အခန်း ၁၂၇၁
Vol. 85 Ch. 1271
အခန်း (၁၂၇၁) ကျန်းခွန်၏ရွေးချယ်မှု
ယခုအချိန်တွင်၊ ဘိုးဘေးနတ်ဘုရားသည် ဤနတ်ဘုရားနယ်မြေ၌ အလွန်မင်း အစွမ်းထက်သော ကန့်သတ်ချက်တစ်ခု ထားရှိခဲ့သည်။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင်လျှင် ဝေဟင်မှ ပျံသန်းနိုင်ခြင်း မရှိပေ။ သို့သော်လည်း သူ့ရှေ့မှ ဤလူသည် ရေပေါ်တွင် လမ်းလျှောက်နိုင်ခဲ့သည်။ သူသည် လေထဲသို့ လျှောက်လှမ်းနိုင် လောက်အောင် အစွမ်းထက်ခြင်း မရှိသော်လည်း၊ သူသည် ဤကမ္ဘာကြီးကို အနည်းငယ် ထိတ်လန့်အောင် လုပ်ဆောင်နိုင်ဆဲဖြစ်သည်။
ဤအရာတစ်ခုတည်းဖြင့်ပင် ဤလူ၏ကျင့်ကြံမှုသည် အလွန်မင်း ထူးကဲလှကြောင်း မည်သူမဆို ပြောနိုင်သည်။
ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးနိုင်ခြင်း မရှိသေးပေ။ ချင်ယွင်သည် ဤလူ၏ ကျင့်ကြံမှုကို အမှန်တကယ် မမြင်နိုင်ပေ။ ဤလူ၏ ကျင့်ကြံမှုသည် သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ပြင်းထန်သော အငွေ့အသက်ကို အခြေခံ၍ အနည်းဆုံး မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အလယ်အလတ်အဆင့်တွင် ရှိနေနိုင်သည်ဟုသာ ကောက်ချက်ချနိုင်ခဲ့သည်။
တိုက်ခိုက်ရန် အသာထား၊ ချင်ယွင်သည် သူ့မှာရှိသမျှ နည်းလမ်းအားလုံးကို အကုန် အသုံးပြုလျှင်ပင်, သူသည် ထိုလူ၏ပြိုင်ဘက် သေချာပေါက် မဖြစ်နိုင်သေးပေ။
သူ၏အမြင်အာရုံထဲမှာ တိမ်များနှင့် အမှောင်ထုများကြောင့် ချင်ယွင်သည် ထိုလူ၏ ရုပ်အသွင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် သူသည် လူလတ်ပိုင်းအရွယ်တစ်ဦး ဖြစ်ကြောင်း ယောင်ဝါးဝါး ပြောနိုင်သည်။ သူသည် သွေးရောင်ဝတ်ရုံကို ၀တ်စားထားကာ လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်နှင့်အမျှ သူ့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်နှင့် အခြားလူများစီးလာ သည့် သင်္ဘောကြီးရှေ့ မီတာတစ်ထောင်အကွာမှာ ရပ်တန့်သွားသည်။ သူသည် သင်္ဘောပေါ်တက်ရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။ သူသည် ချင်ယွင်နှင့် အခြားလူများရှိနေသည့် သင်္ဘောကြီးကို အေးစက်စွာ စိုက်ကြည့်နေသည်။
ချင်ယွင်သည် သင်္ဘောလေးကိုင်းပေါ်တွင် ရပ်ကာ ထိုလူကို တိတ်တဆိတ် စိုက်ကြည့်နေ သည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း လေထုသည် အထူး တိတ်ဆိတ်ငြိမ်သက်လာသည်။ ကောင်းကင်ယံမှ မည်းမှောင်နေသော တိမ်တိုက် များနှင့် ကောင်းကင်ယံအပြည့် လင်းလက်နေသော နတ်ဘုရားလျှပ်စီးများကိုပါ ထည့်ပေါင်းလိုက်သည့်အခါ, သူ့အား ပျက်ဆီးခြင်း ခံစားချက်ကို ပေးစွမ်းနေသည်။
တော်ညီအစ်မဆို, အသက်ရှုကြပ်ပြီး အသံတောင် မထွက်ရဲတော့ပါဘူး။
တစ်ဖက်တွင်မူ နီထိုက်စွေ့သည် ကုန်းပတ်ပေါ်တွင် ယခင်ကဲ့သို့ နွားအော်ရာမျိုး မရှိတော့ ဘဲ ကျုံ့ကျုံ့လေး ဖြစ်နေသည်။
ရှေးဟောင်းတာအိုသည် ကူညီပေးရန် ကြံရွယ်ထားသော်လည်း သူ့အစွမ်းက ချင်ယွင်ကို နည်းနည်းလေးမှ မကူညီနိုင်ဘူးဆိုသည်ကို သူ သိသည်။ သူသည် ချင်ယွင်၏နောက်တွင် ခါးသီးသော အပြုံးဖြင့်သာ ရပ်နေနိုင်သည်။
ယောင်ဖုန်းသည် ဘေးအနားတွင် ရပ်ကြည့်မနေဘဲ ချင်ယွင်၏အနားသို့ လျှောက်သွား သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယောင်ဖုန်း၏ရုပ်အသွင်ကို မြင်သောအခါတွင် သူ့ပါးစပ်ထောင့်မှ လှောင်ပြောင်ဟန် အမူအရာတစ်ခု ထွက်ပေါ်မလာခင် အံ့ဩသွားသေး သည်။
"ငါ့ရဲ့ကံကြမ္မာကို ဘယ်သူက ယူဆောင်သွားလဲလို့ ငါ တွေးနေခဲ့တာ။ ဒါဆို ကောင်းကင် နတ်ဘုရားမ ယောင်ဖုန်းပေါ့။ ခင်ဗျားက ဘာလို့ အထီးကျန်ဆန်မှုကို တောင့်ခံမနေဘဲ ကျုပ်ရဲ့ကံကြမ္မာကို သိမ်းယူပြီး လူဝင်စားဖို့ ရွေးချယ်ရတာလဲ။" ရေကန်၏မျက်နှာ ပြင်ပေါ်တွင် ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သင်္ဘောလေးကိုင်းပေါ်မှ ယောင်ဖုန်းကို မြင်သောအခါ လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ သူ့အသံက အကျယ်ကြီး မဟုတ်ပေမယ့် ခေါင်းလောင်းသံကဲ့သို့ ကမ္ဘာအနှံ့ ပဲ့တင်ထပ်နေသည်။
ချင်ယွင်ကိုမူ, ယောင်ဖုန်း ပေါ်လာပြီးနောက်တွင် သူသည် လုံးဝ လျစ်လျူရှုထားလိုက် သည်။
"ကျန်းခွန်၊ ရှင် နောက်ဆုတ်ဖို့ ငါ အကြံပေးချင်တယ်။ ရှင်က ဒီနတ်ဘုရားသင်္ဘောကြီးရဲ့ ကံကြမ္မာကို ဆယ်စုနှစ်ပေါင်းများစွာ ဝါးမြိုပြီးသွားပြီ။ အခု, ရှင့်အတွက် အနှစ်တစ်သန်းရဲ့ ကံကြမ္မာက မရှိမဖြစ်အရေးကြီးလို့လား?။ ရှင်က နှစ်တစ်သန်းရဲ့ ကံကြမ္မာအတွက်နဲ့ ကျွန်မရဲ့ရန်သူ ဖြစ်ချင်တာလား။?" ယောင်ဖုန်းက အေးစက်စွာ ပြောပြီး သူမ၏အသံသည် ကောင်းကင်ဘုံကိုးခုကိုပင် ဖောက်ထွင်း ဝင်ရောက်သွားသည်။
"ဟမ့်၊ နှစ်တစ်သန်းရဲ့ကံကြမ္မာက မရှိမဖြစ် အရေးကြီးလို့လား?။ ဟုတ်စ၊ ပြောတော့ လွယ်တာပေါ့။ အခုအချိန်မှာ၊ နတ်ဘုရားကပ်ဘေးဒုက္ခက နီးကပ်လာပြီး၊ ပရမ်းပတာ ဖြစ်လာနေပြီ။ ဘယ်သူကရော ကိုယ့်ကိုယ်ကို မကာကွယ်ချင်သူရှိမလဲ။ ဒီနှစ်သန်းရဲ့ ကံကြမ္မာက ကျုပ်အတွက် ဘယ်လောက်တောင် အရေးကြီးလဲ။ ဒီကံကြမ္မာကြောင့်သာ မဟုတ်ရင်, ကျုပ် ဒီလောက်များပြားလှတဲ့ နတ်ဘုရားကပ်ဘေးဒုက္ခထဲကနေ မသေဘဲ လွတ်မြောက်နိုင်မယ်လို့ ခင်ဗျား ထင်ပါလား။ ကျုပ်ရဲ့ကံကြမ္မာကို ဝါးမျိုးသွားတဲ့ ဘယ်သူမဆို, ဒီနေ့ ကျုပ် ပြန်လည်ဝါးမျိုရမယ်။ "ခင်ဗျားဆိုတဲ့ ဖီးနစ်နတ်ဘုရားမတောင်မှ ခြွင်းချက်မရှိဘူး" ကျန်းခွန်ဟု အမည်ရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့ပြီး၊ သူ့လေသံက ပြင်းထန်သော အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။
"ကျန်းခွန်၊ ငါက အခုမှ ပြန်လည်မွေးဖွားလာတယ်လို့ မထင်လိုက်နဲ့။ ငါ အားနည်း နေရင် တော့ ရှင့်ကို ကြောက်ကောင်းကြောက်လိမ့်မယ်။ ငါ့ရဲ့လက်ရှိအင်အားက အရင်တုန်းက ထက် အဆပေါင်းတစ်ထောင် အားနည်းနေရင်တောင် ရှင့်အနေနဲ့ ငါ့ကို သတ်ဖို့က မဖြစ်နိုင်သေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ငါ့ရဲ့စွမ်းအားကို အကုန်အသုံးပြုလိုက်ရင် ရှင့်ကိုတောင် သတ်ပစ်နိုင်သေးတယ်။ ရှင့်အနေနဲ့ ဒီကိစ္စကို စဉ်းစားရင် ပိုကောင်းလိမ့်မယ်။ အမှားမလုပ်မိစေနဲ့။" ယောင်ဖုန်း၏အသံက ပိုအေးစက်သထက် ပို၍ အေးစက်လာခဲ့ပြီး၊ သူမ၏လေသံမှာ ကောင်းကင်နတ်ဘုရားမတစ်ပါး၏ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားသကဲ့သို့ သူမ၏ လေသံက ပို၍ လွှမ်းမိုးနိုင်စွမ်းရှိလာခဲ့သည်။
ယောင်ဖုန်းသည် တစ်ချိန်တုန်းက တန်ခိုးကြီးသော ကောင်းကင်နတ်ဘုရားမတစ်ပါး ဖြစ်ခဲ့ဖူးပြီး၊ ကျန်းခွန်သည် နှစ်သန်းပေါင်းရာနှင့်ချီ၍ ကျင့်ကြံခဲ့သော်လည်း သူသည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရားတစ်ပါးသာ ဖြစ်နေပါသေးသည်၊ ထို့ကြောင့်, ထိုအချိန်တုန်းက ယောင်ဖုန်းသည် ကျန်းခွန်ပင် မျှော်ကြည့်နေရသည့် တည်ရှိမူမျိုး ဖြစ်ခဲ့ဖူးသည်။
အခု ကျန်းခွန်သည် မာနကြီးလွန်းသဖြင့် ယောင်ဖုန်းသည် ကောင်းကင်နတ်ဘုရားမ တစ်ပါး၏ ဂုဏ်သိက္ခာကို မထိန်းနိုင်ဘဲ ထုတ်ဖော်ပြသလာသည်။
ယောင်ဖုန်း၏စကားကိုကြားတော့ ကျန်းခွန်ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသား သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက ယောင်ဖုန်းဘေးမှ မျက်လုံးများကို မှေးကျဉ်းထားသော ချင်ယွင်ကို စိုက်ကြည့်လိုက်ပြီး "ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း, ခင်ဗျား ဘေးအနားက ဒီကောင်စုတ်လေးက ဒီကံကြမ္မာကို မျိုချလိုက်တာ သိသာပါတယ်။ ခင်ဗျားက သူ့ကို ဒီလိုမျိုး တကယ်ပဲ ကာကွယ်ပေးခဲ့တာလား?။ ခင်ဗျားနဲ့ သူရဲ့ ဆက်ဆံရေးက မရိုးရှင်းလောက်ဘူး" ခင်ဗျားရဲ့ ချစ်သူကောင်လေလား”။ ဟိုတချိန်တုန်းက နောက်ကနေ မရေမတွက်နိုင်တဲ့အထိ ဝိုင်းဝိုင်းလည်အောင် အလိုက်ခံရ တဲ့ ကောင်းကင်နတ်ဘုရား ယောင်ဖုန်းဟာ ဒီလိုအခြေအနေမျိုးအထိ လျော့ကျသွားလိမ့် မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒီနတ်ဘုရားကမ္ဘာကြီးရဲ့ ပါရမီရှင်တွေသာ ဒီမြင်ကွင်းကို မြင်တွေ့သွားရင် သူတို့ ဘယ်လိုခံစားရမလဲလို့ ငါ သိချင်မိတယ်”။
ကျန်းခွန်၏ စကားတွေက လှောင်ပြောင်ကျီစယ်မူများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များက ပျော့ပြောင်းသည့် အစားစာကို စားသောက်နေသည့် ချောမောလှပသော ကလေးတစ်ယောက်ကို ကြည့်နေသည့်အလား အထင်အမြင်သေးမူ များဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒီကိစ္စက ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းနဲ့ ဘာမှမဆိုင်ဘူး။ အဓိပ္ပာယ်မဲ့ စကားတွေ လျောက်ပြောမနေနဲ့။ ခင်ဗျားရဲ့ကံကြမ္မာကို ကျုပ် ဝါးမျိုလိုက်တယ်။ ခင်ဗျား ရှာချင်ရင် ကျုပ်ကို လာရှာလို့ရတယ်” ချင်ယွင်က ချက်ချင်းပင် ဒေါသတကြီး အော်ပြောလိုက်သည်။
ကျန်းခွန်ဟုခေါ်သော ဤလူသည် ရေကန်အောက်ခြေတွင် တစ်နှစ်ပတ်လုံး ပုန်းအောင်းနေသည့် လူတစ်ဦးသာဖြစ်ကြောင်း နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီး နတ်ဘုရားသင်္ဘော၏ ကံကြမ္မာသည် သူ့အပိုင်ဖြစ်သည်ဟု မပြောနိုင်ပေ။ သို့သော်လည်း သူသည် ၎င်းကို နှစ်ပေါင်းများစွာကြာအောင် ဝါးမျိုနေခဲ့သည်။ အချိန်ကြာလာသည်နှင့် အမျှ နတ်ဘုရားသင်္ဘော၏ကံကြမ္မာသည် သူနှင့်သက်ဆိုင်သည်ဟု အထင်ရောက်လာပြီး၊ တကယ်တမ်းတွင်မူ သူသည် နတ်ဘုရားသင်္ဘော၏ ပိုင်ရှင်အစစ်မဟုတ်ပေ။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းမှာ ငါ့ကို ဒီလိုစကားမျိုးပြောဖို့ ဘာအရည်အချင်းရှိလဲ။ စိတ်မပူပါနဲ့။ ဒီနေ့ မင်း သေချာပေါက် သေလိမ့်မယ်။ ဘာလို့ဆို, မင်းကို မင်းမျိုချလိုက်တဲ့ ကံကြမ္မာနဲ့အတူ ဝါးမျိုပစ်မှာမိုလို့ပဲ။ မင်းရဲ့နောက်က ဒီပုရွက်ဆိတ်တွေလည်း ပါတယ်။ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူတို့လည်း ဒီနေ့ သေရမှာပဲ” ကျန်းခွန်ဟု ခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်ပြီး သူ့နှလုံးသားထဲမှာ အမျက်ဒေါသက ပြင်းပြင်းထန်ထန် ထွက်လာခဲ့သည်။
ဤကျန်းခွန်သည် တကယ်ကို မာနကြီးလွန်းပြီး သူ့ကို မျက်လုံးထဲတွင် လုံးဝ ထည့်မထားခဲ့ပါဘူး။
"ကျန်းခွန်၊ ငါ ထပ်ပြောပါရစေ။ ရှင် မမှားမလုပ်မိစေနဲ့။ သူက ငါခေါ်လာပေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ရှင့်အနေနဲ့ သူ့ကို နည်းနည်းလေးမှ နာကျင်အောင်လုပ်ဖို့ ငါ ခွင့်မပြုဘူး။ ရှင်က အဲဒီနှစ်တစ်သန်းကြာ ကံကြမ္မာအတွက်နဲ့ ငါ့ရန်သူ ဖြစ်သွားချင်လား။ တကယ်လို့, ငါ ဒီနေ့ ထွက်သွားနိုင်ခဲ့ပြီး ငါ့ရဲ့ခွန်အားတွေ ပြန်ကောင်းလာတာနဲ့, အနာဂတ်မှာ ရှင့်ကို သတ်ပစ်နိုင်တယ်ဆိုတဲ့အချက်ကို ရှင် ရှင်းရှင်းလင်းလင်း တွေးကြည့် လိုက်ပါ။ ယောင်ဖုန်းသည် အဝေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ အကြွင်းအကျန်နှင်းဓားက သူမ၏လက်ထဲတွင် ပေါ်လာပြီး အချိန်မရွေး တိုက်ခိုက်နိုင်သည်။
ကျန်းခွန်အမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယောင်ဖုန်း၏ စကားများနှင့်ပတ်သက်ပြီး တွေးတောနေပုံရသည်။
ယောင်ဖုန်းပြောသည်မှာ မှန်ပါသည်။ ယောင်ဖုန်း၏စွမ်းအားသည် သူမ အထွတ်အထိပ် အချိန်ကထက် အဆပေါင်းများစွာ နိမ့်ကျနေသော်လည်း၊ ဤယောင်ဖုန်းကို သတ်ပစ်ရန် သူ့အတွက် အလွန်မင်း ခက်ခဲနေပါသေးသည်။ အကယ်၍, သူသာ ယောင်ဖုန်းကို အမှန်တကယ် လွတ်မြောက်စေခဲ့မည်ဆိုလျှင် နောင်အချိန်တွင် ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရမည်ကို သူ ကြောက်နေမိသည်။
သို့သော် ချင်ယွင်ကို ဤကဲ့သို့ လွှတ်ပေးပြီး ထိုနှစ်သန်းကံကြမ္မာကို စွန့်လွှတ်လိုက်ခြင်းကို လည်း သူ့စိတ်ထဲတွင် အလားတူ ဆန္ဒရှိမနေခဲ့ပေ။ ဤကံကြမ္မာသည် ဤနတ်ဘုရား ကပ်ဘေးဒုက္ခမှ သူ ရှင်သန်လွတ်မြောက်နိုင်ခြင်း ရှိမရှိကိစ္စနှင့် ဆက်စပ်နေသည်။
ဤနှစ်တစ်သန်းကံကြမ္မာ၏ ကောင်းချီးပေးမူများဖြင့်ဆို၊ သူသည် ဤနတ်ဘုရား ကပ်ဘေးဒုက္ခကို ဘေးကင်းစွာ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် ဤကံကြမ္မာ မရှိတော့လျှင် သူသည် ဤနတ်ဘုရားကပ်ဘေးဒုက္ခတွင် သေဆုံးနိုင်ချေများ ပါသည်။
"မဟုတ်ဘူး၊ ငါ ဒီကံကြမ္မာကို လက်မလွှတ်နိုင်ဘူး" ကျန်းခွန်၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းတန်းတစ်ခုနှင့်အတူ လင်းလက်လာခဲ့ပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာခဲ့သည်။ သူ၏လက်ဖဝါးမှ နတ်ဘုရား တန်ခိုးသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး ဧရာမနတ်ဘုရားသင်္ဘောဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
လှိုင်းလုံးကြီးများသည် ကြီးမားလှပြီး၊ လှိုင်းလုံးကြီးများက တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသည်။
ဤလက်ဖဝါးရိုက်ချက်သည် ပေတစ်သောင်းမြင့်မားသော ကြီးမားသော လှိုင်းလုံးကြီးကို တိုက်ရိုက် နှိုးဆော်သွားခဲ့ပြီး ဧရာမသင်္ဘောကြီးဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့အားသင့်သွားကြသည်။
"ခေါင်းမာတာလား”။
ယောင်ဖုန်း၏ မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမလက်ထဲမှ နှင်းဓားက ချက်ချင်းပင် ခုတ်ပိုင်းသွားခဲ့သည်။