အခန်း ၁၂၇၀
Vol. 85 Ch. 1270
အခန်း (၁၂၇၀) လေထုစွမ်းအင်ပြောင်းလဲခြင်း။
"ဟူး”။
ချင်ယွင် အသက်ရှူထုတ်ကာ သူ့မျက်လုံးကို ဖွင့်လိုက်ပြီး၊ သူ့မျက်နှာက ရွှင်လန်းမှု အပြည့်နှင့်ပင်။
ဤနောက်ဆုံးသော နတ်ဘုရားတန်ခိုး အမျိုးအစားသည် သူ့အား အချိန်အတော်ကြာ အောင် နှောင့်ယှက်နေခဲ့သည်။ ယခု သူသည် နောက်ဆုံးတွင် အဆင့်ချိုးဖြတ်မှုတစ်ခု ပြုလုပ်နိုင်ပြီးနောက်၊ နောက်တစ်ဆင့်မှာ သူသည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကို စတင်သန့်စင်ရန် ဖြစ်ပါသည်။
လက်ရှိတွင်၊ ချင်ယွင်၏ဒန်တန်ထဲမှာ နတ်ဘုရားတန်ခိုး အမျိုးအစား ခြောက်မျိုးရှိနေပြီ ဖြစ်သည်။ ဤခြောက်ပါးသော နတ်ဘုရားတန်ခိုးတွင် စွမ်းရည်ခုနစ်မျိုးလည်း ပါရှိနေသည်။
ဤနတ်ဘုရားတန်ခိုးခြောက်မျိုးကို ပေါင်းစပ်လိုက်သည်နှင့် ၎င်းတို့သည် အလွန်မင်း အစွမ်းထက်သော နတ်ဘုရားတန်ခိုးတစ်ခုကို ဖန်တီးနိုင်လိမ့်မည်မှာ သေချာပါသည်။ ထို့အပြင်၊ ဤနတ်ဘုရားတန်ခိုး စွမ်းအားဖြင့် သိပ်သည်းထားသော နတ်ဘုရားခန္ဓာကိုယ် သည် ပို၍ပင် အားကောင်းလာပေလိမ့်မည်။
သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်နိုင်တော့မည့်အရေးကို တွေးတောရင်း သူ၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော ရွှင်လန်းမှုကို ခံစားခဲ့ရသည်။
"သခင်လေး ချင်, ရှင် အဆင့်ဖြတ်ကျော်သွားတာလား?” ချင်ယွင်၏ အပြုံးကို မြင်လိုက်ရတော့ တော်ယုက ပြုံးပြီး မမေးဘဲ မနေနိုင်တော့ပေ။
"မှန်တယ်၊ ငါ အဆင့်ဖြတ်ကျော်သွားတာ။ နောက်ဆုံးတော့, ငါ ငါရဲ့နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ကြိုးစားနိုင်တော့မယ်" ချင်ယွင်က တော်ယုကို ပြုံးပြလိုက် သည်။
သူသည် တကယ်ကို ပျော်ရွှင်နေခဲ့သည်။ ဤနေရာတွင် အဆင့်ဖြတ်ကျော်နိုင်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပါ။
ချင်ယွင်၏စကားကြားသောအခါ တော်ယုလည်း ပြုံးမိသည်။ ချင်ယွင်၏ အောင်မြင်မှုသည် သူမအတွက် ပျော်ရွှင်စရာကောင်းသော ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်မှာ ထင်ရှားသည်။ သူမသည် ချင်ယွင်အတွက် စိတ်နှလုံး အောက်ခြေမှ ပျော်ရွှင်နေခဲ့သည်။
"ကြည့်ရတာ မင်းက ကံကောင်းတဲ့သူပဲ" ထိုအချိန်တွင် ယောင်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
"အယ်?" ချင်ယွင်သည် ယောင်ဖုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ရင်း သူမ မည်သည့် အရာကိုဆိုလိုမှန်း နားမလည်ပေ။
ချင်ယွင်၏ ပဟေဠိဆန်သော အမူအရာကို မြင်လိုက်ရတော့ ယောင်ဖုန်းက ရှင်းပြသည် "ဒီသင်္ဘောကြီးရဲ့ သင်္ဘောကိုယ်ထည်ဟာ အဆင့်မြင့် နတ်ဘုရားပစ္စည်း တစ်ခုပဲ။ ထုံးစံအတိုင်း၊ အပေါ်ယံ မျက်နှာပြင်ပေါ်မြင်ရသလောက် မရိုးရှင်းနိုင်ဘူး။ သူ့ကိုယ်ထည်က ကောင်းကင်နဲ့ မြေကြီးရဲ့ ကြီးကျယ်ခမ်းနားမှုကို သယ်ဆောင်ထားတယ်။ မင်းက ယခုလေးတင် ဒီအခွင့်အရေးကို မတော်တဆ ထိမိသွားတဲ့အတွက် အဆင့်ချိုးဖြတ်မှုတစ်ခု ရရှိခဲ့တယ်"
"အဲဒါကြောင့်လား..။" ချင်ယွင် ရုတ်တရက် သဘောပေါက်သွားသည်။
ထိုအဆင့်ဖြတ်ကျော်မူသည် အလွန်အဆင်ပြေချောမွေ့သွားသည်ဟု သူခံစားရသည်မှာ အံ့သြစရာ မရှိတော့ပါဘူး။ ၎င်းက ဤသင်္ဘောကြီး၏ ကံကြမ္မာနှင့် ဆက်စပ်နေပါသည်။
စွမ်းအင်ကံကြမ္မာသည် ကြီးကျယ်မြတ်မြတ်မူနှင့် နက်နဲသိမ်မွေ့မူ နှစ်မျိုးစလုံးနှင့် ဆက်စပ်နေပြီး မည်သူမျှ ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပေ။
နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီးနောက် သင်သည် အသက်ရှင်နိုင်သည်ဖြစ်စေ သို့မဟုတ် ရတနာတစ်ခုခု ရရှိနိုင်သည်ဖြစ်စေ သင့်ကံအပေါ် မူတည်ပါသည်။ အကယ်၍, သင်၏ကံကြမ္မာက ကောင်းမွန်နေသည်ဆိုလျှင်, သင်သည် ကြီးမားသည့် အခွင့်ရေးကြီးကို ရရှိနိုင်ပါလိမ့်မည်။ အကယ်၍, သင့်ကံ မကောင်းပါက၊ ၎င်းသည် သင့်အတွက် အလွန်ဆိုးဝါးသည့် ရတနာတစ်ခုပင် ဖြစ်သွားနိုင်ပါသည်။ ၎င်းသည် သင့်လက်ချောင်းများ ကြားထဲမှာပင် ဆုံးရှုံးသွားခြင်းမျိုး ဖြစ်သွားနိုင်သလို, ရလာဒ်အဖြစ် သေဆုံးရခြင်းမျိုးပင် ဖြစ်သွားနိုင်ပါသည်။
ထို့ကြောင့် ကံကြမ္မာသည် အလွန်လေးနက်ပြီး လူတိုင်းအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကိုပင် ကျော်လွန်သွားပြီ။
ကျင့်ကြံမှုလမ်းကြောင်းက ကြမ်းတမ်းလွန်းပါသည်။ ကံတရားမရှိလျှင်, ခြေတစ်လှမ်း လှမ်းဖို့ပင် မဖြစ်နိုင်ဟု ပြော၍ရပါသည်။ အကယ်၍, တစ်စုံတစ်ယောက်သည် သတိလက်လွတ်ဖြစ်သွားသည်နှင့် သေဆုံးရနိုင်သည်။
ဤတစ်ကြိမ်တွင်၊ ချင်ယွင်သည် အတိတ်က သူ့ကို ဒုက္ခပေးနေခဲ့သော နတ်ဘုရားတန်ခိုး ကို အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်ခဲ့ရ၏ ခြင်းအကြောင်းမှာ ဤသင်္ဘောကြီးဖြင့် သယ်ဆောင်လာသော ကံကောင်းခြင်းများကြောင့် ဖြစ်သည်။ ဤနတ်ဘုရားသင်္ဘောကြီး သည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိနေခဲ့ပြီး ၎င်းနှင့်အတူ သယ်ဆောင် လာသော ကံကြမ္မာသည် ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ ယခုတော့ ၎င်းသည် သူ့အား ဂုဏ်ယူစွာဖြင့် အဆင့်ဖြတ်ကျော်နိုင်စေခဲ့သည့် အစွမ်းထက်သော ကံကောင်းမှုကြီးတစ်ခု ကို ခွင့်ပြုပေးခဲ့ပြီ။
အကြောင်းရင်းကို နားလည်ပြီးနောက် ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ပျော်ရွှင်မူကို ခံစားလိုက်ရသည်။ သို့သော် ယောင်ဖုန်း၏ မျက်နှာမှာ တည်ငြိမ်လေးနက်နေသည်။
"ဒီကံတရားနဲ့ပတ်သက်ပြီး တစ်ခုခုများ မှားယွင်းနေသလား" ချင်ယွင်သည် တည်ငြိမ် လေးနက်မူရှိနေသည့် ယောင်ဖုန်းကို မြင်ပြီး မေးလိုက်သည်။
ယောင်ဖုန်း၏ အမူအရာသည် အဘယ်ကြောင့် ဤမျှလေးနက်နေသည်ကို သူ နားမလည်နိုင်ပါ။ ယောင်ဖုန်းသည် သူ၏ ကြီးကျယ်ခမ်းနားသော ကံကြမ္မာကြောင့် မနာလို ဖြစ်နေသည်ဟူသော အတွေးမျိုး သူ့ဆီရှိမနေသည်မှာ သေချာပါသည်။ သိသာထင်ရှားစွာ၊ ဤကိစ္စအတွက် သူမမှာ အခြားအကြောင်းပြချက်များ ရှိနေရလိမ့်မည်။
"မင်းရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး ဘာအမှားအယွင်းမှ မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဒီကံတရားက မင်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ထားပြီးသွားပြီ။ မင်းရဲ့အနာဂတ် ကျင့်ကြံမူအတွက် အလွန်အကျိုးရှိပါလိမ့်မယ်။ မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် တောင်, အဲဒီကံကြမ္မာက မင်းကို ကယ်တင်နိုင်လိမ့်မယ်”။ ယောင်ဖုန်းက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။ သို့သော် သူမ ပြောနေစဉ်မှာ သူမ၏မျက်နှာ အမူအရာက လေးနက်နေခဲ့သည်. သူမ၏ မျက်လုံးများတွင် မြူနှင်းလိုအေးစက်သည့် အရိပ်မြွက်ပင် ရှိနေခဲ့သည်။
"ဒါဆို မင်း ဘာလို့ ဒီလိုအမူအရာမျိုး ရှိနေတာလဲ" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။
ယောင်ဖုန်းသည် ထိုစကားများကို ပြောပြနေသော်လည်း သူမအမူအရာက လုံးဝကို ထူးခြားနေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ပို၍ပင် ပဟေဋ္ဌိဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ယောင်ဖုန်းကို သံသယရှိစွာ ကြည့်နေကြပြီး သူမ ပြောသမျှကို နားမလည်ကြပေ။
အားလုံးက သူမကို ကြည့်နေကြသည်ကို ယောင်ဖုန်းလည်း မြင်ပါသည်။ သူမက သက်ပြင်း အနည်းငယ်ချလိုက်ပြီး "ဒီအတိုင်းပဲ ထားလိုက်ရအောင်။ မင်း ဒီကံကြမ္မာကို ရရှိလိုက်တာ ကောင်းပေမယ့်လည်း ဆိုးဝါးတဲ့အရာတစ်ခုလည်း ရှိနေခဲ့တယ်။ ဒီကံကြမ္မာက မူလကတည်းက တခြားတစ်ယောက်နဲ့ သက်ဆိုင်နေလို့ပဲ။ အခု မင်းက အဲဒါကို တစ်ကိုက်တည်း ဝါးမျိုပြီးသွားပြီ။ တစ်ဖက်လူက အဲဒါကို အလွတ်မပေးမှာ ငါ ကြောက်မိတယ်။ တဖက်လူက ရှာတွေ့မသွားရင်တော့ အဆင်ပြေပါတယ်။ ရှာတွေ့သွားရင်တော့, မင်းကိုပြောမနေနဲ့ ငါတို့အားလုံးတောင် ဒီနေ့ ဒီနေရာမှာ သေသွားမှာ စိုးရတယ်”။
"ဘာ....?" နီထိုက်စွေ့သည် အလန့်တကြားဖြစ်ကာ မအော်ဘဲ မနေနိုင်ခဲ့ပေ။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြကာ၊ သူတို့မျက်နှာများသည် ထိတ်လန့် တုန်လှုပ်သွားကြသည်။
"ဒီကံကြမ္မာက တခြားတစ်ယောက်နဲ့ သက်ဆိုင်နေတာလား" ချင်ယွင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည် ။
ယောင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "အဲဒီလူက အရမ်းကို အစွမ်းထက်တယ်။ ငါ့ရဲ့ အထွတ်အထိပ်အခြေအနေမှာတောင် ငါက သူ့ကို ငါ့မျက်လုံးထဲ အပြည့်အဝ ထည့်ထားနိုင် တဲ့လူတစ်ယောက်ပဲ။ ဒါပေမယ့် ငါ့ရဲ့ခွန်အားကလည်း အပြည့်အဝ ပြန်ကောင်းမလာသေး ဘူး။ သူ တကယ်နိုးထလာခဲ့ရင် ငါက သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး"
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်ခုံးများသည် ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
ယောင်ဖုန်းက ဘယ်သူ့အကြောင်း ပြောနေမှန်း သူ မသိပါဘူး။ သို့သော် ထိုလူသည် အလွန်မင်း အစွမ်းထက်သည်ဟု သူ ပြောနိုင်သည်။
ယောင်ဖုန်းသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနှင့် ယှဉ်နိုင်သော လင်ကျိကိုပင် ဓားတစ်ချက်တည်းဖြင့် နောက်ပြန်လွင့်ထွက်အောင် တွန်းအားပေးနိုင်ခဲ့သူ ဖြစ်သည်။ သူမ၏ ခွန်အားသည် သေချာပေါက် အစောပိုင်းအဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွတ်အထိပ်မှာ ရှိနေလိမ့်မည်။ သို့သော်လည်း သူမသည်ပင် ထိုလူ၏ ပြိုင်ဘက် မဟုတ်ဟု ပြောနေခဲ့သည်။ ထိုလူ၏ခွန်အားသည် မည်မျှ အားကောင်းသည်ကို တွေးကြည့်နိုင်သည်။
လူအုပ်ကြီးလည်း ထိုစကားကိုကြားလိုက်ရလျှင်, အားလုံး အံသြသွားကြသည်။
တော်ယုနှင့် တော်အန်းတို့ဆို အထူး အံ့သြသွားကြရသည်။ ဓားမြုပ်နှံခြင်းတောင်တန်းသို့ ရောက်ရှိလာကတည်းက သူမတို့ကြုံတွေ့ခဲ့ရသော အန္တရာယ်များသည် သူမတို့၏ စွမ်းအားကို ကျော်လွန်နေပြီ ဖြစ်သည်။ ချင်ယွင်၏ ထပ်ခါတလဲလဲ တိုက်ခိုက်ပေးမှုများ ကြောင့်သာ မဟုတ်ပါက၊ သူမတို့သည် ဤနေရာ၌ သူမတို့၏ အသက်ကိုးချောင်းထိပင် ထည့်တွက်ရပေလိမ့်မည်။
ယခု ယောင်ဖုန်း၏ စကားကို ကြားလိုက်ရတော့ သူတို့စိတ်နှလုံးထဲမှာ အေးခဲသွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ အမူအရာသည် ထူးထူးခြားခြား လေးနက်လွန်းနေကာ သူ့အကြည့်များက စူးရှနေသည်။ "တကယ်လို့ သူ လာရှာချင်ရင် ငါတစ်ယောက်တည်း ရင်ဆိုင်မယ်"။
သို့သော် သူပြောပြီးသည်နှင့် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ မူလက ကြယ်ရောင်စုံသော ညကောင်းကင်ယံသည် ရုတ်တရက် တိမ်မည်းများဖြင့် ထူထပ်လာသည်။ ထူထပ်သော မိုးတိမ်တိုက်များအတွင်း၊ နတ်ဘုရားလျှပ်စီးများက အဆက်မပြတ် တဖျပ်ဖျစ်လင်းလက်နေသည်။
"ကြည့်ရတာ, မင်းကံတရားကို ခိုးယူသွားတာကို သူ သတိထားမိပုံရတယ်။ သူ ဒေါသထွက်စ ပြုလာပြီ" ယောင်ဖုန်းသည် ကောင်းကင်ယံတွင် အဆက်မပြတ် လင်းလက်နေသော နတ်ဘုရားလျှပ်စီးကြောင်းများကို ကြည့်ကာ သူမ၏ မျက်ခုံးများက ချက်ခြင်း ပြင်းထန်စွာ တွန့်ရှုံ့သွားခဲ့သည်။
တော်ညီအစ်မ၏ မျက်နှာတွေက ပို၍ပင် ဖြူဖျော့နေခဲ့သည်။ နီထိုက်စွေ့လည်း ပိုကောင်းခြင်းမရှိပေ။ သူ့နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်လာသည်။
ကံကောင်းထောက်မစွာ၊ ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် ငြိမ်သက်နေဆဲ ဖြစ်သည်။ သူတို့သည် ကောင်းကင်ယံကို မော့ကြည့်ရန် ခေါင်းမော့လိုက်ကာ သူတို့မျက်နှာတွေက ညှိုးငယ်နေကြသည်။
"ကြည့်စမ်း၊ တစ်ယောက်ယောက်ရှိတယ်”။
ထိုအခိုက်တွင် တော်အန်းသည် သူမရှေ့က ရေကန်ကို ညွှန်ပြပြီး သတိပေးသံဖြင့် အော်ဟစ်လိုက်သည်။
ဤအော်သံကိုကြားသောအခါ အားလုံးက တော်အန်း ညွှန်ပြနေသည့်ဘက်ကို ကြည့်လိုက်ကြသည်။
မြူခိုးတွေကြားထဲမှာ လူတစ်ယောက်သည် လှိုင်းလုံးကြီးများကဲ့သို့ လျှင်မြန်စွာ ရွှေ့လျားလာခဲ့သည်။ သူသည် အရင်က ကီလိုမီတာ တစ်သောင်းအထိ ကွာဝေးနေခဲ့သော် လည်း နောက်စက္ကန့်ပိုင်းအတွင်းမှာ ကီလိုမီတာ တစ်ထောင် အကွာအဝေးကို ရောက်ရှိနေ ပြီ။ သူ့ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ပြင်းထန်သော ဖိအားကို ပေးစွမ်းသည်။ ဤဖိအားသည် အမှန်တကယ်ပင် ဖြည်းဖြည်းချင်း ရွေ့လျားနေသော နတ်ဘုရား သင်္ဘောကြီးကို ရပ်တန့်သွားစေခဲ့သည်။
"ဒါ သူပဲ" ယောင်ဖုန်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏မျက်လုံးများ သည် အလွန်မင်း အေးစက်လာခဲ့သည်။
ချင်ယွင်သည် လေးနက်သော အမူအရာဖြင့် အဝေးမှ ရုပ်အသွင်ပြင်ကို လှမ်းကြည့် လိုက်သည်။