အခန်း ၁၂၆၉
Vol. 85 Ch. 1269
အခန်း (၁၂၆၉) နတ်ဘုရားတန်ခိုး အဆင့်ဖြတ်ကျော်မူ။
ဤဧရာမသင်္ဘောကြီးသည် ချင်ယွင်နှင့် အခြားသူများကို အလွန်ဖိနှိပ်သော ခံစားချက်များ ကို ပေးစွမ်းနေသည်။ အထူးသဖြင့် ၎င်းထံမှထွက်ပေါ်လာသော နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများကြောင့် ဖြစ်သည်။ ၎င်းသည် သူတို့ခေါင်းပေါ်ကို ကြီးမားလှသော နတ်တောင်ကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ သူတို့၏ စိတ်နှလုံးကို ကြောက်ရွံ့ဖွယ် ခံစားရစေသည်။
ဤသည်မှာ သူတို့သည် အဆင့်မြင့် နတ်ဘုရားပစ္စည်း သင်္ဘောကြီးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သင်္ဘောပိုင်ရှင်က မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ လဲဆိုသည်ကို သူတို့ တကယ် သိချင်နေကြပါသည်။ ဖြစ်နိုင်တာက သူတို့ရှေ့မှ ရေကန်ကို ဖြတ်ကူးရုံသက်သက်လား?။
"ဒီသင်္ဘောပေါ်မှာ တစ်ယောက်ယောက် ရှိလား" တော်အန်းသည် လည်ပင်းကို ကျုံ့သွားရင်း မေးသည်။ သူမသည် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံမူသာ ရှိပြီး၊ ဤနတ်ဘုရား နယ်မြေအတွင်းမှာ အလွန်သေးငယ်သည်ဟု ခံစားနေရသည်။ သူမစိတ်ထဲ တွင် ကြောက်ရွံ့မှုကို မထိန်းနိုင်ဘဲ ခံစားရသည်။
"ငါတော့ မထင်ဘူး။ ဒီသင်္ဘောကြီးက အရမ်းကို ရှေးကျတယ်။ ပိုင်ရှင်မဲ့ ပစ္စည်းဖြစ်ရမယ်။" ချင်ယွင်က ခေါင်းခါပြီး ပြောလိုက်သည်။
နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်းများ ထုတ်လွှတ်နေသည့်အပြင်၊ ဤနတ်ဘုရားသင်္ဘောထံမှ ထူထပ်သော ရှေးဟောင်း အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။
ချင်ယွင်သည် ဤသင်္ဘောကြီးက နှစ်သန်းပေါင်း ဆယ်ဂဏန်းထက်မနည်း သမိုင်းကြောင်း ရှိခဲ့မည်ဟု သေချာပေါက် ပြောနိုင်ပါသည်။ ဤနတ်ဘုရားနယ်မြေအတွင်း၌ သက်ရှိ သတ္တဝါများ ရှိနေကြသည်မှာ အလွန်ကောင်းပါသည်။ ကြက်သွေးရောင် မြေကမ္ဘာ နတ်ဘုရား၏အဆိုအရ၊ ဘိုးဘေးနတ်ဘုရားနယ်မြေသည် ပုံမှန်အားဖြင့် သက်ရှိ လူသားများကို စောင့်ရှောက်ထားမည် မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် ဤသင်္ဘော က ပိုင်ရှင်မဲ့ဖြစ်သည်ဟု မှန်းဆခဲ့သည်။
''ဒါက ပိုင်ရှင်မဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး၊ အတိအကျ ဒီရေကန်ကို ဖြတ်ကူးဖို့ပဲ အသုံးပြုတယ်။ နောက်ထပ် နာရီဝက်လောက်အကြာမှာ ဒီသင်္ဘောကြီးက အချိန်မှန် ရွက်လွှင့်ပြီး၊ ရေကန်ရဲ့ တစ်ဖက်ကမ်းကို ဦးတည်သွားမှာ ဖြစ်တယ်။ တကယ်လို့ မင်းတို့ မြစ်ကို ဖြတ်ကူးချင်ရင်တော့ လှေပေါ်တက်ကြရလိမ့်မယ်”။ ယောင်ဖုန်းသည် ထိုကဲ့သို့သော ရှည်လျားသော စကားမျိုးကို ယခုတစ်ကြိမ် ရှားရှားပါးပါး ပြောဆိုခြင်းဖြစ်သည်။ ထို့နောက် သူမသည် ဧရာမသင်္ဘောဆီသို့ လျှောက်သွားခဲ့သည်။
ချင်ယွင်နှင့် အခြားသူများသည် သူမနောက်သို့ မလိုက်မီ အကြည့်ချင်း ဖလှယ်ကြသည်။
ချင်ယွင်သည် ပေါ့ပေါ့ပါးပါး ခုန်လိုက်ပြီး ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားသူများ ကဲ့သို့ အနက်ရောင်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ တိုက်ရိုက် ခုန်တက်သွားသည်။
ချင်ယွင်နှင့် အခြားသူများသည် မပျံသန်းနိုင်သော်လည်း ၎င်းတို့သည် ထိုကဲ့သို့သော အဆင့်မျိုးတွင် လွယ်ကူစွာ ခုန်နိုင်ပါသေးသည်။
"အား....."
သို့သော်လည်း တော်အန်း သင်္ဘောပေါ်တက်ပြီးသည်နှင့် သူမသည် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ချင်ယွင်နှင့် အခြားသူများသည် တော်အန်းဆီသို့ လှမ်းကြည့်လိုက်ရာ သူမရှေ့တွင် အရိုးစုတစ်ခုကို တွေ့လိုက်ရသည်။
အရိုးစုသည် မြေပြင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေသည်။ ၎င်း၏ခန္ဓာကိုယ်ရှိ အရိုးများသည် ဖန်ကဲ့သို့ ကြည်လင်နေပြီး၊ မယုံကြည်နိုင်ဖွယ် အဆုံးစမဲ့ အစွမ်းထက်သော နတ်ဘုရား တန်ခိုးကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် ဤအရိုးစုပိုင်းရှင် မသေဆုံးခင်က ထိပ်တန်း ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ကြောင်း သေချာပါသည်။ ၎င်းသည် မြေကမ္ဘာနတ်ဘုရား သို့မဟုတ် ကောင်းကင် နတ်ဘုရားပင် ဖြစ်ခဲ့လောက်သည်။
ဤအဆင့်များတွင်၊ နတ်ဘုရားစိတ်ဝိညာဉ်သည် ဖျက်ဆီးခံရသော်လည်း၊ အလောင်းသည် ဆွေးမြေ့ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ယခု ဤအလောင်းတွင် အရိုးစုတစ်ခုသာ ကျန်ရှိတော့ပြီး၊ ၎င်း၏ရုပ်ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤအလောင်း ပိုင်ရှင် သေဆုံးသွားသည်မှာ မည်မျှ ကြာငြောင်းခဲ့ပြီကို တွေးကြည့်နိုင်ပါသည်။
နှစ်သန်း ၁၀၀ လား?။
နှစ်ဘီလီယံကျော်ရှိနေမှာပင် စိုးရပါသည်။
ချင်ယွင်သည် လွန်ခဲ့သော နှစ်တစ်ဘီလီယံခန့် သေဆုံးခဲ့သည့် ဤကျွမ်းကျင်ပညာရှင်၏ အလောင်းကို ကြည့်ရှုလိုက်သည်။ သူသည် အလွန်တုန်လှုပ်သွားသော်လည်း တစ်ချိန်တည်းမှာပင် အလွန်လည်း သိချင်နေခဲ့သည်။ ဤလူကရော အဘယ့်ကြောင့် ဒီနေရာမှာ သေဆုံးနေရသနည်း?။ ပြီးတော့ အဘယ့်ကြောင့် သေဆုံးသွားရသနည်း?။
သို့သော်လည်း ဤအရာအားလုံးသည် နောက်ကြောင်းပြန်တွေးရန် လွန်စွာမှ ရှည်ကြာလွန်းခဲ့ပါပြီ။
"သူက ဒီသင်္ဘောပိုင်ရှင်လို့ မင်း ထင်လား" ချူယွန်က ရုတ်တရက် ပါးစပ်ဖွင့်ပြီး သူ့စိတ်ထဲမှာ ထင်ကြေးတွေကို ထုတ်ဖော်လိုက်သည်။
ထိုစကားပြောပြီးသည်နှင့် အားလုံးက ခေါင်းညိတ်ကြသည်။ ချူယွန်၏ ခန့်မှန်းချက်သည် အလွန်ဖြစ်နိုင်သည်ဟု သူတို့အားလုံး ခံစားကြရသည်။ တကယ်တော့ ဒီသင်္ဘောပေါ်မှ ဒီလူသေဆုံးမှုသည် ဤလျှို့ဝှက်ဆန်းကြယ်သင်္ဘောကြီးနှင့် ဆက်စပ်နေမည်မှာ သိသာပါ သည်။
"သူက ဒီသင်္ဘောရဲ့ ပိုင်ရှင်မဟုတ်ဘူး။ သူက သင်္ဘောသူခိုးတစ်ယောက်ပဲ။ သူကတော့ ဒီသင်္ဘောပေါ်က ကန့်သတ်ချက်တွေကြောင့် အသတ်ခံလိုက်ရတာ။ သူ့ရဲ့အလောင်းက တော့ နောင်လာနောက်သားတွေကို သတိပေးဖို့အတွက် ဒီနေရာမှာပဲ ထာဝရထားရှိထား တာ" ယောင်ဖုန်း ရုတ်တရက် ပြောလိုက်သည်။
ထိုစကားပြောပြီးချိန်မှာတော့ ပတ်ဝန်းကျင်မှ လူတိုင်း၏ စိတ်နှလုံးတွေက တုန်လှုပ်သွား ကြသည်။
ဒါဆို သင်္ဘောသူခိုးတစ်ယောက်လား?။ သူတို့သည် သင်္ဘောပိုင်ရှင်ဟု ထင်နေကြသည်။
သို့သော် ဤသင်္ဘောသူခိုး၏ ကျင့်ကြံမူမှာ ထူးခြားကြောင့် ထင်ရှားပါသည်။ သို့သော် သူသည် ဤနေရာတွင် သေဆုံးသွားရဆဲ ဖြစ်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကြီးပေါ်မှ ကန့်သတ်ချက်များ မည်မျှ အားကောင်းသည်ကို တွေ့မြင်နိုင်ပါသည်။
ထိုအကြောင်းကိုတွေးလိုက်ရင်း နီထိုက်စွေ့သည် မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားခဲ့ သည်။
အစောပိုင်းက၊ သူသည် ဤသင်္ဘောကြီးက အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီး ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ၊ သူ၏နှလုံးသည် တစ်ချက် ခုန်သွားသေးသည်။ သို့သော်, ယခု ထိုအလောင်းကို မြင်လိုက်ရချိန်မှာ သူ့အကြည့်တွေက လုံးဝကို လွင့်စင်သွားခဲ့ပြီ။
ချင်ယွင်လည်း သူ့စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ ယခင်က သူသည် ဤကဲ့သို့သော နတ်ဘုရားပစ္စည်းတစ်ခုသည် ပိုင်ရှင်မဲ့ပစ္စည်းတစ်ခုလားဟု တွေးတောခဲ့ဖူးသည်။ ဤမျှ နှစ်ပေါင်းမြောက်များစွာ ကြာသည်တိုင် မည်သူမှ ယူမသွားကြပါဘူး။ ယခု ဤအလောင်း၏ ကံကြမ္မာကို မြင်လိုက်ရသောအခါ, ချင်ယွင်သည် ချက်ချင်း သဘောပေါက်သွားသည်။
ဤသင်္ဘောကြီးနှင့် ပတ်သက်ပြီး မည်သူမှ စိတ်ကူးမယဉ်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ထိုသင်္ဘောကြီးအကြောင်းကို တွေးဖူးကြသူတိုင်းလည်း ဤကမ္ဘာကြီးကနေ ပျောက်ကွယ် သွားခဲ့လောက်ပြီ။ အဆုံးတွင်, သူတို့၏ အရိုးများပင် မကျန်လောက်တော့ပါဘူး။ ၎င်းတို့သည် သင်္ဘောပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော ကန့်သတ်ချက်များကြောင့် လုံးဝ ပျက်ဆီးသွားခဲ့ပြီ သို့မဟုတ် အချိန်မြစ်၏တိုက်စားမူကြောင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့လောက်ပြီ။
ဤကျွမ်းကျင်ပညာရှင်၏ အရိုးစုကို နောက်ကွယ်တွင် ချန်ထားခဲ့ရသည့် အကြောင်းရင်းမှာ ဤအရိုးစုပိုင်ရှင်သည် ကျင့်ကြံမူအဆင့် အလွန်မြင့်မားသောကြောင့် သူတို့ရှေ့မှ ဤအရိုးစု ကို ချန်ထားနိုင်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။
"ဒီသင်္ဘောပေါ်မှာ ဘာကိုမှ မထိမကိုင်နဲ့။ ငါတို့ ကုန်းပတ်ပေါ်မှာ ထိုင်နေပြီး မိုးလင်းရင် ရေကန်ရဲ့ တစ်ဖက်ကို ရောက်သွားလိမ့်မယ်။" ယောင်ဖုန်းက ထပ်ပြီး သတိပေးလိုက်ကာ ကုန်းပတ်ပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။
ချူယွန်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် ရှေးဟောင်းတာအိုသည် တင်ပျဉ်ခွေထိုင်လိုက် သည်။
တော်ညီအစ်မလည်း ထောင့်တစ်နေရာကို ရှာဖွေပြီး အတူတူ ပုန်းနေကြသည်။
နီထိုက်စွေ့သည် ကြောက်လန့်နေပုံရသော်လည်း အရိုးစုကို သေချာစစ်ဆေးနေသကဲ့သို့ အရိုးစုဘေးတွင် ထိုင်လိုက်လေသည်။
ချင်ယွင်သည် ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ နောက်ဆုံးလက်ကျန် နတ်ဘုရား တန်ခိုးအမျိုးအစားနှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။ ယခု သူသည် လွတ်လပ်သွားပြီး ဖြစ်ကာ, နတ်ဘုရားတန်ခိုးနှင့် ပေါင်းစပ်တော့မည်။ အဆုံးတွင်၊ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်သည် အလွန်နိမ့်ကျနေသည်။ သူသည် ဖြစ်နိုင်သမျှ စောစီးစွာ သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ချင်မိသည်။
နာရီဝက်ခန့်အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားကာ လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောသည် တစ်ဖန် ရွေ့လျားလာပြန်သည်။
ဧရာမသင်္ဘောကြီးသည် အလွန်တည်ငြိမ်နေပြီး အနည်းငယ်မျှသော လှုပ်ခါခြင်းကိုပင် မခံစားရပေ။ သူတို့နားဘေးမှ အော်မြည်သံနှင့် ပိုပိုဝေးသွားသည့် ကမ်းစပ်ကိုသာ မမြင်နိုင်ဘူးဆိုလျှင်, ချင်ယွင်နှင့် တခြားလူများသည် သင်္ဘောကြီးက လုံးဝ ရွေ့မသွားဘူးဟုပင် ထင်ကြလိမ့်မည်။
သင်္ဘောသည် ရေကန်လယ်ဘက်ဆီသို့ ဖြည်းညှင်းစွာ ရွက်လွှင့်လာသည်။ ထိုအချိန်တွင် ချင်ယွင်သည် နတ်ဘုရားတန်ခိုးပေါင်းစပ်မှုတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။
အကြောင်းတစ်ခုခုကြောင့်၊ ချင်ယွင်သည် ဤသင်္ဘောပေါ်တွင် ပုံမှန်အားဖြင့် ပေါင်းစပ်ရန် ခက်ခဲသော နတ်ဘုရားတန်ခိုး စွမ်းအားသည် ယနေ့တွင် အလွန်နာခံမှုဖြစ်လာသည်ဟု ခံစားမိသည်။ ဤအရာက နတ်ဘုရားများ၏ အကူအညီတိုင်းပင်။ နောက်ဆုံးလက်ကျန် နတ်ဘုရားတန်ခိုးသည် အမှန်တကယ်ပင် တဖြည်းဖြည်း ပေါင်းစပ်လာနေသည်။
ဤအရာက ချင်ယွင်ကို အလွန်မင်း စိတ်လှုပ်ရှားစေသည်။ ဤသင်္ဘောကြီး၏ ထူးခြားချက် က ဘာလဲဆိုတာ သူမသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ, ဤအရာသည် ဘယ်တော့မှ ပြန်မရနိုင်သည့် အခွင့်အရေးကောင်း တစ်ခုလိုပင်။
ချင်ယွင်သည် ကောင်းကင်တာအိုစွမ်းအားနှင့် သူ့ကိုယ်ပိုင် ဖရိုဖရဲစွမ်းအင်ကို အတူတကွ ပေါင်းစပ်ရန် စတင် ထိန်းချုပ်လိုက်သည်။ သူ၏ထိန်းချုပ်မှုနောက်တွင်၊ နောက်ဆုံး လက်ကျန် ထိုလေစွမ်းရည် စွမ်းအင်အမျိုးအစားသည် နောက်ဆုံးတွင် ပေါင်းစပ်သွားခဲ့ သည်။
ဘန်း..။
စွမ်းအားနှစ်ခုသည် တညီတညွတ်တည်း ပေါင်းစပ်သွားကာ ပြင်းထန်သော တုန်ခါသံ တစ်ချက် ထွက်ပေါ်လာခဲ့ပြီး၊ နောက်ဆုံးတွင် ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရား တန်ခိုးအသစ်တစ်ခုကို ပေါင်းစည်းလိုက်ပါသည်။
နတ်ဘုရားတန်ခိုးလှိုင်းလုံးသည် ချင်ယွင်၏ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားပြီး ကုန်းပတ် တစ်ခုလုံး ပျံ့နှံ့သွားသည်။
"အယ်? နတ်ဘုရားတန်ခိုး ပေါင်းစပ်ခြင်းလား?။
ပတ်ဝန်းကျင်မှ လူများသည် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်မှ အပြောင်းအလဲများကို ချက်ချင်း ခံစားလိုက်ရသည်။ သူတို့အားလုံး မျက်လုံးဖွင့်ပြီး ချင်ယွင်ကို အံ့သြစွာ ကြည့်ကြသည်။
မည်သည့်အရာကိုမှ ဂရုမစိုက်သော ယောင်ဖုန်းပင်လျှင် ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်နေလေသည်။ သူမသည် မျက်မှောင်ကြုတ်သွားပြီး သူမမျက်လုံးများ လေးနက်သွားသည်။
ချင်ယွင်သည် ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို ဘာမှ မသိခဲ့ပေ။ ဤအခိုက်အတန့်တွင် သူသည် အဆင့်ချိုးဖြတ်နိုင်ခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်ထဲတွင် လုံး၀ နှစ်မြှုပ်နေခဲ့၏။