အခန်း ၁၂၆၅
Vol. 85 Ch. 1265
အခန်း (၁၂၆၅) နတ်ဆိုးကျွန် တိုက်ခိုက်ခြင်း။
"အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားလား?။
ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ လင်ကျိသည် သူမ၏ အထွက်အထိပ်အခြေမှာ, အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားကျွမ်းကျင်သူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားသည် နတ်ဘုရားမြို့တော်သခင်၏ ခွန်အားနှင့် ညီမျှနေပြီ။ ယခုအခါ သူမ၏ နတ်ဘုရားခန္ဓာကိုယ်သည် မရှိတော့သလို သူမ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပျက်စီးသွားခဲ့သော်လည်း၊ အဆုံးတွင်၊ ပိန်လှီသော ကုလားအုတ်သည် မြင်းထက်တော့ ပိုကြီးပါသေးသည်။ ချင်ယွင်မှာ နည်းလမ်းများစွာ ရှိနေသော်လည်း သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကို မဖြေရှင်းနိုင်သေးပေ။
ထို့ကြောင့် သူသည် သူ့ရှိသမျှ ခွန်အားအားလုံးကို အသုံးပြုခဲ့သော်လည်း, လင်ကျိကို ရှုံးနိမ့်ခဲ့ရသည်။
"လင်ကျိ၊ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားတစ်ပါးအနေနဲ့၊ ခင်ဗျားက ကိုယ့်ထက် နိမ့်ကျတဲ့ အလယ်လတ် ကြယ်နတ်ဆိုးနတ်ဘုရားတစ်ပါးဖြစ်တဲ့ ကျုပ်ကို တိုက်ခိုက်တဲ့ အခါ, ရှက်ရွံ့စိတ်လေးတောင် မဖြစ်ခဲ့ဘူးလား?” ချင်ယွင်က လင်ကျိကို အေးစက်စွာ ပြောရင်း ချင်ယွင်၏ နှလုံးသည် တချက် ခုန်သွားခဲ့သည်။
လင်ကျိသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် ရယ်စရာကောင်းသော ဟာသကြီးတစ်ခုကို ကြားလိုက်ရသည့် အ လား ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်မိသည်။
"ခင်ဗျား ဘာရယ်နေတာလဲ?။ ကျုပ်ပြေတာ မမှန်လို့လား?။ အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရားတစ်ပါးအနေနဲ့ ခင်ဗျားအနေနဲ့ အခုချိန်မှာ အထွက်အထိပ် မြေကမ္ဘာနတ်ဘုရား မဟုတ်တော့ရင်တောင်, ခင်းဗျားဟာ ပညာရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာရှိရမယ်လေ။ ခင်ဗျားကို သူများတွေ ဟားတိုက်ရယ်ကြမှာ မကြောက်ဘူးလား" ချင်ယွင်က ဆက်ပြောသည် ။
'"မင်းက အရမ်းချစ်စရာကောင်းလို့ ငါ ရယ်နေတာပါကွာ။ တကယ်လို့, ငါက မင်းကို ရိုက်မရဘူးဆိုရင်, မင်းဆီကနေ ညှစ်ထုတ်နိုင်ဖို့ ငါက ဟန်ဆောင် စကားလုံးတွေ အသုံးပြု ရမယ်ပေါ့။ ဟုတ်လား?။ ငါ မင်းကို ဘာမှ လုပ်ချင်စိတ်မရှိဘူးဆိုတော့ ဒါကြီးက ရှက်စရာ ကောင်းတယ်။ ဒါက အမှန်တရားကို မြတ်နိုးပြီး လူကြီးလူကောင်ဆန်ဆန် သေဆုံးချင်တာ မျိုး၊ ဒုက္ခကြီးစွာ ခံစားချင်တာမျိုးနဲ့ တကယ်ကို မတူဘူး။ အချို့လူတွေက အချိန်ကြာကြာ ရှင်သန်နိုင်ဖို့ပဲ တွေးကြတယ်။ အဲဒီအမှန်ရားကိုမြတ်နိုးတဲ့ လူကြီးလူကောင်းတွေကတော့ သနားစဖွယ် သေဆုံးကြရတယ်လေ။ ငါ ပိုပြီးတွန့်ဆုတ်နေလေ, မင်းရဲ့သတ်ဖြတ်ခြင်း ခံရလေပဲဆိုတာကို ငါ တွေ့ရှိထားတယ်” လင်ကျိက ပြုံးလိုက်ပြီး၊ သူမပုံစံက ဆွဲမက်ဖွယ် ကောင်းလွန်းနေသည်။
သို့သော် ချင်ယွင်၏ မျက်နှာသည် ပျော်ရွှင်မှုအရိပ်အယောင် မပြနိုင်ခဲ့ပေ။ လင်ကျိက သူ့ကို သတ်ချင်သည်ဟု ပြောနေခဲ့ပြီး၊ သူမအကြည့်တွေက ခိုင်မာနေဆဲဖြစ်သည်။ သူ မသေမချင်း ဘယ်တော့မှ မရပ်ဟု ထင်ရသည်။
ဟုတ်ပါသည်။ လင်ကျိသည် ချင်ယွင်၏ရှေ့သို့ လျှောက်လှမ်းလာပြီး ချင်ယွင်၏ မေးစေ့ကို ပင့်ကိုင်ရန်အတွက် သွယ်လျသည့် လက်ချောင်းတစ်ချောင်းကို ဆန့်လိုက်ပါသည်။ “လာပါ၊ အစ်မကြီးလို့ ခေါ်စမ်းပါဦး။ ဒီအစ်မကြီးက ခေါ်သံလေး ကြားချင်လို့ပါ။ ဒီခေါ်သံက ဒီအစ်မကြီးကို စိတ်ချမ်းသာစေတယ်။ ဒီအစ်မကြီးကလည်း မင်းကို စိတ်ပျော်ရွှင်စေတဲ့ အရာတစ်ခု ပြန်ပေးပါ့မယ်။ မင်း ဝေဒနာ နည်းနည်းလေးမှ ခံစားရမှာ မဟုတ်ဘူးလို့ အာမခံပါတယ်”။
လင်ကျိ၏ အပြုံးသည် ပန်းပွင့်ကဲ့သို့ ချစ်စရာကောင်းနေသော်လည်း ချင်ယွင်၏ မျက်လုံးထဲတွင်မူ, သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
"အစ်မ လင်ကျိ၊ မင်းက ဒီမောင်လေးကို တကယ်ပဲ သတ်ချင်နေတာလား။" ချင်ယွင်၏ မျက်နှာသည် အေးစက်သော အပြုံးကို ပေါ်လွင်စေပြီး လင်ကျိကို စူးစူးစိုက်စိုက် ကြည့်ရင်း တင်းမာလာသည်။
လင်ကျိ၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားစဉ်, သူမ၏ မျက်ခုံးများက အနည်းငယ် ကော့သွားသည်။
"ဟုတ်ပါတယ်လေ, မင်းနဲ့ခွဲရမှာ တကယ်ကို ဝန်လေးနေမိတယ်။ ဒါပေမယ့်လည်း မင်းအပေါ် ပြစ်မှားဖို့ကလွဲပြီး ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး မောင်လေး။” လင်ကျိ၏ မျက်လုံးများသည် ရုတ်တရက် စူးရှသွားသည်။ တုနှိုင်းမရအောင် ပြင်းထန်သော နတ်ဘုရားအလင်းတန်းတစ်ခုက သူမလက်ဖဝါးမှ ချက်ချင်း ထွက်ပေါ်လာပြီး ချင်ယွင်၏ ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပါသည်။
အဝေးမှာရှိနေသည့် တော်ယုသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမပါးစပ်က ချက်ချင်း ကျယ်လာပြီး အလျင်အမြန် ပြေးထွက်သွားချင်သကဲ့သို့ တုန့်ပြန်နေပုံရသည်။
ချူယွန်သည် သူမမသေအောင် တားဆီးသည့်အနေဖြင့် တော်ယု၏လက်မောင်းကို ဆုပ်ကိုင်ထားရင်း အဆုံးမဲ့ မျက်မှောင်ကြုတ်သွားသည်။
တော်ယုမှာ အသက်သုံးချောင်း ကျန်နေသေးလျှင်ရော ဘာဖြစ်လာမှာလဲ?။ အကယ်၍, အသက်သုံးဆယ်ရှိနေလျှင်ပင် သန်မာလှသော လင်ကျိကို ရင်ဆိုင်ရာမှာ အသုံးမဝင်ပေ။
"မဟုတ်ဘူး” တော်ယုက လှမ်းအော်လိုက်ပြီး သူမမျက်လုံးတွေထဲ စိတ်ပျက်လက်ပျက် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
သို့သော် လင်ကျိ၏ လက်ဖဝါးရိုက်ချက်ကြောင့် ချင်ယွင် သတ်တော့မည်ဟု သူမ တွေးတောနေစဉ်မှာ သူမအတွက် ထိတ်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပျက်သွားခဲ့သည်။
ချင်ယွင်၏အနားတွင် ထွားကျိုင်းသန်မာသော ရုပ်အသွင်တစ်ခု ပေါ်လာပြီး၊ လင်ကျိ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမရိုက်မည့် လက်ဖဝါးလည်း မလှုပ်ရှား နိုင်တော့ပေ။
လင်ကျိသည်လည်း မယုံနိုင်လောက်အောင် ရုတ်တရက် ပေါ်လာသည့် လျှို့ဝှက် ဆန်းကြယ်သော အမျိုးသားကို ကြည့်လိုက်စဉ် အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လာသည်။
ချင်ယွင်က ပြုံးပြီး လင်ကျိကို ကြည့်ကာ ပြောသည် "အစ်မ လင်ကျိ, ခင်ဗျား ကျုပ်ကို မသတ်နိုင်တော့ဘူးထင်တယ်"။
ထိုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်က ခက်ထန်သည့် လှောင်ပြောင်ဟန်တစ်ခု ထွက်ပေါ်လာပြီး သူ့မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
တစ်ချိန်တည်းမှာပင် သူ့အနားတွင် ရပ်နေသည့် မရင်းနှီးသောလူက ချက်ချင်းပင် လှုပ်ရှားသွားသည်။ သူသည် သူ၏ညာလက်ကို ဆုပ်ကိုင်လိုက်ပြီး လင်ကျိအား ကောင်းကင်ပြိုလဲ မြေကြီးကွဲအက်လောက်သည့် အငွေ့အသက်နှင့်အတူ ပြင်းထန်စွာ တိုက်ခိုက်လိုက်ပါသည်။
လက်သီးလေလှိုင်းသည် ကောင်းကင်ကို တုန်လှုပ်စေသော နဂါးတစ်ကောင်ကဲ့သို့ ဟိန်းထွက်နေသည်။
လင်ကျိ၏ လှပသော မျက်နှာလည်း အံ့သြသည့် အမူအရာ ပေါ်လာသည်။ သူမ၏ အခြား လက်တစ်ဖက်သည် နတ်ဘုရားတန်ခိုး အလင်းတန်းနှင့်အတူ ချက်ချင်းဆိုသလို မြောက်တက်လာပြီး လူထွားကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
"ဘုန်း”
မိုးခြိမ်းသံက ကောင်းကင်ဘုံကိုးခု၏ နတ်ဘုရား လျှပ်စီးများကဲသို့ တဟုန်ထိုး မြည်ဟီးသံ ထွက်ပေါ်လာသည်။ လူထွားကြိုင်း၏လက်သီးနှင့် လင်ကျိ၏ လက်ဖဝါးတို့သည် ပြင်းထန်စွာ တိုက်မိသွားသည်။ လင်ကျိသည် လွင့်ပျံသွားပြီး သူမပါးစပ်ထောင့်မှ သွေးစ သွေးရာများ စီးကျလာသည်။ သူမရုပ်အသွင်က အဝေးမှာ လွင့်မျောနေသည်။
ဤအရာအားလုံးသည် တခဏအတွင်းမှာ ဖြစ်ပျက်သွားခဲ့သည်။ ချူယွင်နှင့် တော်ယုတို့ နှစ်ယောက်လုံး အံသြသွားကြသည်။ ထိုထူးဆန်းသောလူကို ကြည့်လိုက်ရင်း သူတို့၏ စိတ်နှလုံးများသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းက ဘယ်သူလဲ။ မင်းက ငါ့ရဲ့ကံကြမ္မာကောင်းကို ဘာလို့ ဖျက်ဆီးချင်ရတာလဲ?" ချင်ယွင်၏ရှေ့မှာ ရပ်နေသော လူထွားကြီးကို ကြည့်လိုက်ရင်း လင်ကျိ၏ အမူအရာသည် အလွန်အမင်း အုံ့မှိုင်းသွားသည် ။
“ဘာမှတောင် မကြာသေးဘူး, အစ်မကြီးက ကျုပ်ကို မမှတ်မိတော့ဘူးပဲ။ မောင်လေး ဖြစ်တဲ့ ကျုပ်တော့ တကယ်ကို ဝမ်းနည်းမိတယ်" လူထွားကြီးက ပြုံးပြလိုက်သော်လည်း သူ့မျက်နှာက ချင်ယွင်နှင့် ပိုတူနေသည်။
"ဒါ... ဘာတွေ ဖြစ်နေတာလဲ?"
ချူယွန်နှင့်တော်ယုတို့ နှစ်ယောက်လုံးသည် စိတ်အကြံအိုက်သွားကြပြီး၊ သူတို့၏ စိတ်နှလုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နှက်နေလေသည်။
လင်ကျိ၏ မျက်ခုံးများက တွန့်သွားခဲ့သည်။ ချင်ယွင်တွင် ဤမျှ အစွမ်းထက်သော ကိုယ်ပွားတစ်ခု ရှိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်မိခဲ့ပေ။ ဤကိုယ်ပွား၏ စွမ်းအားသည် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဟု သူမ ခံစားနိုင်သည်။ ၎င်းပြသထားသည့် တိုက်ခိုက်ရေးစွမ်းအားသည် သူမထက် မနိမ့်ကျသည် မှာ သေချာပါသည်။
ချင်ယွင်က သူ့မျက်နှာပေါ်မှာ အပြုံးမပျက်သေးပေ။ သေချာသည်မှာ ထိုလူထွားကြီးသည် သူ့ကိုယ်ပွားမဟုတ်ပေ။ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားက လက်ခံပေးထားသည့် ကြယ်တစ်ပွင့် နတ်ဆိုးကျွန် ဖြစ်ပါသည်။
ချင်ယွင်သည် မူလက ကြယ်တစ်ပွင့် နတ်ဆိုးကျွန်ကို မြန်မြန်ဆန်ဆန် အသုံးပြုရန် အစီအစဉ် မရှိခဲ့သော်လည်း ဤလင်ကျိ၏ စွမ်းအားသည် တကယ်ကို ပြင်းထန်လွန်းနေ သည်။ အကယ်၍ သူသည် ကြယ်တစ်ပွင့် နတ်ဆိုးကျွန်ကို အသုံးမပြုပါက၊ သူ၏ ခန္ဓာကိုယ်ကို လင်ကျိက အသားပြားဖြစ်သည်အထိ ရိုက်ခွဲပစ်လိမ့်မည်။
တကယ်တော့ လင်ကျိသည် မည်မျှပင် တိုက်ခိုက်နေပါစေ, အဆုံးတွင် သူမသည် သူ့ကို သတ်ဖြတ်နိုင်စွမ်း မရှိသေးပါဘူး။ အဘယ့်ကြောင့်ဆိုသော် ချင်ယွင်၏စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာထဲမှာ အမြဲတမ်း ဝှက်ထားခဲ့သည်။ လင်ကျိ၏ ခွန်အားဖြင့်၊ သူမသည် ချင်ယွင်၏ ကနဦးစကြာဝဠာကို လှုပ်ခါအောင် မလုပ်နိုင်သေးပေ။
သေချာသည်မှာ, ချင်ယွင်လည်း အသုံးပြုစရာ မည်သည့်နည်းလမ်းမှ မရှိခြင်းမျိုးတော့ မဟုတ်ပေ။ ဥပမာအားဖြင့်၊ သူ့တွင် အချိန်ရပ်တန့်ခြင်းနတ်ဘုရား စွမ်းရည်ရှိသည်။ လင်ကျိအပေါ် သူ အသုံးပြုလိုက်လျှင် သူမကို မသတ်နိုင်သော်လည်း ဥာဏ်ပညာရှိစွာ အသုံးပြုနိုင်သရွေ့, သူသည် လင်ကျိကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။
ကြယ်တစ်ပွင့် နတ်ဆိုးကျွန်သည် အချိန်အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်းသာ အသုံးပြုနိုင်သည်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ကြာပြီးနောက် လင်ကျိကို တိုက်ခိုက်ရန် ချင်ယွင်အတွက် ပိုခက်ခဲလာလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် အဓိပ္ပါယ်မဲ့ စကားတစ်ခွန်းမျှ မပြောတော့ဘဲ ကြယ်တစ်ပွင့် နတ်ဆိုးကျွန်က ထပ်မံ တိုက်ခိုက်ခိုင်း လိုက်သည်။
"ဘုန်း”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်တစ်ပွင့် နတ်ဆိုးကျွန်သည် ချက်ချင်းပင် ပြေးထွက်သွားသည်။
အစောပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ ခွန်အားသည် မဆိုစလောက် မဟုတ်ပေ။ သူ့အရှိန်ဟုန်က ကြောက်စရာကောင်းသည်။ သူသည် လင်ကျိရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆောတလျင် ကြိုးစားရင်း လင်ကျိ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
သို့သော်လည်း ကြယ်တစ်ပွင့်နတ်ဆိုးကျွန်၏ တိုက်ခိုက်မှုသည် သူမထင်ထားသည်ထက် ပိုမိုမြန်ဆန်ခဲ့သည်။
"ဘုန်း”။
ချင်ယွင်၏ လက်သီးသည် လင်ကျိ၏ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် ထိမှန်သွားပြီး သူ၏ အစွမ်းထက်သော နတ်ဆိုးနတ်ဘုရားစွမ်းအားက ထိန်ချန်ခြင်းမရှိဘဲ သွန်းလောင်းသွား သည်။
လင်ကျိသည် ပုဇွန်တစ်ကောင်ကဲ့သို့ ချက်ခြင်း ကွေးညွှတ်သွားကာ သူမ၏ နတ်ဘုရား ခန္ဓာကိုယ်သည် ချက်ခြင်း ကွဲအက်သွားသည်။
"ဘုန်း”။
သူမတစ်ကိုယ်လုံးသည် ကြွေကျနေသော ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်သွားကာ၊ နတ်ဘုရားကျောက်စိမ်းဝါးများစွာကို ဆက်တိုက် ပစ်မှန်သွားသည်။
သို့သော် ချင်ယွင်သည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ သူသည် မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်ပြီး သူမနောက်သို့ အနီးကပ် လိုက်ပါသွားသည်။
လင်ကျိက အမျိုးသမီးတစ်ဦး ဆိုတော့ရော ဘာဖြစ်လဲ?။ သူ့ကို သတ်ချင်သည့်လူတိုင်းကို သတ်ပစ်ရလိမ့်မည်။