← Chapters

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အခန်း ၁၂၅၆

Vol. 84 Ch. 1256

အခန်း (၁၂၅၆) ကြက်သွေးရောင်သွေး ကမ္ဘာမြေကို ဖိနှိပ်ပါ

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏စကားကို ကြားလိုက်ရသည့် အခိုက်မှာပင် သူ လှည့်စားခံရကြောင်း သိလိုက်ရသည်။

သို့သော် သူ ထွက်ပြေးမလွတ်မြောက်ခင်မှာ ချင်ယွင်၏ ကနဦးစကြာဝဠာမှ ဖန်တီးထား သော တွင်းနက်ကြီးက သူ၏ စိတ်ဝိညာဉ်အနှစ်သာရကို မျိုချသွားခဲ့သည်။

ယခုအချိန်တွင်၊ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ စိတ်ဝိညာဉ်သည် စကြဝဠာ၏ ကျယ်ပြောလှသော လေဟာနယ်ကြီးထဲတွင် အဆက်မပြတ် လွင့်မျောနေသည်။

"ဒီနေရာက ဘယ်မှာလဲ?။ ဘာလို့ ဒီမှာ ဒါမျိုးရှိနေရတာလဲ" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ယခုလေးတင် ပွင့်လှစ်သွားသည့် ကျယ်ပြောလှသော စကြာဝဠာကြီးကို ကြည့်လိုက်ရင်း သူ့မျက်နှာက အလွန် အံ့အားသင့်သွားဟန် အမူအရာကို ထင်ရှားစေသည်။

သူသည် ယခုလေးတင် ချင်ယွင်၏ နီဝမ်နန်းတော်မှာ ရှိနေခဲ့ပြီး၊ နောက်အခိုက်အတန့်ကြာ မှာ သူသည် ဤနေရာတွင် ပေါ်လာခဲ့သည်။ ဤထူးဆန်းသော မြင်ကွင်းသည် နှစ်ပေါင်း မရေမတွက်နိုင်သော ရှင်သန်နေထိုင်ခဲ့သော မြေကမ္ဘာနတ်ဘုရားတစ်ပါးဖြစ်လျှင်ပင် အကြောင်းတရားကို နားလည်နိုင်စွမ်း မရှိသေးပေ။

"ဒါက ငါ့စကြာဝဠာပဲ”။ ချင်ယွင်၏ရုပ်အသွင်က စကြဝဠာကြီး၏ လေဟာနယ်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အံ့အားသင့်နေသော ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကြည့်နေ၏။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ဤနေရာသို့ ရောက်လာပြီးကတည်းက ချင်ယွင်သည် သူလွတ်မြောက်သွားမည်ကို မစိုးရိမ်တော့ပါဘူး။ သူသည် ဤကမ္ဘာကြီးကို အုပ်စိုးသူဖြစ်သောကြောင့် သူလွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။

သေချာသည်မှာ, ချင်ယွင်၏စကြာဝဠာသည် မပြည့်စုံသေးပါဘူး။ အကယ်၍ ကောင်းကင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သို့မဟုတ် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် ချင်ယွင်၏ ပုံပန်းသဏ္ဍာန်မရှိသေးသည့် စကြဝဠာကြီးကို ပြိုလဲသွားစေရန် ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားကို ဆက်လက် အသုံးပြုလာခဲ့လျှင်, ချင်ယွင်သည် အစစ်အမှန် ပြိုင်ဘက်ကင်း မဟုတ်နိုင်တော့ပါဘူး။

သို့သော်၊ မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူများကိုတော့ သူသည် လွတ်လပ်စွာ အသေ သတ်ပစ်နိုင်ပါသည်။ ထို့အပြင်၊ သူ့ရှေ့ရှိ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် အကြွင်းကျန် စိတ်ဝိညာဉ်တစ်ခုမျှသာ ဖြစ်သည်။ ချင်ယွင်၏စိတ်နှလုံး တစ်ချက် လှုပ်ရှား လိုက်သည်နှင့် သူ့စိတ်ဝိညာဉ်သည် အပိုင်းပိုင်း ကြေကွဲသွားလိမ့်မည်။

"မင်းရဲ့စကြာဝဠာလား”။ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ အမူအရာသည် အလွန့်လွန် တုန်လှုပ်သွားသည်မှာ ထင်ရှားပါသည်။ သူသည် သူ့ဘေးပတ်လည်တစ်ဝိုက်ရှိ ကျယ်ပြောလှသော လေဟာနယ်ကြီးကို ကြည့်လိုက်လေ၊ ပို၍ထိတ်လန့်လေ ဖြစ်သွားရ သည်။

သူ၏ကျင့်ကြံမူအဆင့်သည် အတိုင်းအတာတစ်ခုအထိ ရောက်သွားခဲ့လျှင်, သူသည် ကမ္ဘာကြီးတစ်ခုကို ဖွင့်လှစ်နိုင်မည်ဆိုသည်ကို သိထားပါသည်။ သို့သော် ထိုအရာသည် သေးငယ်သော ကမ္ဘာတစ်ခုမျှသာ ဖြစ်ပါသည်။ စကြဝဠာကြီးတစ်ခုကို ဖွင့်လှစ်နိုင်သည့် လူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဘိုးဘေးနတ်ဘုရားတောင် ဤအရာကို လုပ်ဆောင် နိုင်မှာ မဟုတ်ဘူးမလား?။

သူ့ရှေ့မှ စကြာဝဠာကြီးသည် အပြည့်အ၀ မဖွဲ့စည်းရသေးသော်လည်း, သူ့ရှေ့မှ စကြာဝဠာသည် သူနေထိုင်သည် စကြာဝဠာနှင့် သိပ်မကွာခြားဘူးဟု သူ ခံစားရသည်။

“မဟုတ်ဘူး… မဖြစ်နိုင်ဘူး။ ဘိုးဘေးနတ်ဘုရားတွေတောင် ဒါကို မလုပ်ဆောင်နိုင်ဘူး။ အလယ်အလတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်ရှိ ပုရွက်ဆိတ်တစ်ကောင်က စကြဝဠာ တစ်ခုကို ဖန်တီးနိုင်ပါ့မလား။” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် သူ၏မျက်နှာ ပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာဖြင့် ရှိနေသေးသည်။

"မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး” ငါတို့နေထိုင်တဲ့ စကြဝဠာကြီးဟာ မူလကတည်းက ကောင်းကင်ဘုံ တန်ခိုးအစွမ်းကနေ ဆင်းသက်လာခဲ့တာပဲ။ သူတောင် ဖန်တီးနိုင်မှတော့ ကျုပ်ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ?။" ချင်ယွင်က ရယ်မောရင်း ပြောလိုက်ပြီး၊ သူ့လေသံက ပြင်းထန်သော တန်ခိုးအာနုဘော်ကို ထုတ်လွှတ်နေသည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ဤလူငယ်၏ရုပ်ရည်က ချက်ချင်းကြီး ပိုမြင့်လာသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ သူသည် သူ့ရှေ့တွင် အနှိုင်းမဲ့ မြင့်မားသော နတ်တောင်ကြီးတစ်ခုလို ရပ်နေခဲ့သည်။ သို့သော်လည်း သူကတော့ ယခုအခါ ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင် သေးငယ်သွားခဲ့သည်။ သူသည် ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့ကို တိုက်ရိုက် မကြည့်ဝံ့တော့ပေ။

"ဒူးထောက်စမ်း…" ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ကြောက်စရာ ကောင်းသည့် ဖိအားတစ်ခုက ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ကျဆင်းသွားခဲ့သည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့သည်။ သူသည် ချက်ချင်းပင် လေထဲတွင် ဒူးထောက်လိုက်ကာ သူ့မျက်နှာက အလွန်အမင်း မလိုလားသည့် အမူအရာ ပေါ်လာသည်။ သို့သော် သူ့နှလုံးသားသည် အဆက်မပြတ် တုန်လှုပ်နေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဘုန်းတန်ခိုးအစွမ်းလဲ?။ ငါ့စိတ်ထဲ အကြောက်တရားကို မခံစားရဘဲကို မနေနိုင်ခဲ့ဘူး” ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရား သည် သူ၏သွားများကို တင်းတင်းကြိတ်ထားသော်လည်း၊ သူ၏နှလုံးသားသည် ထူးထူး ခြားခြား ကြောက်ရွံ့မူနှင့် ပြည့်နှက်နေသည်။ ဒီကြောက်စိတ်က သူ့အလိုလိုဗီဇအလျှောက် ပေါ်လာသလိုပင်။ အဘယ့်ကြောင့် ယခုလိုပေါ်လာရသည်ကို သူ မသိပါဘူး။

ထိုအချိန်တွင် သူသည် ချင်ယွင်၏ စကားများကို လုံးလုံး ယုံကြည်သွားခဲ့သည်။ ဤစကြာဝဠာတွင် ချင်ယွင်သည် ကောင်းကင်ဘုံကြီး ဖြစ်ပါသည်။

"မင်း ငါ့ကိုသတ်ချင်ရင် သတ်လိုက်ပါ။ မင်း ဘာလို့ ငါ့ကို ဒီလို အရှက်ခွဲရတာလဲ" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက အေးစက်စွာ အော်ဟစ်လိုက်သည်။

အဆုံးတွင်, သူသည် တစ်ချိန်က မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ သော်လည်း၊ ယခု သူသည် အလယ်လတ်အဆင် ကြယ်နတ်ဆိုးနတ်ဘုရားတစ်ပါး ရှေ့မှာ ဒူးထောက်နေခဲ့ရသည်။ ဟိုးအရင်တုန်းကသာဆိုလျှင်, ယခုလို နေ့ရက်မျိုး ရှိလာမည်ဟု သူ့ကို ရိုက်နှက်ပြောလျှင်ပင် သူ ယုံကြည်မှာ မဟုတ်ပါဘူး။

"အရှက်ခွဲတာလား။ ခင်ဗျားကို ဒူးထောက်ခိုင်းပြီး ကျုပ်ပေးခဲ့တဲ့ ပြစ်ဒဏ်က အရင်ကထက် ပိုကြီးသွားလား?။ ဒါမှမဟုတ် ပိုပေါ့ပါးသွားလား?။ ခင်ဗျား ဘယ်လို ထင်လဲ”။ ချင်ယွင်က ရယ်မောကာ မေးလိုက်ရင်း သူ့မျက်လုံးများတွင် အမျက်ဒေါသ အရိပ်အယောင်များ ယူဆောင်လာသည်။

အကယ်၍, သူသာ ကနဦးစကြဝဠာကို မပိုင်ဆိုင်ဘဲ သာမာန် ကြယ်နတ်ဆိုးနတ်ဘုရား တစ်ပါးသာ ဖြစ်နေခဲ့မည်ဆိုလျှင်, သူ့မှာ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို တွန်းလှန်ဖို့ အစွမ်းအစ မရှိပါဘူး။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ အထွတ်အထိပ်အခြေအနေမှာဆို, သူသည် အနည်းဆုံး အလယ်အလတ် မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။ စိတ်ဝိညာဉ် အမျှင်တန်းတစ်ခုသာ ကျန်ရှိတော့သော်လည်း၊ ၎င်းသည် ကြယ်နတ်ဘုရား ကျွမ်းကျင်သူ များ ဆန့်ကျင်ဘက်ပြုနိုင်သည့် အရာမဟုတ်ပေ။ ထို့ကြောင့်, သူ့နေရာမှာ အခြားသူများ သာ ဖြစ်ခဲ့မည်ဆိုလျှင်၊ ၎င်းတို့သည် လုံးလုံးလျားလျား ဝါးမြိုသွားခြင်း ခံရသည်မှာ ကြာပြီ။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် မည်သည့်စကားမှ ပြန်မပြောပါဘူး။ ချင်ယွင် မှန်သည်ကို သူ သိသည်။ ဤကမ္ဘာကြီးသည် အားနည်းသူများအပေါ် သန်မာသူများ လုယူသိမ်းပိုက်ရာ နေရာကြီးဖြစ်သည်။ သူသည် တခြားလူများ၏ ခန္ဓာကိုယ်များကို အလွယ်တကူ သိမ်းယူခြင်းကလည်း သူနှင့်အတူတူပင် ဖြစ်သည်။ ချင်ယွင်က သူ့ကို ဖိနှိပ်နိုင်စွမ်း ရှိနေခြင်းကြောင့်, သူသည် သူတပါးကို လုံးဝ အပြစ်တင်၍ မရပါဘူး။

"မင်း ငါ့ကိုသတ်မှာ မဟုတ်ဘူး။ မဟုတ်ရင်, ဒီလောက်အများကြီး ပြောနေမှာ မဟုတ်ဘူး?။ ဟုတ်တယ်မလား?။ မင်း ငါ့ဆီကနေ တစ်ခုခုရယူဖို့ ကြိုးစားနေတာ မဟုတ်လား" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ချင်ယွင်ကို ရုတ်တရက် မော့ကြည့်ကာ ပြောလိုက်သည်။

သူ့ရှေ့မှ ဤလူငယ်သည် သူ့စိတ်ဝိညာဉ်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ သူ့ကို ယခုလိုအဓိပ္ပာယ်မဲ့ စကားတွေ ပြောနေစရာ မလိုပါဘူး။ ယခင်စကားများသည် စကားဦး သမ်းခြင်းမျှသာ ဖြစ်သည်။ သူသည် နှစ်သန်းပေါင်း သောင်းနှင့်ချီ၍ နေထိုင်လာခဲ့သော ကြောင့် ဤအရာကို မမြင်ရန် မဖြစ်နိုင်ပေ။

"မှန်တယ်၊ ခင်ဗျားက တန်ဖိုးရှိသေးတယ်ဆိုရင်, ကျုပ်ကလည်း ခင်ဗျားကို သတ်မှာ မဟုတ်ဘူး။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

"မင်း ငါ့ဆီကနေ ဘာလိုချင်လဲ။ အခု ငါက အကြွင်းကျန် စိတ်ဝိညာဉ်တစ်ခုလေးပဲ။ မင်းရဲ့ အာရုံစိုက်မှုနဲ့ ထိုက်တန်တဲ့အရာတစ်ခုခု ပိုင်ဆိုင်ထားဖို့က ငါ့အတွက် မဖြစ်နိုင်တော့ဘူး။" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ထပ်မံပြောလာခဲ့ပြီး၊ သူ၏မျက်နှာက သံသယများဖြင့် ပြည့်နှက်နေသည်။

သူ့အမြင်အရဆို, ချင်ယွင်သည် ဤစကြဝဠာကို ဖန်တီးနိုင်ခဲ့သောကြောင့် သူ၏ အမြင်အာရုံက သဘာဝအားဖြင့် သာမန်မဟုတ်ပေ။ ချင်ယွင်သည် သူ့ခန္ဓာကိုယ်မှာ မည်သည့်အရာကို ဂရုစိုက်နေမှန်း သူ တကယ်မသိပါဘူး။

"ကောင်းပြီလေ, ခင်ဗျား အဲဒီအချိန်တုန်းက ဓားမြုပ်နှံခြင်းတောင်တန်းမှာ တိုက်ပွဲဖြစ်ခဲ့ရ တဲ့ အကြောင်းရင်းကို ကျုပ်ကို ပြောပြရမယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

သူသည် ဤနတ်ဘုရားတိုက်ပွဲကြီး၏ ပြင်းထန်မူကို သိချင်နေသည်မှာ ကြာလှပါပြီ။ နတ်ဘုရားတိုက်ပွဲအသံဖြစ်စေ, ထိုအချိန်တုန်းက နတ်ဘုရားတိုက်ပွဲဖြစ်စေ, သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားနယ်မြေဖြစ်စေ၊ ဤအရာအားလုံးသည် အဆုံးမဲ့ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသနေသည်။ ချင်ယွင်သည် ဤလျှို့ဝှက်ချက် များ၏ နောက်ကွယ်တွင် မည်သည့် အရာများ ဖုံးကွယ်ထားသည်ကို သိချင်နေသည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ဤနေရာတွင် ထွက်ပေါ်သောကြောင့်၊ သူသည် ထိုအချိန်တုန်းက နတ်ဘုရားတိုက်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး၊ နတ်ဘုရားတိုက်ပွဲ နယ်မြေ ၏ လျှို့ဝှက်ချက်အချို့ကို သိထားရမည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်က သူ့ကို အသက်ရှင်လျက် ချန်ထားချင်သည်။

"ဒီဓားမြုပ်နှံခြင်း တောင်တန်းက ဘာကိုဆိုလိုမှန်း မင်း မသိဘူးလား။ ဒါတောင် မင်းတို့က တကယ် ဝင်လာရဲ့တာလား?။ မင်းတို့က တကယ်ကို သေမှာမကြောက်တဲ့ လူတစ်စုပဲ" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ၊ သူသည် လူတုံးလူအတစ်ယောက်ကို ကြည့်နေသကဲ့သို့ ချင်ယွင်ကို ကြည့်နေခဲ့ပြီး၊ သူ့မျက်နှာပေါ်တွင် လှောင်ပြောင်သရော်သော အမူအရာပင် ဖြစ်ပေါ်လာသည်။

"ကျုပ်တို့ မသိဘူး။ ဒါကြောင့်လည်း ကျုပ်က အဲဒီအကြောင်း ခင်ဗျားကို မေးနေတာပေါ့။ ကျုပ်သိရင်, ခင်ဗျားကို အခုအချိန်အထိ ဘာလို့ ချန်ထားမှာလဲ" ချင်ယွင်သည် ချက်ချင်း အေးစက်စွာ ဟစ်အော်လိုက်သော်လည်း သူသည် ဓားမြှုပ်နှံခြင်းတောင်တန်း၏ လျှို့ဝှက်ချက်များကို ပို၍ပင် သိချင်လာသည်။

"တကယ်လို့, ငါ ပြောပြခဲ့ရင်, မင်းက ငါ့ကို လွှတ်ပေးမှာလား။" ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ မေးသည်။

"ခင်ဗျား ဘယ်လိုထင်လဲ။ ခင်ဗျားကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျား ကျုပ်ကို မပြောပြဘူးဆိုရင် ကျုပ်က စိတ်ဝိညာဉ်ရှာဖွေခြင်းကို တိုက်ရိုက် အသုံးပြုမယ်။" ချင်ယွင်၏ အကြည့်သည် ရုတ်တရက် အနှိုင်းမဲ့ စူးရှလာပြီး သူ့အကြည့်များသည် စူးရှစွာ ထွက်ပေါ်လာသည်။

ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏ ကနဦးစကြာဝဠာ၏ လျှို့ဝှက်ချက် ကို သိပြီးသွားပြီ ဖြစ်သည်။ ချင်ယွင်က သူ့ကို အသက်ရှင်လျက် မည်သို့ ချန်ထားမည် နည်း?။ သို့သော်၊ အကယ်၍, ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသာ ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဆန္ဒရှိနေပါက၊ သူသည် အခြားရည်ရွယ်ချက်များအတွက် သူ့ကို အသက်ရှင်လျက် ချန်ထားရမည်ဆိုလျှင်လည်း စိတ်ထဲထားမည် မဟုတ်ပေ။

All Chapters