အခန်း ၁၂၆၃
Vol. 85 Ch. 1263
အခန်း (၁၂၆၃) ကြမ်းကြုတ်သော လင်ကျိ။
"အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေး, မင်းက အသက်ကိုးခုနဲ့ မွေးဖွားလာခဲ့ တယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို ရှင်းလင်းသုတ်သင်လိုက်ရင်တောင် မင်းက ကိုးကြိမ်တိုင်တိုင် ပြန်လည် မွေးဖွားနိုင်တယ်။ မင်း ပြန်လည်မွေးဖွားလာတိုင်း မင်းဟာ ခန္ဓာကိုယ်အသစ်နဲ့ စိတ်ဝိညာဉ်အသစ်တစ်ခုကို ပိုင်ဆိုင်လိမ့်မယ်။ ဒါကြောင့် အခု ငါ မင်းရဲ့ ခန္ဓာကိုယ် အဟောင်းကို အသုံးပြုနေတာပဲ။ တော်ယု၊ မင်း တကယ်သေခဲ့တာ ငါးကြိမ်ရှိပြီ။ အဲဒါ မင်း မသိတာပဲရှိတယ်။ မင်းရဲ့စိတ်ဝိညာဉ်ကို မျိုချလိုက်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းယူလိုက် တဲ့ တစ်ကြိမ်ပါ ထည့်တွက်ရင်, မင်းမှာ အသက်သုံးချောင်းပဲ ကျန်တော့တယ်။" တော်ယုအတုက တော်ယုကို လှမ်းကြည့်ကာ ပြောလိုက်သည် ။
ထိုစကားကိုကြားတော့ တော်ယု၏မျက်နှာသည် ချက်ချင်းပင် ပို၍အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
သူမသေတာ ခြောက်ကြိမ်ရှိခဲ့ပြီ။ သို့သော်လည်း သူမသည် ထိုအကြောင်းကို လုံးဝ သတိမထားမိခဲ့ပေ။ ထိုအကြောင်းကို သေသေချာချာ တွေးကြည့်လိုက်တော့, သူမသည် နက်ရှိုင်းသော အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း, အဆုံးတွင် ထူးထူးခြားခြား ကျော်လွှားနိုင်အောင် စီစဉ်နိုင်ခဲ့သည်။ တကယ်ဆို သူမ၏ မွေးရာပါ နတ်ဘုရားစွမ်းရည် ကြောင့် ကျော်လွှားနိုင်ခြင်း ဖြစ်ပုံရသည်။
ချင်ယွင်နှင့် ချူယွန်တို့လည်း အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်းမြေခွေး မျိုးနွယ် ၏ အံ့ဩဘနန်းဖြစ်ရပ်ဆန်းကို သဘောကျကာ သက်ပြင်းချကြသည်။ ရုပ်ခန္ဓာကိုယ်တစ်ခု ကို ပြန်လည်နွေးဖွားနိုင်ခြင်း, ဤမျှလောက် ကောင်းကင်ဘုံကို အံတုနိုင်သော အံ့ဖွယ် ဖြစ်ရပ်မျိုး မရှိနိုင်ပေ။ သို့သော် တော်ယု၏မျိုးနွယ်၏ မွေးပါရာ နတ်ဘုရား စွမ်းရည်သည် ၎င်းတို့ကို ပြန်လည် ရှင်သန်စေနိုင်သည်။
"ဒါဆို စောစောက ငါ့ကို တိုက်ခိုက်ခဲ့တာ မင်းလား”။ ချူယွန်က တော်ယုအတုကို ကြည့်ပြီး မေးလိုက်သည်။
"မှန်တယ်။ ငါ တိုက်ခိုက်ခဲ့တာ” တော်ယု အတုက ပြုံးပြီး ပြောသည်။ သူမမျက်နှာပေါ်ရှိ အမူအရာသည် အလွန် ချစ်စရာကောင်းသည်။
တော်ယု၏ မျက်နှာသည် အလွန်လှပသည်ဟု ဆိုရပေမည်။ ယခု တော်ယုအတု၏ စွမ်းဆောင်မှုအောက်တွင်၊ ၎င်းသည် ပို၍ပင် ဆွဲဆောင်မှုရှိပြီး သက်ဝင်လှုပ်ရှားနေသည်။ ပုံမှန်အားဖြင့် အေးစက်ပြီး လှပသော တော်ယုနှင့် နှိုင်းယှဉ်ပါက မတူညီသော ပုံစံနှစ်မျိုးဟု ဆိုနိုင်ပါသည်။
"ဒါဆို မင်း ငါ့ကို ဘာလို့ မသတ်ခဲ့တာလဲ" ချူယွန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်းကို သတ်ဖို့လား? ငါက မင်းကို ဘာလို့ သတ်ရမှာလဲ။ မင်းကို သတ်လိုက်တာက ငါ့အတွက် လုံးဝ အကျိုးမရှိဘူး" တော်ယု အတုက ပြုံးပြီး ပြောသည် ။
ဤစကားကိုကြားသောအခါ ချူယွန်၏ပါးစပ်ထောင့်က ရှုံ့မဲ့သွားသည်။ အဘယ့်ကြောင့် သူ့ကို မသတ်ချင်ဘဲ ထိခိုက်နာကျင်အောင် လုပ်ရတာလဲဟုပင် မေးမြန်းရန် ရှက်သွားခဲ့ သည်။ ဤအရာက တကယ်ပင် အလွန်စိတ်ပျက်စရာကောင်းသည်။
"မင်းမှာ ရုပ်ခန္ဓာကိုယ်အသစ် ရှိပြီးသားလေ။ နောက်ထပ် အသစ်တစ်ခု သိမ်းပိုက်စရာ မလိုတော့ဘူး။ ထွက်သွားသင့်တယ် မဟုတ်လား?။ မင်း ဘာလို့ ပြန်လာသေးတာလဲ။ မင်းရည်ရွယ်ချက်က ဘာလဲ" ချင်ယွင်က တော်ယုအတုကို ကြည့်ကာ မေးသည်။ သူ့လက်ထဲတွင် ထိပ်တန်းအဆင့် နတ်ဘုရားဓားသိုင်းကို အစမှအဆုံးထိ တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ခုနက သူတိုက်ခိုက်ခဲ့သည့် ဓားချက်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ လက်ဖဝါး ရိုက်ချက်ကြောင့် အမှန်တကယ် ပြိုကွဲသွားခဲ့သည်။ ယင်းက သူမ၏ ခွန်အား သည် အလွန်ထူးခြားသည်ဟု တွေးကြည့်နိုင်သည်။
ချင်ယွင်၏ ခန့်မှန်းချက်အရဆို, သူမသည် ဤကမ္ဘာထဲမှ ဖိနှိပ်ခံထားရသော်လည်း၊ သူမသည် အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏ အစွမ်မျိုး ရှိနေဆဲပင်။ ချင်ယွင်သည် ပင် ယခုလိုစွမ်းအားကို ကြောက်ရွှံ့ရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။
"ပြန်လာတာလား?။ ဟုတ်တယ်လေ။ ကျွန်မ ပြန်လာရမှာပေါ့။ သခင်လေးချင်, မင်းက ဒီကို ရောက်နေပြီ။ ကျွန်မ ဘယ်လိုလုပ် စွန့်ခွာသွားနိုင်မှာလဲ" တော်ယု အတုက ပြုံးပြီး ပြောကာ၊ ချင်ယွင်ကို ချစ်စဖွယ်အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သေးသည်။
ဘေးမှကြည့်နေသော တော်ယုသည် ချက်ချင်းပင် ဒေါသပြင်းစွာ ခံစားရသော်လည်း ဘာပြောရမှန်း မသိပေ။
"မင်း အကျင့်ပျက်မလား?။ မင်းက ငါ့ပုံစံကို အာသာပြင်းပြင်း ဖြစ်နေတာလား?။” ချင်ယွင်က သရော်ဟန်ဖြင့် မေးလိုက်သည်။
ဤတော်ယုအတုသည် သူ့အပေါ် အမှန်တကယ် ကြွေဆင်းမည်ဟု သူ ယုံမည်မဟုတ်ပေ။ သူမ ပြန်လာကတည်းက တခြားရည်ရွယ်ချက်တစ်ခု ရှိရမည်။
'"သခင်လေးချင်, ရှင် ဘာတွေပြောနေတာလဲ?။ ကျွန်မ နာမည်က လင်ကျိပါ။ ကျွန်မက ရှင့်နောက်ကို တချိန်လုံး လိုက်နေခဲ့တာပါ။ သခင်လေးချင်ရဲ့ စွမ်းဆောင်မှုကို ကျွန်မ သိပ်သဘောကျတယ်။ ကျွန်မတို့နှစ်ယောက်က တာအိုစုံတွဲ လုပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ? ကျွန်မရဲ့ ဒီအရေပြားအိတ် ရုပ်ရည်က အတော်လေးလှပါတယ်။ ဒီကျွန်မလေး က ကိုယ်ခံပညာရပ် ဆယ့်ရှစ်မျိုးမှာ ကျွမ်းကျင်တယ်နော်။ သခင်လေးချင်ကို သေတဲ့အထိ ပျော်ရွှင်စေမှာပါ" လင်ကျိက ချင်ယွင်ကို ဟန်ဆောင်အကြည့်ဖြင့် ဆွဲဆောင်လိုက်သည်။ ထိုချစ်စရာကောင်းသော အမူအရာကို မြင်လိုက်သောအခါ ချူယွန်၏မျက်လုံးများပင် ဖြောင့်စင်းသွားခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း”။ တော်ယုသည် အလွန်ဒေါသထွက်သွားသည်။ ထိုအရေပြားအိတ်က သူမ အပိုင်ဖြစ်သည်. ထို့အပြင် လင်ကျိသည် ချင်ယွင်ကို သွေးဆောင်ရန် သူမ၏ အရေပြား အိတ်ကိုပင် အသုံးပြုနေခဲ့သည်။ သူမ မည်မျှပင် စိတ်သဘောထား ကောင်းနေပါစေ, သူမ လုံးဝ သည်းမခံနိုင်ပေ။
"အိုး မင်းက စိတ်ဆိုးနေတုန်းပဲ။ မင်း သခင်လေးချင်ကို ကြိုက်နေမှန်း ငါ သိတယ်။ ဒါပေမယ့် မင်းရဲ့ ပင်ကိုယ်စရိုက်က အမြဲတမ်း သီးသန့်ဆန်တယ်။ သခင်လေးချင် အတွက် ငါ တစ်ခုခုလုပ်ပေးနိုင်မှာကို မင်း ကြောက်နေတယ်။ ဒါပေမယ့်, အဲဒါကို မင်း မလုပ်နိုင်မှာ ငါ ကြောက်မိတယ်။ ဟုတ်တယ်မလား”။ လင်းဂျီက တော်ယုကိုကြည့်ကာ လှုံ့ဆော်ဟန် ဖြင့် ပြောသည်။
"မလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ” တော်ယုက အနည်းငယ် စိတ်ရှုပ်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည် ။
ဤစကားကြောင့် ချင်ယွင်သည် အံ့ဩသွားရုံသာမက သူမကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ သည်။ သူမမျက်နှာမှာ ရှက်ကိုးရှက်ကန်းဖြင့် နီရဲလာသည်။
ချင်ယွင်လည်း အလွန် တုန်လှုပ်သွားသည်။ သူသည် ခေါင်းကို အနည်းငယ် ယမ်းလိုက်ပြီး ယခုလိုစကားမျိုး ဆက်မပြောသင့်တော့ဟု သူ တွေးလိုက်သည်။ ဒီအတိုင်းဆက်ပြောနေ ရင် ကြီးကြီးမားမား ဖြစ်သွားလိမ့်မည်။
"လင်ကျိ ဟုတ်တယ်ဟုတ်။ မင်းမှာ ရည်ရွယ်ချက် တစ်ခုခုရှိရင်လည်း တိုက်ရိုက် ပြောလိုက်ပါ။ ဒီမှာလာပြီး ဒီလိုစက်ဆုပ်ဖွယ် နည်းလမ်းတွေ သုံးမနေနဲ့။ ငါချင်ယွင်က သိပ်အားနည်းနေတာ မဟုတ်ဘူး။ မင်းရဲ့လှည့်ကွက်တွေကို ငါ စားပစ်မယ်။" ချင်ယွင်သည် လင်ကျိကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
လင်းဂျီ၏ အလှထောင်ချောက်က တကယ်တော့ မဆိုးပါဘူး။ တော်ယု၏ အရေပြားအိတ် နှင့် လင်ကျိ၏ ဆွဲဆောင်မှုရှိသောကြောင့် သာမန်အမျိုးသားများသည် အမှန်တကယ်ပင် လွယ်လင့်တကူ လက်ခံနိုင်ဖွယ်ရှိသည်။
'"သခင်လေးချင်က တကယ်ကို ထူးထူးခြားခြားပဲ။ ဒီလိုဆိုမှတော့ ကျွန်မလည်း လှည့်ပတ် မနေတော့ဘူး။ ကျွန်မရဲ့ရည်မှန်းချက်က အရမ်းကို ရိုးရှင်းပါတယ်။ ကျွန်မ သခင်လေးချင် ဆီက တစ်ခုခု လိုချင်တယ်။ သခင်လေးချင်က ကျွန်မကိုပေးဖို့ ဆန္ဒချင်နေသရွေ့၊ ကျွန်မက သဘာဝအတိုင်း ချက်ချင်း ထွက်သွားမှာပါ" လင်ကျိသည် ချင်ယွင်ကို မျက်တောင် မခတ်တော့ပေ။ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ စွဲဆောင်မှုက အရိုးထဲအထိ ထိုးဖောက် ဝင်ရောက် သွားပုံရသည်။
"အဲဒါ ဘာလဲ?" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။
"သခင်လေးရဲ့ နတ်ဘုရားနဂါးစိတ်ဝိညာဉ်ပဲ” လင်ကျိက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက် ပြီး၊ သူမမျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။
ထိုစကားကြားတော့ ချင်ယွင်၏မျက်လုံးတွေက အမျက်ဒေါသများ ပေါက်ကွဲ ထွက်ပေါ်လာ သည်။
နတ်ဘုရားနဂါးစိတ်ဝိညာဉ်သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့် လုံးလုံး ပေါင်းစပ်ထား ပြီး၊ သူ့နတ်ဘုရားစိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ အကယ်၍, နတ်ဘုရားနဂါးစိတ်ဝိညာဉ်ကို ထုတ်ယူလိုက်လျှင် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ချက်ခြင်း ပြိုကွဲသွားမည်မှာ သေချာသည်။
"ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က နှစ်သန်းပေါင်းများစွာကြာအောင် ပျက်စီးနေခဲ့ပြီ။ သာမန် နတ်ဘုရားစိတ်ဝိညာဉ်တွေက ငါ့စိတ်ဝိညာဉ်ဒဏ်ရာကို မမြှင့်တင်နိုင်တော့ဘူး။ ဒါပေမယ့်၊ သခင်လေးချင်ရဲ့ နတ်ဘုရားနဂါးစိတ်ဝိညာဉ်က ကျွန်မအတွက် ကြီးမားတဲ့ အာဟာရ တစ်ခု ဖြစ်တယ်။ ဒါကြောင့် ကျွန်မလည်း သခင်လေးချင်ရဲ့ နတ်ဘုရား နဂါးစိတ်ဝိညာဉ်ကို ဆုံးဖြတ်ချက်ရတော့တာပဲ” လင်ကျိက ဆက်လက်သရော်နေရင်း, သူမ၏ အကြည့်များက ရုတ်တရက် စူးရှလာသည်။
ဝှီး….။
လင်ကျိ၏ ရုပ်အသွင်သည် ချက်ချင်းပင် နောက်ဆက်တွဲ ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲ သွားသည်။ နောက်အခိုက်အတန့်တွင် သူမသည် ချင်ယွင်၏ရှေ့မှာ တိုက်ရိုက် ပေါ်လာ သည်။ သူမ၏သွယ်လျသော လက်ဖဝါးက အစွမ်းထက်သော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျအလွှာများဖြင့် ဖုံးအုပ်သွားပြီး ချင်ယွင်၏ရင်ဘတ်ဆီသို့ ရိုက်ချလိုက်သည်။
ချင်ယွင်၏ အမူအရာက ပြောင်းသွားသည်။ လင်ကျိ၏ အရှိန်အဟုန်သည် သူ့စိတ်ကူး ထက် ကျော်လွန်နေပြီ။ ယခုအချိန်မှာ သူ့ဆေဘာဖြင့် တားဆီးဖို့ပင် အချိန်နှောင်းသွားပြီဟု သူ ထင်သည်။
“ဘုန်း..”။
ချင်ယွင်သည် တွန့်ဆုတ်မနေဘဲ မိုးပြာရေလွှမ်းလက်သီးကို စတင်ရန် သူ့ကိုယ်တွင်းရှိ ပေါင်းစပ်နတ်ဘုရား စွမ်းအားလေးခုကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ချင်ယွင်၏ လက်သီးစွမ်းအားသည် နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်နှင့်ပင် နီးကပ်နေခဲ့ပြီ။ ၎င်းလက်သီးစွမ်းအားသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်၍ မရနိုင်သော် လည်း၊ ဝေးကွာတော့မည် မဟုတ်ပေ။
သို့သော်လည်း သူ၏လက်သီးသည် လင်ကျိ၏လက်ဖဝါးနှင့် ထိမိသွားသည့် အခိုက်တွင်၊ သူ၏လက်မောင်းတစ်ခုလုံး ချက်ချင်း ကွဲအက်သွားပြီး သူ့ခန္ဓာကိုယ်သည် တခဏချင်း နောက်ပြန် ဆုတ်သွားခဲ့သည်။ သူ မရပ်တန့်နိုင်ခင် နတ်ဘုရားကျောက်စိမ်း ဝါးတောအုပ် ထဲကို ပစ်ကျသွားသည်။ သူ့ပါးစပ်မှ သွေးများ စိုရွှဲနေပြီ။
"သခင်လေးချင် " တော်ယုက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ ချင်ယွင် နောက်ပြန် လွင့်သွားသည်ကို မြင်လိုက်ရတော့ သူမမျက်လုံးများတွင် လွန်စွာမှ စိတ်ဆင်းရဲနေသည့် အမူအရာ ပေါ်လာသည်။
ချူယွန်လည်း လုံးဝ မှင်သက်ပြီး အံ့အားသင့်သွားသည်။ ချင်ယွင်သည် တစ်ကြိမ်တည်းဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု ရိုးရိုးသားသား သူ မမျှော်လင့်ခဲ့ပေ။
ထိုအချိန်တွင် ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို လက်ထဲမှ နတ်ဘုရားဆေဘာဖြင့် ထောက်ထားသော်လည်း သူ့အကြည့်များသည် အဝေးက လင်ကျိကို ကြည့်ရင်း သတ်ပစ်ချင်စိတ်များ ပြည့်နှက်နေသည်။