အခန်း ၁၂၆၈
Vol. 85 Ch. 1268
အခန်း (၁၂၆၈) ဧရာမအနက်ရောင်သင်္ဘောကြီး။
ယောင်ဖုန်း၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် တော်အန်းတို့ကို အလျင်အမြန် ရှာတွေ့ခဲ့သည်။
သူတို့၏ ကျင့်ကြံမှုမှာ အနိမ့်ဆုံးဖြစ်သောကြောင့် ချင်ယွင်သည် သူတို့ကို ရှာမတွေ့မချင်း, သူတို့နှစ်ယောက်သည် ပုံရိပ်ယောင်ထဲတွင် နစ်မြုပ်နေခဲ့ကြသည်။
နောက်ပိုင်းတွင်, ဤယောင်ဖုန်း၏ ဦးဆောင်မှုအောက်မှနေ၍ သူတို့သည် ဤနတ်ဘုရား ကျောက်စိမ်းဝါးတောအုပ်ထဲမှ ထွက်လာနိုင်ခဲ့သည်။
တိုက်ဆိုင်စွာပင် နီထိုက်စွေ့သည် သတိလစ်မေ့မြောရာမှ နိုးလာပြီး ချင်ယွင်၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ပေးလိုက်သည်။
ဤဘိုးဘေးနတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် အန္တရာယ်များနှင့် ပြည့်နှက်နေပါ သည်။ ဤနတ်ဘုရားကျောက်စိမ်းဝါးသစ်တောအုပ်သည် ၎င်းတို့အား အန္တရာယ်များစွာ ဖြစ်စေခဲ့သည်။ သူတို့သည် ဒဏ်ရာကြီးကြီးမားမား လုံးဝ မရရှိခဲ့သော်လည်း၊ လင်ကျိ၏ လုယက်ခံရမှုကြောင့် တော်ယုတစ်ဦးသာ အသက်ဆုံးရှုံးခဲ့ရသည်။ ကံကောင်းထောက်မစွာ သူမမှာ အသက်သုံးချောင်း ကျန်ရှိနေပါသေးသည်။
နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်ထဲမှ ထွက်ခွာပြီးနောက်၊ ချင်ယွင်နှင့် အခြားလူများ သည် နန်းတော်မဟုတ်သည့် ကြီးမားသော ရေကန်ကြီးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
ရေကန်သည် ထူထပ်သော မြူခိုးများဖြင့် ပြည့်နေခဲ့ပြီး၊ ရေကန်၏ အခြားတစ်ဖက်ကို မြင်တွေ့ရန်ပင် ခက်ခဲဖြစ်စေသည်။ ရေကန်၏ မျက်နှာပြင်သည် စိမ်းမှောင်ပြီး တောက်ပနေသည်။ လေပြေလေညင်းတစ်ချက် တိုက်ခတ်သွားပြီး လှိုင်းအလွှာတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
သို့သော် လူတိုင်း၏ အမူအရာများက ထူးထူးခြားခြား လေးနက်နေပါသည်။ ဤသည်မှာ ဘိုးဘေးနတ်ဘုရားနယ်မြေ ဖြစ်သည်။ ဤနေရာတွင် ပေါ်လာသော ရေကန်သည် မည်သို့ သာမန်ရေကန် ဖြစ်နိုင်မည်နည်း။ ထူးခြားမှုတစ်ခုခုတော့ ရှိရပေမည်၊ သို့သော် သာမန် မျက်စိဖြင့် ချင်ယွင်နှင့် အခြားသူများသည် မည်သည့်အရာကိုမျှ မမြင်ရပေ။
"ငါတို့ ဒီရေကန်ကြီးကို ဘယ်လို ဖြတ်ကူးကြမလဲ?။ ဒီနတ်ဘုရားနယ်မြေထဲမှာ ငါတို့ မပျံသန်းနိုင်ဘူး" နီထိုက်စွေ့သည် အဆုံးမရှိသော ရေကန်ကြီးကို ကြည့်ကာ မပြောဘဲ မနေနိုင်ခဲ့ပေ။
သူ့အမြင်အရပြောရလျှင်, ဒီသောက်ကျိုးနည်း ရေကန်ကြီးက ဘယ်လိုနေရာမျိုးလဲ” ၎င်းသည် ပင်လယ်ပြင်ဆိုတာ ရှင်းနေသည် မဟုတ်ပါလား?။
ဤနတ်ဘုရားနယ်မြေသည် သိသိသာသာ ဖိနှိပ်ခံထားရသော ကမ္ဘာတစ်ခု ဖြစ်သည်။ နတ်ဘုရား ကျောက်စိမ်းဝါးတောအုပ်ဖြစ်စေ, သူတို့ရှေ့မှ ဤရေကန်ကြီးဖြစ်စေ, ၎င်းတို့သည် ကြီးမားကျယ်ဝန်းပုံမပေါက်သော်လည်း တကယ်တော့ ၎င်းတို့သည် စကြဝဠာကြီးကိုပင် ဖုံးကွယ်ထားကြပါသည်။
နတ်ကျောက်စိမ်းဝါးတောအုပ်ထဲမှာ ချင်ယွင်နှင့် တခြားလူများကို ယောင်ဖုန်းက ဦးဆောင်ခဲ့သည်ဆိုလျှင်ပင်, သူတို့သည် ထွက်ခွာနိုင်ရန်အတွက် အချိန်ဆယ့်ငါးရက် လောက် ကြာခဲ့သည်။ သူတို့ရှေ့မှ ဤရေကန်သည် အလွန်သေးငယ်ခြင်း မရှိဟု ထင်ရပါသည်။
ထိုအချိန်တွင် ချူယွန်နှင့် ရှေးဟောင်းတာအိုဆရာသခင်တို့သည် သူတို့၏စိတ်နှလုံးထဲမှာ လည်း ထိုသံသယများ ရှိနေကြသည်။ သူတို့ မပျံသန်းနိုင်ပေ။ ထိုသို့ဆိုလျှင်, သူတို့သည် ဤပင်လယ်ပြင်ကြီးနှင့်တူသော ရေပြင်ကျယ်ကြီးကို မည်သို့ ဖြတ်ကျော်နိုင်မည်နည်း?။
တော်ယုနှင့် တော်အန်းသည် ချင်ယွင်ကို ပင်မကျောရိုးအဖြစ် သဘောထားပုံပေါ်သည်။
တော်ယုနှင့် တော်အန်းတို့ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရလျှင်, ချင်ယွင်သည် ကူကယ်ရာမဲ့ဟန်ဖြင့် သူ့လက်တွေကို ဖြန့်ကြည့်လိုက်သည်။ သူသည် နဂါးအတောင်ပံ များဖြင့်ဆို ပျံသန်းနိုင်သလောက်ပင်။ ရေကန်ကြီးက အပေါ်ယံကြည့်ရသလောက် တည်ငြိမ်ခြင်းမရှိနိုင်ပေ။ အန္တရာယ်တစ်ခုခု ကြုံတွေ့လာသောအခါ သူ့ကိုယ်သူ ကာကွယ်ဖို့ လွယ်ကူမှာ မဟုတ်တော့ပါဘူး။
ချင်ယွင်သည် မတတ်နိုင်ဘဲ ယောင်ဖုန်းကို ကြည့်ရန် ခေါင်းလှည့်လိုက်ရသည်။ ယောင်ဖုန်း သည် နတ်ဘုရားကျောက်စိမ်းဝါးတောအုပ်နှင့် အလွန်ကျွမ်းဝင်မူရှိသောကြောင့်၊ သူမသည် သူမရှေ့ရှိ ဤရေကန်အကြောင်းကို နားလည်မှုအချို့ ရှိကောင်းရှိပေမည်။ ချင်ယွင်က သူမမှာ ဖြေရှင်းချက်ရှိမရှိ မေးမြန်းကြည့်ချင်သည်။
သို့သော် ယခုအချိန်တွင် ယောင်ဖုန်းသည် ရေကန်ဘေးတွင် ရပ်နေသည်။ သူမသည် ခေါင်းကိုမော့ပြီး မြူခိုးအငွေ့တွေ လျှံတက်နေသည့် ရေကန်၏ မျက်နှာပြင်ကို ကြည့်ရင်း မည်သည့်အကြောင်း တွေးနေမှန်း မသိနိုင်ပေ။
"ယောင်ဖုန်း၊ ဒီရေကန်က အရမ်းကို ကြီးလွန်းတယ်၊ ငါတို့ ဘယ်လို ကျော်ဖြတ်ရမှာလဲ" ချင်ယွင်သည် ယောင်ဖုန်းအနားသို့ လျှောက်လာပြီး မေးသည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံရှိ၍ မိုင်ထောင်ချီဝေးသော လူများကို အလိုလို ငြင်းဆန်နိုင်စေသည့် ဤလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး အကြောင်းကို အနည်းနှင့်အများ သိချင်မိသည်။ သူသည် သူမ၏အတိတ်ကို အမှန်တကယ် စူးစမ်းချင်မိ သည်။ "သူမရဲ့ခန္ဓာကိုယ်က နှင်းလိုဖြူစင်တယ်။ သူမဓားက ရေလွှမ်းမိုးသလို ထိတ်လန့် တုန်လှုပ်စရာကောင်းတယ်"ဆိုသည့် စကားလုံးက မည်သည့်နေရာမှ လာခဲ့သည်ကို သူ အမှန်တကယ် သိချင်နေခဲ့သည်။
"စောင့်” ယောင်ဖုန်းသည် ချင်ယွင်ကို ပြန်လှည့်မကြည့်ဘဲ စကားတစ်ခွန်းက အေးစက်စွာ ထွက်လာခဲ့သည်။
ချင်ယွင်ကတော့ စိတ်ထဲမထားပေ။ သူသည် ယောင်ဖုန်း၏ကိုယ်ရေးအချက်ကိုသာ သိချင်နေပြီး၊ သူမနှင့်တွက်ကပ်နေမည် မဟုတ်ပေ။ ထို့ကြောင့် ယောင်ဖုန်းသည် သူ့အပေါ် ထားရှိသည့် မည်သည့် သဘောထားကိုမဆို သူ လက်ခံနိုင်သည်၊ ယောင်ဖုန်းသည် လူတိုင်းကို ထိုကဲ့သို့ အေးစက်သော အမူအရာဖြင့် ဆက်ဆံတတ်သည်ဆိုလျှင် စကားထဲပင် ထည့်ပြောစရာမလိုချေ။
သို့သော် ချင်ယွင်သည် အလွန်သိချင်နေခဲ့သည်။ ယောင်ဖုန်းက သူတို့ကို ဒီနေရာမှာ မည်သည့်အရာကို စောင့်စေလိုသနည်း?။ ဖြစ်နိုင်တာ, အကယ်၍, သူ စောင့်နေလျှင် ဒီရေကန်ကို ဖြတ်ကျော်နိုင်မှာလား?။
ချင်ယွင်က ဆက်မမေးတော့ပါ။ ယောင်ဖုန်းက သူတို့ကို စောင့်ခိုင်းမှတော့, သူ့အနေဖြင့် စောင့်နေလိုက်ရုံပင်။
"ယောင်ဖုန်း၊ ငါတို့က ရတနာတစ်ခုကို ရှာဖွေဖို့ ဒီနတ်ဘုရားနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာ ထဲ ဝင်လာခဲ့တာ။ ဆိုတော့, မင်းကရော ဘာလို့ ဒီနတ်ဘုရားနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာ ကို ဝင်လာတာလဲ။" ချင်ယွင်သည် ယောင်ဖုန်းကိုကြည့်ကာ ဆက်မေးသည်။
သူတို့ ဤနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရခြင်း၏ အကြောင်းအရင်းမှာ တော်ညီအစ်မ သည် သူမတို့မျိုးနွယ်စု၏ ရတနာဖြစ်သော စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရှာဖွေရန်နှင့် ဤဘိုးဘေးနတ်ဘုရားနယ်မြေဟု ခေါ်သော ဤနေရာ၏ လျှို့ဝှက် ဆန်းကြယ်မှုများကို ကြည့်ရှုရန် ဖြစ်သည်။ သို့သော် ဤယောင်ဖုန်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ သူမသည် အကြောင်းပြချက် မရှိဘဲ သူတို့နှင့်အတူ သွားလိမ့်မည် မဟုတ်ပေ။ သူမမှာ ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုတော့ ရှိရလိမ့်မည်။
ယုတ္တိကျကျ ပြောရလျှင် ဤရှေးဟောင်းအကြွင်းအကျန် စိတ်ဝိညာဉ်များသည် သူတို့၏ ရုပ်ခန္ဓာကိုယ်များကို သိမ်းပိုက်ပြီး ဓားမြုပ်နှံခြင်းတောင်တန်းနယ်မြေမှ ထွက်ခွာရန်မှာ ၎င်းတို့ အလိုချင်ဆုံးအရာ ဖြစ်သည်။ ယခုတော့ ယောင်ဖုန်းသည် ရုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးဖြစ်သည်။ ထို့ကြောင့် သူမ လုံးဝ ထွက်သွားနိုင်ပြီ ဖြစ်သည်။ သူမအနေဖြင့် သူတို့နှင့်အတူ ဘိုးဘေးနတ်ဘုရားနယ်မြေ၏ နက်ရှိုင်းသောအရပ်သို့ မည်သို့ ဝင်ရောက် မည်နည်း?။
"ဒီနတ်ဘုရားနယ်မြေ၏ နက်ရှိုင်းတဲ့အရပ်မှာ ငါလိုအပ်တာတစ်ခု ရှိတယ်။" ယောင်ဖုန်းက အေးစက်စွာ ပြန်ပြောပြီး သူမ၏ လေသံမှာ ရိုးရှင်းပြီး တိုက်ရိုက်ဆန်သည်။
ချင်ယွင်သည် ဤအဖြေကြောင့် မအံ့သြပေ။ သူသည် လိမ္မာပါးနပ်စွာဖြင့် ဆက်မမေးတော့ ပေ။ သူက အဝေးမှ ရေကန်ကြီးကို တိတ်တဆိတ် ကြည့်နေပြီး တိတ်တိတ်လေး စောင့်နေလိုက်သည်။
"လာတော့မယ်”။
နေဝင်ရီတရောအချိန် နီးကပ်လာသည်နှင့် တိတ်ဆိတ်နေသော ယောင်ဖုန်းသည် ရုတ်တရက် စကားပြောလာသည်။
နီထိုက်စွေ့သည် စိတ်မရှည်စွာ စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ။ ချင်ယွင်၏ အကြည့်တွေမှတဆင့် တားမြစ်မထားဘူးဆိုလျှင်, သူသည် ယောင်ဖုန်းကို သူတို့ စောင့်နေသည့်အရာကို ထုတ်မေးတော့မည်။
ယောင်ဖုန်း၏စကားကို ကြားတော့ သူသည် ချက်ချင်း ထရပ်ပြီး ရေကန်ဆီသို့ လှမ်းကြည့်လိုက်သည်။
ချင်ယွင်နှင့် အခြားလူများသည် မြူခိုးအငွေ့များ ပြည့်လျှံနေသော ရေကန်၏ နက်ရှိုင်းရာ အရပ်ဆီသို့ မျှော်ကြည့်နေကြသည်။ ထိုမြင်ကွင်းက သူတို့ကို ထိတ်လန့်သွားစေသည်။
အနှိုင်းမဲ့ကြီးမားသော သံမဏိသင်္ဘောကြီးတစ်စင်းသည် ရေကန်ကိုဖြတ်၍ မြူခိုးများကြား မှ ဖြည်းညှင်းစွာ ထွက်လာသည်။
သင်္ဘောသည် လုံးဝ အနက်ရောင်ဖြစ်ပြီး၊ သုံးထပ်ရှိသည်။ ၎င်းသည် အနှိုင်းမဲ့ လေးလံသော ခံစားမှုကို ပေးစွမ်းသည်။ ရေကန်အောက်မှ သင်္ဘောကိုယ်ထည်ပါ ထည့်တွက်လျှင်, လေးထပ်ဖြစ်နိုင်ပြီး၊ သင်္ဘောကိုယ်ထည်က ပေရာနှင့်ချီရှည်လျားသည်။ ၎င်းသည် အရွယ်အစားအရ တကယ်ကို ကြီးမားလှသည်။
သင်္ဘောကိုယ်ထည်ပေါ်တွင် တုနှိုင်းမရအောင် အံ့ဖွယ်ကောင်းသော နတ်ဘုရား မှော်သင်္ကေတများ ရှိနေပြီး၊ သင်္ဘောကိုယ်ထည်တစ်ခုလုံးသည် အစွမ်းထက်သော နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်နေကာ လူအများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ သည်။
"ဒီသင်္ဘောက နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီး၊ အဆင့်နိမ့်အဆင့် ဟုတ်ပုံမရဘူး။ မိုးကောင်းကင်ကြီး…၊ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားပစ္စည်းကြီးလား" နီထိုက်စွေ့က မျက်လုံးပြူးကျယ်စွာဖြင့် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။
ချူယွန်နှင့် အခြားသူများသည် သူတို့ဆီသို့ ဖြည်းညှင်းစွာ ရွက်လွှင့်လာနေသော သင်္ဘောကို ကြည့်ရင်း အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်ပြသကြပြီး၊ သူတို့၏ မျက်လုံးများက ထိတ်လန့်သွားကြသည်။
"အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခု။" ယောင်ဖုန်းက နီထိုက်စွေ့၏ စကားကို ပြန်ဖြေသလိုမျိုး အေးစက်စွာ ပြောသည်။
သူမပြောပြီးသည်နှင့် အားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ချဉ်းကပ်လာသော သင်္ဘောကြီးကို စိတ်ထဲတွင် အံ့ဩခြင်းကြီးစွာဖြင့် ကြည့်နေကြသည်။
"အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းဖြစ်တဲ့ သင်္ဘောကြီးလား။ ဘယ်လောက်တောင် ကြီးကျယ်လိုက်လဲ”။ ချင်ယွင်သည် သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိပါသည်။
နတ်ဘုရားကမ္ဘာတွင်၊ အလယ်အလတ်အဆင့် နတ်ဘုရားဓားတစ်ချောင်းကိုပင် အလွန် အဖိုးတန်သော ရတနာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းများသည် ပို၍ပင် အဖိုးမဖြတ်နိုင်ပေ။ ဤနတ်ဘုရားနယ်မြေ၌ ဤကဲ့သို့သော ကြီးမားသော အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်း သင်္ဘောကြီးတစ်စင်း အမှန်တကယ် ရှိနေကြောင်း အပြင်လူများ သိရှိသွားခဲ့ပါက၊ ရူးသွပ်သွားနိုင်သည် မဟုတ်ပါလော။
အရည်အသွေးအရ၊ ဤသင်္ဘောသည် ချင်ယွင်၏ ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာ ထက်ပိုကောင်းမည် မဟုတ်သော်လည်း ကျွမ်းကျင်မှုအရဆို၊ ဤသင်္ဘောကြီးသည် သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာထက် နိမ့်ကျခြင်း မရှိပေ။
"ဘန်း”။
ချင်ယွင်နှင့် အခြားသူများသည် ထိတ်လန့်နေကြစဉ်မှာ, ဤကြီးမားလှသော နတ်ဘုရား ပစ္စည်းသင်္ဘောကြီးသည် နောက်ဆုံးတွင် ကမ်းစပ်သို့ ရောက်ရှိလာခဲ့ပြီး ချင်ယွင်, အခြားသူများနှင့် မနီးမဝေးမှာရှိနေသည့် သောင်ပြင်ရှိရာသို့ ပြေးသွားခဲ့သည်။
ယခင်က သူတို့သည် ဤသင်္ဘောကြီး၏ ထုထည်ကြီးမှုကို အဝေးမှ ကောင်းစွာ ခံစားမိကြ သော်လည်း ယခု နီးကပ်လာသောအခါ ချင်ယွင်နှင့် အခြားသူများသည် သူတို့၏ နှလုံးသား များ ခုန်ပေါက်သွားသလို ခံစားလိုက်ရပါသည်။