အခန်း ၁၂၆၆
Vol. 85 Ch. 1266
အခန်း (၁၂၆၆) ကျန်းလင်ကျိ။
"ဘုန်း”။
ချင်ယွင်သည် ကောင်းကင်အက်ကွဲလောက်သည့် လက်သီးတစ်ချက်ကို ထပ်မံထိုးလိုက်ပြီး၊ လင်ကျိ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ သူသည် လင်ကျိအပေါ် မည်သည့်သနားညှာတာမူမှမရှိဟု ပြော၍ပါသည်။
ဤလင်ကျိ၏ ခွန်အားသည် ချင်ယွင်ထက် များစွာ အားကောင်းသည်။ အကယ်၍, ချင်ယွင်သာ သနားကရုဏာ ပြသလိုစိတ်ရှိနေလျှင်, သူသည် သေခြင်းတရားကို အမှန်တကယ် ချစ်မြတ်နိုး၍ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်၊ ချင်ယွင်၏လက်သီးသည် ယခင် သူ့လက်သီးထက်ပင် ပို၍လေးလံပြီး လင်ကျိအား လက်တုံ့ပြန်ရန် အစွမ်းအစမဲ့စေသည်။
"ဘုန်း”။
အဆုံးတွင် လင်ကျိ၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ချင်ယွင်ကြောင့် မြေပြင်ပေါ်သို့ ပစ်ကျသွားကာ အနှိုင်းမဲ့ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖန်တီးသွားခဲ့သည်။
အစောပိုင်းအဆင့် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား၏ တိုက်ပွဲဝင်စွမ်းအားသည် မြေပြင်သည် မာကျောနေလျှင်ပင် ပေ ၃၀ အကွာဝေးထိ နစ်ဝင်သွားဆဲဖြစ်ပြီး ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ဘန်း..။
အတွေးတစ်ချက်ဖြင့်၊ ချင်ယွင်၏ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာသည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လင်ကျိ၏ခေါင်းထက်တွင် ချက်ချင်း ပေါ်လာသည်။ ဆေဘာထိပ်ဖျားသည် သူမမျက်ခုံးနှစ်ခုကြားထံ လွင့်ပျံသွားပြီး နတ်ဘုရားတန်ခိုးသည် ၎င်းဆေဘာအပေါ်မှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏အတွေးတချက် လှုပ်ရှားလှိုက်သည်နှင့် လွင့်မျောနေသော နတ်ဘုရားဆေဘာ သည် လင်ကျိ၏ဦးခေါင်းကို ထိုးဖောက် ဝင်ရောက်သွားလိမ့်မည်။
ထိုအချိန်တွင် နတ်ဆိုးကျွန်သည် လင်ကျိရှိနေသည့် တွင်းနက်ကြီးဘေးတွင် ရပ်နေပြီး သူမအား အထင်သေးသော အမူအရာဖြင့် ငုံ့ကြည့်နေသည်။
ထိုအချိန်တွင် လင်ကျိ၏ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ သူမ ပါးစပ်ထောင့်မှာလည်း သွေးများ စီးကျနေသည်။ သူမ၏အမူအရာသည် အလွန်မင်း အေးစက်နေ၏။ နတ်ဆိုးကျွန်ကိုကြည့်နေသည့် သူမ၏ အကြည့်များသည် အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း နတ်ဆိုးကျွန်၏ တရပ်စပ်တိုက်ခိုက်မူများကြောင့် သူမ၏ နတ်ဘုရားခန္ဓာကိုယ်သည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ယခုအချိန်မှာ သူမသည် လှုပ်ရှားရန်ပင် ခက်ခဲနေပြီ။
"အစ်မ လင်ကျိ၊ ခန့်မှန်းကြည့်ပါဦး။ အခုအချိန်မှာ ကျုပ် ခင်ဗျားကို သတ်ချင်နေမလား ဆိုတာကို”။ လင်ကျိကို လှောင်ပြောင်သရော်ဟန် အမူအရာဖြင့် ကြည့်နေစဉ် နတ်ဆိုး ကျွန်၏မျက်နှာပေါ်တွင် အပျော်သဘော အပြုံးတစ်ခု ပေါ်လာသည်။
လင်ကျိ၏ မျက်နှာသည် တော်ယု၏မျက်နှာ ဖြစ်သည်။ ချင်ယွင်က တော်ယုကို စိတ်မဝင်စားဘူးဆိုလျှင်ပင်, သူသည် အနည်းငယ် စိတ်ထိခိုက်မူ ခံစားနေရဆဲပင်။
"ဟမ့်၊ မင်းရဲ့ခွန်အားက ငါ့မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ ဒါပေမယ့်, မောင်ငယ်လေး, မင်း ငါ့ကို ဒီလိုသတ်နိုင်မယ်လို့ တကယ်ထင်နေတာလား?။ ဒါဆိုရင်တော့, ဒီအစ်မကြီးကို မင်းက အရမ်းလျှော့တွက်ထားတာပဲ” လင်ကျိသည် နတ်ဆိုးကျွန်ကို ကြည့်ကာ သရော်ဟန်ဖြင့် ပြောလိုက်သည်။ သူမမျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ ရှိမနေခဲ့ပေ။ ယင်းအစား သူမ၏မျက်လုံးများတွင် နောက်ပြောင်ကျီစယ်နေသည့် အမူအရာတစ်ခုပင် ရှိနေသည်။
"အိုး…?။ ဒါဆို အစ်မကြီးက ဝှက်ဖဲကို အခုထိ မသုံးရသေးဘူးပေါ့။" ချင်ယွင်က တဟားဟားရယ်မောကာ မေးလိုက်သော်လည်း သူ့မျက်လုံးများက ရုတ်တရက် လေးနက်လာသည်။
"သေချာတာပေါ့။ မောင်ငယ်လေး, မင်း ဘာ့ကြောင့် မစမ်းကြည့်တာလဲ။ အစ်မကြီးက ကိုယ်ခံပညာရပ် ဆယ့်ရှစ်မျိုးတောင် သိထားတယ်" လင်ကျိက ရယ်မောလိုက်သည်။
ချင်ယွင်၏ မျက်ခုံးများသည် တွန့်သွားခဲ့ပြီး၊ သူ့မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လို စိတ်များ ထွက်ပေါ်လာသည်။
သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် သူ့လက်ဖဝါးကို လေထဲကို ဖိချလိုက်သည်။
သူ ဖိချလိုက်သည်နှင့် လင်ကျိ၏ မျက်ခုံးနှစ်ခုကြားတွင် လွင့်မျောနေသည့် နတ်ဘုရား ဆေဘာသည် ရုတ်တရက် အောက်ဘက်သို့ ထိုးကျသွားသည်။
သို့သော်၊ နတ်ဘုရားဆေဘာထိပ်ဖျားသည် လင်ကျိ၏နဖူးဆီသို့ ထိုးဖောက်သွားပြီးနောက်၊ နတ်ဘုရားဆေဘာသည် လုံးလုံးလျားလျား ထိုးဖောက်နိုင်စွမ်း မရှိတော့ပေ။ နတ်ဘုရားဆေဘာတစ်ခုလုံး အဆုံးမရှိ တုန်လှုပ်သွားပြီး၊ ထို့နောက် လွင့်ပျံသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်တော့ နတ်ဆိုးကျွန်သည် မြေကမ္ဘာနတ်ဆိုးဘုရား၏ တန်ခိုးစွမ်းအားနှင့် အတူ လင်ကျိဆီကို အလွတ်မပေးဘဲ ပစ်ဝင်လိုက်သည်။
သို့သော် ထိုအချိန်တွင် လင်ကျိ၏အဝတ်အစားများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေ သည်။ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအား အတက်အကျလှိုင်းက သူမ၏ ခန္ဓာကိုယ်မှ အမှန်တကယ် ထွက်ပေါ်လာပြီး သူမ၏အငွေ့အသက်သည် ယခင်ကထက် ပိုမို အားကောင်းလာခဲ့သည်။
"ဘုန်း”။
ချင်ယွင်၏ လက်သီးများသည် လင်ကျိနှင့် အပြင်းအထန် ထိမိသွားခဲ့သည်။ ယခုတစ်ကြိမ်မှာတော့ လက်သီးချက်များသည် သူမကို မဖျက်ဆီးဘဲ နောက်ပြန် ကန်သွားခဲ့သည်။ ထို့အပြင်, ချင်ယွင်၏ နတ်ဆိုးကျွန်သည် ထိုပြင်းထန်သော နတ်ဘုရား စွမ်းအားကြောင့် တွန်းထုတ်ခံလိုက်ရသည်။
"ဘယ်လောက် အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးလဲ။ ခင်ဗျား အစွမ်းထက်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုခဲ့တာလား?။ ခင်ဗျားရဲ့ ခွန်အားကို အတင်းအကြပ် တိုးမြှင့်လိုက်တာလား?" ချင်ယွင်သည် လင်ကျိကိုကြည့်ကာ မေးသည်။
ထိုအချိန်တွင် လင်ကျိသည် တွင်းနက်ကြီးထဲမှ ထွက်သွားလေပြီ။ သူမ၏အဝတ်အစားများ သည် အဆက်မပြတ် လွင့်မျောနေကာ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးသည် ကမ္ဘာကြီးကိုပင် အရောင်ပြောင်းစေခဲ့သည်။ သူမ ခြေလှမ်းတိုင်းသည် တိမ်မည်းများက မြို့ကို ဖြိုခွင်းလိုက်သကဲ့သို့ ခံစားရသည်။
"ညီလေး၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား ကျွမ်းကျင်ပညာရှင် တစ်ယောက် အနေနဲ့ ငါက ဘာနတ်ဘုရားစွမ်းရည်ကို မသိဘူးလို့ မင်း တကယ်ကို ထင်နေတာလား?။ ငါ့ရဲ့ခွန်အားတွေ ပျက်စီးသွားပြီး ငါ့ရဲ့ နတ်ဘုရားစွမ်းရည် အများစုကို အသုံးမချနိုင်ပေမယ့် တချို့တလေကိုတော့ ဆက်သုံးလို့ ရပါသေးတယ်။ မင်းရဲ့ခွန်အားနဲ့ ငါ့ကိုသတ်ဖို့ မလုံလောက်မှာ ငါ စိုးရိမ်မိတယ်။" လင်ကျိသည် နတ်ဆိုးကျွန် ချင်ယွင်ကို ကြည့်ပြီး လှောင်ပြောင်ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ယခင်က ထက် ပို၍ပင် အားကောင်းလာခဲ့သည်။ ၎င်းသည် အစောပိုင်း မြေကမ္ဘာနတ်ဆိုးဘုရား အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ယခုလေးတင် လင်ကျိကို အမှန်တကယ် လျှော့တွက်နေခဲ့သည်။ ယခုတော့ သူ့မှာ ပြဿနာရှိလာပြီ ထင်သည်။ လင်ကျိ၏ ခွန်အားသည် ယခင်ကထက် များစွာ အားနည်း သော်လည်း၊ မြေကမ္ဘာနတ်ဆိုးဘုရား ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူမသည် ထူးဆန်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ သူမကိုသတ်ရန်အတွက် နတ်ဆိုးကျွန် ကို အားကိုးဖို့က မလုံလောက်တော့ပါဘူး။
သို့သော် ချင်ယွင်သည် အရှုံးကို အလွယ်တကူ ဝန်ခံနိုင်သော လူအမျိုးအစား မဟုတ်ပေ။ ထို့အပြင်၊ သူသည် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်မျိုးလည်း ရှိနေပါသေးသည်။ အဆုံးတွင် မည်သူအနိုင်ရမလဲဆိုသည်မှာ မသေချာသေးပါဘူး။
"အစ်မကြီး လင်ကျိ၊ ဒီလိုဆိုမှတော့, ဒီမောင်လေးကို အစ်မကြီးရဲ့ နတ်ဘုရားစွမ်းရည်ကို ခံစားခွင့်ပြုပါဦး” ချင်ယွင်က အေးစက်စွာ ပြောလိုက်ပြီး သူ့စိတ်ဖြင့် ထိန်းချုပ်ထားသည့် နတ်ဆိုးကျွန်က ချက်ချင်း ပျံထွက်သွားခဲ့သည်။ ထို့နောက် တခဏအတွင်းမှာ သူသည် လင်ကျိနှင့် အပြန်အလှန် တိုက်ကြပြန်သည်။
ယခုတစ်ကြိမ်မှာ သူတို့ နှစ်ယောက်သည် လက်ရည်တူပြိုင်ဘက် လုံးဝ ဖြစ်သွားခဲ့သည်။ ချင်ယွင်သည် မိုးပြာရေလွှမ်းလက်သီးကို အသုံးပြုထားစဉ်မှာပင် သူသည် ဖိနှိပ်ခြင်း မခံရတော့ပေ။
ဘန်း။
ဟုတ်ပါသည်။ ချင်ယွင်သည် အဝေးမှာရပ်နေရင်း ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ တဖက်တွင်,၊ သူသည် သူ၏ဒဏ်ရာများကို ပြုပြင်ရန်အတွက် သူ၏နတ်ဘုရားတန်ခိုးကို အသုံးပြုနေ သည်။ အခြားတစ်ဖက်တွင်မူ၊ သူသည် လင်ကျိအား အဆက်မပြတ် တိုက်ခိုက်ရန် သူ၏ နတ်ဘုရားဆေဘာကို ထိန်းချုပ်ရန် သူ၏နတ်ဘုရားတန်ခိုးကို အသုံးပြုသည်။ သူသည် သူမကို ပြင်းပြင်းထန်ထန် မထိခိုက်စေနိုင်သော်လည်း, သူသည် သူမကို အတိုင်းအတာ တစ်ခုအထိ နှောက်ယှက်ပေးနိုင်ပြီး သူမကို ဒုက္ခများစွာ ပေးနေခဲ့သည်။
သို့သော် ၎င်းသည် သူမကို နာကျင်စေရုံမျှသာဖြစ်ပြီး သူမကို လုံးဝအနိုင်ယူရန် ခက်ခဲပုံပေါ် သည်။
လူတစ်ဦးနှင့် ဆေဘာတစ်ချောင်းသည် လင်ကျိကို တိုက်ခိုက်နေခဲ့ပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်သွားစေခဲ့သည်။
အဝေးမှ တော်ယုနှင့် ချူးယွင်တို့သည် လုံးဝ အံသြသွားကြသည်။ ချင်ယွင်သည် ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်မည်ဟု သူတို့ မည်သည့် အခါမှ မမျှော်လင့်ထားပေ။ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို နောက်မဆုတ်ဘဲ အချိန်အကြာကြီး တိုက်ခိုက်နေခဲ့သည်။ သူတို့သည် ချင်ယွင်၏ ကန့်သတ်ချက်ကို မြင်လိုက်ရတိုင်း ချင်ယွင်သည် သူတို့ကို မထင်မှတ်ပဲ အံ့အားသင့်သွား အောင် လုပ်ဆောင်နေပုံပင်ရသည်။
ချင်ယွင်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ၎င်းကို မည်သို့ပင် ကြည့်နေပါစေ အောက်ခြေကို မမြင်နိုင်ပေ။
သို့သော်လည်း ချင်ယွင်၏ တိုက်ခိုက်ရေးအင်အားမှာ အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ ချင်ယွင်သည် ကြယ်တစ်ပွင့် နတ်ဆိုးကျွန်ကို ထိန်းချုပ်ရန် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်သာ အချိန်အကန့်သတ်ရှိပြီး ထိုသို့လုပ်ဆောင်နိုင်ရန် အချိန်က ကုန်ဆုံးလု နီးပါးဖြစ်နေပြီ။ ချင်ယွင်၏ စိတ်ဝိညာဉ်သည် ကြယ်တစ်ပွင့် နတ်ဆိုးကျွန်တစ်ဦးကို မထိန်းချုပ်နိုင်တော့ခဲ့ပေ။
"ဘုန်း”။
ကြယ်တစ်ပွင့်နတ်ဆိုးကျွန် ချင်ယွင်သည် ချို့ယွင်းချက်တစ်ခုကို ထွက်ပေါ်လာခဲ့သည်။ သူသည် လင်ကျိ၏ လက်ဖဝါးရိုက်ချက်ကြောင့် လွင့်ပျံသွားကာ ပြန်မထနိုင်တော့ပေ။
ချင်ယွင်သည် ၎င်းကို နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားထဲသို့ ပြန်ထည့်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"မောင်ငယ်လေး, ကြည့်ရတာ, မင်းရဲ့ရုပ်သေးရုပ်က အကန့်သတ်မဲ့ အသုံးမပြုနိုင်ဘူးထင် တယ်။ မင်းရဲ့ ခွန်အားနဲ့ ဒီလောက် အစွမ်းထက်တဲ့ ရုပ်သေးရုပ်ကို ထာဝစဉ် ထိန်းချုပ်ဖို့က မဖြစ်နိုင်ဘူး။ ဘယ်လိုလဲ?။ မင်း မသုံးရသေးတဲ့ ဘယ်လိုနည်းလမ်းတွေ ရှိသေးလဲ။ မဟုတ်ဘူး ဒီအစ်မကြီးက ဒီကစားပွဲကို အနိုင်ရသွားမှာ စိုးရတယ်နော်”။ လင်ကျိသည် ချင်ယွင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
ချင်ယွင်သည် သူ၏ နတ်ဘုရားဆေဘာကို နောက်ပြန်ဆုတ်လိုက်ပြီး သူ့မျက်လုံးများက လုံးဝ အေးစက်သွားသည်။
"လင်ကျိ၊ ခင်ဗျားကို စွန့်လွှတ်ဖို့ ကျုပ် အကြံပေးချင်တယ်။ မဟုတ်ရင်, ကျုပ် ဒီနေ့ ခင်ဗျားကို မသတ်နိုင်ရင်တောင် နောင်အနာဂတ်မှာ ခင်ဗျားကို ဆယ်ဆ ပြန်ပေးဆပ်ခိုင်း မယ်။" ချင်ယွင်က အလွန်အေးစက်သော အသံဖြင့် ပြောသည်။ သူ့လက်ထဲမှ ထိပ်တန်း အဆင့် နတ်ဘုရားဆေဘာက ထူးထူးခြားခြား ထက်ရှလာသည်။
"ဟမ့်၊ ကြည့်ရတာ, ငါ့မှာ တခြားဘာနည်းလမ်းမှ မရှိတော့ဘူး ထင်တယ်။ ဒီလိုဆိုမှတော့, ငါ မင်းကို ကျေကျေနပ်နပ် ဂုဏ်ပြုပေးလိုက်မယ်” လင်ကျိ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒက ထွက်ပေါ်လာပြီး သူမသည် နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင် တိုက်ခိုက်တော့မည်။
ဝှီး..။
သို့သော် သူမ ရှေ့သို့ ခြေတစ်လှမ်းမလှမ်းနိုင်ခင်မှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား ဓားတစ်ချောင်းသည် ကောင်းကင်ယံမှ ဆင်းသက်လာကာ လင်ကျိဆီသို့ ပစ်ဝင်သွားခဲ့သည်။
လင်ကျိသည် ဘေးနားသို့ ကမန်းကတန်း ရှောင်ထွက်သွားသည်။ နတ်ဘုရားဓားသည် သူမ၏ မူလနေရာ၌ တွင်းကြီးတစ်ခု ဖန်တီးသွားခဲ့သည်။
ချင်ယွင်သည် နတ်ဘုရားဓားတစ်ချောင်း ရုတ်တရက် ရောက်လာသည်ကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤဓားသည် သူလက်လွှတ်လိုက်သော ဓားတစ်လက် ဖြစ်နေသောကြောင့်ပင်။