← Chapters

အခန်း ၁၂၆၇

Vol. 85 Ch. 1267

အခန်း ၁၂၆၇

Vol. 85 Ch. 1267

အခန်း (၁၂၆၇) ယောင်ဖုန်း။

လင်ကျိသည် သူမအား ထိခိုက်ဒဏ်ရာရလုနီးဖြစ်သွားသော နတ်ဘုရားဓားကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

ချင်ယွင်လည်း အလွန်အံ့သြသွားသည်။ သူသည် ထိုဓားကို သဘာဝအတိုင်း မှတ်မိပြီး လက်ရှိဓားပိုင်ရှင်က မည်သူလဲဆိုသည်ကိုပါ သိထားပါသည်။ သို့သော် ယခုအချိန်တွင် သူမ ပေါ်လာမည်ဟု သူ မမျှော်လင့်ထားပေ။

သူသည် အစောပိုင်းက ထိုစကားများကို တမင်တကာပြောဆိုပြီး လင်ကျိက သူ့မှာ ဘာမှ လုပ်စရာမရှိတော့ဟု အထင်ရောက်စေလိုသည်။ ထို့နောက် အရေးကြီးဆုံး အခိုက်တန့် တွင်, သူသည် လင်ကျိကို အပြင်းထန်ဆုံး ထိုးနှက်ချက်တစ်ခု ပြုလုပ်နိုင်ရန် သူ၏ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုသည်။ သို့သော်လည်း ဤရုတ်တရက် ဓားတိုက်ခိုက်ခြင်းဖြင့် အရာအားလုံးကို အနှောင့်ယှက်သွားမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သို့သော်၊ ဤအရာက ချင်ယွင်ကို ဒုက္ခများစွာ ကယ်တင်ရာရောက်ပါသည်။

"ဘယ်သူလဲ?။ ငါ့ဆီ ထွက်လာခဲ့စမ်း”။ လင်ကျိသည် ဝါးတောအုပ်ထဲ လှည့်ပတ်ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

ယခုလေးတင် ကောင်းကင်ယံမှ ဆင်းသက်လာသော ဓားချက်တွင် ထူးခြားသော စွမ်းအား များ ပါရှိနေသည်မှာ ထင်ရှားသည်။ သူမတောင်မှ ထိုဓားချက်ကို လျှော့မတွက်ဝံ့ပါဘူး။

ချူယွန်နှင့် တော်ယုတို့လည်း လှည့်ပတ်ကြည့်ရင်း မည်သူလုပ်လဲဆိုသည်ကို သိချင်နေပုံရ သည်။

"မင်း သူ့ကို သတ်လို့မရဘူး”။ သူတို့ ပဟေဋ္ဌိဖြစ်နေစဉ်မှာ ဝါးတောအုပ်၏ နက်ရှိုင်းသော အရပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ ပုံရိပ်တစ်ခုသည် ဝါးတောအုပ် ထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေသည်ကို လူတိုင်းသည် တွေ့လိုက်ရပါ သည်။ သူမအမြန်နှုန်းက နှေးကွေးနေပုံရသော်လည်း ခြေလှမ်းနှစ်လှမ်း သုံးလှမ်းလောက် ဖြင့် ချင်ယွင်နှင့် တခြားလူများရှေ့တွင် ပေါ်လာခဲ့သည်။

"ဒါ သူမလား”။ တော်ယုသည် ထွက်ပေါ်လာသော အမျိုးသမီးကို ချက်ချင်း မှတ်မိပြီး၊ အလွန်ပင် ပဟေဠိဆန်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူမသည် ယုရှောင် မဟုတ်ရင် မည်သူ ဖြစ်တော့မည်နည်း?။

အမှန်တော့၊ သူမသည် မူလ ယုရှောင် မဟုတ်တော့ပေ။ ချင်ယွင်ထံမှ နတ်ဘုရားဓားကို တောင်းယူသွားသည့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ယောင်ဖုန်းက သူမကို သိမ်းပိုက်သွားပါပြီ။

ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော ယောင်ဖုန်းကို ကြည့်ရင်း သူ့မျက်နှာပေါ် တွင် အံ့အားသင့်မှု အရိပ်အယောင်ကို ဖော်ထုတ်လိုက်သည်။ ယောင်ဖုန်း၏ အငွေ့အသက် သည် သူ နောက်ဆုံးအကြိမ် မြင်တွေ့စဉ်ကထက် ပိုမိုပြင်းထန်ကြောင်း တွေ့ရှိခဲ့ပြီး၊ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲအငွေ့အသက်သည် ယခင်ကထက် ပို၍ကြောက်စရာကောင်း ကြောင်း သူတွေ့ရှိခဲ့သည်။

သူမ ခြေလှမ်းတိုင်း သူမကို နှင်းခဲအလွှာများက ဖုံးလွှမ်းထားကာ လူတိုင်း၏နှလုံးကို အေးခဲသွားစေခဲ့သည်။

"သူမရဲ့ ခွန်အားတွေ နောက်တကြိမ် တိုးလာပြန်ပြီပဲ။ သူမ လင်ကျိထက် ပိုကြောက်စရာ ကောင်းတယ်။ ​​သူမက ဘယ်သူလဲ။” ချင်ယွင် အံ့သြသွားသည်။

ဤနတ်ဘုရားနယ်မြေအတွင်း၌ ပြန်လည်ရှင်သန်လာသူတိုင်းသည် မရိုးရှင်းကြပေ။ သူတို့အားလုံးသည် အနည်းဆုံး မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ကောင်းကင်နတ်ဘုရားများ ရှိ၊ မရှိနှင့် ပတ်သက်၍မူ ချင်ယွင်သည် ၎င်းတို့နှင့် မတွေ့ရသေး ပေ။ ယခုမူ ချင်ယွင်သည် သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော ဤအမျိုးသမီးသည် ကောင်းကင်နတ်ဘုရား ဖြစ်နိုင်ချေရှိသည်ဟု အနည်းငယ် သံသယဖြစ်မိသည်။

"ရှင် ဘယ်သူလဲ”။ လင်ကျိလည်း ယောင်ဖုန်းကို ဂရုတစိုက် ကြည့်နေသည်။ ယောင်ဖုန်း၏ အသွင်အပြင်သည် သူမအား ခြိမ်းခြောက်မှုဖြစ်စေခဲ့သည်မှာ ထင်ရှားသည်။

"မြန်မြန် ထွက်သွားစမ်း”။ ငါ မင်းအသက်ကို ချမ်းသာပေးမယ်”။ ယောင်ဖုန်းသည် လင်ကျိ၏ စကားကို တိုက်ရိုက် မဖြေဘဲ ရောက်ရှိနေကြသူ လူတိုင်းကို အံ့အားသင့်စေမည့် တစ်စုံတစ်ရာကို ပြောကြားလိုက်သည်။

လင်ကျိသည် ယောင်ဖုန်း၏ စကားကိုကြားသောအခါ, အမျက်ဒေါသက ချက်ချင်းပင် သူမ မျက်နှာပေါ် ထွက်ပေါ်လာခဲ့သည်။ သူမသည် တစ်ချိန်တုန်းက အထွတ်အထိပ် မြေကမ္ဘာ နတ်ဘုရား ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ယခုအခါ သူမကို အမှန်တကယ် အရှက်ရစေသည့် ဤကဲ့သို့ သတိပေးခြင်းမျိုး ခံခဲ့ရသည်။

"ဒါဆို ငါ သူ့ကိုသတ်ဖို့ တွန်းအားပေးလိုက်ရင် ဘာဖြစ်သွားမလဲ?။ ရှင် ကျွန်မကို တားချင်တာလား။" လင်းကျိက အေးစက်စွာ ပြောသည်။ အစွမ်းထက်သော နတ်ဘုရား တန်ခိုးက သူမခန္ဓာကိုယ်မှ ထုတ်လွှတ်လာသည်။

သို့သော်လည်း ယောင်ဖုန်းသည် တခြားဘာစကားမှ မပြောခဲ့ပါဘူး။ ထိုအစား သူမသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ သူမ၏ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး အကြွင်းကျန်နှင်းဓားက သူမလက်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

သူမသည် စိတ်ကူးယဉ်ဆန်ဆန် လှုပ်ရှားမှု သို့မဟုတ် ပျော်ရွှင်မူမရှိဘဲ နှင်းဓားကို ပြန်ယူလိုက်ခြင်း ဖြစ်သည်။ သူမသည် လင်ကျိ၏ရှိရာဆီသို့ ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက် ပြီး၊ ဓားမှအေးစက်စက် အလင်းတန်းတစ်ခု ပျံထွက်သွားသည်။ ဓားအလင်းပေါ်မှ အအေးဓာတ်က ရှိနေသူအားလုံးကို ရိုးတွင်းခြင်ဆီအထိ အေးခဲသွားစေသည်။

"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ဓားချက်လဲ။" ချင်ယွင်သည် သူ့မျက်လုံးများတွင် ထိတ်လန့်တကြား အမူအရာဖြင့် မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ။

သေချာသည်မှာ, တုန်လှုပ်ခြောက်ခြားဆုံးလူကတော့ လင်ကျိကိုယ်တိုင် ဖြစ်ပါသည်။ တနည်းပြောရရင်, သူမသည် ပို၍ပင် ကြောက်လန့်သွားခဲ့သည်။ ထိုအေးစက်သော ဓားအလင်းကို ကြည့်ရင်း သူမ၏ခြေထောက်များပင် အနည်းငယ် တုန်ယင်သွားသလို ခံစားလိုက်ရသည်။

သူမသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ သူမခန္ဓာကိုယ်ထဲက နတ်ဘုရား တန်ခိုး အားလုံးကို ထုတ်ဖော်ပြီး ထိုဓားချက်ကို တွန်းလှန်လိုက်သည်။

"ဘုန်း”။

သို့သော်၊ ဓားအလင်းသည် သူမ၏ နတ်ဘုရားတန်ခိုးကို ထိမှန်သွားသောအခါ၊ ချက်ချင်းပင် သူမကို လွင့်ပျံသွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ပေထောင်ပေါင်းများစွာ အကွာအဝေးအထိ နောက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားခဲ့သည်။ သူမပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။ သူမ၏နတ်ဘုရားခန္ဓာကိုယ် ပျက်စီးမှုသည် ယခင်က ချင်ယွင်၏ အပြင်းအထန် တိုက်ခိုက်မှုထက်ပင် ပို၍ကြောက်စရာကောင်းသည်။

အဝေးက ပြပွဲကို ကြည့်နေကြသည့် ချူယွင်နှင့် တော်ယုတို့ နှစ်ယောက်လုံးသည် မထိန်းနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။

လင်ကျိသည် မည်မျှ အစွမ်းထက်သည်ကို သူတို့ မြင်ဖူးသည်။ ချင်ယွင်သည် သူ၏ နည်းလမ်း အားလုံးကို အသုံးပြုခဲ့သော်လည်း တိုက်ပွဲတွင် ရှုံးနိမ့်နေဆဲ ဖြစ်သည်။ သို့သော်၊ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် ဓားတစ်ချက်တည်းကိုသာ အသုံးပြုပြီး သူမအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် မည်မျှ တန်ခိုးကြီးမားသည်ကို တွေးကြည့်နိုင်သည်။

ချင်ယွင်၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ သူမကို ဓားပေးစဉ်တုန်း က, သူမသည် ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ဦးကို လွင့်ထွက်သွားအောင် တိုက်ခိုက်နိုင် မည်ဟု သူ တကယ်ပင် မမျှော်လင့်ခဲ့ပေ။ ထိုဓားချက်သက်သက်ကို ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ကျေးဇူးတရားသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခု၏တန်ဖိုးနှင့် ထိုက်တန်သည်ကို တွေ့မြင်နိုင်သည်။

အဝေးတွင်, လင်ကျိ၏ မျက်လုံးများသည် ယောင်ဖုန်းအား စိုက်ကြည့်နေစဉ် ပြူးကျယ် သွားခဲ့သည်။ သူမက အလန့်တကြား ပြောလိုက်သည် "မင်းရဲ့ခန္ဓာကိုယ်က နှင်းတွေလို ဖြူစင်ပြီး မင်းရဲ့ဓားက ရေလွှမ်းမိုးသလို တုန်လှုပ်ခြောက်ခြားစရာကောင်းတယ်။ ရှင်က ယောင်ဖုန်းလား။ ရှင် တကယ် အသက်ရှင်လာပြီလား...။

ယောင်ဖုန်းက လင်ကျိ၏စကားကို ဂရုမစိုက်ဘဲ စကားတစ်ခွန်း ပြောလိုက်သည် “ထွက်သွား”။

ထိုစကားတခွန်းသည် နူးညံ့သိမ်မွေ့သော လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပြီး၊ နတ်ဘုရား တန်ခိုးက လင်ကျိဆီသို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်.

လင်ကျိသည် အလွန်ထိတ်လန့်သွားပြီး၊ သူမ၏မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ သူမ သည် ထိုနေရာတွင် ဆက်မနေဝံ့တော့ဘဲ ချက်ခြင်းပင် ပုံရိပ်ယောင်အဆင့်ဆင့် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ချင်ယွင်သည် ထွက်ခွာသွားသော လင်ကျိကို ကြည့်လိုက်ပြီးနောက် လျှို့ဝှက် ဆန်းကြယ် သော ယောင်ဖုန်းကိုကြည့်ကာ လင်ကျိ ယခင်က ပြောခဲ့သည့်စကားကို သတိရသွားသည်။

"သူမခန္ဓာကိုယ်က နှင်းတွေလိုဖြူနေပြီး၊ သူမဓားက ရေလွှမ်းမိုးနေသလိုပဲ" ချင်ယွင်သည် နှင်းတွေကြားမှာ နှင်းဖြူရောင်ဝတ်စုံဖြင့် လှပသောဓားကို ကိုင်ဆောင်ထားသည့် အမျိုးသမီးနှင့် သူမ၏ ဓားစွမ်းအားက လွှမ်းမိုးနိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်ကို ခြိမ်းခြောက် နေသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အလား တီးတိုးရေရွတ်လိုက်ပါသည်။

ထိုအချိန်တွင် ယောင်ဖုန်းသည် ချင်ယွင်ကို ကြည့်ရန် သူမခေါင်းကို လှည့်လာခဲ့ပြီး "ဓားတစ်ချောင်းအတွက် ဓားတချက်။ ငါတို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာအကြွေးမှ မရှိတော့ဘူး” ဟု ပြောလိုက်သည်။

သူမသည် ထိုစကားကို ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်ဆင်သည်။

ချင်ယွင်သည် "ဓားတစ်ချောင်းအတွက် ဓားတစ်ချက်" ဟူသော ယောင်ဖုန်း၏ဆိုလိုရင်းကို သဘာဝအတိုင်း နားလည်ပါသည်။

တစ်နည်းအားဖြင့် ချင်ယွင်သည် သူမအား အကြွင်းကျန်နှင်းဓားကို ပေးခဲ့သည်။ သူမသည် ချင်ယွင်အတွက် ဓားတစ်ချက်ကို ထုတ်ဖော်ပေးခဲ့ပြီး နှစ်ယောက်စလုံး ချေဖျက်ပြီးသား ဖြစ်သွားပြီ။ ယခုအချိန်မှစ၍ သူမသည် ချင်ယွင်အား မည်သည့်ကျေးဇူးတရားမျှ အကြွေးမတင်တော့ပါ။

တကယ်တော့ ချင်ယွင်သည် အလွန်မင်း စိတ်ဓာတ်ကျနေခဲ့သည်။ ဤအမျိုးသမီး၏ ကိုယ်ရေးအချက်လက်က အမှန်တကယ် မရိုးရှင်းပါဘူး။ ကျေးဇူးတရားကို ဒီလောက် လွယ်လွယ်နှင့် ပြန်ဆပ်ခဲ့ပြီး, သူနစ်နာသည်ဟု သူ အမြဲခံစားနေရလိမ့်မည်။

သို့သော်လည်း သူသည် အစောပိုင်းက ထိုအမျိုးသမီး၏ဓားချက်ကို တွေးမိပြီး လှည့်စားဖို့ သတ္တိမရှိတော့ပါဘူး။ ယောင်ဖုန်းပြန်လာပြီး သူ့ကို တိုက်ခိုက်မည်ကို လေးလေးနက်နက် ကြောက်ရွံ့မိသည်။ ထို့သို့ဆိုလျှင် သူသည် ပျော်စရာအချို့ကို ခံစားသွားရလိမ့်မည်။ (ဤနေရာ၌ ပျော်စရာအချို့ဟူသည်မှာ ရွဲပြီးရေးသားဟန်တူပါသည်)။

"ယောင်ဖုန်း၊ ဒီလောက် အမြန်ကြီး ထွက်မသွားပါနဲ့ဦး။ ဒီနတ်ဘုရားကျောက်စိမ်း ဝါးတောအုပ်ထဲကနေ ဘယ်လို ထွက်ရမလဲဆိုတာ မင်း သိတယ်မဟုတ်လား။" ချင်ယွင် ရုတ်တရက် မေးလိုက်သည်။

ဤနတ်ဘုရားကျောက်စိမ်း ဝါးသစ်တောအုပ်သည် ပြင်းထန်သော ပုံရိပ်ယောင် သက်ရောက်မူများဖြင့် ပြည့်နေခဲ့သည်။ သူတို့အတွက် ထွက်သွားဖို့က အလွန်မင်း ခက်ခဲပါ သည်။ သူမ၏ကိုယ်ရေးအချက်လက်က အလွန်မင်း ထူးခြားလွန်းသည်။ ထို့အပြင်၊ သူမသည် ယုရှောင်ကို နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲမှာ သိမ်းပိုက်ခဲ့သော ကြောင့် သူမသည် နတ်ဘုရားကျောက်စိမ်းဝါးတောအုပ် အကြောင်းကို သေချာ နားလည် ထားရမည် ဖြစ်သည်။

"မင်း အပြင်သွားချင်ရင် ငါ့နောက်လိုက်ခဲ့” ယောင်ဖုန်းက လှည့်မကြည့်ဘဲ စကားတစ်ခွန်း ကို တိုက်ရိုက် ထုတ်ပြောလိုက်သည်။ စကားပြီးသောအခါတွင် သူမသည် ရှေ့သို့ တိုက်ရိုက် လျှောက်သွားသည်။

သို့သော် ချင်ယွင်က မထွက်ခွာသေးပေ။ သူမက အိုးတမ်းအိုးတန်း အမူအရာဖြင့် “ငါတို့မှာ ရှာမတွေ့သေးတဲ့ အဖော်နှစ်ယောက် ရှိနေသေးတယ်။ အဲဒီအဖော်နှစ်ယောက်ကို အရင် ရှာဖို့ မင်း လမ်းညွှန်ပေးနိုင်မလား” ဟု မေးလိုက်ရသည်.

ထိုစကားကို ယောင်ဖုန်းကြားတော့ သူမက ရပ်ပြီး ချင်ယွင်ဆီကို လှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမက ပြောသည် "ကောင်းပြီလေ၊ မင်း ငါ့ကိုဆပ်ဖို့ အကြွေးတင်သွားပြီပေါ့”။

သူမအသံက အေးစက်နေဆဲ ဖြစ်ပြီး၊ သူ့မျက်နှာပေါ်ရှိ အမူအရာက ထူးထူးခြားခြား လေးနက်နေသည်။

ချင်ယွင်သည် ယောင်ဖုန်း၏ လေးနက်သော အမူအရာကို ကြည့်ပြီး၊ တခဏကြာ တွေးတောပြီးနောက် "ကောင်းပြီ”ဟု ပြောကာ သဘောတူလိုက်ရပါသည်။

All Chapters