← Chapters

အခန်း ၁၂၇၂

Vol. 85 Ch. 1272

အခန်း ၁၂၇၂

Vol. 85 Ch. 1272

အခန်း (၁၂၇၂) ကောင်းကင်လှုပ်ခတ်လောက်သည့်တိုက်ပွဲ။

ယောင်ဖုန်းသည် သူမ၏လက်ထဲမှ အကြွင်းကျန် နှင်းဓားကို ဝှေ့ယမ်းလိုက်ပြီး၊ ပေတစ်သောင်းမြင့်သော လှိုင်းလုံးကြီးကို ချက်ချင်း ခုတ်ပိုင်းပစ်လိုက်သည်။

ယောင်ဖုန်း၏ ဓားချက်ကြောင့် ပေးတစ်သောင်းမြင့်သော လှိုင်းလုံးကြီးသည် ချက်ခြင်း ဖြတ်တောက်ခံလိုက်ရသည်။ ပေတစ်သောင်းမြင့်သော လှိုင်းလုံးကြီးအတွင်းမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး လှိုင်းလုံးတွင်ပါရှိသော စွမ်းအားသည် ဓားချက် ကြောင့် လုံးဝ ကွဲအက်သွားခဲ့သည်။

ကန်ရေပြင်သည် နှစ်ပိုင်းကွဲသွားပြီး၊ မိုးရေမိုးပေါက်အသွင် ပြောင်းသွားကာ၊ ကျယ်လောင် သော ရိုက်ခတ်မူနှင့်အတူ ဧရာမသင်္ဘောကြီးပေါ်သို့ ဆင်းသက်လာခဲ့သည်။

လေထဲမှာ တုံ့ဆိုင်းနေသော လှိုင်းလုံးကြီး၏ စွမ်းအားသည် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ကန်ရေသည် မည်သူ့ကိုမျှ မထိခိုက်စေနိုင်ပေ။ ဧရာမသင်္ဘောကြီးသည် မပြိုလဲနိုင်သော နတ်တောင်ကြီးကဲ့သို့ပင် မလှုပ်မယှက် ဖြစ်နေသည်။

ချင်ယွင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလင်းဒိုင်းကို ရုတ်သိမ်းလိုက်သည်။ သူ့အဝတ်ထောင့်တွေက စိုစွတ်နေပြီး၊ သူ့နှလုံးသားထဲတွင် ကြောက်ရွှံ့မူအပြည့်ရှိနေခဲ့ သည်။

ယောင်ဖုန်း၏ ဓားချက်ကြောင့်သာ မဟုတ်ရင်၊ ထိုတုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီး က လူတိုင်းကို ထပ်မံ သေစေလိမ့်မည်။ ဤလှိုင်းတွင်ပါရှိသော စွမ်းအားသည် အနည်းငယ် ကြောက်စရာကောင်းသည်။

ဘန်း..။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်နေစဉ်မှာ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းက သူတို့ဆီ တစ်ဖန် တရစပ် ကျရောက်လာပြန်သည်။ ထိုအချိန်မှာ လူလတ်ပိုင်း အရွယ် အမျိုးသားသည် ခုန်တက်ပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ သူ့လက်ဖဝါး၏ စွမ်းအားသည် လွှမ်းမိုးနိုင်စွမ်းကြီးလွန်းသည်။

ချင်ယွင်၏ နှလုံးသားသည် ချက်ချင်း တုန်လှုပ်သွားပြီး သူ့ကိုယ်သူ ခုခံကာကွယ်ရန် အလျင်အမြန် လုပ်ဆောင်လိုခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယောင်ဖုန်းသည် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း တိုးသွားခဲ့သည်။ ထို့နောက်တွင် သူမ၏ ချောမောလှပသော ခန္ဓာကိုယ်သည် ချက်ချင်းပင် ပျံထွက်သွားပြီး လူလတ်ပိုင်းအရွယ်အမျိုးသား၏ ရုပ်အသွင်ကို နှုတ်ဆက်လိုက်သည်။

"ချွင်..”။

ဓားအော်သံတစ်ချက်က တိမ်တိုက်များကြားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ယောင်ဖုန်း၏ လက်ထဲတွင် အေးစက်စက် နှင်းဖြူရောင် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူမသည် ကောင်းကင်ကို ဖြတ်ပိုင်းလိုက်သည်။ ရေခဲနှင့် နှင်းများသည် ကောင်းကင်ယံကို ချိတ်ပိတ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးကြီးထဲသို့ တိုက်ရိုက် ထိုးကျသွားသည်။

"ဘုန်း”။

ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယောင်ဖုန်းနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားတို့သည် အားပြင်းသော စွမ်းအင်မုန်တိုင်းကြောင့် နောက်ပြန် ဆုတ်သွားကြသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ခပ်လှမ်းလှမ်းမှ ရေကန်၏မျက်နှာပြင်ပေါ်သို့ လွင့်ပျံသွားခဲ့ပြီး ယောင်ဖုန်းသည် သင်္ဘောခေါင်မိုးပေါ်သို့ တစ်ဖန် ပြန်ဆင်းသက်လာခဲ့ သည်။

ယောင်ဖုန်းသည် သူမ၏ လက်ထဲတွင် ဓားကို ကိုင်ထားပြီး သူမ၏ အကြည့်များသည် အလွန်အေးစက်ပြီး မာနကြီးကာ၊ သူမ၏အဝတ်စားများက ချောက်ချားဖွယ်ကောင်း လောက်အောင် တဖျပ်ဖျပ် လွင့်ပျံနေသည်။

ခပ်လှမ်းလှမ်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်လုံးများတွင် အလွန် မှိုင်းညို့နေသည့် အမူအရာဖြင့် ကြည့်နေသည်။ သူ၏နယ်ပယ်သည် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သူသည် ဤကမ္ဘာ၏ ဖိနှိပ်ခြင်းကို ခံထားရသော်လည်း၊ သူ၏ ခွန်အား သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်ထက် သာလွန်နေသေးသည်။ သူသည် အလယ်လတ်အဆင့် မြေကမ္ဘာနတ် ဘုရားနယ်ပယ်တွင် သူ၏ခွန်အားကို ဆက်လက် ထိန်းသိမ်းထားခဲ့ပြီး အခြားသော နည်းလမ်းများဖြင့်ဆိုပါက၊ သူသည် အလယ်လတ်အဆင့် မြေကမ္ဘာနတ် ဘုရားနယ်ပယ် ပညာရှင်များကိုပင် မည်သည့်အားနည်းချက်မှ မရှိဘဲ ရင်ဆိုင်နိုင်ပါသည်။

ဤယောင်ဖုန်းအနေဖြင့်, သူမသည် မြေကမ္ဘာနတ် ဘုရားနယ်ပယ်၏ အစောပိုင်း အဆင့်တွင်သာ ရှိနေသေးကြောင်း ထင်ရှားသည်။ သို့သော်လည်း, ယခုလေးတင်, ထိုဓားနှစ်ချက်၏ စွမ်းအားသည် သူပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ သူမ၏ ခွန်အားကို လျှော့တွက်၍ မရဘူးဆိုသည်မှာ မြင်နိုင်ပါသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရား နယ်ပယ်၏ ခွန်အားဖြစ်သည်။ ယောင်ဖုန်း၏ စွမ်းအားသည် ယခင်ကထက် တစ်ထောင်အောက်သာ ရှိသော်လည်း၊ သူမတွင် ကိုယ်ပိုင် နည်းလမ်းများ ရှိနေဆဲဖြစ်သည်။ သူမ၏ ဓားသိုင်းစွမ်းရည်သည် သာမန် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် များစွာသာလွန်သည်။ ထို့ကြောင့် ကျန်းခွန်သည် သူမကို တိုက်ခိုက်သောအခါ နှိုင်းမရတဲ့ ခေါင်းကိုက်ခြင်းကို ခံစားခဲ့ရသည်။

သေချာသည်မှာ, ယင်းက သူ့ကို ခေါင်းကိုက်စေရုံသာ ဖြစ်ပါသည်။ တိုက်ပွဲကို အချိန် ကြာကြာဆွဲတိုက်နိုင်ပါက, သူသည် အနိုင်ရနိုင်ပါသေးသည်။ ဤဖြစ်စဉ်တွင် ယောင်ဖုန်း၏ ပြင်းထန်သော ဓားချက်များကြောင့် သူ ထိခိုက်ဒဏ်ရာရခြင်း မရှိသရွေ့ အဆင်ပြေပါ သည်။

"ဟမ့်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ ငါကျန်းခွန်က ဒီနေ့ လှုပ်ရှားပြီဆိုကတည်းက မင်းကို ချန်ထားဖို့ သဘာဝအတိုင်း မဖြစ်တော့နိုင်ဘူး။ မင်းပြောခဲ့သလိုပဲ။ မင်းရဲ့ ခွန်အား တွေ ပြန်ကောင်းလာတာနဲ့ ငါ့ကို သတ်ဖို့က ကြက်ကလေး ငှက်ကလေးသတ်သလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ငါ ဒီနေ့ သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တောင် မင်းကို လည်း ဒီမှာ ထားခဲ့ရမယ်။" ကျန်းခွန်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ့အကြည့်တွေက ပို၍ အုံ့မှိုင်းလာခဲ့သည်။

ယောင်ဖုန်းသည် ကျန်းခွန်၏ စကားကို ကြားလိုက်သောအခါ သူမ၏ မျက်လုံးများတွင် မြူနှင်းများက ပို၍ ထူထပ်လာသည်။

"တကယ်လို့ နှစ်သန်းပေါင်းများစွာ စုဆောင်းထားတဲ့ ကံကြမ္မာကြောင့်သာ မဟုတ်ဘူးဆို ရင်, ကံကောင်းတဲ့ မြေကမ္ဘာငါးတစ်ကောင်က ဒီရေကန်ရဲ့ အောက်ခြေမှာပဲ ပုန်းအောင်း နေရလိမ့်မယ်။ မင်း ငါ့ကို တိုက်ခိုက်ပြီဆိုမှတော့, မင်းရဲ့ သန်းရာပေါင်းများစွာ ကျင့်ကြံမူကို လုံးလုံးလျားလျား ဖျက်ဆီးခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့။” ယောင်ဖုန်းက အေးစက်စွာ အော်ပြောလိုက်သည်။ သူမ၏ လက်ထဲမှ အကြွင်းအကျန် နှင်းဓားသည် ပို၍ပင် တောက်ပနေ၏။ ပြင်းထန်သော နှင်းခဲများကြောင့် သင်္ဘောကိုယ်ထည်တစ်ခုလုံး အေးခဲသွားခဲ့သည်။

ကျန်းခွန်သည် ယောင်ဖုန်း၏ စကားကို ကြားသောအခါ ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။ အထူးသဖြင့် ယောင်ဖုန်း၏ မြေကမ္ဘာငါးတစ်ကောင်ဆိုသည့် စကားလုံးက သူ့နှလုံးသားထဲမှ အမျက်ဒေါသကို တဟုန်းထိုး စီးဆင်းနေသော မြစ်တစ်စင်း ကဲ့သို့ တဟုန်းဟုန်း တောက်လောင်စေခဲ့ပါသည်။

"ဒီနေ့ မင်းတို့အားလုံး သေရလိမ့်မယ်။" ကျန်းခွန်က ကျယ်လောင်စွာ အော်ဟစ်လိုက် သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေပြင်သည် တစ်ဖန် လှိမ့်၍ တက်လာခဲ့ပြီး၊ ဧရာမနဂါးကြီး အသွင်ပြောင်းသွားကာ ယောင်ဖုန်းဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ပုတ်ချလိုက်သည်။

ဧရာမ နဂါးကြီးသည် ဟိန်းဟောက်လိုက်ပြီး၊ ဟိန်းဟောက်သံက ကောင်းကင်ကိုပင် လှုပ်ခါနိုင်ပြီး သူ့မှာပါရှိသည့် တန်ခိုးစွမ်းအားက ပို၍ပင် ကြောက်စရာကောင်းပါသည်။

ချင်ယွင်နှင့် တခြားလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာများသည် သိသိသာသာ ပြောင်းလဲသွားပါသည်။

ရေကန်ကြီးမှ ဖြစ်ပေါ်လာသော နဂါးကြီး၏ စွမ်းအားသည် ၎င်းတို့ လုံးဝ ခံနိုင်ရည် မရှိနိုင် ပေ။ အကယ်၍, နဂါးကြီးသာ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာပါက, သူတို့သည် လုံးလုံး အက်ကွဲသွားပေလိမ့်မည်။ ဤတိုက်ခိုက်မှုသည် သူတို့အား ရည်ရွယ်ခြင်းမဟုတ်ဘဲ သင်္ဘောထိပ်ရှိ ယောင်ဖုန်းကို ဦးတည်နေခြင်း ဖြစ်သည်။

ယောင်ဖုန်း၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားကာ သူမလက်ထဲမှ နှင်းဓားသည် တစ်ဖန် ဖျတ်ခနဲ ခုတ်ပိုင်းသွားပြန်သည်။

တောက်ပနေသော နဂါးငွေ့တန်း ကြယ်စင်စုများကဲ့သို့ အေးစက်စက် အလင်းတန်းသည် ချက်ချင်း ဆင်းသက်လာပြီး ဧရာမနဂါးကြီးနှင့် တိုက်ရိုက်ပင် တိုက်မိသွားခဲ့သည်။

ကြောက်မက်ဖွယ် ဟိန်းဟောက်သံနှင့်အတူ ဧရာမနဂါးကြီးသည် ကွဲအက်သွားကာ ဧရာမနဂါးကြီး၏ တိုက်ခိုက်မှုကြောင့် ဓားအလင်းလည်း ပျောက်ကွယ်သွားသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ပြီး အံ့သြသော အမူအရာကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ ပေ။

"ဘယ်လောက်တောင် ပြင်းထန်တဲ့ ဓားချက်လဲ”။ ချင်ယွင်၏ စိတ်ထဲမှာ မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။

ဤယောင်ဖုန်း၏ဓားချက်သည် ခုတ်ပိုင်းဟန် ရိုးရှင်းပုံရသော်လည်း ၎င်းအတွင်းပါရှိသော ဓားလှုပ်ရှားမှုများသည် အလွန်မင်း ရှုပ်ထွေးပါသည်။ ထို့ကြောင့် ရိုးစင်းသော ဓားချက် သည် တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအားဖြင့် ပေါက်ကွဲထွက်နိုင်ခဲ့သည်။

ဘန်း…။

သို့သော် ယောင်ဖုန်း၏လက်ရှိ ဓားအလင်းသည် အလွန်မင်း အစွမ်းထက်သည်ဟု ချင်ယွင် က သူ့စိတ်ထဲတွင် ဟစ်ကြွေးနေစဉ်မှာ, တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသည့် တန်ခိုးစွမ်းအားတစ်ခု သူ့ဆီသို့ အပြင်းအထန် ထိုးခတ်လာလေသည်။ ချင်ယွင်သည် သူ့ဆီသို့ ပြင်းပြင်းထန်ထန် ထိုးဆင်းလာသော ရေလက်ဖဝါးကြီးတစ်ဖက်ကိုသာ မြင်လိုက်ရပါသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို ရုတ်တရက် တိုက်ခိုက်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။

ဘန်း…။

သို့သော် ချင်ယွင်သည် တွန်းလှန်ရန်အတွက် သူ၏နတ်ဘုရားတန်ခိုးကို စုစည်းရန် ကြိုးပမ်းနေချိန်မှာ ဓားအလင်းသည် လေဟာနယ်ထဲမှ ချက်ချင်း လင်းလက်သွားပြီး ထိုကြောက်စရာကောင်းသော လက်ဖဝါးကြီးကို တိုက်ရိုက် ဖြိုခွင်းလိုက်သည်။

ဝှီး..။

ယောင်ဖုန်း၏ရုပ်အသွင်သည် ပုံရိပ်ယောင်များအဖြစ် ပြောင်းသွားခဲ့ပြီး ချင်ယွင်၏ အနားတွင် ပေါ်လာကာ၊ အဝေးမှ လူလတ်ပိုင်းအရွယ် အမျိုးသားကို သူမ၏ အေးစက်စက် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။

"ကျန်းခွန် မင်းက ငါ့ကို လျှော့တွက်လွန်းရာ မကျဘူးလား?။ မင်းက တကယ်ပဲ ငါ့ကို တိုက်ခိုက်ပြီးတာနဲ့ သူတို့ကိုပါ တိုက်ခိုက်ချင်နေတာလား။ ဒါက ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းအဖြစ် ငါ့ရဲ့ဂုဏ်သတင်းက အလဟဿပဲလို့ မင်း တကယ် ထင်နေတာလား။" ယောင်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူမ၏ မျက်လုံးများက ပို၍ပင် အေးစက်လာ သည်။

"ယောင်ဖုန်း, မင်း ဒီကောင်လေးကို လွှဲပေးတာနဲ့ ငါ ချက်ချင်း ထွက်သွားမယ်။ အခုကစပြီး ငါ မင်းတို့ကို မစော်ကားတော့ဘူး။ မင်း ဘယ်လိုထင်လဲ။" ကျန်းခွန်က အေးစက်စွာ ပြောသည်။

"ဒီအကြောင်း စဉ်းတောင် မစဉ်းစားနဲ့" ယောင်ဖုန်းလည်း အေးစက်စက် အော်ပြောလိုက် သည်။ သူမ၏ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ကျန်းခွန်ဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့ သည်။ သူမ ဖြတ်သန်းသွားတိုင်း ရေကန်ပြင်၏ မျက်နှာပြင်သည် ထက်ရှသော ဓားဖြင့် လှီးဖြတ်သွားပုံရပြီး ဓားအမှတ်အသားနှစ်ခုပုံစံ လှိုင်းများ ထသွားစေခဲ့သည်။

"နံစော်နေတဲ့ ခွေးမ။ မင်းက တကယ်ကို သေချင်နေတာပဲ။ ဒီလိုဆိုမှတော့ ဒီနေ့ ငါ မင်းကို သတ်ရလိမ့်မယ်" ယောင်ဖုန်းက တိုက်ခိုက်လာသည်ကို မြင်လိုက်ရလျှင် ကျန်းခွန်၏ စိတ်ထဲမှာ ဒေါသမီးလျှံက ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် ကျယ်လောင်စွာ ကျိန်ဆဲလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံ၌ ကောင်းကင်ဘုံကိုးပါး နတ်ဘုရားလျှပ်စီးများက ချက်ခြင်း ပေါက်ကွဲသွား သည်။ လျှပ်စီးတိုင်လုံးကိုးတိုင်သည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ယောင်ဖုန်းကို တိုက်ရိုက်ပင် တရပ်စပ် အပြင်းအထန် တိုက်ခိုက်တော့သည်။

သင်္ဘောပေါ်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို မြင်သောအခါ ယောင်ဖုန်းအတွက် စိုးရိမ်ကြသည်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ရေခဲအေးများအသွင် ပြောင်းသွားခဲ့သည်။ ယောင်ဖုန်းသည် သူ့အတွက် တိုက်ပွဲဝင်နေသော်လည်း သူသည် ဘေးကနေသာ စောင့်ကြည့်နေရသည်။ ဤအရာက သူ့ပင်ကိုယ်စရိုက်နှင့် တကယ်ကို မလိုက်ဖက်ပါဘူး။

"ကြည့်ရတာ ငါ နည်းလမ်းရှာရမယ့်ပုံပဲ” ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

All Chapters