← Chapters

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အခန်း (၁၂၆၂) အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေး၏ စွမ်းရည်

ချင်ယွင်သည် နောက်ပိုင်းတွင် ပေါ်လာသော တော်ယုကို ကြည့်လိုက်ပြီးနောက်၊ တော်ယုကို ယခင်ကအတိုင်း ပြန်ကြည့်လိုက်သည်။ သူမတို့နှစ်ယောက်စလုံး၏အမူအရာ၊ ရုပ်ရည်အသွင်ပြင် ကိုယ်ရေးအချက်လက် အားလုံး တူညီကြသည်။

"ဘာတွေ ဖြစ်နေတာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် မေးလိုက် သည်။

တော်ယုနှစ်ယောက်တွင် တစ်ယောက်ကတော့ အတုဖြစ်ရမည်။ နှစ်ယောက်စလုံးတောင် အတုတွေ ဖြစ်နိုင်သည်.

သို့သော်၊ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ မထုတ်ဖော်နိုင်သော ကြောင့် ခန့်မှန်းရန် အလွန်မင်း ခက်ခဲပါသည်။

ချင်ယွင် နားမလည်နိုင်တော့ပေ။ အကယ်၍, တော်ယုကို အကြွင်းကျန် စိတ်ဝိညာဉ်က သိမ်းပိုက်သွားခဲ့လျှင် သူမသည် အခြားလူတစ်ဦး ဖြစ်သွားသင့်သည်။ သူမတို့နှစ်ယောက် မည်သို့ ရှိနိုင်မည်နည်း?။

တော်ယုနှစ်ယောက်စလုံး၏ မျက်နှာများမှာလည်း ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ သူမတို့သည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ သူမတို့သည် တစ်ယောက်နှင့်တစ်ယောက် တည်ရှိနေသည်ကိုပင် မသိသလိုပင်။ သို့မဟုတ်၊ တစ်ယောက်နှင့်တစ်ယောက် တည်ရှိနေသည်ကို သိသော်လည်း မသိသလို ဟန်ဆောင်နေပုံရသည်။

"ရှင်က ဘယ်သူလဲ?။ ရှင် ဘာလို့ ကျွန်မအဖြစ် ဟန်ဆောင်နေတာလဲ" ယခုလေးတင် ငွေရောင်မြွေကြီးထံမှ ချင်ယွင် ကယ်ထုတ်ထားသော တော်ယုက နောက်ပိုင်းမှ ပေါ်လာသည့် တော်ယုကို ကြည့်ပြီး အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ သူမ မျက်လုံးများက အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။

"နင် ဘယ်သူလဲဆိုတာ ငါ မမေးရသေးဘူး။ နင်က ငါ့အဖြစ် အယောင်ဆောင်ထားတဲ့လူပဲ မဟုတ်လား။" နောက်မှပေါ်လာသော တော်ယုက အေးစက်စက်အသံနှင့် မေးလိုက်ပြီး၊ သူမမျက်လုံးများသည်လည်း အေးစက်နေသည်။

"ဘာတွေ ဖြစ်နေတာလဲ”။ ထိုအချိန်တွင် ချူယွန်သည် လုံးဝ အံသြသွားသည်။ သူ့မျက်လုံးများသည် တော်ယုနှစ်ယောက်ကြားမှာ လှည့်ပတ်ကြည့်နေသော်လည်း ၎င်းတို့အနက် မည်သူက အစစ်ဖြစ်သည်ကိုမူ သူ မပြောနိုင်ပေ။

ချင်ယွင်က ဘာမှပြန်မပြော။ သူသည် ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေလေသည်။

ဤနတ်ဘုရားနယ်မြေသို့ ရောက်လာသည့်ချိန်မှစ၍ အရာအားလုံးသည် ထူးဆန်းသွားခဲ့ သည်။

ယခင်က တော်ယုသည် ဘာမှမပြောဘဲ နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲသို့ ဝင်သွားခဲ့သည်။ သူမလုပ်ရပ်တွေက ထူးဆန်းနေပြီဖြစ်သော်လည်း ယခုတော့ ချွတ်စွပ်တူ သည့် တော်ယုနှစ်ယောက်က ပို၍ပင် ထူးဆန်းစွာ ပေါ်လာခဲ့သည်။ ချင်ယွင်ပင်လျှင် နားမလည်နိုင်တော့ပေ။

သို့သော်၊ ချင်ယွင်သည် တော်ယု တစ်ခုခုဖြစ်နေရမည်ဟု သေချာပေါက် သိသည်။ ထို့ကြောင့် သူမသည် ဤအခြေနေတွင် ရှိနေရခြင်း ဖြစ်သည်။

တော်ယုနှစ်ယောက်သည် ငြင်းခုံနေကြဆဲဖြစ်သော်လည်း မည်သူ့ကိုမှ သူ မယုံကြည်နိုင် ပေ။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ?။ ဒီနတ်ဘုရားကျောက်စိမ်း ဝါးတောအုပ်ထဲကို ဝင်ရောက် လာချိန်မှာ မင်းတို့ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါလား။” ချင်ယွင်က တော်ယုကို ကြည့်ကာ ပြောသည် ။

"ကောင်းပြီ, ငါ အရင်ပြောမယ်။" နောက်မှလာသည့် တော်ယုက ပြောသည်။

ချင်ယွင်က ခေါင်းညိတ်ပြီး သူမကို ဆက်လုပ်ရန် အချက်ပြလိုက်သည်။ ချင်ယွင် ကယ်တင်ခြင်းခံရသော တော်ယုသည် သူမမျက်နှာတွင် လေးနက်သော အမူအရာ ရှိသည်။

"ဒီနတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ကြောင့် ကျွန်မ စိတ်ရှုပ်သွားပြီး၊ သခင်လေးချင်က ဒီဝါးတောအုပ်ထဲ ဝင်သွားပြီလို့ ထင်ခဲ့တယ်။ ဒါကြောင့်, ကျွန်မလည်း နောက်ကနေ လိုက်သွားခဲ့တယ်။ ဒါပေမယ့် ဝင်ရောက်ပြီးနောက်မှပဲ သခင်လေးချင် ပျောက်ကွယ် သွားတာကို ကျွန်မ သိလိုက်ရတယ်။ ဒါကြောင့် ကျွန်မလည်း ပုံရိပ်ယောင်ထဲ ကျရောက်သွားကြောင်း သိလိုက်ရတယ်။ ကျွန်မက ရှင်တို့ကို လိုက်ရှာချင်နေခဲ့တာ။ ဒါပေမယ့်, ဘယ်လိုပဲ ကြိုးစားခဲ့ပါစေ ပြန်လမ်းကို ရှာမတွေ့ခဲ့ဘူး။ နောက်တော့ ကျွန်မက ဒီဝါးတောအုပ်ထဲမှာ ရှင်တို့ကို ရှာဖွေခဲ့တယ်။ တိုက်ခိုက်သံတွေလို့ မပြီးဆုံးခင်မှာ ကျွန်မလည်း ဇွတ်ပြေးလာခဲ့တာပဲ။ ဒါပေမယ့် ကျွန်မရောက်လာတော့ သူမက ကျွန်မအဖြစ် ဟန်ဆောင်နေတာကို တွေ့လိုက်ရတယ်" နောင်မှရောက်လာသည့် တော်ယုက ဒဏ်ရာရနေသော တော်ယုကို လက်ညှိုးထိုးပြကာ ပြောလိုက်ပါသည်။

"ဟင့်အင်း..” မဟုတ်ဘူး။ ကျွန်မက အယောင်ဆောင်နေတာ မဟုတ်ဘူး။ သူကမှ ကျွန်မအဖြစ် အယောင်ဆောင်နေတာ။ သခင်လေးချင်, သူမစကားကို မယုံနဲ့။" ချင်ယွင် ကယ်တင်ခဲ့သော တော်ယုက ကမန်းကတန်း ပြောလိုက်ပါသည်။

ချင်ယွင်သည် ထိုစကားများကို ကြားပြီး၊ သူ့သဘောထားကို အလျင်စလို ထုတ်ဖော်ခြင်း မပြုဘဲ တော်ယုကို ကြည့်ပြီး ပြောလိုက်သည် “မင်းကရော ဘယ်လိုလဲ?။ မင်း နတ်ဘုရား ကျောက်စိမ်းဝါးတောအုပ်ထဲ ဝင်ပြီးနောက် ဘာတွေဖြစ်ခဲ့လဲ”။

ချင်ယွင် ကယ်တင်ခဲ့သော တော်ယုက ခါးသီးဖွယ်အမူအရာဖြင့် ချက်ချင်းဆိုသလို ပြောလိုက်သည် "ဒီဝါးတောအုပ်ထဲဝင်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ မမှတ်မိတော့ ဘူး။ ကျွန်မ သတိရလာတဲ့အခါ, ဒီငွေရောင်မြွေကြီးက ကျွန်မကို တိုက်ခိုက်နေတာကို တွေ့လိုက်ရတာပဲ။ ကျွန်မက သူ့ပြိုင်ဘက် မဟုတ်ဘူးလေ။ ကျွန်မ သေတော့မယ်တောင် ထင်နေတာ။ သခင်လေးချင်နဲ့တွေ့ပြီး သခင်လေးချင်က ကယ်တင်လိုက်လို့ပဲ”။

ထိုစကားကိုကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်သွားသည်။

ချင်ယွင် ကယ်တင်ခဲ့သော တော်ယုသည် ချင်ယွင် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရချိန်မှာ, သူမမျက်နှာက ကြီးစွာသော နာကျည်းမှုကို ခံစားခဲ့ရသကဲ့သို့ ချက်ချင်းပင် ဖြူဖျော့သွားပါသည်။

“မင်း ဘယ်လိုမှ မမှတ်မိနိုင်ဘူးလား?။ မင်းက သတိမေ့နေတာလား?" ချင်ယွင်က သူကယ်တင်ခြင်းခံရသော တော်ယုကို ဆက်လက်ကြည့်ရှုပြီး မေးသည်။

"ကျွန်မ မသိဘူး။ ဒါ့အပြင်, အဲဒီမှတ်ဉာဏ်တွေ ကျွန်မမှာ တကယ်မရှိဘူး" တော်ယုက ခေါင်းယမ်းကာ ပြောလိုက်သည်။

ထိုစကာကိုကြားပြီး ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် တင်းမာလာခဲ့သည်။

ဘန်း….။

ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာက ချင်ယွင်၏လက်ထဲမှာ နောက်တကြိမ် ထွက်ပေါ်လာပြီး၊ အေးစက်စက်ရေခဲအငွေ့အသက်က သူ့လက်ထဲဆီမှ တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်.

"သခင်လေးချင်၊ ကျွန်မပြောတာ အမှန်တွေပါ" ချင်ယွင်က သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကကို ထုတ်ယူလိုက်သည်ကို မြင်ရသည့်အခါ, သူမမျက်နှာက ထိတ်လန့်တကြား ဖြစ်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။

အဝေးမှ တော်ယုသည် မမြင်သာသည့် လှောင်ပြောင်သရော်ဟန် အမူအရာ ဖြစ်ပေါ်နေ သည်။

ချူယွန်သည် စိတ်အကြံအိုက်နေခဲ့သည်။ သူသည် ချင်ယွင် မည်သည့်အရာ မြင်ခဲ့သည့်ကို နားမလည်သော်လည်း၊ သူသည် ချင်ယွင်၏ စီရင်ချက်မှာ ဝင်စွက်ဖက်ခြင်း မရှိပေ။ ချင်ယွင်၏ တရားစီရင်မူက အမှန်ဖြစ်မည်ဟု သူ ယုံကြည်သည်။

ဘန်း…။

ချင်ယွင်၏လက်ထဲမှ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာသည် ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်ပြီး၊ ချင်ချင်းပင် ဆေဘာအလင်းက ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။

သို့သော်, ထိုဆေဘာအလင်းက ချင်ယွင်ကယ်တင်ထားသည့် တော်ယုဆီသို့ မဟုတ်ဘဲ၊ နောက်မှရောက်လာသည့် တော်ယုဆီသို့ ဖြစ်နေခဲ့သည်။

​နောက်မှရောက်လာတဲ့ တော်ယုသည် ချက်ခြင်း ထိတ်လန့်သွားပြီး၊ သူမခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူမလက်ဖဝါးကို လေထဲသို့ ရိုက်ချလိုက် သည်။

"ဘုန်း”

ချင်ယွင်၏ ဆေဘာအလင်းက တော်ယုဆီသို့ ပြိုဆင်းကျသွားခဲ့ပြီး၊ တုန်ခါစွမ်းအားက သူမကို အဝေးတစ်နေရာအထိ နောက်ပြန် လွင့်ပျံသွားစေခဲ့သည်။

"သခင်လေးချင်, ရှင် ဘာလို့ ကျွန်မကို တိုက်ခိုက်ရတာလဲ။" တော်ယု၏ ရုပ်အသွင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ချင်ယွင်ကို အံ့သြစွာကြည့်ရင်း ပြောလိုက်သည်။

"မင်းက သေချာပေါက် အတုမိုလို့ပေါ့။ မင်းက တော်ယုအစစ် မဟုတ်ဘူး။ ပြောစမ်းပါဦး။ တော်ယုအဖြစ် ဟန်ဆောင်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်ကို”။ ချင်ယွင်က တော်ယုကို ကြည့်ကာ မေးလိုက်သည်။

တော်ယုအတုသည် ချက်ချင်း ရယ်မောလိုက်သည်။ သူမ၏အပြုံးက အလွန်တရာမှ ဆွဲဆောင်မှုရှိပြီး သူမ၏မူလက ကျက်သရေရှိသော ခန္ဓာကိုယ်သည် ချက်ချင်းပင် ထူးထူးခြားခြား စွဲမက်ဖွယ် ဖြစ်လာသည်။

"သခင်လေးချင်၊ ဒီကျွန်မလေးက အရမ်းကို သိချင်နေမိပြီ။ ကျွန်မ တော်ယု မဟုတ်ဘူး ဆို တာကို ရှင် ဘယ်လို ဆုံးဖြတ်နိုင်သွားလဲ" တော်ယုအတုက ချစ်စရာကောင်းစွာ ပြောလိုက်သည်။

တော်ယုသည် ဤမြင်ကွင်းကို မြင်သောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ နောက်ဆုံးတွင်၊ ဤတော်ယုအတုသည် ချင်ယွင်၏ရှေ့မှာ အသာထား၊ သူမရှေ့မှာပင် သူမ၏အသံနှင့် ရုပ်ရည်အသွင်အပြင်ကို အသုံးပြုနေသေးသည်။

'"အရမ်းကို ရိုးရှင်းပါတယ်။ မျက်လုံးတွေပေါ့။ မင်းစကားပြောတဲ့အခါ မင်းကိုယ်မင်း ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပေမယ့် မင်းမျက်လုံးတွေက မှားယွင်းနေတုန်းပဲ။ တော်ယုနဲ့ လုံးဝ မတူဘူး။ သူမမျက်လုံးထဲမှာရှိတဲ့ အရာတစ်ခု မင်းမှာ ရှိမနေဘူး”။ ချင်ယွင်က ချက်ချင်း ပြန်ဖြေသည်။

"တစ်ခုခုလား?”။ ငါ ချီးကျုးခံရမှာ ကြောက်မိပါတယ်" တော်ယုအတုက ပြုံးပြီး ပြောသည်။

ထိုစကားကြားတော့ တော်ယု၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားသည်။ သူမ၏ လှပသော မျက်နှာသည် နီမြန်းသော အမူအရာ ပေါ်လာသည်။ သူမသည် ချင်ယွင်ကို မျက်လုံးများဖြင့် တိတ်တဆိတ် ကြည့်လိုက်ရာ ချင်ယွင်သည် မလှုပ်မရှား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမှပင် သူမ သက်ပြင်းချနိုင်ခဲ့သည်။

"ကျွန်မကို မြန်မြန်ပြောပါ။ ရှင် ဘာလို့ ကျွန်မအဖြစ် ဟန်ဆောင်နေတာလဲ။ နောက်ပြီး ရှင့်ရဲ့ မူလအသွင်အပြင်ကို အမြန်ပြောင်းလိုက်ပါ။" တော်ယုသည် တော်ယုအတုကို ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

တော်ယုအတု၏ ဟန်ဆောင်မှုသည် အမှန်တကယ်ပင် သူမကို မခံမရပ်နိုင်အောင် ဖြစ်စေသည်။ သူမသည် ချင်ယွင်၏နှလုံးသားအပေါ် ဆိုးရွားသော အထင်အမြင်များကို မထားခဲ့ချင်ပေ။

"မူလအသွင်အပြင်ကို ပြန်ပြောင်းရမှာလား?။ ဒါက ငါ့ပုံစံအမှန်ပဲလေ။ တော်ယု၊ မင်းက အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးဖြစ်နေတုန်းပဲ။ မင်းရဲ့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးက အသက်ကိုးခုနဲ့ မွေးဖွားလာခဲ့တာကို မင်း မသိဘူး လား?။ အရင်ကတည်းက ငါက မင်းရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုပြီး မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီးပြီ။ ဒါပေမယ့် မင်းက တစ်ဖန်ပြန်လည် မွေးဖွားပြီး နတ်ဘုရား ခန္ဓာကိုယ် အသစ်ကို ပြည်လည်သိပ်သည်းနိုင်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါက မင်းရဲ့ အမြီးကိုးချောင်း ကျောက်စိမ်းမြေခွေးရဲ့ မွေးရာပါ နတ်စွမ်းအားတွေက တကယ်ကို မှော်ဆန်တယ်လို့ ပြောလို့ရတယ်” တော်ယုအတုက တော်ယုကို ကြည့်ကာ ချီးမွမ်းသည်။

"ဒါဆို ငါတို့ရဲ့ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးတွေရဲ့ ဒဏ္ဍာရီက အမှန်တွေပေါ့” တော်ယုသည် သူမခန္ဓာကိုယ်ကို ကြည့်ရင်း အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

ထိုကစားကိုကြားတော့ ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ သူမ၏ နတ်ဘုရားစွမ်းရည်က ကောင်းကင်ဘုံကို အန်တုနိုင်သည့် ယခုလို အသက်ကိုးခုကို တကယ်ပဲ ပိုင်ဆိုင်ထားတာလား?။

သူမ၏ရုပ်ခန္ဓာကိုယ်ကို သိမ်းယူခံရပြီး သူမ၏နတ်ဘုရား စိတ်ဝိညာဉ်ကို ဝါးမျိုးပြီးနောက်၊ သူမသည် ခန္ဓာကိုယ်အသစ်တစ်ခုဖြင့် မွေးဖွားလာနိုင်သည်။ ဤအရာက အမှန်တကယ်ပင် တွေးဆ၍ မရပေ။

All Chapters