← Chapters

အခန်း ၁၂၆၁

Vol. 85 Ch. 1261

အခန်း ၁၂၆၁

Vol. 85 Ch. 1261

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၅)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၂၆၁) ထူးဆန်းသော တော်ယု။

ချင်ယွင်နှင့် ချူယွန်တို့သည် အသံ၏ဦးတည်ရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ တခဏအတွင်းမှာ, သူတို့သည် အသံထွက်ပေါ်လာသည့် နေရာကို ရောက်ရှိလာကြသည်။

သူတို့မျက်လုံးထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းကြောင့် သူတို့သည် အနည်းငယ် အံ့အားသင့်မိသွားကြသည်။

သူတို့ရှေ့မှာ လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ တစ်ကောင်က သူတို့ရှာနေသည့် တော်ယုဖြစ်ပြီး၊ နောက်တစ်ကောင်ကတော့ ငွေရောင်မြွေကြီးတစ်ကောင် ဖြစ်သည်။

ထိုငွေရောင်မြွေကြီး၏ ကျင့်ကြံမှုက မနိမ့်ကျပေ။ ၎င်းသည် နှောင်းပိုင်း ကြယ်နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ၎င်း၏ခွန်အားသည် အလယ်အလတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ်နှင့် ညီမျှသည်။ (ဤနယ်မြေအတွင်းမှာ ကျင့်ကြံခြင်းတစ်ဆင့် အထိ ဖိနှိပ်ခံထားရ၍ ဖြစ်နိုင်ပါသည်)။

ထိုအချိန်တွင် ငွေရောင်မြွေကြီးသည် တော်ယုကို တင်းတင်းကျပ်ကျပ် ရစ်ပစ်ထားပြီး၊ သွေးနီရောင် ပါးစပ်ကြီးက တော်ယုဆီသို့ လှမ်းကိုက်နေသည်။

တော်ယုအတွက်မူ, သူမခန္ဓာကိုယ်မှာ သွေးအများပြား ထွက်နေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်မှာ သိသာလှသည်။

"မကောင်းဆိုးဝါး သားရဲကောင်…”

ချင်ယွင်သည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာက သူ့လက်ထဲမှာ ချက်ချင်းပေါ်လာပြီး ငွေရောင်မြွေကြီးဆီကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ပထမအချက်အနေဖြင်, ဤတော်ယုသည် တော်ယုကိုယ်တိုင်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ချင်ယွင်သည် သူမကို မကယ်တင်ဘဲ မနေနိုင်ခဲ့ပေ။ အကယ်၍, အမှန်တကယ် တော်ယု ကိုယ်တိုင် ဖြစ်နေမည်ဆိုလျှင်, တော်ယု သေသွားသည်ကို စိတ်မကောင်းစွာ ကြည့်နေခြင်း မဟုတ်ဘူးလား။ ထို့ကြောင့် ချင်ယွင်သည် တွန့်ဆုတ်မနေခဲ့ပေ။

သူ့လက်ထဲမှ ဆေဘာက ထက်ရှသထက် ထက်ရှလာသည်။

ငွေရောင်မြွေကြီးသည် ချင်ယွင်၏သတ်ဖြတ်လိုသည့်ဆန္ဒကို သတိပြုမိပြီး တော်ယုကို ကိုက်ခဲခြင်းကို စွန့်လွှတ်လိုက်သည်။ ယင်းအစား ၎င်းသည် သူ၏ကြီးမားသော အမြီးကြီး ကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဟမ့်၊ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတယ်” ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ သူ့လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာက လှပသည့် နှင်းမှုန်လေးများကဲ့သို့ လေထဲမှာ ချက်ချင်း လင်းလက်သွားခဲ့သည်။ ဆေဘာအလင်း ဖြတ်သန်းသွားသည့် နေရာတိုင်း အဆင့်မြင့် နတ်ဘုရားပစ္စည်းကဲ့သို့ မာကျောသည့် နတ်ဘုရားကျောက်စိမ်းဝါးပင်သည် ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်း သော ဆေဘာအလင်းကြောင့် ပြတ်တောက်သွားသည်။ ဖြတ်တောက်မူက အရမ်းကို သပ်ရပ်သည်။

"ချွပ်..”

ချင်ယွင်၏ဆေဘာအလင်းနှင့် ငွေရောင်မြွေကြီး၏ အမြီးတို့သည် ပြင်းထန်စွာ တိုက်မိသွား သည်။ ဆေဘာသည် ချက်ချင်းပင် မြွေကြီး၏အမြီးကို ဖြတ်သန်းကာ သွေးများ စီးကျလာ သည်။

"ဟစ်..”။

ငွေရောင်မြွေကြီး၏အမြီးသည် ပြတ်တောက်သွားကာ ချက်ချင်းပင် နာကျင်မှုကို ခံစားလိုက်ရသည်။ ၎င်းသည် ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက်, တော်ယုကို တိုက်ရိုက် ပစ်ချပြီး ဝါးတောအုပ်အတွင်း ထူထပ်သောမြူအုပ်ဆီသို့ ပြေးသွားခဲ့သည်။

"ဟမ့်” မင်းက လွတ်မြောက်ချင်တာလား?။

ချင်ယွင်သည် အရှိန်အဟုန်ဖြင့် ပြေးသွားသော ငွေရောင်မြွေကြီးကို ကြည့်လိုက်သည်။ သူ့မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ပြင်းထန်သော နတ်ဘုရား တန်ခိုးသည် သူ၏လက်ဖဝါးမှ တဟုန်ထိုး ပျံ့နှံ့ထွက်လာပြီး နတ်ဘုရားဆေဘာထဲသို့ တခဏချင်း သွန်းလောင်းသွားသည်။ ထို့နောက် လက်ညှိုးကို ပွတ်ဆွဲလိုက်ရာ နတ်ဘုရား ဆေဘာသည် နောက်ကွယ်မှ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းသွားလေသည်။

နတ်ဘုရားဆေဘာသည် နတ်ဘုရားကျောက်စိမ်းဝါးများစွာကို ဆက်တိုက် ထိုးဖောက်ကာ ဧရာမ ငွေရောင်မြွေကြီး၏လည်ပင်းကို ပြင်းပြင်းထန်ထန် ထိမှန်သည်။

ဘန်း…။

အလွန်မင်း ပြင်းထန်သည့် တုန်ခါအသံတစ်ချက် ထွက်ပေါ်လာသည်။ ငွေရောင်မြွေကြီးကို ချင်ယွင်၏ နတ်ဘုရားဆေဘာဖြင့် ထိုနေရာရှိ မြေပြင်ပေါ်မှာ ထိုးစိုက်ခံလိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်သည်ပင် ရုန်းကန်နိုင်ခြင်း မရှိတော့ပေ။ ချင်ယွင်၏ပေါင်းစပ် နတ်ဘုရား တန်ခိုးကြောင့် ၎င်း၏နတ်ဘုရား ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားခဲ့သည်။

ချင်ယွင်၏ဆေဘာဖြ င့်တိုက်ခိုက်မှုကြောင့် နှောင်းပိုင်း ကြယ်နတ်ဘုရား နတ်ဘုရား သားရဲတစ်ကောင်သည် သေဆုံးသွားခဲ့ပြီး ပြန်လည်တုံ့ပြန်ရန် ခွန်အား အနည်းငယ်မျှပင် မရှိခဲ့ပေ။

ချင်ယွင်သည် သူ၏ပေါင်းစပ်နတ်ဘုရားစွမ်းအားကို အသုံးပြုခဲ့သည်။ ၎င်းသည် ဤနတ်ဘုရားနယ်မြေ၌ပင်၊ နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် ညီမျှသည်။ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာ၏ ရက်စက်ကြမ်းကြုတ်မှုပါ ပေါင်းထည့် လျှင်, အလယ်အလတ် ကြယ်နတ်ဘုရားနယ်ပယ်အထိ ဖိနှိပ်ခံထားရသော ဤငွေရောင် မြွေကြီးကို မဆိုထားနှင့်။ နှောင်းပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်ရန်ပင် အလွန်ခက်ခဲမည် မဟုတ်တော့ပေ။

ဘန်း…။

ချင်ယွင်သည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာသည် နတ်ဘုရား အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ချင်ယွင်၏ ဝတ်စုံလက်မောင်းထဲကို စိမ့်ဝင်သွားပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားခဲ့ သည်။ ဆေဘာပေါ်တွင် မည်သည့်သွေးစွန်းထင်းမှု မတွေ့ရပေ။

အဝေးမှ ချူယွန်သည် ချင်ယွင်၏ အင်အားကို သိထားပြီးဖြစ်သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တုန်လှုပ်ခြောက်ခြားသွားသည်။

ချင်ယွင်၏တိုက်ခိုက်မှုသည် ပြတ်သားပြီး တိုက်ရိုက်ဆန်သည်။ လုပ်ငန်းစဉ် တစ်ခုလုံး သည်လည်း အလွန်ရိုးရှင်းပါသည်။ သူ၏ လှုပ်ရှားမှုများသည် တိမ်တိုက်များနှင့် စီးဆင်းနေသော မြစ်ရေများကဲ့သို့ပင်။ အလယ်အလတ် ကြယ်နတ်ဘုရားတစ်ပါးကို ကြက်ကလေး သတ်သလို သတ်ပစ်လိုက်သည်။ ၎င်းမြင်ကွင်းသည် အလွန်မင်း အစွမ်းထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။

သို့သော် ချင်ယွင်က ဤကိစ္စကို ဂရုမစိုက်ပါ။ ယင်းအစား, သူသည် တော်ယုကို လှည့်ကြည့်လိုက်ပါသည်။

"မင်း အဆင်ပြေရဲ့လား?။ ချင်ယွင်သည် သွေးများစွာစွန်းနေသော တော်ယုကိုကြည့်ကာ မေးလိုက်သည်။ သို့သော် သူသည် ရှေ့သို့မလှမ်းခဲ့ပေ။ ထိုအစား သူသည် ထိုနေရာမှာပင် ရပ်ကာ တော်ယုကို ဂရုတစိုက်ကြည့်နေသည်။

"ကျွန်မ အဆင်ပြေပါတယ်။ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် သခင်လေးချင်" တော်ယုက ချင်ယွင်ကို လေးလေးစားစား ပြောသည်။ သူမသည် ချင်ယွင် ကို ငေးကြည့်ရင်း ပျော်ရွှင်သော အပြုံးတစ်ခုပင် သယ်ဆောင်လာခဲ့သည်။ သူမသည် ချင်ယွင်ကို တွေ့ရသည့်အတွက် အရမ်းဝမ်းသာနေသည့်အလား သူမခန္ဓာကိုယ်ပေါ်က ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်ပေ။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင် အလွန်အံ့သြသွားသည်။

တော်ယု၏ မျက်နှာပေါ်ရှိ အမူအရာသည် အတုအယောင် မဟုတ်ကြောင်း သူ တွေ့ရှိခဲ့ သည်။ သူမပုံစံက စိတ်ရင်းမှန်ဖြင့် အမှန်တကယ် ပျော်ရွှင်နေပုံပင်။ ထို့ကြောင့် ချင်ယွင်၏ တော်ယုအပေါ် သံသယများက စတင်ယိမ်းယိုင်သွားစေသည်။

အကယ်၍, သူ့ရှေ့မှ တော်ယုသည် အစစ်အမှန် သူမမဟုတ်ဘူးဆိုရင်, သူမသရုပ်ဆောင်မူ က တကယ်ကို တော်လွန်းပါသည်။ ချင်ယွင်ပင်လျှင် သူမ၏ သရုပ်ဆောင်မှု၌ ချို့ယွင်းချက် တစ်စုံတစ်ရာကို မတွေ့မြင်နိုင်ပေ။

"တော်ယု၊ မင်း ငါတို့ကိုမစောင့်ပဲ ဘာလို့ နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲ မင်း တစ်ယောက်တည်း ဝင်သွားရတာလဲ”။ ချင်ယွင်က အစမ်းသဘောဖြင့် ထပ်မေးသော် လည်း တော်ယု၏မျက်နှာမှ လျှို့ဝှက်ဆန်းကြယ်မှုကို မြင်လိုသည့်အလား သူ့မျက်လုံးများ ကမူ တော်ယု၏ မျက်နှာကို အမြဲတစေ အကဲခတ် ကြည့်နေသည်။

သို့သော်လည်း ချင်ယွင်၏စကားကို ကြားလိုက်သောအခါတွင်၊ တော်ယုသည် သူမ၏ မျက်နှာပေါ်တွင် ဗလာကျင်းသလို ဖြစ်သွားခဲ့သည်။ သူမက ချင်ယွင်ကို ကြည့်ကာ ပြောသည် "သခင်လေးချင် ရှင်တို့က နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲကို ပထမဆုံး ဝင်သွားခဲ့တာ မဟုတ်ဘူးလား?။ ရှင်တို့ ဝင်သွားတာတွေ့လို့ ကျွန်မလည်း လိုက်ဝင်ခဲ့တာ လေ”။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ အံ့ဩမှင်သက်သွားခဲ့သည်။ အဘယ်ကြောင့်ဆို သော် တော်ယုသည် ဤစကားကို အမှန်အတိုင်းပြောနေသကဲ့သို့ သူမမျက်နှာပေါ်တွင် လိမ်ညာမှုတစွန်းတစမျှ မရှိသောကြောင့်ပင်။ သို့မဟုတ် ချင်ယွင်ကိုယ်တိုင်က ချိုးယွင်းချက်တစ်စုံတစ်ရာ မမြင်မိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် ရှုံ့တွသွားသည်။ သူနှင့် ချူယွန်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ရာ ချူယွန်၏မျက်နှာမှာလည်း သံသယစိတ်များ ပြည့်နှက်နေ သည်ကို တွေ့လိုက်ရသည်။

တော်ယုကို ကြည့်ရင်း ချင်ယွင်၏အမူအရာက လေးနက်နေခဲ့ပြီး "ဒါဆို မင်း ဘာလို့ အစ်ကိုချူယွန်ကို ရုတ်တရက် နာကျင်အောင်လုပ်ရတာလဲ" ဟု ဆက်မေးလိုက်သည်။

'"အစ်ကိုချူယွင်ကို ကျွန်မက ဘယ်လိုလုပ် နာကျင်အောင်လုပ်နိုင်မှာလဲ။ ကျွန်မ အစ်ကို ချူယွန်ကို တစ်ခါမှတောင် မတွေ့ဖူးဘူး။ ကျွန်မက သူ့ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်မှာလဲ?။ ပြီးတော့, ကျွန်မခွန်အားက အစ်ကိုချူယွန်နဲ့ မယှဉ်နိုင်ဘူးလေ။ ကျွန်မ တိုက်ခိုက်ရင်တောင် သူ့ကို မထိခိုက်စေနိုင်ပါဘူး။ သခင်လေးချင် ရှင် ကျွန်မကို သံသယ ဝင်နေတာလား။” တော်ယုက ချက်ချင်း ပြန်ပြောပြီး သူမမျက်လုံးတွေမှာ ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ချင်ယွင်၏ သံသယများကြောင့် သူမ နာနာကျင်ကျင် ခံစားသွားရသလိုပင်။

ချင်ယွင်သည် သူ့မျက်လုံးထဲတွင် တော်ယု၏ အမူအရာကို မြင်နိုင်ပြီး၊ သူ့စိတ်ထဲတွင် အလွန်အံ့သြသွားသည်။

မည်သို့ပင်ဖြစ်စေ, အစောပိုင်းက တော်ယု၏ ထုတ်ဖော်ပြသမူအရ, တော်ယုတွင် မည်သည့် အပြစ်အနာအဆာမှ မရှိပေ။ ယင်းကြောင့် ချင်ယွင်သည် သူ၏ယခင် ခန့်မှန်းချက်သည် မှန်လား,မှားလား ပို၍ပင် သံသယဖြစ်သွားရသည်။

သို့သော် သံသယများလည်း ရှိနေခဲ့သည်။ အစောပိုင်းကမှ အစ်ကို ချူယွန်သည် တော်ယုကြောင့် ဒဏ်ရာရခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သော်လည်း၊ တော်ယုက ချူယွန်ကို မတွေ့ခဲ့ကြောင်း ပြောကြားနေပြန်သည်။ ဤအရာက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

"သူတို့ထဲက တစ်ယောက်ယောက်က လိမ်နေတာများ ဖြစ်နိုင်မလား" ချင်ယွင်၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။

ဤနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးနောက် လူတိုင်းသည် ထူးဆန်းသွားသည်ကို သူ တွေ့ရှိခဲ့ပြီး၊ ယင်းက သူ့ကို ခေါင်းကိုက်စေခဲ့သည်။

"သခင်လေးချင်၊ ရှင် ဒီကိုရောက်နေတာလား။ နောက်ဆုံးတော့ ကျွန်မ ရှင့်ကို ရှာတွေ့ပြီ" သို့သော်လည်း ချင်ယွင် ပဟေဠိဖြစ်နေချိန်တွင် ချင်ယွင်၏နားထဲသို့ နောက်ထပ် အသံတစ်ခု ဝင်ရောက်လာခဲ့သည်။

ထိုအသံကိုကြားတော့ ချင်ယွင်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူသည် အသံပိုင်ရှင်ကို ချက်ချင်း ကြည့်လိုက်သည်။ ဤအကြည့်ကြောင့်ပင် ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်သွားစေခဲ့သည်။

သူတို့နှင့် မနီးမဝေးတွင် တော်ယုနှင့် ခပ်ဆင်ဆင်တူသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ တစ်နည်းဆိုရသော် သူတို့နှစ်ဦးသည် လူချင်းတူကြပြီး သူတို့၏ အငွေ့အသက်သည်လည်း အတူတူပင် ဖြစ်သည်။

ချင်ယွင်သာ မှင်သက်အံ့ဩသွားသည်မဟုတ် ချူယွန်လည်း မှင်သက်အံ့ဩသွားခဲ့သည်။ တော်ယုနှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မှင်သက်အံ့ဩနေကြ သည်။

All Chapters