← Chapters

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း (၁၂၅၅) ဘဝက ကစားပွဲတစ်ခုလိုပါပဲ။

နီထိုက်စွေ့၏စကားများကို ကြားတော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်သွား သော်လည်း သူ့မျက်လုံးများတွင် မမြင်သာသည့် အပြုံးအရိပ်အယောင်များ ဖြစ်ပေါ်လာ သည်။

သူသည် နီထိုက်စွေ့၏ ခန္ဓာကိုယ်အတွင်းရှိ အကြွင်းအကျန် စိတ်ဝိညာဉ်ကို မည်ကဲ့သို့ ဖယ်ရှားရမည်ကို တွေးနေမိသည်။ အခု ထိုလူပြောခဲ့သည့် စကားများက သူ့ကို အကြံကောင်းတစ်ခုကို တွေးမိသွားစေသည်။

သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ မထွက်ခွာနိုင်ဘူး ဆိုကတည်းက, သူသည် ထိုအကြွင်းကျန် စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲကို ဝင်ဖို့ အရင်ဆုံး အစပြုရန် ဖြစ်သည်။

သူက ချင်ယွင်၏ခန္ဓာကိုယ်ကို ယူချင်နေခဲ့တာ မဟုတ်လား?။ ထိုသို့ဖြစ်လျှင် သူသည် ၎င်းအကြွင်းကျန် စိတ်ဝိညာဉ်ကို မဖမ်းဆီးခင် ၎င်းကို ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ခွင့်ပေးရမည်။

ယခုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်သည် နှစ်ပိုင်းခွဲထားသည်။ အပိုင်းတစ်ပိုင်းသည် ကနဦးစကြဝဠာနှင့် ပေါင်းစပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤသူသည် သူ၏စိတ်ဝိညာဉ် ကို ရှင်းလင်း သုတ်သင်ပစ်နိုင်လိမ့်မည်ကို သူ မစိုးရိမ်ပါ။

အခြားနတ်ဘုရားစိတ်ဝိညာဉ်တစ်ပိုင်းသည် နတ်ဘုရားအမြုတေတွင် ပေါင်းစပ်ထားသော် လည်း, ချင်ယွင်သည် သူ၏ ထိုနတ်ဘုရားအမြုတေကိုလည်း ကနဦးစကြဝဠာထဲတွင် သိမ်းဆည်းထားသည်။ ထို့ကြောင့် ထိုအချိန်တွင် ၎င်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ချင်ယွင်သည် ၎င်းကိုချေမွပစ်ရန် ကနဦးစကြဝဠာ၏ အလိုဆန္ဒကို လုံးလုံးလျားလျား အသုံးချနိုင်သည်။

မြေကမ္ဘာနတ်ဘုရားအဆင့် အကြွင်းကျန် စိတ်ဝိညာဉ်ကို အသာထား၊ မြေကမ္ဘာနတ်ဘုရား အဆင့် ပြီးပြည့်စုံသော နတ်ဘုရားစိတ်ဝိညာဉ်များပင်, ကောင်းကင်နတ်ဘုရား နယ်ပယ် ကို မရောက်သေးသရွေ့ ချင်ယွင်က ၎င်းတို့ကို ချေမှုန်းပစ်နိုင်ပါသည်။ ဤသည်မှာ ကောင်းကင်ဘုံအလိုဆန္ဒတန်ခိုး၏ ကြောက်မက်ဖွယ် စွမ်းအား ဖြစ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ နီထိုက်စွေ့၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာရန် ကြက်သွေးရောင်ဟုခေါ်သည့် ထိုမြေကမ္ဘာနတ်ဘုရားကို သွေးဆောင်ရန် ဖြစ်သည်။

သို့သော် ချင်ယွင်သည် ၎င်းကို ရှင်းရှင်းလင်းလင်း မလုပ်နိုင်ပါ။ အဆုံးတွင်, တဖက်လူက အားနည်းချက်တွေကို မြင်ဖို့ အရမ်းကို လွယ်ပါသည်။ ထိုသို့ဖြစ်လျှင်, ချင်ယွင်သည် သူ့ကို နောက်တစ်ကြိမ် သတ်ဖြတ်ရန် ခက်ခဲသွားပေလိမ့်မည်။

အကယ်၍, ဤလူသည် တစ်ဝက်တစ်ပျက်မှာ လက်လျော့သွားခဲ့လျှင်လည်း, ချင်ယွင်သည် အမှန်တကယ် ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် ချင်ယွင်သည် လှုပ်ရှား၍ မရရုံသာမက၊ သူကိုယ်တိုင်ကလည်း ကောင်းမွန်စွာ သရုပ်ဆောင်ရန် လိုအပ်ပါသည်။

ချင်ယွင်က ခေါင်းမော့ပြီး နီထိုက်စွေ့ကို ကြည့်လိုက်ပြီး "ဟမ့်၊ တစ်ချိန်တစ်ခါက ခင်ဗျားဟာ မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ရင်တောင်, အခုအချိန်မှာတော့ ခင်ဗျားက အကြွင်းကျန် စိတ်ဝိညာဉ်တစ်ကောင်ပဲလေ။ အခုအချိန်မှာ ခင်ဗျား အသုံးပြုနိုင်တဲ့ ခွန်အားက အရင်ကထက် အများကြီး အားနည်းသွားပြီ။ တကယ်လို့ ကျုပ်ခန့်မှန်းတာ မမှားရင်, ခင်ဗျားက နှောင်းပိုင်း ကြယ်နတ်ဘုရားတစ်ပါးနဲ့ ယှဉ်နိုင်တဲ့ ခွန်အားလောက်နဲ့ပဲ ပေါက်ကွဲနိုင်တော့မယ်။ ဒါကလည်း ခင်ဗျားလက်ထဲမှာရှိတဲ့ တစ်စုံတစ်ခုနဲ့ ဆက်စပ်နေလို့ ဖြစ်လိမ့်မယ်” ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

ချင်ယွင်၏စကားကိုကြားတော့ နီထိုက်စွေ့သည် အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ပြလိုက်သည်။

"ချာတိတ်လေး၊ မင်းက တကယ်ကို ဉာဏ်ကောင်းပုံရတယ်။ မှန်တယ်။ ဒါက ငါ့ရဲ့ ကြက်သွေးရောင်ပုလဲပဲ။ ဒီအထဲမှာ အဲဒီအချိန်တုန်းက ငါချန်ထားရစ်ခဲ့တဲ့ နတ်ဘုရား တန်ခိုးတွေ ပါဝင်နေတယ်။ ဒီနွားမှိုက်ကြီးရဲ့ ကျင့်ကြံမူက နိမ့်ကျလွန်းတယ်။ အခုချိန်မှာ မင်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပေမယ့်, ငါ့ရဲ့နတ်ဘုရားတန်ခိုးဆို, မင်းကို သတ်ဖို့က အလွယ်လေးပဲ” နီထိုက်စွေ့က တဟားဟား ရယ်မောလိုက်သည်။ သူ၏ ကြက်သွေးရောင် သူငယ်အိမ်များသည် ဤတောက်ပသော အလင်းရောင်နှင့်အတူ တဖျပ်ဖျပ် ခတ်နေကြ သည်။ နောက်ကျောမှာ တချိန်လုံးပစ်ထားသော သူ့လက်ထဲတွင် ကြက်သွေးရောင် ပုလဲတစ်လုံး ရှိနေပြီး၊ တောက်ပသော အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်။

"ဟမ့်၊ ခင်ဗျားက ဟိုးတချိန်တုန်းက ဖုန်မှုန့်တွေအဖြစ် လျော့ချခံခဲ့ရတဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားရဲ့ရတနာထဲမှာ ခင်ဗျားချန်ထားခဲ့တဲ့ နတ်ဘုရားတန်ခိုးတွေ ရှိနေပေမယ့်၊ နှစ်ပေါင်း များစွာကြာပြီးတဲ့နောက်မှာ အများကြီး ကျန်နေတော့မှာ မဟုတ်ဘူး။ ခင်ဗျားက ကျုပ်ကို အနိုင်ယူဖို့ ဒီတန်ခိုး စွမ်းအားကို အသုံးချနိုင်ဦးမယ်ဆိုတာ ကျုပ် မယုံဘူး။” ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံးပြီး အော်ပြောလိုက်ကာ၊ သူ့မျက်နှာက မာန်မာနကြီးမားသည့် အသွင် ပေါ်လွင်နေသည်။

"မင်းက သေချင်နေတာလား”။ နီထိုက်စွေ့သည် ချက်ချင်းပင် ဒေါသအမျက် ထွက်သွားခဲ့ သည်။ သွေးနီရောင် စွမ်းအင်အမျှင်တန်းနှစ်ချောင်းသည် သူ့နှာခေါင်းမှ ဖျန်းခနဲ ပက်ဖြန်း သွားပြီး၊ ချင်ယွင်ကို ကြည့်နေသည့် သူ့အကြည့်များက ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဘန်း…။

နီထိုက်စွေ့သည် ချက်ချင်းပင် လှုပ်ရှားသွားပြီး သူ၏ ပုဆိန်ကြီးကို ချင်ယွင်ဆီသို့ လွှဲယမ်းကာ ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းပင် ပုဆိန်ကြီးထံမှ ကြီးမားကျယ်ပြန့်သော သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ဖြတ်သန်းသွားသည် ။

သွေးနီရောင်အလင်းတန်းများပေါ်ရှိ လှိုင်းလုံးများသည် အလွန်ကြောက်မက်ဖွယ် ကောင်းပြီး၊ နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအား အပြည့် တိုက်ခိုက်ခြင်းထက် အားမနည်းပေ။

"ဒါက အချိန်ကောင်းပဲ”။

ချင်ယွင်၏ မျက်လုံးများတွင် မမြင်သာသည့် အပြုံးတစ်ခုက တောက်ပသွားခဲ့သည်။ သူ့လက်ထဲမှာ ဓားတစ်ချောင်းက ချက်ချင်း ပေါ်လာပြီး ထိုဓားဖြင့် တိုက်ခိုက်လိုက်သည်။

"ဘုန်း…”။

သွေးနီရောင်အလင်းသည် ဓားအလင်းနှင့် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံမိကာ အဝေးမှ ကျယ်လောင်သည့် ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းများသည် ချက်ချင်းပင် တုန်ခါသွားကာ ပတ်ဝန်းကျင်ရှိ နတ်ဘုရား ကျောက်စိမ်းဝါးပင်များသည် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

ဤနတ်ဘုရားကျောက်စိမ်း ဝါးများသည် အနှိုင်းမဲ့မာကျောနေသည့် အချက်ကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ ၎င်းတို့သည် အချိန်အတော်ကြာကတည်းက လုံးလုံးလျားလျား ကြေမွသွားလောက်ပြီ။

ထို့အပြင်, ချင်ယွင်သည် ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းများကြောင့် လွင့်ထွက်သွားကာ သူ့နောက်ဘက်ရှိ ဝါးတစ်ပင်ကို ပစ်ရိုက်ပြီး ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။

"ဟား..၊ ဟား…၊ ဟား…၊ မင်းက အရမ်းကို အရည်အချင်း ရှိနေမယ်လို့ ငါ ထင်ထားခဲ့တာ။ မင်းမှာရှိတာ ဒါ အကုန်ပဲပေါ့။ ငါက ပုဆိန်လေးတစ်ချက်ပဲ ပေးလိုက်ရသေးတယ်၊ မင်းက ဒဏ်ရာရနေပြီ။ ဒါနဲ့တောင် မင်းက ငါ့ကိုသတ်ချင်တယ်လို့ ပြောရဲသေးတယ်။ ဒါက ကြက်ဉနဲ့ ကျောက်တုံးကို ပစ်ပေါက်တာနဲ့အတူတူပဲ။ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” နီထိုက်စွေ့က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး၊ သူ့အမူအရာမှာ အဆုံးမဲ့ လှောင်ပြောင်မှုများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်၏ အမူအရာက ပြင်းထန်သော အမျက်ဒေါသနှင့် ပြည့်နှက်နေပြီး၊ သူ့မျက်နှာပေါ်ရှိ အမူအရာလည်း အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်လာသည်။

"ဟမ့်၊ ဒီနေ့ ကျုပ်သေရင်တောင် ခင်ဗျားကို ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ခွင့် မပေးနိုင်ဘူး" ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ့မျက်လုံးများက နှင်းခဲကဲ့သို့ အေးစက်နေသည်။

"အဲဒါက မင်းနဲ့မဆိုင်ဘူး။" သူ့လက်ထဲမှ သွေးနီရောင် သွေးပုတီးစေ့က တောက်ပနေသည့် အလင်းရောင်ကို ထုတ်လွှတ်လိုက်ချိန်မှာ နီထိုက်စွေ့က တဟားဟား ရယ်မောလိုက်ပါ သည်။

ထို့နောက် သူ၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် သွေးနီရောင် ပုံရိပ်ယောင်များအဖြစ် ထွက်ပေါ်လာသည်။

"သေလိုက်တော့” ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲမှ ဓားက နီထိုက်စွေ့ဆီကို တစ်ဖန် ခုတ်ပိုင်းသွားသည် ။

နီထိုက်စွေ့၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ပေါ်လာသည်။ သူ့ပါးစပ်မှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်ထဲမှ ပုဆိန်ကြီးသည် ဝှေ့ယမ်းသွားပြီး၊ ချင်ယွင်၏ အကြွင်းအကျန် နှင်းဓားသည် အဝေးသို့ လွင့်ပျံပြီး မြေပြင်ပေါ် ထိုးစိုက်သွားသည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အမြန် နောက်ဆုတ်သွားချင်သည်။

"မင်းက အခုမှ ထွက်ပြေးချင်တာလား?။ အရမ်းကို နောက်ကျသွားပြီ” နီထိုက်စွေ့က ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့ဘယ်လက်က လျှပ်စီးလက်သလို ဆန့်ထွက် လာကာ ချင်ယွင်၏ရင်ဘတ်ပေါ်တွင် သွေးနီရောင်ပုလဲကို ညင်သာစွာ ထိလိုက်သည်။

သွေးရောင်ပုတီးစေ့က ချင်ယွင်၏ရင်ဘတ်ကို ထိလိုက်သည်နှင့် ချင်ယွင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့သည်။

ထို့နောက်တွင်၊ ပြင်းထန်သော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် သွေးနီရောင်ပုလဲမှ ထွက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ထိုအစွမ်းထက်သော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက်၊ ချင်ယွင်၏ကိုယ်ခန္ဓာအတွင်း တစ်စုံတစ်ခုကို ရှာဖွေနေသည့် အလား လမ်းကြောင်းအားလုံးကို လှည့်ပတ်သွားလာနေသည်။

"အယ်၊ ဒါက ဘယ်လိုဖြစ်ရတာလဲ?။ သူက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်သူပါ။ သူ့မှာ ဖင်းဂေါ့ဂ်အမြုတေ ရှိသင့်တယ်လေ။ ဘာလို့ သူ့ခန္ဓာကိုယ်ထဲမှာ ဖင်းဂေါ့ဂ် အမြုတေ မရှိရတာလဲ" ဤအခိုက်အတန့်တွင် ချင်ယွင်၏ နီဝမ်နန်းတော်ထဲတွင် နီမြန်းသော အသွင်အပြင်တစ်ခု လွင့်မျောနေပြီး သူ့မျက်နှာပေါ်တွင် အလွန်အံ့သြသွားသည့် အမူအရာ ပေါ်လွင်နေသည်။ (ဖင်းဂေါ့ဂ့်အမြုတေနှင့် နတ်ဘုရားအမြုတေသည် အတူတူပင် ဖြစ်ပါ သည်။ ဘာသာပြန်ဆိုမှာ နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲပြန်ဆိုရခြင်းမှာ demon god နှင့် fiendgod အသုံးနှုန်းတွင် demon god အသုံးနှုန်းက အတွေ့များသည့်အတွက် ပြောင်းလဲပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။)။ ဖင်းဂေါ့ဂ်ဟု ပြန်ဆိုသည်ဖြစ်စေ, နတ်ဆိုးနတ်ဘုရား ဟု ပြန်ဆိုသည်ဖြစ်စေ, အတူတူပဲဟု မှတ်သားပေးကြပါ)။

"ခင်ဗျားက ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို ရှာနေတာလား”။ သို့သော်လည်း သွေးနီရောင် ရုပ်အသွင်သည် ဝေခွဲမရဖြစ်နေစဉ်မှာ, ချင်ယွင်၏အသံသည် သူ၏နီဝမ်နန်းတော်ထဲတွင် ထွက်ပေါ်လာသည်။

ထို့နောက်တွင်၊ သူ့စိတ်ဝိညာဉ်စွမ်းအားမှ ပေါင်းစည်းထားသော ချင်ယွင်၏ ရုပ်အသွင် သည် သူ၏နီဝမ်နန်းတော်ထဲတွင် ပေါ်လာခဲ့သည်။

"ကောင်စုတ်လေး၊ မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် အနှစ်သာရကို ဘယ်မှာ ဝှက်ထားတာ လဲ" သွေးနီရောင် ရုပ်အသွင်သည် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ် ပေါ်လာသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် အေးစက်စွာ အော်ပြောလိုက်သည်။

အကယ်၍, သူသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်သည်ဆိုလျှင်, ချင်ယွင်၏ စိတ်ဝိညာဉ် အနှစ်သာရကို အရင်ဆုံး သိမ်းပိုက်ရပါမည်။ ယုတ္တိဗေဒအရပြောရလျှင်၊ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်သူများ၏ နတ်ဘုရားစိတ်ဝိညာဉ် အနှစ်သာရသည် နတ်ဘုရား အမြုတေ၌ပင် ရှိသင့်ပါသည်။ သို့သော် သူ မည်မျှပင် ကြိုးစားခဲ့ပါစေ, သူသည် ချင်ယွင်၏ နတ်ဘုရား အမြုတေကို ရှာမတွေ့ခဲ့ပါ။

"အိုး….၊ ခင်ဗျားက ကျုပ်ရဲ့ စိတ်ဝိညာဉ်အနှစ်သာရကို ရှာချင်နေတာလား?။ ကျုပ်က ခင်ဗျားကို ဒီနေရာကို ခေါ်လာတာဆိုရင်ရော” ချင်ယွင်က သွေးနီရောင် အသွင်အပြင်ကို ကြည့်ရင်း ရယ်မောလိုက်သည်။

သွေးနီရောင် အသွင်အပြင်သည် မျက်မှောင်ကြုတ်သွားသည်။ ချင်ယွင်၏ မျက်နှာပေါ်ရှိ အမူအရာအား ကြည့်လိုက်ရင်း သူ့စိတ်ထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် သူ့ကိုယ်ပိုင် အနီရောင်သွေးပုတီးစေ့ကို ထုတ်ယူချင် သည်။

"အခုမှ ခင်ဗျားက ထွက်ပြေးချင်နေတာလား?။ အရမ်းကို နောက်ကျသွားခဲ့ပြီ”။

သို့သော်၊ သူ၏ စိတ်ဝိညာဉ် အနှစ်သာရသည် ချင်ယွင်၏ နီဝမ်နန်းတော်ထဲမှ မလွတ်မြောက်ခင် ချင်ယွင်၏အသံက သူ့နောက်မှ ထွက်ပေါ်လာသည်။ သူပြောခဲ့သော စကားများသည် စောစောက သူပြောခဲ့သော စကားများအတိုင်းသာ ဖြစ်သည်။

ထို့နောက်တွင် တွင်းနက်ကြီးတစ်ခုပေါ်လာပြီး သူ့ကို စုပ်ယူသွားလေသည်။

All Chapters