အခန်း ၁၂၅၉
Vol. 84 Ch. 1259
အခန်း (၁၂၅၉) ဓားပေးခြင်း။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့် သွားသည့် အမူအရာ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ယုရှောင်ကိုကြည့်သည့် သူ့အကြည့်များလည်း ပို၍သတိထားလာသည်။
ချိုင့်ဝှမ်းထဲမှာတုန်းက, လင်ဝူချင်းနှင့် ယုရှောင်တို့သည် စုံတွဲဖြစ်သည်ကို ချင်ယွင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။ သို့သော် ယခု ယုရှောင်သည် လင်ဝူချင်းကို သတ်ပစ်လိုက်သည်။ သူ မည်သို့ မထိတ်လန့်ဘဲနေမည်နည်း?။
သူ အရမ်းကို သတိထားနေရသည့် အကြောင်းအရင်းကလည်း, အစောပိုင်းက ယုရှောင်၏ ဓားချက်သည် နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ အင်အားအပြည့် တိုက်ခိုက်မူနှင့် နှိုင်းယှဉ်နိုင်သောကြောင့် ဖြစ်သည်။
ယုရှောင်၏မူလကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်တွင် ဖြစ်သည်။ အကယ်၍, သူမသာ ပြင်ပကမ္ဘာမှာဆိုလျှင်, ယင်းက လုံးဝ မထူးဆန်းပါဘူး။
သို့သော်၊ ဤနတ်ဘုရားနယ်မြေ၌၊ လူတိုင်း၏ကျင့်ကြံခြင်း နယ်ပယ်သည် ဖိနှိပ်ခံထားရပြီး၊ သူတို့၏စွမ်းအားသည် အဆင့်တစ်ခုသို့ ကျဆင်းသွားမည် ဖြစ်သည်။ ယုတ္တိဗေဒအရ ပြောရလျှင် ယုရှောင်၏ ခွန်အားသည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်တွင်သာ ရှိနေသင့်သည်။ သူမသည် နှောင်းပိုင်း ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားဖြင့် မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း?။ ထိုသို့သော ခွန်အားမျိုး ကို ချင်ယွင်ပင်လျှင် အာရုံစိုက်နေရသည်။
လဲကျသွားစဉ်မှာ လင်ဝူချင်း၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ သူ့မျက်နှာမှာ သိသိသာသာ တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်. သူ့ချစ်သူက သူ့ကို အဘယ့်ကြောင့် ရုတ်တရက် လုပ်ကြံခဲ့လဲဆိုသည်ကို သူ နားမလည်နိုင်ပါဘူး။
သို့သော်၊ ယုရှောင်၏အမူအရာက အေးစက်နေပြီး လင်ဝူချင်း သေဆုံးမှုကို လျစ်လျူရှုထား သည်။
ထိုမြင်ကွင်းက ဘေးမှာရပ်နေသည့် ချင်ယွင်ကို တစ်ခုခုမှားနေပြီဟု ခံစားရစေသည်။ လက်ရှိ ယုရှောင်သည် ယခင် ယုရှောင်နှင့် အနည်းငယ် ကွဲပြားနေသည်။
ယုရှောင်သည် ယခင်က အနည်းငယ် အေးစက်နေခဲ့သော်လည်း, သူမသည် ယခုကဲ့သို့ လျစ်လျူရူသည့် အမူအရာမျိုး မရှိသည်မှာ သေချာပါသည်။ အခုအခါ ယုရှောင် လူတွေကို ပေးနေသည့် ခံစားချက်က ရေခဲတုံးတစ်တုံးလိုပင်။
ဘန်း…။
ယုရှောင်သည် ချင်ယွင်ကိုကြည့်ရန် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး၊ သူ့မျက်လုံးများ သည် အလွန်မင်း အေးစက်မှုနှင့်အတူ ရုတ်တရက် ပေါက်ကွဲလာသည်။
ချွင်…။
သူမသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူ့ဓားကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ဓားအော်သံက ကောင်းကင်ဘုံကိုးပါးကို ထိုးဖောက်ဝင်ရောက်ကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးကျသွားသည်။ ဓားရှည်အတွင်းပါရှိသော အအေးဓာတ်သည် အေးခဲနေသော ရေကန်ထဲသို့ ပြုတ်ကျသွားသည်ထက်ပင် ပို၍အေးစက်နေပါသည်။
သူမ၏အမြန်နှုန်းလည်း အလွန်မင်း ထူးဆန်းသည်။ တခဏအတွင်းမှာပင် သူမသည် မီတာတစ်ရာ အကွာအဝေးကို ဖြတ်ကျော်ပြီး ချင်ယွင်ရှေ့ကို ရောက်ရှိလာခဲ့သည်။
ချင်ယွင်၏အမူအရာက ပြောင်းသွားခဲ့ပြီး၊ နှင်းဓားသည် သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။ သူသည် ယုရှောင်ဆီသို့ ခုတ်ပိုင်းလိုက်စဉ်မှာပင်, တုန့်ဆိုင်းခြင်းမရှိ သူ့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုး စွမ်းအားက တဟုန်ထိုး ပျံ့နှံ့ထွက်လာခဲ့သည်။
ချွင်…။
ဓားအချင်းချင်း ထိတွေ့သံများ ထွက်ပေါ်လာပြီး၊ ဓားနှစ်ချောင်းသည် အချင်းချင်း အပြင်းအထန် ထိမိသွားကာ ပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သော မြေပြင်ပေါ်တွင် မိုးခြိမ်းသံ ကဲ့သို့ တုန်ခါသွားသည်။
ချင်ယွင်နှင့်ယုရှောင်တို့ နှစ်ယောက်စလုံး မီတာပေါင်းများစွာ နောက်ပြန် ဆုတ်သွားကြပြီး၊ တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ ကြည့်နေကြသည်။
ထိုအချိန်တွင်၊ ယုရှောင်၏လက်ထဲရှိ အဆင့်နိမ့် နတ်ဘုရားဓား၏ ဓားသွားပေါ်၌ ကွပ်လပ် တစ်ခု ပေါ်လာပြီး ဖြစ်သည်။ ၎င်းကွပ်လပ်သည် ချင်ယွင်၏လက်ထဲမှ ကြွင်းကျန်နှင်းဓား နှင့် တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာရသည်မှာ အလွန်ထင်ရှားပါသည်။
ချင်ယွင်၏ ကြွင်းကျန်နှင်းဓားသည် ထိပ်တန်းအဆင့် နတ်ဘုရားဓား တစ်လက်ဖြစ်သည်။ ၎င်းသည် အနည်းငယ် အက်ကွဲသွားပြီးနောက် ထိပ်တန်းအဆင့် နတ်ဘုရားဓား၏ စစ်မှန်သောစွမ်းအား မရှိတော့သော်လည်း၊ အရည်အသွေးအရ၊ ၎င်းသည် အဆင့်နိမ့် အဆင့် နတ်ဘုရားဓားထက် သာလွန်နေသေးသည်။
အကယ်၍, ယုရှောင်၏အဆင့်နိမ့် နတ်ဘုရားဓားနှင့် ချင်ယွင်၏ ကြွင်းကျန်နှင်းဓားသည် ထိပ်တိုက် ရင်ဆိုင်မိခဲ့မည်ဆိုလျှင်, သူမ၏ဓားသည် သဘာဝအတိုင်း ပျက်စီးသွားရမည် ဖြစ်သည်။ ယုရှောင်၏ အစွမ်းထက်သော ဓားရေးကျွမ်းကျင်မှုနှင့် ချင်ယွင်၏လက်မှ ကြွင်းကျန်နှင်းဓားကို အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့်သာ, ထိုသို့မဟုတ်ပါက၊ ချင်ယွင်၏ ဓားချက်သည် သူမလက်ထဲမှ အဆင့်နိမ့် နတ်ဘုရားပစ္စည်ကို လုံးလုံး ကြွေမွသွားစေနိုင်သည်။
ယုရှောင်သည် သူမလက်ထဲမှ အဆင့်နိမ့်နတ်ဘုရားဓားကို ငုံ့ကြည့်ကာ သူမ၏ မိုးမခသဏ္ဍာန်မျက်ခုံးများက အနည်းငယ် ရှုံ့တွနေသည်။ အဆုံးတွင်၊ သူမ၏အကြည့်များ သည် ချင်ယွင်၏လက်ထဲမှ ကြွင်းကျန်နှင်းပေါ်သို့ ကျရောက်သွားကာ သူမအကြည့်တွေက ပို၍ပင် အေးစက်လာသည်။
"မင်းက ယုရှောင်မဟုတ်တော့ဘူးဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါတို့ကြားမှာ ဘာအငြိုးအတေးမှ မရှိခဲ့ဘူး။ ဒါကြောင့် သေတဲ့အထိ တိုက်ခိုက်နေစရာ မလိုဘူး။ မင်းရဲ့ လမ်းအတိုင်း သွားနိုင်ပါတယ်။ ငါကလည်း ဒီနေရာကနေ ဖြတ်သွားဖြတ်လာပဲ။ ငါတို့အနေနဲ့ မြစ်ကိုမထိခိုက်စေဘဲ ရေထဲဆင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ" ချင်ယွင်က ရေခဲနှင့် လုံးလုံးလျားလျား ထုဆစ်ထာသည့် ခပ်ဝေးဝေးမှ အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။
ယခုအချိန်တွင် ယုရှောင်သည် လုံးဝ သီးခြားဆန်သည့် အမူအရာမျိုး ရှိနေသည်ဟု ပြောဆို နိုင်ပြီး၊ ယခင် ယုရှောင်နှင့် နှိုင်းယှဉ်ပါက သူမသည် ပို၍ပင် အေးစက်ပြီး မာနကြီးသော စိတ်သဘောထားရှိနေသည်။
ယုရှောင်သည် ယခင်က အေးစက်ပြီး မာနကြီးသော်လည်း သူမ၏ စိတ်နေစိတ်ထားမှာ မလုံလောက်သေးပေ။ အခုတော့ ဤယုရှောင်သည် တကယ့်ကို အေးစက်ပြီး အရိုးထဲမှပင် မောက်မာသော စိတ်သဘောထားကို ပိုင်ဆိုင်ထားသည်။
ချင်ယွင်စကားကိုကြားတော့ ယုရှောင်၏ အကြည့်များသည် ချင်ယွင်ပေါ်သို့ ကျရောက် သွားသည်။ တခဏလောက် အပေါ်အောက်စုံချည်ဆန်ချည် ကြည့်ပြီးနောက် သူမပါးစပ်မှ စကားတစ်ခွန်း ထုတ်ပြောလာသည်။ "မင်းရဲ့ဓားကို ထားခဲ့ပြီး၊ မင်း ထွက်သွားနိုင်ပြီ"
ချင်ယွင်သည် မူလကတည်းက ယုရှောင်သည် အေးစက်နေသည်ဟု ထင်ထားသော်လည်း၊ သူမစကားပြောစဉ် ပို၍ပင် အေးစက်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုစကား ပြောပြီးသည် နှင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
သို့သော် ချင်ယွင်၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင် ပေါ်လာသည်။ ဒီဓားသည် သူ့အကြိုက်ဆုံးဓား မဟုတ်သော်လည်း အဖိုးတန်ရတနာတစ်ခုအဖြစ် ရှိနေဆဲပင်။ သူမပြောလိုက်ရုံဖြင့် မည်သို့ စွန့်လွှတ်နိုင်မည်နည်း?။ ယင်းအစား, သူသိသည့် တစ်ယောက်ယောက်ကို ပေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်။ အဓိကအချက်မှာ ချင်ယွင်သည် ယုရှောင်၏ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့် ဤအမျိုးသမီးကို မသိပေ။ သူက အဘယ့်ကြောင့် ဒီဓားကို ထားခဲ့ရမည်နည်း?။
"ငါ့ကို အကြောင်းပြချက်တစ်ခု ပေးပါ။ တကယ်လို့, မင်းရဲ့ခွန်အားက ငါ့ကို ခြိမ်းခြောက် နိုင်ပြီး၊ ငါက မင်းကို ကြောက်ရွှံ့တဲ့အတွက် အသက်ရှင်သန်ဖို့ ငါနတ်ဘုရားဓားကို ထားခဲ့တာမျိုးက အဓိပ္ပာယ်ရှိသေးတယ်လေ။ ဒါပေမယ့် မင်း အခုန ထုတ်ဖော်ပြခဲ့တဲ့ ခွန်အားကို အခြေခံပြီး ပြောရရင်, မင်းရဲ့ခွန်အားက ငါ့ကိုသတ်ဖို့ လုံလောက်ပုံ မရသေးဘူး။ ဆိုတော့, ငါက ဘာလို့ ငါ့ဓားကို ထားခဲ့ရမှာလဲ?”။ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။
အမျိုးသမီး၏အမူအရာမှာ အေးစက်နေပြီဖြစ်ပြီး၊ သူမသည် တစ်စုံတစ်ခု ပြန်ပြောရန် အလျင်စလို ဖြစ်နေခြင်း မရှိပေ။ သူမသည် ချင်ယွင်ကို သူမ၏မျက်လုံးတစ်စုံဖြင့်သာ ကြည့်နေခဲ့ပြီး၊ နောက်ဆုံးတွင် အနှိုင်းမဲ့အေးစက်သော လေသံဖြင့် နောက်ထပ် စကား တစ်ခွန်းကို ထုတ်ပြောလသည် "ငါလိုအပ်လို့ပဲ”။
ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်လာပြီး စကားမပြောနိုင် ဖြစ်သွားရသည်။
ဒါပဲလား...?
ဒါက ဘယ်လိုအကြောင်းပြချက်မျိုးလဲ?။
မင်းက တခြားတစ်ယောက်ဆီက အဖိုးတန်ရတနာတစ်ခု တောင်းပြီး ငါလိုအပ်နေလို့ဆိုတဲ့ စကားတခွန်းပြောရုံနှင့် ပြီးသွားပြီလား?။ ဒါက သိပ်ရယ်စရာ ကောင်းမနေဘူးလား?။
ချင်ယွင်၏မျက်နှာတွင် ပြောစရာစကားမဲ့သည့် အမူအရာကို မြင်လိုက်ရသည့်ဟန်ဖြင့် လျှို့ဝှက်ဆန်းကြယ်သော ထိုအမျိုးသမီးက ထပ်ပြောလာသည် "ငါ မင်းကို ကျေးဇူး အကြွေး တင်နေသလိုပဲ သဘောထားလိုက်ပါ။ ငါ မင်းကို သေချာပေါက် ပြန်ဆပ်မှာပါ"
ထိုစကားက ချင်ယွင်ကို အံ့အားသင့်သွားစေခဲ့ပြီး သူ့မျက်နှာက တွေးတောစဉ်းစားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဓားတစ်လက်ကို တောင်းနေခဲ့ပြီး ၎င်းသည် အဖိုးတန်ဓားတစ်လက်လည်း ဖြစ်သည်။ အကယ်၍, အခြားသူတစ်ဦးသာ ဖြစ်ခဲ့ပါက ချင်ယွင်က ၎င်းအား သဘာဝအတိုင်း ငြင်းဆိုမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်, သူသည် ကြင်နာတတ်သည့် လူတစ်ဦး မဟုတ်သည့်အပြင် ကြီးမြတ်သော မည်သည့် ကြင်နာမှုမျိုးကိုမှ မပြသတတ်သောကြောင့် ဖြစ်သည်။
သို့သော် ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးနှင့်ပတ်သက်ပြီး ချီတုံချတုံ ဖြစ်နေသည်။
အမှောင်ထဲမှာ, ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ဓားပေးအပ်ရန် သူ့ကို ပြောလိုက်သည့် အသံတစ်ခု ထွက်လာသည်. ဤအမျိုးသမီး၏ မျက်နှာသာပေး ခံရရန် အတွက် နတ်ဘုရားဓားတစ်ချောင်းနှင့် လဲလှယ်ခြင်းသည် သူ့အတွက် လုံးဝ ထိုက်တန် သည်။
သို့သော် ဤခံစားချက်သည် လုံးဝ အခြေအမြစ် မရှိပေ။ ၎င်းခံစားချက်သည် မည်သည့် နေရာကမှ ရောက်မလာသလိုပင်။ ခဏလောက်တော့ ချင်ယွင်လည်း တုံ့ဆိုင်းသွားခဲ့သည်။
သို့သော် နောက်ဆုံးတွင် ချင်ယွင်သည် သူ့ခံစားချက်များကို ယုံကြည်ရန် ရွေးချယ်ခဲ့သေး သည်။ အမှန်တော့၊ ကြွင်းကျန်နှင်းဓားသည် ချင်ယွင်၏ အကြိုက်ဆုံးအရာ မဟုတ်ပေ။ သူ အဆင်ပြေပြေ သုံးနိုင်၍သာ အချိန်တိုင်း ထုတ်သုံးနေခြင်း ဖြစ်သည်။
"ဒီဓားကို ငါ ပေးနိုင်တယ်၊ ဒါပေမယ့် မင်း မေးခွန်းတစ်ခုတော့ ဖြေရမယ်။" ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ကြည့်ကာ မေးသည်။
"ဘာပြဿနာလဲ?" လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးက မေးသည်။
"မင်းနာမည်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
သူသည် ဓားကို မပေးနိုင်သေးပါ။ အဆုံးတွင် သူသည် မည်သူ့ကို ပေးမှန်းတောင် မသိရသေးပါဘူး။ ဤအရာက ရယ်စရာကောင်းလွန်းသည် မဟုတ်ပါလား?။
အမျိုးသမီးသည်လည်း ထိုအကြောင်းကို တွေးနေပုံရပြီး ခေါင်းညိတ်ကာ ပြောလိုက်သည် "ကောင်းပြီလေ”။
ချင်ယွင်က ပြုံးလိုက်ပြီး သူ့လက်ထဲမှ နှင်းဓားနှင့် စိတ်ဝိညာဉ်စာချုပ်ကို ဖျက်သိမ်းကာ ဓားကို ပစ်ပေးလိုက်သည်။
လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ချင်ယွင် ပစ်ပေးလိုက်သော နှင်းဓားကို ဖမ်းယူကာ ပြောလိုက်သည် "ယောင်ဖုန်း" ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
ချင်ယွင်သည် ထွက်ခွာသွားသော ယောင်ဖုန်းကို သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးဖြင့် ကြည့်ပြီး ရေရွတ်လိုက်သည် "ယောင်ဖုန်း, ဟုတ်တယ်မလား?။ မင်းရဲ့ ကျေးဇူး အကြွေးက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု တန်ကြေးရှိဖို့ ငါ မျှော်လင့်ပါတယ်။ ဘာလို့ဆို ငါက ရှုံးတဲ့စီးပွားရေးမျိုး လုပ်ရတာ မကြိုက်လို့ပဲ”။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ရှေ့သို့ ခြေလှမ်းကာ အခြားလမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့သည်။
ဒီတစ်ခါ ဓားကိုလက်လွှတ်ရခြင်းက လုံးဝကို စိတ်ရှုပ်စရာကောင်းသလို၊ စိတ်လှုပ်ရှားစရာ လည်း ကောင်းပါသည်။