အခန်း ၁၂၆၄
Vol. 85 Ch. 1264
အခန်း (၁၂၆၄) လင်ကျိ၏စွမ်းအား။
ချင်ယွင်၏ အမူအရာသည် အလွန်လေးနက်ပြီး သူ့မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ယခုလေးတင် လင်ကျိ၏ လက်ဖဝါးရိုက်ချက်သည် အလွန်အစွမ်းထက်သည်။ သူသည် မိုးပြာရေလွှမ်းလက်သီးကို တိုက်ထုတ်ရန်အတွက် ပေါင်းစပ်နတ်ဘုရားတန်ခိုး လေးမျိုး အသုံးပြုခဲ့သော်လည်း လင်ကျိ၏လက်ဖဝါးကြောင့် လွင့်ပျံသွားရဆဲ ဖြစ်သည်။
ထိုမျှတင်မကဘဲ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ အကယ်၍ သူသည် ကနဦးစကြဝဠာအတွင်းမှာ နတ်ဘုရားအမြုတေကို ဝှက်မထားခဲ့ပါက၊ လင်ကျိထံမှ ထုတ်လွှတ်လိုက်သော နတ်ဘုရားတန်ခိုးသည် သူ၏ နတ်ဘုရား အမြုတေပေါ်တွင် အက်ကြောင်းများ ပေါ်လာစေရန်ပင် လုံလောက်ပေလိမ့် မည်။
'"မင်း အဲဒီဆရာတပည့်နှစ်ယောက်နဲ့ တိုက်ခိုက်နေကတည်းက ငါ မင်းကို အရိပ်ထဲကနေ စောင့်ကြည့်နေတာ။ ဒါကြောင့် မင်းဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ငါသိတယ်။ အလယ်လတ် ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်နဲ့ အထွက်အထိပ် ကြယ်နတ်ဘုရား နယ်ပယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားရုံနဲ့တောင် ထူးထူးခြားခြား ဖြစ်နေပါပြီ။ ဒါပေမယ့် မင်း ငါ့အတွက် ပြိုင်ဘက်မဖြစ်နိုင်သေးဘူး။ ဒါကြောင့် မင်းရဲ့အသွေးသားတွေ နာကျင်မူကနေ ရှောင်လွှဲနိုင်ဖို့ နာခံမူရှိရှိနဲ့ လက်မြှောက်အရှုံးပေးလိုက်ဖို့ ငါ အကြံပေးချင်တယ်။” လင်ကျိက ချင်ယွင်ကို ကြည့်ပြီး လှောင်ပြောင်ဟန်ဖြင့် ပြောလိုက် သည်။ ယခုအချိန်မှာ သူမ၏ လှပသော မျက်နှာလေးသည် အရင်ကလို ဆွဲဆောင်မှု မရှိတော့ပါဘူး။ သူမမျက်နှာမှာ အေးစက်မူနှင့်အတူ သတ်ဖြတ်ချင်စိတ်တွေသာ ရှိနေပါတော့သည်။
"လက်မြှောက် အရှုံးပေးရမယ်” ဒါက ကျုပ်ပုံစံ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။ ခင်ဗျား ကျုပ်ရဲ့ နတ်ဘုရားနဂါး စိတ်ဝိညာဉ်ကိုလိုချင်ရင် ခင်ဗျားအစွမ်းအစနဲ့ လာယူပါ။ တကယ်လို့ ခင်ဗျား ယူသွားနိုင်ရင်လည်း ကျုပ်ချင်ယွင်က ဘာမှ မကျေမနပ် ဖြစ်စရာမရှိဘူး။ ဒါပေမယ့်, ခင်ဗျားမှာ အရည်အချင်းမရှိဘူးဆိုရင်တော့ ဒီနေ့ ခင်ဗျား ကျုပ်ရဲ့သတ်ဖြတ် ခြင်း ခံရလိမ့်မယ်”။
ချင်ယွင်က သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ကာ မတ်တပ်ရပ်ပြီး အကြည့်စူးစူး ဖြင့် ကြည့်နေခဲ့သည်။ သူ့ပုံစံက လွှမ်းမိုးကြီးစိုးနေလေသည်။ သူ့လက်ထဲတွင် နတ်ဘုရား ဆေဘာကို ကိုင်ထားရင်း၊ သူ့ပုံစံက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးလို ဖြစ်နေပြီး လင်ကျိကိုကြည့်နေသည့် သူ့အကြည့်များက အလားတူ ရက်စက်မှုများနှင့် ပြည့်နှက်နေ သည်။
"ဟုတ်ပြီလေ။ မင်းက နည်းနည်းတော့ ယောက်ျားပီသတယ်။ ရိုးရိုးသားသားပြောရရင် မင်းကို ငါ တကယ်လေးစားပါတယ်။ ပုံမှန်ဆိုရင် မင်းကိုသတ်ဖို့ ငါ ဆန္ဒရှိမှာ မဟုတ်ဘူး။ ကံမကောင်းစွာပဲ၊ မင်းရဲ့ခွန်အားက အရမ်းကို အားနည်းနေသေးတယ်။ နတ်ဘုရား ကပ်ဘေးဒုက္ခက နီးကပ်လာပြီ။ ဒါကြောင့် မင်းရဲ့နတ်ဘုရား နဂါးစိတ်ဝိညာဉ်ကို ငါ အမြန်ဆုံး ရယူဖို့တယ်။ ဒါမှ ငါ့ရဲ့စွမ်းအားက အမြန်ဆုံး မြန်ကောင်းလာလိမ့်မယ်” လင်ကျိက သူမ၏မျက်လုံးများ အေးစက်သွားစဉ် အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်ကတော့ ဘာစကားမှ ပြန်မပြောပေ။ သို့သော် သူ့လက်ထဲမှ နတ်ဘုရားဆေဘာက ပြင်းထန်သော အသံကို ထုတ်လွှတ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဆေဘာဆန္ဒတစ်ခုက ချက်ချင်း ထွက်ပေါ်လာပြီး ဝါးတောအုပ်တစ်ခုလုံး ဝါးရွက်လှုပ်ခတ် သံများ တရွှမ်းရွှမ်း ထွက်ပေါ်လာခဲ့သည်။
သူသည် နောက်ပိုင်းတွင် မည်သည့်ဆေဘာပညာရပ်မျှ မကျင့်ကြံထားသော်လည်း၊ သူ၏ဆေဘာနှင့်ဓားတို့သည် ဆက်စပ်မူရှိနေသည်။ ဤအဆင့်သို့ ရောက်ရှိလာချိန်မှာ, ဓားအစား ဆေဘာကို ပြောင်းလဲအသုံးပြုခြင်းကို မပြောနှင့်, လက်ချောင်းကိုပင် ဓားအဖြစ် အသုံးပြုသည့်တိုင် ဓားသိုင်းပညာရပ်သည် အလွန်မင်း အစွမ်းထက်နေပါပြီ။
ဘန်း..။
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာက မြည်ဟီးသံများ အဆက်မပြတ် ထွက်ပေါ်လာ သည်။ သူ့ရှေ့မှ လင်ကျိသည် သိသိသာသာ ထူးထူးခြားခြား အစွမ်းထက်လွန်းသည်။ သူသည် ရှိသမျှ အကုန်ထုတ်ရလိမ့်မည်။
"ဟမ့်၊ မင်းက လွှဲပြောင်းပေးဖို့ ဆန္ဒမရှိဘူးဆိုတော့ ငါကိုယ်တိုင်ပဲ ယူရတော့မှာပေါ့" လင်ကျိသည် အေးစက်စွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများမှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူမလက်ထဲမှာ နတ်ဘုရားတန်ခိုး အလင်းတန်း က တောက်ပလာပြီး ချင်ယွင်ဆီသို့ လေထဲမှပင် ရိုက်ချလိုက်သည်။
"ဘုန်း”။
ရုတ်တရက် ကြီးမားလှသော နတ်ဘုရားတန်ခိုးသည် ချင်ယွင်၏ နံဘေးသို့ ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ တုနှိုင်းမရလောက်အောင် မာကျောသော နတ်ဘုရား ကျောက်စိမ်းဝါးများသည် ကြီးမားသောလှိုင်းလုံးကဲ့သို့ လှုပ်ယမ်းသွားကြပြီး၊ အားလုံးက ချင်ယွင်ဘက်သို့ စောင်းသွားကြသည်။ နတ်ဘုရားကျောက်စိမ်းဝါးတစ်လုံးသည် မြေကြီးနှင့်ထိနီးလုနီးပါး ဖြစ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး သည် ဆူနာမီလှိုင်းလုံးကြီးအလားပင်။
"ဓါးလှိုင်း…”။
ချင်ယွင်လည်း ကျယ်လောင်စွာ ဟစ်အော်သည်။ မဆိုင်းမတွဘဲ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရား တန်ခိုးငါးခု ပေါင်းစပ်စွမ်းအားကို သူ့လက်ထဲရှိ နတ်ဘုရားဆေဘာထဲသို့ သွန်းလောင်းပြီး နောက် ခုတ်ပိုင်းပစ်လိုက်သည်။
ဆေဘာစွမ်းအားသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွားပြီး ဆေဘာစွမ်းအားက လေတိုးသံ တချွီချွီထွက်ပေါ်လာသည်။ ၎င်းစွမ်းအား ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ အနှိုင်းမဲ့ မာကြောသော နတ်ဘုရားကျောက်စိမ်းဝါးသည် သပ်ရပ်စွာ ပြိုလဲကျသွားကြ သည်။
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် ထိပ်တန်းအဆင့်ရှိ နတ်ဘုရား ဆေဘာ တစ်ချောင်း ဖြစ်သည်။ သူခုတ်ပိုင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆေဘာစွမ်းအား၏ ထက်ရှမူသည် သဘာဝအတိုင်း ကြောက်စရာကောင်းလွန်းသည်။ ထိုနတ်ဘုရား ကျောက်စိမ်းဝါးများသည် အဆင့်မြင့် နတ်ဘုရား ပစ္စည်းများကဲ့သို့ မာကျောသော်လည်း၊ ၎င်းတို့ကို ထောက်ပံ့ပေးရန် နတ်ဘုရားတန်ခိုး မရှိပေ။ ထို့ကြောင့် ချင်ယွင်၏ ဆေဘာ စွမ်းအားက ၎င်းတို့ကို အလွယ်တကူ ဖြိုချနိုင်ခဲ့သည်။
လင်ကျိ၏ လက်ဖဝါးနှင့် ချင်ယွင်၏ အစွမ်းထက်သော ဆေဘာစွမ်းအားတို့သည် အချင်းချင်း တိုက်မိသွားကာ ဆယ်ကီလိုမီတာအကွာအဝေးရှိ နတ်ဘုရားကျောက်စိမ်း ဝါးများကို အပိုင်းပိုင်း ပိုင်းဖြတ်ပြီး ချက်ချင်းပင် ဗလာကွပ်လပ် ကြီးမားသော စစ်မြေပြင် ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ကောင်းကင်ကိုပင် ဖုံးလွှမ်းထားသည့် ဝါးရွက်များသည် မိုးရေစက်နှင့် နှင်းပွင့်များကဲ့သို့ ကြွေကျလာသည်။ ၎င်းတို့တွင် အလှတရား၏အရိပ်မြွက် တစွန်းတစ်မှမရှိဘဲ သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခုသာ ရှိနေခဲ့သည်။
တော်ယုနှင့် ချူယွင်တို့သည် အချိန်အတော်ကြာကတည်းက ဘေးတဘက်သို့ ဆုတ်ခွာ သွားကြပြီး၊ သူတိုသည် ဤအရာအားလုံးကို ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူတို့စိတ်ထဲမှာ ချင်ယွင်အတွက် စိုးရိမ်ပူပန်မှုကို ခံစားနေရသော်လည်း, ဤတိုက်ပွဲနှင့် ပတ်သက်ပြီး သူတို့အနေဖြင့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
ဤအဆင့်တိုက်ပွဲသည် သူတို့၏စွမ်းရည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သူတို့သည် စွက်ဖက်ချင်သော်လည်း စွက်ဖက်၍ မရပါဘူး။ နတ်ဘုရားတန်ခိုးများ၏ နောက်ဆက်တွဲ ရိုက်ခတ်မူများက သူတို့ကို ဂုဏ်ပြုအရက် သောက်ရဖို့ပင် လုံလောက်ပေလိမ့်မည်။ ထို့ကြောင့်၊ သူတို့သည် ယခုလက်ရှိနေရာတွင် နာခံမှုရှိရှိဖြင့် နေထိုင်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ (ဤနေရာ၌ ဂုဏ်ပြုအရက်သောက်ခြင်းဟူသည် နောက်ဆက်တွဲ ရိုက်ခတ်မူများကပင် သူတို့ကို သေဆုံးစေနိုင်သည့်အတွက် သေပြီးနောက် သောက်သည့် အရက်ကို ဆိုလိုဟန်တူပါသည်)။
ချွင်..။
ယခုအချိန်တွင် ချင်ယွင်နှင့် လင်ကျိတို့သည် အပြန်အလှန် တိုက်ခိုက်နေကြသည်။ လင်ကျိ၏ လက်ဖဝါးရိုက်ချက်များသည် နတ်ဘုရားဆေဘာကို လှုပ်ခါနိုင်ခဲ့ပြီး၊ သူမကို ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။ ယင်းအစား၊ နတ်ဘုရားဆေဘာကို ကိုင်ဆောင်နေ သော ချင်ယွင်ကိုပင် သူမက ဖိနှိပ်ထားသည်။
ချင်ယွင် ထိတ်လန့်သွားသည်။ ဤလင်ကျိ၏ ခွန်အားသည် အသေးအဖွဲ့ မဟုတ်ပေ။ သူသည် ပေါင်းစပ်နတ်ဘုရားတန်ခိုးငါးမျိုး၏စွမ်းအားကို အသုံးပြုပြီး ဖြစ်သည်။ သူ၏ ခွန်အားသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်နှင့် ယှဉ်နိုင်နေခဲ့ပြီ။ နတ်ဘုရားဆေဘာ၏ ကောင်းချီးပေးမူဖြင့် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်မှ ကျွမ်းကျင်သူများပင် အနိုင်မယူနိုင်သော အနေအထားသို့ ကျရောက်နိုင်သည်။ သို့သော် လည်း သူသည် ဤလင်ကျိ၏ ဖိနှိပ်ခြင်းကို ခံနေရဆဲ ဖြစ်သည်။
သူတို့ ထိပ်တိုက်တွေ့ဆုံမိသည့် အကြိမ်တိုင်း၊ နတ်ဘုရားဆေဘာဓားမှ တန်ပြန်အားသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်ပျက်စီးစေခဲ့သည်။ နတ်ဘုရား တန်ခိုးငါးမျိုး ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ဝန်ထုတ်ဝန်ပိုးအပြင် ချင်ယွင်ပင် ၎င်းကို ခံနိုင်ရည်မရှိခဲ့ပေ။
"တကယ်လို့, ဒီအတိုင်းသာဆက်သွားနေရင်, ငါ အမွှေးတိုင်တစ်ချောင်း ထိန်းညှိချိန် မတိုင် မှာ ရှုံးသွားမှာတောင် စိုးရတယ်" ချင်ယွင်သည် သူ့စိတ်ထဲတွင် တွေးတောနေသော်လည်း သူ့လက်ထဲမှ နတ်ဘုရားဆေဘာက လင်ကျိဆီသို့ ဆက်လက် ခုတ်ပိုင်းသွားသည် ။
လင်ကျိ၏လက်များသည် မရေမတွက်နိုင်သော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွား ပြီး လှုပ်ရှားမှုတိုင်းသည် အလွန်ထက်မြက်သည်။ ၎င်းတို့အားလုံး ချင်ယွင်၏ နတ်ဘုရား ဆေဘာ မျက်နှာပြင်ပေါ်သို့ ကျဆင်းလာကြသည်။
လက်ချောင်းများကို တောက်ပြီး အသက်ရှည်မူအတွက် မေးခွန်းထုတ်ခြင်း..။
သူမ၏လက်ချောင်းသည် ချင်ယွင်၏ဆေဘာကို ပုတ်လိုက်ရာ သူ၏နတ်ဘုရားတန်ခိုး သည် ပြိုကွဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည် ချင်ယွင်၏ နတ်ဘုရားဆေဘာ စွမ်းအားကို ငှားရမ်းကာ ချင်ယွင်၏ ကြောက်စရာကောင်းသော နတ်ဘုရားတန်ခိုးကို သူ့ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်ပြီး၊ သူ့ကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်။
ချွင်..။
ဤတစ်ကြိမ်တွင် လင်ကျိသည် ချင်ယွင်၏ဆေဘာမျက်နှာပြင်ကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ သူမ၏လက်ထဲတွင်ရှိသော နတ်ဘုရားစွမ်းအားသည် ပေါက်ကွဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတစ်ခု ချက်ချင်း ကျဆင်းသွားသည်။
"ဖူး..”။
ချင်ယွင်၏ သွေးများက ချက်ချင်း ပျံ့နှံ့လွင့်စင်သွားပြီး၊ သူ့တစ်ကိုယ်လုံး လွင့်ပျံသွားပြန် သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာတောင်မှ အဝေးမှ မြေကြီးပေါ်သို့ ပစ်လွင့်သွားရ သည်။
"ချင်ယွင်..” တော်ယုက စိုးရိမ်တကြီးအသံဖြင့် အော်ဟစ်ပြီး အလျင်စလို ပြေးသွားလိုက် သော်လည်း ချူယွန်က ဆွဲထားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏တစ်ကိုယ်လုံးသည် သွေးများဖြင့် ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ် သည် လွန်စွာမှပင် အားနည်းသွားခဲ့သည်။ နတ်ဘုရားတန်ခိုးငါးမျိုးကို ပေါင်းစပ်စွမ်းအားကို အလွန်အကျွံ အသုံးချခြင်း၏ ဘေးထွက်ဆိုးကျိုးများ ပေါ်လာခဲ့ပြီ။
ယခုအချိန်တွင် ချင်ယွင်သည် အနည်းငယ်သာ လှုပ်ရှားလိုက်သော်လည်း သူ့တစ်ကိုယ်လုံး ကွဲကြေသွားသလို ခံစားရသည်။ သူသည် သူ၏ အသက်စွမ်းအားနှင့် ကြယ်နတ်ဆိုး နတ်ဘုရား၏ တန်ခိုးအစွမ်းဖြင့်ပင် ဖြည်းဖြည်းချင်းသာ ပြန်ကောင်းလာနိုင်သည်။ သို့သော်၊ ဤပြန်လည် ကုသရေးလုပ်ငန်းစဉ်သည် လိုအပ်နေသေးပြီး ယခုအချိန်တွင် သူ့အတွက် အချိန်များစွာ မကျန်တော့ပါ။
"ရွပ်..”
လင်ကျိသည် မြေပြင်ပေါ်ရှိ ဝါးရွက်များကို နင်းကာ စူးစူးဝါးဝါး အသံထွက်လာသည်။
"မင်းရဲ့ အစွမ်းက တကယ်ကို ကောင်းလွန်းတယ်။ ငါ့ရဲ့ အထွတ်အထိပ်မှာဆို, ငါက မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်။ အခု ငါ ဒီခန္ဓာကိုယ်ကို ချေးငှားထားရင်တောင်မှ, ငါဟာ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်း အဆင့်မှာ ရှိနေတုန်းပဲ။ ငါက ဒီကမ္ဘာရဲ့ဖိနှိပ်မူကို ခံထားရပေမယ့် ကြယ်နတ်ဘုရား နယ်ပယ်မှာဆို ငါပြိုင်ဘက်တစ်ယောက်မှ မရှိနိုင်ဘူး။ မင်းရဲ့ အလယ်လတ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံမူနဲ့ ငါ့ကို ဒီလောက်အတိုင်းအတာအထိ တိုက်ခိုက်နိုင် တာကတင်, တကယ်ပဲ ကောင်းကင်ဘုံကို အံတုလွန်းနေပြီ”။ လင်ကျိသည် သူမ၏ မျက်နှာပေါ်တွင် အပြုံးမပျက်ဟန်ဖြင့် ချင်ယွင်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ သည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော ရုပ်အသွင်သည် ယခုအခိုက်အတန့်တွင် အနှိုင်းမဲ့ လှပနေပါသည်။