂၅၄
Vol. 84 Ch. 1254
အခန်း (၁၂၅၄) ထူးဆန်းသော နွားချောကြီး။
ချင်ယွင်သည် ဝါးတောအုပ်ထဲသို့ ဝင်သွားပြီးနောက်, လှည့်ပတ်ကြည့်လိုက်ချိန်မှာ, သူ့နောက်ရှိ လူများတွင် နီထိုက်စွေ့မှလွဲ၍ ကျန်လူများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ရှေးဟောင်းတာအို ဆရာသခင်နှင့် ချူယွန်တို့လည်း ပျောက်ကွယ်သွားခဲ့ကြပြီး၊ တော်အန်းသည်ပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့နောက်မှ နီထိုက်စွေ့ကို လှည့်ကြည့်လိုက်သည်။
ထိုအခိုက်တွင်၊ နီထိုက်စွေ့လည်း အခြားသုံးယောက် မည်သည့်နေရရာ ရောက်သွားသည် ကို သိချင်နေသည့်အလား စိတ်အကြံအိုက်နေပုံရသည်။
"ဆရာကြီး၊ သူတို့ ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ။ သူတို့က အခုလေးတင် ငါတို့နဲ့ လိုက်လာတာလေ။ ဒါက အဝေးကို ပို့ဆောင်နိုင်တဲ့ တယ်လီပို့အစီအရင်ဝင်္ကပါတစ်ခု ကြောင့်များ ဖြစ်နိုင်မလား" နီထိုက်စွေ့က ချင်ယွင်ကို အမြန်ကြည့်ကာ မေးလိုက်သည်။
'"မဖြစ်နိုင်ဘူး။ ဒါက ဝါးတောအုပ်ကြောင့် ဖြစ်နိုင်တယ်။ ငါတို့ နှစ်ယောက် ပုံရိပ်ယောင်ထဲ ကျရောက်သွားပြီ။ ဒါကြောင့် သူတို့ကို မြင်လမ်းမရှိတော့ဘူး" ဟု ချင်ယွင်က ရှင်းပြသည်။ သူ့အကြည့်တွေက လှည့်ပတ်ကြည့်ရူနေရင်း နောက်ဆုံးတွင် နီထိုက်စွေ့ပေါ် ရောက်သွား ခဲ့သည်။ သူသည် စကားတစ်ဝက်ရောက်နေပြီး ဆက်မပြောဖြစ်တော့ပေ။
ယခုအချိန်တွင်၊ နီထိုက်စွေ့သည် ပြင်ပကမ္ဘာမှ ရရှိသော နတ်ဘုရားပုဆိန်ကို ကိုင်ဆောင် ထားသော်လည်း အခြားလက်တစ်ဖက်ကမူ သူ့နောက်ကျောတွင် အမြဲ ရှိနေပါသည်။ ချင်ယွင်က သူ့ဘက်သို့ လှမ်းကြည့်နေသည်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက ရှောင်တိမ်းသွားပုံရသည်။
"ပုံရိပ်ယောင်, ငါတို့အားလုံး ပုံရိပ်ယောင်ထဲမှာလား?။" နီထိုက်စွေ့က ရှုပ်ထွေးသော အမူအရာဖြင့် မေးနေသေးသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် အတုအယောင်ဆန်နေပါသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို သဘာဝအတိုင်း မြင်တွေ့ရပြီး၊ နီထိုက်စွေ့၏ အကြည့်ကို မြင်လိုက်ရသောအခါတွင် သူသည် နိုးကြားသတိထားလာခဲ့သည်။
"ညီအစ်ကိုနီ၊ မင်းရဲ့လက်က ဘာဖြစ်တာလဲ" ချင်ယွင်က နီထိုက်စွေ့ကို မေးသည်။
ချင်ယွင်၏မေးခွန်းကို ကြားတော့ နီထိုက်စွေ့၏အမူအရာမှာ တင်းကျပ်သွားသည်။ သို့သော်, သူက ပြုံးပြပြီး "ဘာမှ မဟုတ်ပါဘူး။ အခုက မတော်တဆ တစ်ခုခုကို ကောက်တွေ့လို့ပါ။ အဲဒါက ရတနာမဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
နီထိုက်စွေ့ပုံစံက ဂရုမစိုက်သလိုဖြင့်, သူ့နောက်ကျောမှ လက်ကို မဖယ်သေးပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်းပင် ရှုံ့တွလာခဲ့သည်။
ဤနီထိုက်စွေ့၏ လုပ်ရပ်တွေက ထူးဆန်းလွန်းသဖြင့် သူ့ကို သံသယဝင်စေခဲ့သည်။
ယခုအချိန်, ဤနတ်ဘုရားကျောက်စိမ်း ဝါးတောအုပ်ထဲအတွင်းမှာ ပုံရိပ်ယောင်များနှင့် အစစ်မှန်များကြားတွင် ရှင်းရှင်းလင်းလင်း ကွဲပြားခြင်း မရှိပေ။ ချင်ယွင်သည် အဆင်ခြင်မဲ့ မပြုမူဝံ့ပေ။ အကယ်၍, ၎င်းသည် အမှန်တကယ် နီထိုက်စွေ့ ဖြစ်နေပါက, သူ၏ ပုံရိပ်ယောင်က နီထိုက်စွေ့ကို တိုက်ခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ ထူးဆန်းသော ဖြစ်စဉ်ကို သူ့ကို မြင်နိုင်စေခဲ့သည်ဆိုလျှင်, ၎င်းပုံရိပ်ယောင်သည် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ဟုတ်ပါသည်၊ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုလည်း ရှိနေပါသည်။ နီထိုက်စွေ့သည် သူနှင့် အတူ ရတနာတစ်ခုကို အမှန်တကယ် ကောက်ယူခဲ့ပြီး, အတွင်း၌ ရှေးဟောင်း နတ်ဘုရား တစ်ပါ၏ အကြွင်းအကျန် စိတ်ဝိညာဉ်တစ်ခု ရှိနေခဲ့ပြီး၊ ၎င်းအကြွင်းအကျန် စိတ်ဝိညာဉ်က နီထိုက်စွေ့၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားသောကြောင့် သူ့ကို ထူးဆန်းသွားစေခြင်း ဖြစ်နိုင်သည်။
မည်သည့်အရာဖြစ်စေ, ထိုအရာက ချင်ယွင်၏ လက်ရှိအခြေအနေအတွက် မကောင်းပါ ဘူး။
"ညီအစ်ကိုနီ၊ မင်း ဘာကောက်ယူခဲ့တာလဲ?။ တစ်ချက်လောက် ကြည့်ရအောင် ဘာလို့ ထုတ်မပြတာလဲ?” ချင်ယွင်က ပြုံးပြီး နီထိုက်စွေ့ကို မေးသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ပုံရိပ်တစ်ခုထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း အခြေခံအားဖြင့် သေချာသွားခဲ့ပြီ။ သူ့ရှေ့မှ နီထိုက်စွေ့သည် အတုအယောင် ဖြစ်နိုင်ချေ များသည်။
သို့သော်လည်း ချင်ယွင်သည် နီထိုက်စွေ့အပေါ် ချက်ခြင်း မလှုပ်ရှားဝံ့ပေ။ အခြေအနေကို အကဲဖြတ်မူ ပြုလုပ်ရဦးမည်။
"မင်း မယူဘူးမလား?" နီထိုက်စွေ့က ပြုံးပြီး ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။
"ကောင်းပြီ” ချင်ယွင်၏ မျက်လုံးများသည် စူးရှပြီး သူ့လေသံကို လုံးဝ ငြင်းဆန်၍ မရနိုင်ပေ။
"ကောင်းပြီ၊ ငါ မင်းကို ပြနိုင်ပေမယ့်, မင်းပြန်ရောက်တဲ့အခါ ဘယ်သူ့ကိုမှ မပြောရဘူး" နီထိုက်စွေ့က ပြုံးပြုံးလေး ပြောသည်။
ချင်ယွင်လည်း ပြုံးပြီး ခေါင်းညိတ်ကာ စကားတစ်ခွန်းမှ မပြောဘဲ ပြုံးနေမိသည်။
အကယ်၍ ၎င်းသည် အမှန်တကယ် ရတနာတစ်ခုဖြစ်ခဲ့ပါက နီထိုက်စွေ့သည် ၎င်းကို သိုလှောင်နတ်ဘုရားရတနာထဲတွင် ထည့်ထားပြီး ဖြစ်လိမ့်မည်။ သူသည် ၎င်းကို သူ့လက်ထဲတွင် အဘယ်ကြောင့် ဆက်လက်ဆွဲကိုင်ထားမည်နည်း?။
နတ်ဘုရားဝိညာဉ်စွမ်းအားသည် သူ့ခန္ဓာကိုယ်မှ မထုတ်ဖော်နိုင်သော်လည်း၊ သူ၏ သိုလှောင်လက်စွပ်ဖြင့် ပစ္စည်းတစ်စုံတစ်ခုကို အလွယ်တကူ စုဆောင်းနိုင်ပါသေးသည်။ ထို့ကြောင့် နီထိုက်စွေ့၏ လုပ်ရပ်သည် သံသယဖြစ်စရာ ကောင်းလွန်းသည်။
ဘန်း..။
ချင်ယွင်သည် နီထိုက်စွေ့၏ ဘယ်ဘက်လက် ထုတ်ဖော်လာရန် စောင့်ဆိုင်းနေချိန်မှာ, နီထိုက်စွေ့၏ မျက်လုံးများသည် ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့လက်ထဲမှ ပုဆိန်ကြီးသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားသည် ။
နတ်ဘုရားပုဆိန်ကြီးအတွင်းမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ စွမ်းအားသည် အလွန်ကြီးမားလှသည်။
သူသည် ဟက်တက်ခွဲ ပိုင်းချလာသော ပုဆိန်ကြီးကို ထိုးနှက်လိုက်စဉ်မှာ, ချင်ယွင်၏ အကြည့်များလည်း ရုတ်ချည်းဆိုသလို စူးရှသွားသည် ။
"ဘုန်း”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပုဆိန်ကြီးထံမှ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်း တွန်းထုတ်ခံလိုက်ရ သည်။ သူသည် အံ့သြသော အမူအရာဖြင့် နီထိုက်စွေ့ကို ကြည့်လိုက်မိသည်။
နီထိုက်စွေ့လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ သူသည် မြေပြင်ပေါ် သို့ ခြေဆောင့်နင်းလိုက်ပြီး၊ ကြီးမားလှသော တွင်းနက်ပေါက်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
"မင်းက ချောမောခန့်ညားနဲ့ ညီအစ်ကိုနီ မဟုတ်ဘူး”။ ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို တည့်တည့် မတ်မတ်ထားပြီး နီထိုက်စွေ့ကို ကြည့်လိုက်သည်။
ယခုလေးတင် နီထိုက်စွေ့၏ တိုက်ခိုက်မှုမှ အရာအားလုံးကို ရှင်းပြပြီးသွားပါပြီ။ ထိုပုဆိန်ကြီး၏ စွမ်းအားသည် အလယ်အလတ် ကြယ်နတ်ဘုရား အဆင့်အောက်မှာ ရှိမနေခဲ့ပေ။ ၎င်းသည် အလယ်လတ် ကြယ်နတ်ဘုရားအဆင့်ထက်ပင် ကျော်လွန်သွားနေ ခဲ့ပြီ။
ယခုအချိန်တွင်၊ ချင်ယွင်၏ခွန်အားသည် ဖိနှိပ်ခံထားရပြီး၊ သူ၏ခွန်အားသည် အများဆုံး နီထိုက်စွေ့နှင့် နှိုင်းယှဥ်၍ရသည့် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူနှင့် တူညီသည်။
"ဟား…, ဟား…၊ ဟုတ်တာပေါ့။ ငါက နွားချောကြီး မဟုတ်တော့ဘူး။ ငါက ကြက်သွေး ရောင် မြေကမ္ဘာနတ်ဘုရားပဲ။ မင်း အခုနကပြောတဲ့ နွားချောကြီးနီရဲ့ ခန္ဓာကိုယ်ကို ငါ သိမ်းပိုက်လိုက်ပြီ” နီထိုက်စွေ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ အမူအရာက ချက်ချင်း လေးနက်လာခဲ့သည်။ အမှန်ပင်, သူမှန်းဆထားသည့်အတိုင်း နီထိုက်စွေ့၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က သိမ်းပိုက်ထားပြီး ဖြစ်သည်။
ဓားမြုပ်နှံခြင်းတောင်တန်းတွင် ရတနာများစွာ ရှိသော်လည်း အထဲမှာ အကြွင်းအကျန် စိတ်ဝိညာဉ်များစွာ ပိတ်မိနေပါသည်။ အကြွင်းအကျန် စိတ်ဝိညာဉ်များသည် ကံအား လျှော်စွာ တွေ့ကြုံရသည့် လူများ၏ ခန္ဓာကိုယ်များကို သိမ်းပိုက်ပြီး အခြားလူများ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။
ဤအဖြစ်ပျက်ကလည်း ဓားမြုပ်နှံခြင်းတောင်တန်းနှင့် ပတ်သက်ပြီး ကောလာဟလတွေ အများပြား ရှိခဲ့သောကြောင့်ဖြစ်သည်။ အထဲကို ဝင်ရောက်သွားကြသူများသည် အကယ်၍, အမှန်တကယ် အပြင်ထွက်လာနိုင်လျှင်ပင်, သူတို့ကိုယ်တိုင် မဟုတ်ကြတော့ပါဘူး။
ချင်ယွင်သည် တဖက်လူက နီထိုက်စွေ့၏ခန္ဓာကိုယ်ကို မည်သည့်အချိန်ကတည်းက သိမ်းယူခဲ့သည်ကို မသိသော်လည်း ၎င်းသည် အကြာကြီး ပုန်းနေပုံရသည်။ ထိုသို့ မဟုတ်ဘဲ, အကယ်၍, သူသည် ချင်ယွင်ကို တိုက်ခိုက်ချင်သည်ဆိုလျှင်, ထိုလူသည် လှုပ်ရှားပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။
"ခင်ဗျား, နီထိုက်စွေ့ရဲ့ခန္ဓာကိုယ်ကို လွှတ်ပေးလိုက်ရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျားအပေါ် မယဉ်ကျေးတဲ့အတွက် ကျုပ်ကို အပြစ်မတင်နဲ့။ ခင်ဗျားက ရှေးဟောင်း အကြွင်းအကျန် စိတ်ဝိညာဉ်ဖြစ်နေရင်တောင်, ကျုပ်က ခင်ဗျားကို လုံးလုံး ချေမှုန်းပစ်နိုင် တယ်။" ချင်ယွင်က နီထိုက်စွေ့ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"ဟား..၊ ဟား..၊ ငါ့ကို ဖျက်ဆီးပစ်မယ် ဟုတ်လား?။ မင်း ဒီခန္ဓာကိုယ်ကို သတ်နိုင်ရင်တောင် ငါက မသေဘူးကွ။ မင်းက သူ့ကို သတ်မိရုံပဲ ဖြစ်လိမ့်မယ်။ ငါ့စိတ်ဝိညာဉ်က နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို ရှာတွေ့နိုင်သေးတယ်။ ဒီနတ်ဘုရားကျောက်စိမ်း ဝါးတောအုပ်ထဲမှာ ငါ ပုန်းအောင်းနေတာ နှစ်ပေါင်း ၁၀၀၀၀၀ တောင် ရှိသွားခဲ့ပြီ။ နောက်ဆုံး, တစ်စုံတစ်ယောက် ရောက်လာတဲ့အခါ, ငါ့လက်ကနေ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်လား?”။ ဒီနတ်ဘုရားနယ်မြေထဲမှာ မင်းရဲ့စိတ်ဝိညာဉ်က မင်းရဲ့ခန္ဓာကိုယ်ကနေ မထွက်ခွာနိုင်ဘူး။ မင်း ငါ့ကိုဖျက်ဆီးဖို့အတွက် ဘာကို အသုံးပြုမှာလဲ" နီထိုက်စွေ့က ချင်ယွင်ကို အထင်အမြင်သေးစွာ ကြည့်ရင်း လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏အမူအရာက လေးနက်လာပြန်သည်။
နီထိုက်စွေ့ပြောသည်မှာ မှန်ပေသည်။ ပြင်ဘက်ကမ္ဘာတွင် သူသည် နီထိုက်စွေ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ထိုအကြွင်းအကျန် စိတ်ဝိညာဉ်ကို သတ်ပစ်နိုင်သော် လည်း၊ အခု နတ်ဘုရားနယ်မြေအတွင်းမှာ သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုအကြွင်းအကျန် စိတ်ဝိညာဉ်ကို သတ်ပစ်ရန် မဖြစ်နိုင်သလောက်ပင်။
“ဟား…၊ ဟား…၊ အခု မင်းသိသွားပြီပေါ့။ ဒါပေမယ့်, မင်း စိတ်မပူပါနဲ့။ ငါ တကယ် သဘောကျတဲ့ခန္ဓာကိုယ်က ဒီနွားအိုကြီးရဲ့ခန္ဓာကိုယ် မဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ပဲ။ မင်းရဲ့ခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်မှာ ရှိနေပေမယ့်၊ မင်းက ဖင်းဂေါ့ဂ် ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံထားတယ်ဆိုတာ သိသာထင်ရှားတယ်။ ဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်က သာမန်ထက် အလွန့်လွန် ထူးခြားတယ်။ တကယ်လို့, ငါသာ မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်ခဲ့ရင်, ငါ့ရဲ့ခွန်အားက အချိန်တိုအတွင်း အထွတ်အထိပ်ကို ပြန်ရောက်သွားလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ခန္ဓာကိုယ်ကို နာခံမှုရှိရှိနဲ့ အပ်နှံသင့်တယ်” နီထိုက်စွေ့၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လွင်လာပြီး သူ့သူငယ်အိမ်များပင် နီရဲလာသည်။