အခန်း ၁၂၅၇
Vol. 84 Ch. 1257
အခန်း (၁၂၅၇) ကောင်းကင်နှင့်ကမ္ဘာမြေကြီး စစ်တုရင်ဂိမ်း။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ချင်ယွင်၏စကားကို ကြားသောအခါ သူ၏ နှလုံးသည် တုန်လှုပ်သွားသည်။
စိတ်ဝိညာဉ်ရှာဖွေခြင်း နတ်ဘုရားစွမ်းရည်အကြောင်းကို သူ သိသည်။
ယခုအချိန်တွင် သူသည် အကြွင်းကျန် စိတ်ဝိညာဉ်အခြေအနေ၌သာ ရှိနေသေးသည်။ အကယ်၍, ချင်ယွင်သာ သူ့စိတ်ဝိညာဉ်ကို ရှာဖွေခဲ့မည်ဆိုလျှင်, သူ့စိတ်ဝိညာဉ်သည် နောက်ပိုင်းမှာ စာရွက်အလွတ်တစ်ရွက်အဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ တစ်နည်းဆိုရ သော်, သူသည် သူ့ကိုယ်သူ လုံးလုံး ဆုံးရှုံးသွားပြီး၊ ဘာမှမသိသော မိဘမဲ့တစ္ဆေတစ်ကောင် ဖြစ်လာလိမ့်မည်။ ဤအရာက သူ့ကို ဖမ်းဆီးနှိပ်စက်ခံရခြင်းထက် ပိုကောင်းလိမ့်မည် မဟုတ်ပေ။ သဘာဝအတိုင်း, သူသည် ဘာမှမသိသည့် လူတုံးလူအတစ်ယောက် မဖြစ်ချင်ပါဘူး။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြောသည် "ကောင်းပြီ၊ ငါသိသမျှ မင်းကို ပြောပြနိုင်တယ်။ ဒါပေမယ့်, နောက်ပိုင်းမှာ မင်း ငါ့ကို ကောင်းတဲ့အရာတစ်ခုတော့ ပြန်ပေးရမယ်”။
"ဟုတ်ပြီလေ..” ချင်ယွင်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ခေါင်းညိတ်ပြီး "မင်း မေးစရာရှိတဲ့ အရာမှန်သမျှ မေးလို့ရပြီ”။
ချင်ယွင်က ပြုံးပြီး ပြောသည် "ပထမမေးခွန်း၊ ဓားမြှုပ်နှံခြင်းတောင်တန်းမှာ ဘာတွေ ဖြစ်ခဲ့လဲ"
ဤဓားမြှုပ်နှံခြင်းတောင်တန်းသည် ထူးဆန်းပြီး ပုံမှန်မဟုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသောကြောင့် ချင်ယွင်သည် ဤဓားမြှုပ်နှံခြင်းတောင်တန်း၏ မူလဇစ်မြစ်ကို အမှန်တကယ် သိချင်ပါသည်။
"ဓားမြုပ်နှံခြင်းတောင်တန်းကို ဟိုးရှေးရှေးတုန်းက ဝူဝမ်ဓားဘိုးဘေးက ဖန်တီးခဲ့တာပဲ။ သူက ဒီကမ္ဘာကြီးကို နတ်ဘုရားကမ္ဘာထဲက ဝူဝမ်ဓားဘိုးဘေးရဲ့ တောင်တန်းနယ်မြေ အပေါ်မှာ လွှမ်းခြုံထားနိုင်ဖို့ သူ့ရဲ့ ကြီးမြတ်တဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့တယ်။ နောက်ပိုင်းမှာ၊ ဝူဝမ်ဓားဘိုးဘေးရဲ့ ဂုဏ်သတင်းကြောင့် ဓားမြုပ်နှံခြင်းတောင်တန်းလို့ ခေါ်ဆိုခဲ့တယ်။ အမှန်တကယ်တော့ ဓားမြှုပ်နှံခြင်းတောင်တန်းဆိုတာ မရှိခဲ့ဘူး။” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူမှန်းဆချက်များနှင့် နီးကပ်ပါသည်။ ဤကမ္ဘာကြီးသည် ဝူဝမ်ဓားဘိုးဘေးနှင့် ဆက်စပ်နေသည်ဟု သူ ခန့်မှန်းထားပြီး ဖြစ်သည်။
ဝူဝမ်တောင်တန်းသည် သူ့ကိုအစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့်, ဤဓားမြုပ်နှံခြင်းတောင်တန်းသည်လည်း သူနှင့် ပတ်သက်မှု တစ်ခုခု ရှိနေရမည်။
"ဒါဆို သူက ဘာလို့ ဒီကမ္ဘာကြီးကို ဖွင့်လှစ်ခဲ့ရတာလဲ။" ချင်ယွင်က ဆက်မေးသည်။
ဘိုးဘေးနတ်ဘုရားသည် ဤမျှကျယ်ဝန်းသော ကမ္ဘာကြီးကို ဖွင့်လှစ်ခဲ့သော်လည်း၊ ၎င်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဝူဝမ်ဓားဘိုးဘေးသည် သဘာဝ အတိုင်း ဤကမ္ဘာကြီးကို အကြောင်းပြချက် မရှိဘဲ ဖွင့်လှစ်မည် မဟုတ်ပေ။ ဒီကမ္ဘာကြီးကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်တစ်ခု ရှိရလိမ့်မည်။
"ဒါတော့ ငါ မသိဘူး။ ဘိုးဘေးနတ်ဘုရား ဘာတွေးနေလဲဆိုတာ ငါတို့ မသိနိုင်ပေမယ့် ငါခန့်မှန်းချက်အရဆို, ဒါက နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ ဆက်စပ်နေနိုင်တယ်" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြောသည်။
"နတ်ဘုရားကပ်ဘေးဒုက္ခ..”။ ချင်ယွင်၏ မျက်ခွံများသည် လှုပ်ယမ်းသွားသည်။ သူသည် ဤအမည်ကို ဒုတိယအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်.
နတ်ဘုရားကပ်ဘေးဒုက္ခ၏ တည်ရှိမှုအကြောင်းကို သူ ပထမဆုံးအကြိမ် ကြသိဖူးခြင်း သည် ဝိညာဉ်နတ်ဘုရားမ၏နှုတ်မှ ထွက်ပေါ်လာစဉ်က ဖြစ်သည်။ သို့သော်၊ နောက်ပိုင်းမှာ ချင်ယွင်က ဝိညာဉ်နတ်ဘုရားမထံ တောင်းဆိုခဲ့သော်လည်း, သူမအတွက် နတ်ဘုရား ကပ်ဘေးဒုက္ခက မည်သည့်အရာဖြစ်သည်ကို ပြောဆိုရန် ခက်ခဲနေခဲ့သည်။ နတ်ဘုရား ကပ်ဘေးဒုက္ခကြီး ကျဆင်းလာသည်နှင့် တစ်ပြိုင်နက်၊ နတ်ဘုရား ကမ္ဘာတစ်ခုလုံး ဘေးဆိုးကြီး ကြုံတွေ့ရမည်ဖြစ်ပြီး နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများစွာ သေဆုံးရမည် ဖြစ်ကြောင်းသာ သူမထံမှ သိခဲ့ရသည်။
"နတ်ဘုရားကပ်ဘေးဒုက္ခဆိုတာ ဘယ်လို ကပ်ဘေးဒုက္ခမျိုးကြီးလဲ”။ ဘိုးဘေး နတ်ဘုရား တွေပေါ်မှာရော သက်ရောက်မူရှိမှာလား?" ချင်ယွင်က ဆက်မေးသည်။
“ဒီနတ်ဘုရားကပ်ဘေးဒုက္ခရဲ့ အဓိကပစ်မှတ်က ဘိုးဘေးနတ်ဘုရားတွေပဲ။ မင်းရဲ့ ခွန်အား တွေ မြင့်မားလေလေ၊ မင်းတို့အပေါ် သက်ရောက်မှုက ပိုကြီးလေလေပဲ။ ဒါကြောင့် အားနည်းတဲ့သူက သက်ရောက်မူ အားနည်းလေပဲ။ သေချာတာက, ဒါကလည်း ကံကောင်းဦးမှ။ တကယ်လို့, မင်းသာ ကံဆိုးပြီး စစ်ပွဲထဲ ပူးပေါင်းပါဝင်ရမယ်ဆိုရင်, အဲဒါက ဘိုးဘေးနတ်ဘုရားတွေရဲ့ လက်အောက်ငယ်သား အမြောက်တွေအဖြစ်ပဲ ဖြစ်လာ လိမ့်မယ်။ နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ပတ်သက်ရင်တော့, အရိုးသားဆုံး ပြောရရင်, ငါလည်း ဒီထက်ပိုပြီး ဘာမှမသိဘူး” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြောလိုက်ပြီး သူ့လေသံမှာ အကူအညီမဲ့နေပုံရသည်။
ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရား၏ စကားတွေက သူ့ကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ပေးလာခဲ့သည်။
ဤနတ်ဘုရားကပ်ဘေးဒုက္ခသည် သဘာဝကပ်ဘေးဒုက္ခ ဟုတ်ပုံမရဘဲ လူတစ်ယောက် က ဖန်တီးထားသော ကပ်ဘေးဘေးဒုက္ခနှင့် ပို၍တူနေသည်။ ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရားအနေဖြင့်လည်း, သူသည် ဤနတ်ဘုရားကပ်ဘေးဒုက္ခတွင်းသို့ ဆွဲငင်ခံခဲ့ရပြီး ဤကဲ့သို့ အဆုံးသတ်သွားခဲ့သော်လည်း, ဤကပ်ဘေးဒုက္ခကြီး အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို သူ မသိခဲ့ပေ။
နတ်ဘုရားများနှင့် အင်မော်တယ်များသည် ကောင်းကင်နှင့်မြေကြီး၏ အခြေအနေကို ဆုံးဖြတ်ရန်အတွက် သေမျိုးများကို စစ်တုရင်အပိုင်းအစများအဖြစ် အသုံးပြု၍ စစ်တုရင် ကစားကြသည်။
ဘိုးဘေးနတ်ဘုရားများ၏အမြင်တွင်၊ မြေကမ္ဘာနတ်ဘုရား သို့မဟုတ် ကောင်းကင်နတ် ဘုရားများဖြစ်စေ ၎င်းတို့နှင့် သေမျိုးသတ္တဝါများအကြား မည်သို့ ခြားနားချက် ရှိမည်နည်း?။ (ဘိုးဘေးနတ်ဘုရားများ၏အမြင်မှာ, မြေကမ္ဘာ,သို့မဟုတ် ကောင်းကင် နတ်ဘုရားများသည် သေမျိုးများနှင့် ထူးမခြားနားဟု ဆိုလိုပါသည်)။
ချင်ယွင်သည် ထို့နေ့ရက်ကို တွက်ချက်ကြည့်သည်။ သူ နတ်ဘုရားကမ္ဘာကို မရောက်ခင် ကပါ ထည့်တွက်လိုက်လျှင်, နောက်ထပ် ငါးနှစ်ကနေ ခြောက်နှစ်လောက်သာ ကျန်တော့သည်။ သူသည် နတ်ဘုရားကပ်ဘေးဘေးဒုက္ခ ဆင်းသက်လာပြီးနောက် စစ်တုရင်အစိပ်ပိုင်းတစ်ခု မဖြစ်ချင်ပါ။ ကံကြမ္မာဆိုသည်မှာ သူ့အပေါ်မှာပင် မူတည်သည် ဟု သူ ယုံကြည်ထားသည်။ မိမိ၏ကံကြမ္မာကို ထိန်းချုပ်ချင်သည်ဆိုလျှင်, မိမိ၏ ခွန်အားကို အဆက်မပြတ် မြှင့်တင်ထားရမည်။
ကံကြမ္မာ၏ထိပ်ဆုံးမှာ ရပ်တည်နိုင်လောက် အားကောင်းနေမှသာလျှင် သူ့ကိုယ်ပိုင် ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်နိုင်ပါလိမ့်မည်။
"ဒါဆို အဲဒီအချိန်တုန်းက ခင်ဗျားရဲ့တိုက်ပွဲကလည်း နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ စပ်ဆပ်နေတာပေါ့" ချင်ယွင်က ထပ်မေးသည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ခေါင်းညိတ်ပြီး ပြောသည် "ဟုတ်တယ်၊ ငါက ခေါင်းလောင်းလေနတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ. လွန်ခဲ့တဲ့ နှစ်ငါးသန်းက ဓားမြှုပ်နှံခြင်းတောင်တန်းကို ငါတိုက်ခိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီတိုက်ပွဲမှာ ငါတို့ ရှုံးနိမ့်ခဲ့ တယ်။ ကောင်းကင်နတ်ဘုရားတွေအပါအဝင် ဓားမြုပ်နှံခြင်းတောင်တန်းထဲ ဝင်ရောက် လာတဲ့ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေအားလုံး, အသက်ရှင်လွတ်မြောက်သူ အားလုံးတောင်မှ သူတို့ရဲ့အသက်ရှင်သန်မူအတွက် ၎င်းတို့ရဲ့စိတ်ဝိညာဉ်များကို သူတို့ကိုယ်ပိုင် လက်နက်တွေမှာ ချန်ထားရစ်ခဲ့ကြသည်။
"ဘိုးဘေးနတ်ဘုရားတွေရော တိုက်ခိုက်ခဲ့ကြတာလား?။" ချင်ယွင်က ဆက်မေးသည်။
အကယ်၍, ဘိုးဘေးနတ်ဘုရားများပါ တိုက်ခိုက်ခဲ့ကြသည်ဆိုလျှင်, မြေကမ္ဘာနတ်ဘုရား နှင့် ကောင်းကင်နတ်ဘုရားများပင်လျှင် ၎င်းတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးနတ်ဘုရားများသည် တကယ်ကို အစွမ်းထက်လွန်းပြီး၊ သူတို့၏နည်းလမ်းများက ကောင်းကင်ဘုံဖြစ်သောကြောင့်ပေ။
'"မဟုတ်ဘူး၊ ဘိုးဘေးနတ်ဘုရားတွေကြားမှာ ကန့်သတ်ချက်တွေ ရှိတယ်။ တစ်ယောက် ယောက်က ကန့်သတ်ချက် စည်းကမ်းတွေကို ဖောက်ဖျက်တာနဲ့ အဲဒီ ဘိုးဘေးနတ်ဘုရား ကို အဖွဲ့ပေါင်းများစွာက ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မယ်။ ဒါကြောင့် ဘိုးဘေးနတ်ဘုရား အများစုက ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။ တကယ်လို့, ဘိုးဘေးနတ်ဘုရားတွေသာ အမှန်တကယ် တိုက်ခိုက်ကြမယ်ဆိုရင်, ငါတို့အနေနဲ့ အကြွင်းကျန် စိတ်ဝိညာဉ်ကို ချန်ထားခဲ့ဖို့တောင် အခွင့်ရေးရမှာ မဟုတ်ဘူး။" ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ပြောသည်။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား ပြောသည် မှာ မှန်ပါသည်။ အကယ်၍, ဘိုးဘေးနတ်ဘုရားများသာ တိုက်ခိုက်ကြမည်ဆိုလျှင်, သူတို့၏ စိတ်ဝိညာဉ်များသည် ပျက်သုဉ်းသွားကြပေလိမ့်မည်။ ထိုမျှလောက်များပြားသော အကြွင်းကျန် စိတ်ဝိညာဉ်များ ကျန်ရှိနေလိမ့်မည် မဟုတ်ပေ။
"ဒါဆို မင်းတို့ကို တိုက်ခိုက်ခဲ့တဲ့လူက ဘယ်သူတွေလဲ?" ချင်ယွင်က ဆက်မေးသည်။
"ဒါက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ပဲ။ ဝူဝမ်ဓားဘိုးဘေးကလည်း မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တစ်ဦးပဲ။ ငါတို့က မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်ရဲ့ အဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ကြတာ။ ဒီထက်ပိုပြီး, နတ်ဘုရားကပ်ဘေးဒုက္ခ ဆင်းသက်လာတဲ့အခါ၊ နတ်ဘုရားနန်းတော်ကြီး လေးခုကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားရခြင်းအကြောင်းကိုတော့ ငါတို့လည်း မသိဘူး။ ငါတို့က အမိန့်အတိုင်း လိုက်နာကြရတာ” ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရား က ပြောသည်။
ချင်ယွင်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ အကြောင်းရင်းကို ” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားလည်း မသိပေ။ သူသည် အမိန့်တိုင်းလိုက်နာပြီး တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင်, ဘိုးဘေးနတ်ဘုရားသည် သူတို့နောက်မှ ရပ်ကာ ဤအရာအားလုံးကို စီစဉ်ခဲ့သည်။ ဤသည်မှာ နတ်ဘုရားများ စစ်တုရင်ကစားခြင်းနှင့် ထူးမခြားနားပေ။
ဤအနေထားကို ကြည့်ခြင်းအားဖြင့် ဤကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် လည်း သနားစရာကောင်းသော လူတစ်ယောက် ဖြစ်သည်။
နတ်ဘုရားကပ်ဘေးဒုက္ခသည် နှစ်တစ်သန်းကြာတိုင်း ဖြစ်ပွားကြသည်။ ဖြစ်ပေါ်လာသည့် အကြိမ်တိုင်း နတ်ဘုရားနန်းတော်ကြီးလေးခုမှ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင် အများအပြား သေဆုံးကြရလိမ့်မည်။ သေချာသည်မှာ, ဘိုးဘေးနတ်ဘုရားအချို့လည်း ပျက်သုဉ်းသွားပါလိမ့်မည်။
ဤနတ်ဘုရား ကပ်ဘေးဒုက္ခ၏ နောက်ကွယ်တွင် ဘိုးဘေးနတ်ဘုရားများကိုပင် ဆွဲဆောင်နိုင်သည့် ကြီးမားသော အကျိုးမြတ်တစ်ခုခု ရှိရမည်ဟု ချင်ယွင် ခံစားရသည်။ ထိုသို့မဟုတ်လျှင်, ဘိုးဘေးနတ်ဘုရားများသည် အားအားယားယား ထိုလူများနှင့် စစ်တုရင်ဂိမ်း ကစားမှာ မဟုတ်ပါဘူး။
ထိုနောက်ကွယ်မှာ ဖုံးကွယ်ထားသည့် အကျိုးအမြတ်မျိုးများ အတွက်မူ, သူတို့အနေဖြင့်, လုံလောက်အောင် သန်မာမူမရှိလျှင်, ၎င်းတို့နှင့်ထိတွေ့နိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။
သို့သော်၊ ဘိုးဘေးနတ်ဘုရားများပင် သွေးဆောင်ခံရသည့် အကျိုးမြတ်ကို ချင်ယွင်သည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲပါသည်။ ပြီးတော့ ထိုအကျိုးမြတ်များ၏ နောက်ကွယ်မှာ မည်သူက ချုပ်ကိုင်ထားသနည်း?။
ကောင်းကင်ဘုံ....။
ချင်ယွင်၏ စိတ်ထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ စကားလုံးတစ်လုံး ပေါက်ကွဲသွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရားကပ်ဘေးဒုက္ခတစ်ခုကို အမှန်တကယ် စီစဉ်နေပြီး၊ ဘိုးဘေးနတ်ဘုရားများကိုပင် တိုက်ခိုက်ရာမှာ တွန်းအားပေးနိုင်ပါက၊ ၎င်းသည် ကောင်းကင်ဘုံသာ ဖြစ်နိုင်ပါသည်။
ဘိုးဘေးနတ်ဘုရားများသည် နတ်ဘုရားများကို စစ်တုရင်အစိတ်ပိုင်းများအဖြစ် အသုံးပြုခဲ့ ပြီး, ကောင်းကင်ဘုံက ဘိုးဘေးနတ်ဘုရားများအား စစ်တုရင်အပိုင်းအစများ အဖြစ် တဖန် အသုံးပြုခဲ့သည်။ သူတို့အနေဖြင့် ထိုလျှို့ဝှက်ချက်ကို များများ တူးဖော်ကြည့်လေ, ပို၍ ကြောက်စရာကောင်းလေဖြစ်သည်။
သေချာသည်မှာ, ဤအရာအားလုံးသည် ချင်ယွင်၏ မှန်းဆချက်တစ်ခုသာ ဖြစ်သည်။ သူအတွေ့ မှန်မမှန်ကို ကောင်းကင်ဘုံကသာ သိနိုင်ပါသည်။
ချင်ယွင်သည် နတ်ဘုရားတိုက်ပွဲ၏ မူလအစကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။ အရာအားလုံးသည် နတ်ဘုရားကပ်ဘေးဒုက္ခကြောင့် ဖြစ်လာရသည်။ နတ်ဘုရားကပ်ဘေး ဒုက္ခ မရောက်မီ အချိန်ကာလတစ်ခု ကျန်နေပါသေးသည်၊ ထို့ကြောင့်, သူ့အနေဖြင့်, စိုးရိမ်ပူပန်နေရန် မလိုအပ်ပါ။ အခုအချိန်မှာ အရေးကြီးဆုံးက အခုလက်ရှိအခြေနေ ဖြစ်သည်။
"ဒါဆို ဒီနတ်ဘုရားတိုက်ပွဲအသံနဲ့ ဒီဘိုးဘေးနတ်ဘုရား နယ်မြေကရော ဘာလဲ?" ချင်ယွင်က ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို ကြည့်ပြီး ဆက်လက် မေးလိုက် သည်။