အခန်း ၁၂၅၈
Vol. 84 Ch. 1258
အခန်း (၁၂၅၈) နှုတ်ဆက်ပါတယ် ယုရှောင်
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် ထိုစကားကိုကြားသည့်အခါ, လှောင်ပြောင် ရယ်မောခဲ့သည်။
"ဒီသောက်ကျိုးနည်း နတ်ဘုရားတိုက်ပွဲအသံက ဘာလဲ" ဟုတ်လား?။ မသေသေးတဲ့ အကြွင်းအကျန် စိတ်ဝိညာဉ်တွေက မင်းတို့ကို ဒီလောကထဲ ဆွဲဆောင်ဖို့ ရည်ရွယ်ချက် ရှိရှိ နဲ့ ကြိုးစားနေတဲ့ အသံတွေပေါ့။ သူတို့ရဲ့နတ်ဘုရားခန္ဓာကိုယ် မရှိဘူးဆိုရင်, သူတို့အနေနဲ့ ဒီလောကထဲကနေ မထွက်နိုင်ဘူးလေ။ ဒါကြောင့် သူတို့လည်း မင်းတို့ကို ဒီလောကထဲ ဝင်လာဖို့ဖို့ ဆွဲဆောင်နိုင်တော့တယ်။ ဒီနည်းနဲ့ သူတို့က မင်းတို့ရဲ့ခန္ဓာကိုယ်တွေကို သိမ်းပိုက်ပြီး၊ အသက်ရှင်လျက်နဲ့ ဒီနေရာကနေ ထွက်သွားဖို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင် လိမ့်မယ်။” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ချင်ယွင်ကို ရွှင်မြူးသော အမူအရာ ဖြင့် ကြည့်ရင်း ပြောလိုက်ပါသည်။
ချင်ယွင်လည်း ရှိုက်ကြီးတငင် ပြုံးလိုက်မိပါသည်။ ကံကောင်းစွာပင် သူသည် နတ်ဘုရား တိုက်ပွဲအသံ၏ နောက်ကွယ်က အကြောင်းအရင်းကို လေ့လာနေခဲ့သည်။ ကြည့်ရသည် မှာ, ဤအရာအားလုံးသည် ကစားပွဲတစ်ခု ဖြစ်နေပုံရသည်။
မတူညီသော လူများသည် မတူညီသော နတ်ဘုရားတိုက်ပွဲအသံ အမျိုးမျိုးကို ကြားနေရ သည့် အကြောင်းအရင်းမှာ အကြွင်းအကျန် စိတ်ဝိညာဉ်များသည် မတူညီသော အသံ အမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိနှင့် ထုတ်လွှတ်သောကြောင့် ဖြစ်သည်။ အခု, ထိုစကားသည် အမှန်ဖြစ်နေပုံရသည်။
"ဒါဆို ဒီဘိုးဘေးနတ်ဘုရားမြေကရော အတုယောင်မဖြစ်နိုင်ဘူးလား” ချင်ယွင်က ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို ကြည့်ကာ ပြုံးရင်း မေးလိုက်သည်။
ကြက်သွေးရောင်မြေကမ္ဘာနတ်ဘုရားသည် ဤစကားကို ကြားသောအခါ သူ၏အမူအရာ က အလွန်မင်း လေးနက်လာသည်။
“ဒီဘိုးဘေးနတ်ဘုရားနယ်မြေက အစစ်မှန်ပဲ။ ဝူဝမ်ဓားဘိုးဘေးက ထိုအချိန်တုန်းက ဒီဘိုးဘေးနယ်မြေထဲမှာ နေထိုင်ခဲ့တယ်။ အခု သူ ဒီမှာရှိမရှိ မသိရသေးပေမယ့်, အဲဒီတုန်း က သူဟာ ဒီဘိုးဘေးနတ်ဘုရားနယ်မြေမှာ အချိန်အတော်ကြာအောင် နေထိုင်ခဲ့တယ်။” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက လေးနက်စွာ ပြောလိုက်သည်။
“အိုး၊ ကြည့်ရတာ, ဒီနေရာက တကယ်ကို နတ်ဘုရားနယ်မြေတစ်ခုပဲ။” ချင်ယွင်က ခေါင်းညိတ်သည်။
ယခင်ကတည်းက, ဘိုးဘေးနတ်ဘုရားတစ်ပါးသာ ဒီနတ်ဘုရားနယ်မြေ၌ လှုပ်ရှားနိုင် သည်ဟု သူ ခံစားခဲ့ဖူးသည်။ ယခု သူမှန်းဆချက်သည် မှန်နေသည်ဟု ထင်ရသည်။
"ဒါပေမယ့်, မင်း အတွင်းထဲမဝင်ဖို့ ငါ နောက်ထပ် အကြံပေးပါရစေ။ အထဲမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ တကယ်လို့, မင်းသာ ဘိုးဘေးနတ်ဘုရား ချမှတ်ထား တဲ့ ကန့်သတ်ချက်တွေထဲ ရောက်သွားခဲ့ရင်၊ ကောင်းကင်နတ်ဘုရား ကြွလာရင်တောင် မင်း သေဆုံးရလိမ့်မယ်” ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားက ချင်ယွင်ကို သတိပေးလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ အမူအရာက လေးနက်လာခဲ့ပါသည်။
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ စကားများသည် လိမ်ညာလှည့်ဖျား၍ ပြောနေခြင်းဟု သူ သံသယမဝင်ပေ။ ဘိုးဘေးနတ်ဘုရားတစ်ပါး နေထိုင်ရာ နေရာသည် မည်သို့ အန္တရာယ်မရှိဘဲ နေမည်နည်း?။ ဘိုးဘေးနတ်ဘုရားများ၏ နည်းလမ်းများသည် ကောင်းကင်ဘုံသို့ပင် ရောက်ရှိနိုင်ပြီး၊ ကောင်းကင်နတ်ဘုရားများကိုပင် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေသည်အထိ ချေမွပစ်နိုင်သည်။ သူတို့နောက်ကွယ်မှာ ချမှတ်ထား သည့် ကန့်သတ်ချက်များသည် သူတို့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်ပါသည်။
သို့သော်, အကယ်၍, တော်ယုသည် ဘိုးဘေးနတ်ဘုရားနယ်မြေထဲ ဝင်ရောက်ပြီး သူမတို့ မျိုးနွယ်၏ စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရှာဖွေလိုသည်ဆိုလျှင်, သူမသည် ထိုနယ်မြေထဲ နက်ရှိုင်းသောအရပ်ထိ ဝင်ရောက်ရန် လိုအပ်သည်။ ထို့အပြင်၊ ချင်ယွင် သည်လည်း ဘိုးဘေးနတ်ဘုရားနယ်မြေအတွင်း၌ ရှိသောအရာများနှင့် ဘိုးဘေးနတ်ဘုရား ကျန်ရစ်ခဲ့သော အခွင့်အလန်းများကို သိရှိလိုသည်။ အဆုံးတွင်, ဘိုးဘေးနတ်ဘုရား ချန်ထားရစ်ခဲ့သော မည်သည့်အရာမဆို အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်နိုင်ပါသည်။
"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် သတိပေးပါရစေ။ အထဲမှာ တိတ်တဆိတ် လှုပ်ရှားနေတဲ့ လူတွေက ငါတစ်ယောက်ထဲ မဟုတ်ဘူး။ မင်းတို့အဖွဲ့ထဲက သိမ်းပိုက်ခံရပြီးသား လူတချို့ လည်း ရှိနေနိုင်တယ်။ အဲဒီလူတွေက ဘယ်သူတွေ ဖြစ်မလဲ?။ ဘယ်နှစ်ယောက်တောင် ရှိမလဲ။ မင်းကိုယ်မင်း ဖြည်းဖြည်းချင်း ခန့်မှန်းနိုင်တယ်။" ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရားက သရော်သံဖြင့် ပြောလိုက်သည်။
ထိုစကားကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်သွားပြန်သည်။
ဤနတ်ဘုရားနယ်မြေအတွင်းမှာ သိမ်းပိုက်ခံရခြင်းသည် အလွန်ပြဿနာများသော ကိစ္စ ဖြစ်သည်။
သူသည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို အနိုင်ယူနိုင်ခဲ့သည့် အကြောင်းရင်းက တော့, ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကို သူ့ခန္ဓာကိုယ်ထဲကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆွဲဆောင်ပြီး သူ့ကို ဖမ်းယူနိုင်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍, အခြားလူများကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုလျှင်, အဆုံးတွင်, ထိုအကြွင်းကျန် စိတ်ဝိညာဉ်သည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းဝင်ဖို့ စိတ်ဝင်စားတော့မည် မဟုတ်ပေ။ ချင်ယွင်သည် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားလျှင်ပင် ထိုကြွင်းကျန်စိတ်ဝိညာဉ်ကို သတ်နိုင်တော့မည် မဟုတ်ပေ။
"ဘယ်သူတွေ သိမ်းပိုက်ခံရနိုင်လဲ" ချင်ယွင်၏မျက်နှာသည် တွေးခေါ်စဉ်းစားသည့် အမူအရာတစ်ခု ပေါ်လာသည်။ အရင်က တော်ယု၏ ထူးဆန်းသော လုပ်ရပ်များကို ပြန်သတိရပြီး သူ့မျက်ခုံးတွေက ချက်ချင်း ရှုံ့တွလာသည်။
တော်ယု၏ ပင်ကိုယ်စရိုက်အရ သူ့ညီမကို ထားခဲ့ရန်မှာ မဖြစ်နိုင်ပေ။ သူမသည် ပုံမှန် မဟုတ်သည်မှာ သိသာထင်ရှားပြီး၊ နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲသို့ ပထမဆုံး ပြေးဝင်သွားသူ ဖြစ်သည်။
"ကြည့်ရတာ, တော်ယုကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖို့ လိုနေပုံရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထိုစကားကိုပြောပြီးနောက် သူသည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားကြည့်ရန် ခေါင်းပြန်လှည့်လိုက်စဉ်, ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် သေရန်စောင့်ဆိုင်း နေသည့်အလား ရှိနေသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ငါ မင်းကို မသတ်သေးဘူး၊ ဒါပေမယ့် မင်းကို လွှတ်ပေးဖို့က လည်း မဖြစ်နိုင်ဘူး။ အခုတော့ ဒီမှာပဲ နေပါ။ အနာဂတ်မှာ, ငါ့စကြာဝဠာ ပြီးပြည့်စုံလာတဲ့ အခါ, ငါ မင်းကို ခန္ဓာကိုယ်အသစ်တစ်ခု ပေးနိုင်ပါလိမ့်မယ်"
ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရား၏ တင်းမာနေသော မျက်နှာအမူအရာသည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
သူသည် မူလက သေရတော့မည်ဟု တွေးကြံနေသော်လည်း, ချင်ယွင်က ထိုသို့ပြောရန် မမျှော်လင့်ခဲ့ပေ။ သူ့မျက်လုံးများသည် ချက်ချင်းဆိုသလို မျှော်လင့်ချက်များဖြင့် တောက်ပလာခဲ့သည်။
"ကောင်းပြီလေ၊ မင်း ငါ့ကို အသက်ရှင်ခွင့်ပေးသရွေ့, ငါ မင်းအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတယ်။ ငါကြက်သွေးရောင်က မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။" ကြက်သွေး ရောင် မြေကမ္ဘာနတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး ဘာမှပြန်မပြော။ အလင်းတန်းတစ်ချက် လင်းလက်မူနှင့်အတူ သူသည် စကြာဝဠာ၏လေဟာနယ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
သူ့ခွင့်ပြုချက် မရှိဘဲ ဤကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားသည် စကြာဝဠာထဲမှ ထွက်ခွာရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် သူ ဘာလုပ်လုပ် စိတ်မပူခဲ့ပေ။ ထို့အပြင်၊ သူသည် ကြက်သွေးရောင် မြေကမ္ဘာနတ်ဘုရားနှင့်ပတ်သက်ပြီး လုပ်ဆောင် သမျှ အရာအားလုံးကို သိနိုင်သည်။ ထို့ကြောင့် စိတ်ပူစရာ မလိုပေ။ သူ့ကို ထိန်းသိမ်းထား ခြင်းက အနာဂတ်မှာ အသုံးဝင်ကောင်း အသုံးဝင်နိုင်သည်။
ချင်ယွင်၏ရုပ်အသွင်သည် ဝါးတောအုပ်ထဲတွင် ပြန်ပေါ်လာသည်။ ယခုအချိန်တွင် နီထိုက်စွေ့သည် သတိလစ် မေ့မြောနေပြီ ဖြစ်သည်။
ချင်ယွင်သည် ရှေ့သို့ခြေလှမ်းကာ စစ်ဆေးလိုက်ပြီး၊ နီထိုက်စွေ့သည် ပြင်းပြင်းထန်ထန် ဒဏ်ရာမရှိသည်ကို တွေ့ရှိခဲ့ရသည်။ သူ့စိတ်ဝိညာဉ်သည် ယခင်ကအတိုင်း ဖိနှိပ်ခံထားရ ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ သူ ပြန်လည်ကောင်းမွန်လာရန် အချိန်တစ်ခု ယူရဦးမည်ဟု သူထင်ခဲ့သည်။
ဝှီး..။
ချင်ယွင်သည် နီထိုက်စွေ့ကို ငြိမ်သက်စွာ အနားယူနိုင်စေရန် သူ၏ သိုလှောင် နတ်ဘုရား လက်စွပ်ထဲသို့ ထည့်လိုက်သည်။
နတ်ဘုရားသိုလှောင်ရတနာများသည် သက်ရှိသတ္တဝါများ နေထိုင်ရန် စွမ်းဆောင်နိုင်သော ကြောင့် နီထိုက်စွေ့ကို ထည့်သွင်းထားက လုံးဝ ပြဿနာ မဟုတ်ပါဘူး။
ချင်ယွင်သည် နီထိုက်စွေ့ကို သိုလှောင်နတ်ဘုရားလက်စွပ်ထဲသို့ ပစ်ထည့်ပြီးနောက်၊ သူသည် သူ့ပတ်ဝန်းကျင်ကို စတင် စစ်ဆေးလိုက်သည်။
ယခင်က ရှေးဟောင်းတာအိုဆရာသခင်, ချူယွန်နှင့် တော်အန်းတို့သည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး၊ သူတို့သည် နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်၏ ပုံရိပ်ယောင် ကြားသို့ ရောက်ရှိသွားကြောင်း သူ့ကို နားလည်နိုင်စေခဲ့သည်။
သူသည် ယခုလေးတင်, ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ပြီးနောက်၊ ချင်ယွင်သည် နတ်ဘုရားကျောက်စိမ်းဝါးများ၏ အမြင်အာရုံဝေဝါးစေသည့် ရနံ့များကို တွန်းလှန်ရန် စကြဝဠာ၏ စွမ်းအားကို အသုံးပြုခဲ့သည်။ ယခုအခါ သူသည် သူ၏စိတ်ကို ကာကွယ်ရန် စကြဝဠာ၏ စွမ်းအားကိုပင် အသုံးပြုထားသည်။ နတ်ဘုရားကျောက်စိမ်းဝါးများ၏ ရနံ့များ သည် သူ့အပေါ် မည်သည့်မျှသက်ရောက်မှု မရှိတော့ပေ။
ချင်ယွင်သည် ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း မည်သူ့ကိုမျှ မတွေ့သဖြင့် ယင်းက သူ့ကို စိုးရိမ်သွားစေသည်။
"ကြည့်ရတာ, မမျှော်လင့်ထားတဲ့အရာတွေ ထပ်မဖြစ်ဖို့အတွက် ဆရာကြီးနဲ့ အခြားလူတွေ ကို အမြန်ဆုံးရှာဖို့ လိုနေပုံပဲ။ တော်ယုလည်း ရှိသေးတယ်။ ကျေးဇူးပြုပြီး, မတော်တဆမှုမျိုး မဖြစ်ပါစေနဲ့။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ချင်ယွင်သည် တော်ယုကို လက်ခံရန် ရည်ရွယ်ချက်မရှိသော်လည်း၊ သူမကိုတော့ မည်သည့် မတော်တဆမှုမျိုးမှ မဖြစ်စေလိုပါ။ သူ့အမြင်တွင် တော်ယုနှင့် တော်အန်းတို့ သည် မိန်းကလေးကောင်းများ ဖြစ်ကြသည်။ သူမတို့အနေဖြင့် ဒီနေရာမှာ မသေသင့်ပါဘူး။ အကယ်၍, သူသည် သူမတို့ကို ကူညီပေးနိုင်မည်ဆိုလျှင်, အစွမ်းကုန် ကြိုးစားပေးမည် ဖြစ်သည်။
ဝှီး...။
ချင်ယွင်၏ပုံရိပ်သည် လှုပ်ရှားသွားပြီး ဝါးတောအုပ်၏ အတွင်းပိုင်းသို့ ရွေ့လျားသွားသည်။
ဤဝါးတောအုပ်ကြီးသည် သူထင်ထားတာထက် ပိုကျယ်ပါသည်။ အပြင်ဘက်မှ ကြည့်လျှင် ဤဝါးတောအုပ်ဧရိယာသည် ကြီးကြီးမားမား မဟုတ်ဟု ထင်ရသော်လည်း ဝင်လာပြီးနောက်တွင်, ဤဝါးတောအုပ်ကြီးသည် အမှန်တကယ် ဝါးပင်လယ်ကြီး ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ကောင်းကင်နှင့်မြေကြီး၏ နယ်မြေလား?။
သဲတစ်ပွင့်၊ ကမ္ဘာတစ်ခု, သစ်ရွက်တစ်ရွက်, သုဘူတိတစ်ခု။
ထိုအချိန်တွင် ဤဝါးတောအုပ်ကြီးသည် ဤကဲ့သို့ပင်။ ၎င်းသည် တိကျသေချာစွာ မပြောနိုင်သော်လည်း သူရှိနေသည့်ဧရိယာသည် ပြင်ပကမ္ဘာမှာ သူမြင်ဖူးသည်ထက် အများကြီး ပိုကျယ်ပါသည်။
ဘန်း…။
သို့သော် ချင်ယွင် ထွက်သွားပြီး နှစ်နာရီနီးနီး အကြာတွင် ဓားအလင်းတစ်ချက်က သူ့ရှေ့တွင် ရုတ်တရက် လင်းလက်သွားသည်။ ဓားအလင်းသည် စူးရှပြီး သူ့နှလုံးသားကို အေးစက်စေသည်။
သို့သော် ဤဓားအလင်းသည် ချင်ယွင်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အခြားလူတစ်ယောက် ကို ရည်ရွယ်ခြင်း ဖြစ်သည်။
"ဖူး..”။
ဓားအလင်းတန်းများ ဖြတ်သန်းသွားပြီးနောက်, ၎င်းသည် အဝေးမှ လူငယ်တစ်ဦး၏ နတ်ဘုရားခန္ဓာကိုယ်ကို တိုက်ရိုက် ဖျက်ဆီးသွားခဲ့ပြီး နေရာမှာပင် သေဆုံးသွားခဲ့သည်။
ထိုလူငယ်သည် ယခင်က ချိုင့်ဝှမ်းအတွင်းမှာ ချင်ယွင် တွေ့မြင်ခဲ့ဖူးသည့် အေးစက်ပြီး အကြင်နာကင်းမဲ့သော လင်ဝူချင်းလွဲ၍ အခြားသူမဟုတ်ပေ။ သူ့ကိုတိုက်ခိုက်ခဲ့သည့် လူကြောင့် ချင်ယွင်ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။
ထိုလူသည် လင်ဝူချင်းနှင့် အတူတူလာခဲ့သည့် ယုရှောင်မှလွဲ၍ အခြားလူ မဟုတ်ပေ။