အခန်း ၁၂၇၃
Vol. 85 Ch. 1273
အခန်း (၁၂၇၃) ဓားဖျက်ဆီးခြင်း။
"ဘုန်း...၊ ဘုန်း... ဘန်း... ဘန်း..”။
ယခုအချိန်တွင် ယောင်ဖုန်းနှင့် ကျန်းခွန်တို့သည် လုံးဝကို အပြင်းအထန် တိုက်ခိုက်နေကြ ပြီ ဖြစ်သည်။ ယောင်ဖုန်း၏လက်ထဲမှ နှင်းဓားသည် ကြောက်မက်ဖွယ်ကောင်သော ရေခဲအမျှင်တန်းများကဲ့သို့ ကျန်းခွန်ဆီသို့ အဆက်မပြတ် ခုတ်ပိုင်းနေသည်။
ကျန်းခွန်သည် နတ်ဘုရားလျှပ်စီးကို ဆက်လက် အသက်သွင်းပြီး ယောင်ဖုန်းအား တရစပ် တိုက်ခိုက်နေခဲ့သည်။
ဓားအလင်းသည် နတ်ဘုရားလျှပ်စီးနှင့် အပြင်းအထန် ထိတွေ့သွားသည့်အခါ ရေကန်၏ မျက်နှာပြင်တစ်ခုလုံး လှိုင်းထန်နေပြီး ကြီးမားသော လှိုင်းလုံးကြီးများက ကောင်းကင်ကို ပင် တုန်လှုပ်စေသည်ဟု ဆိုနိုင်သည်။
နှစ်ယောက်စလုံး လှိုင်းလုံးတွေပေါ် နင်းပြီး ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ခါသွားအောင် တိုက်ခိုက်နေကြသည်။
သင်္ဘောပေါ်ရှိလူတိုင်း အံသြသွားကြသည်။ ဤအဆင့်တိုက်ပွဲသည် သူတို့၏ စိတ်ကူး စိတ်သန်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။ ဤလူနှစ်ယောက်၏ ရှောင်တခင် တိုက်ခိုက်မှု များ၏ နောက်ဆက်တွဲ ရလာဒ်ကပင် သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်း သို့မဟုတ် သတ်ပစ်နိုင်မည်မှာ သေချာပါသည်။
ထို့အပြင် ယင်းသည် သူတို့၏နယ်ပယ်ကို ဖိနှိပ်ခံထားရသည်။ အကယ်၍, သူတို့၏ နယ်ပယ်ကိုသာ ဖိနှိပ်ထားခြင်းမခံရဘူးဆိုလျှင်, တိုက်ပွဲက ယခုထက်ပင် ပိုပြင်းထန်လာ လိမ့်မည်။
ထိုအချိန်တွင် ချင်ယွင်သည် သင်္ဘောလေးကိုင်းပေါ်တွင် ရပ်နေကာ သူ့မျက်ခုံးများက တွန့်နေခဲ့သည်။ ယောင်ဖုန်းကို သူ မည်သို့ ကူညီပေးရမလဲဆိုသည်ကို သူ တွေးနေခဲ့သည်။
ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပလာပြီး၊ ကောက်ကျစ်သည့် အရိပ်အယောင်က သူ့မျက်လုံးထဲမှာ လင်းလက်လာခဲ့သည်။
သူသည် အလွန်ကောင်းသော အကြံအစည်တစ်ခုကို တွေးနေခဲ့သည်။ ဟိုတချိန်တုန်းက သူသည် လူအများကို လှည့်စားရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သော်လည်း ယခုချိန်မှာ, သူသည် တူညီသည့် လှည့်ကွက်မျိုးကို ထပ်ပြီး အသုံးပြုနိုင်ပါသေးသည်။
"ထွက်လာခဲ့စမ်း၊ ကောင်စုတ်လေး”။
ချင်ယွင်သည် သူ့စိတ်ကနေ အော်ပြောလိုက်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူ့ခေါ်သံကြားသည်နှင့် သူ့လက်ထဲမှာ အနက်ရောင် နဂါးလေးတစ်ကောင် ပေါ်လာခဲ့ သည်။
ဤနဂါးငယ်လေးသည် လျှပ်စီးများကို ဝါးမျိုးနိုင်သည့် နဂါးငယ်လေးမှလွဲ၍ အခြား မဟုတ်ပေ။
ဤကျန်းခွန်သည် နတ်ဘုရားလျှပ်စီးများကို နှစ်သက်သဘောကျသူ မဟုတ်ပေဘူးလော။ ဆိုတော့, ဤလျှပ်စီးနဂါးလေးသည် သူ၏ကံကြမ္မာဆိုးတစ်ခု ဖြစ်လာပါလိမ့်မည်။ သူ တိုက်ခိုက်နေသမျှ ကျန်းခွန်၏ နတ်ဘုရားလျှပ်စီးများသည် ၎င်းတို့၏ စွမ်းအား အစစ်အမှန်ကို ပြသနိုင်မည် မဟုတ်တော့ပေ။
"သွားတော့”။
ချင်ယွင်က တိုးညှင်းစွာ အော်ပြောလိုက်ပြီး သူ့လက်ထဲမှ လျှပ်စီးနဂါးလေးသည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လှိုင်းလုံးတွေပေါ် ခြေချလိုက် သည်။
ချင်ယွင်သည် ဤနဂါးငယ်လေး၏ မူလအစကို ရှင်းရှင်းလင်းလင်း မသိသေးနိုင်ပေ။ သို့သော် ချင်ယွင်၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ဤနဂါးငယ်နှင့် သူ၏ ဆက်သွယ်မှု သည် ပိုမိုနက်ရှိုင်းလာသည်ကို သူ တွေ့ရှိခဲ့ရသည်။
သူသည် နတ်ဘုရားမြုပ်နှံခြင်းတောင်တန်းတွင် ရှိနေခဲ့စဉ်တုန်းက ဦးချိုအသေးလေးပါ သော သားရဲ ကောင်ငယ်လေးသည်လည်း အလားတူ လျှို့ဝှက်ဆန်းကြယ်သော မူလ ဇစ်မြစ်တစ်ခု ရှိနေခဲ့သည်။ သို့သော်၊ ချင်ယွင်သည် လေဟာနယ်အက်ကြောင်းထဲသို့ ကျရောက်ပြီးနောက်၊ ထိုသားရဲငယ်လေး၏ တည်နေရာကို မသိရတော့ပေ။ ယခုအချိန်မှာ ထိုကောင်ငယ်လေး မည်သည့်နေရာ ရောက်သွားသည်ကို သူ မသိနိုင်သေးပေ။
သို့သော် ချင်ယွင်သည် ထိုနတ်ဆိုးသားရဲငယ်လေးနှင့် သူ့ကံကြမ္မာက မပြီးဆုံးသေး ကြောင်း သေချာသည်။ နောင်တချိန်တွင် သူတို့သည် ပြန်ဆုံတွေ့နိုင်သည် ။
"ဘုန်း...၊ ဘုန်း..၊ ဘုန်း.. ဘုန်း..”။
ယခုအချိန်တွင် ကျန်းခွန်သည် ယောင်ဖုန်းကို တိုက်ခိုက်ရန်အတွက် နတ်ဘုရား လျှပ်စီးများကို အသက်သွင်းထားပြီး အနီးပတ်ဝန်းကျင်ရှိ လျှပ်စီးနဂါးလေးကို သူ သတိမထားမိခဲ့ပေ။
သူ၏ နတ်ဘုရားအာရုံသည် ဤနတ်ဘုရားနယ်မြေ၌ သူ့ခန္ဓာကိုယ်ကနေ မထုတ်ဖော်နိုင် သောကြောင့် ကျန်းခွန်သည် ဤလျှပ်စီးနဂါးငယ်လေးကို ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲသည်ဟု ဆိုနိုင်ပါသည်။ ယခုအခါ သူသည် ယောင်ဖုန်းကို တိုက်ခိုက်နေရသော ကြောင့် သူ့ကိုယ်သူပင် ဂရုမစိုက်နိုင်တော့ပေ။ သူသည် အနက်ရောင် လျှပ်စီးနဂါးငယ် လေး ချဉ်းကပ်လာသည်ကို သဘာဝအတိုင်း သတိမထားမိလိုက်ပေ။
ဘန်း..။
အနက်ရောင် လျှပ်စီးနဂါးငယ်လေးသည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ကျန်းခွန်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားလေသည်။
ဤလုပ်ရပ်ကို ချင်ယွင်မှလွဲ၍ အခြားမည်သူမျှ မမြင်လိုက်ပါ။
ချင်ယွင်သည် ကျန်းခွန်၏ ခန္ဓာကိုယ်ထဲသို့ လျှပ်စီးနဂါးငယ်လေး စိမ့်ဝင်သွားကို မြင်ပြီး သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ ယခုဆိုလျှင် သူသည် ကျန်းခွန်၏ ခန္ဓာကိုယ်ရှိ နတ်ဘုရားလျှပ်စီးစွမ်းအား အားလုံးကို ဝါးမြိုနိုင်တော့မည်။ ထိုအချိန်ရောက် လျှင် ကျန်းခွန်သည် မည်မျှပင် သန်မာနေပါစေ, ၎င်းသည် အသုံးမဝင်တော့ပေ။
“ဘုန်း”။
ကျန်းခွန်၏လက်ထဲမှ နတ်ဘုရားလျှပ်စီးက ပေါက်ကွဲသွားပြီးနောက် ယောင်ဖုန်း၏ အကြွင်းအကျန် နှင်းဓားသည် တိုက်ရိုက်ပင် တုန်ခါသွားခဲ့သည်။
နတ်ဘုရားလျှပ်စီး၏ စွမ်းအားသည် ပေါက်ကွဲသွားပြီး နှင်းဓားပေါ်တွင် ပုံသဏ္ဍာန် မယူရသေးသည် ဓားစွမ်းအားသည် ချက်ခြင်း ပြိုကွဲသွားခဲ့သည်။
"ဘုန်း”။
ယောင်ဖုန်း၏ ဝမ်းဗိုက်ဆီသို့ နောက်မှ လျှပ်တစ်ပြက် လက်ဖဝါးတစ်ချက်က ထိမှန်လာပြီး သူမကို လွင့်ပျံသွားစေခဲ့သည်။
ဒင်..။
ယောင်ဖုန်း၏ ခန္ဓာကိုယ်သည် ကြွေကျနေသော ဥက္ကာပျံကဲ့သို့ သင်္ဘောလေးကိုင်းပေါ်သို့ ပြုတ်ကျသွားကာ ပါးစပ်ထဲမှ သွေးများ စီးထွက်လာသည်။
အဆုံးတွင်, ယောင်ဖုန်း၏ စွမ်းအားသည် ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ ထို့ကြောင့် အစောပိုင်းက ကျန်းခွန်၏ လျှပ်စီးများဖြင့် တိုက်ခိုက်မှု သူမအတွက် ခုခံရန် အနည်းငယ် ခက်ခဲနေပါသေးသည်။ တခဏအတွင်းမှာ ချို့ယွင်းချက်တစ်ခု ပေါ်လာသည် နှင့် ကျန်းခွန်က ထိရောက်စွာ အသုံးချသွားခဲ့သည်။
“ဟား..၊ ဟား...၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ ဒီနေ့တော့ မင်းရဲ့သေနေပဲ။ တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ဖို့ မင်းကို ငါ ပြောခဲ့ပါတယ်။ မင်းက တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ပြီး တွန်းအားပေးလာမှတော့, ဒီကိစ္စက မင်းကိစ္စ ဖြစ်သွားပြီ။ စိတ်မပူပါနဲ့။ ဒီတစ်ခါ မင်းရဲ့စိတ်ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်ပြီး၊ မင်းကို ပြန်လည်မွေးဖွားဖို့ အခွင့်အရေး သေချာပေါက် မပေးဘူး။" ကျန်းခွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့ကြောင့် သူသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ယောင်ဖုန်း ဆီသို့ ပြေးသွားခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားလျှပ်စီးကြောင်းက အကန့်အသတ်မဲ့ ထွက်ပေါ်နေပြီး ယောင်ဖုန်းကို လုံးဝ ချေမှုန်းပစ်ချင်ခဲ့သည်။
ယောင်ဖုန်းသည် ကျန်းခွန်၏ နတ်ဘုရားလျှပ်စီး ထိမှန်ခံရပြီး သူမ၏ နတ်ဘုရားခန္ဓာကိုယ် သည် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ ယခု ကျန်းခွန်က သူမကို နောက်တစ်ကြိမ် သတ်ဖြတ်လာသည်ကို မြင်လိုက်ရလျှင်, သူမ၏ မျက်လုံးများတွင် အေးစက်မှုက ပို၍ပင် ပြင်းထန်လာခဲ့သည်။
"လခွမ်း…”
ချင်ယွင်လည်း ကျိန်ဆဲလိုက်သည်။ သူ့နောက်ကျောမှာ နဂါးအတောင်ပံတွေက ချက်ချင်း ပြန့်ကျဲသွားပြီး နတ်ဘုရားဆေဘာက သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ် အတွင်းမှ နတ်ဘုရားတန်ခိုးခြောက်မျိုးတို့သည် ထိန်ချန်ခြင်းမရှိဘဲ ပေါင်းစပ်သွားကာ ကျန်းခွန်ဆီသို့ အလင်းတန်းတစ်ခုကဲ့သို့ ပစ်လွှတ်လိုက်သည်။
"မင်းက သေချင်နေတာပဲ”။
ချင်ယွင်က သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေသည်ကို မြင်လျှင် ကျန်းခွန်၏ မျက်လုံးတွေ က ပြင်းထန်သော အထင်သေးရှုတ်ချသည့် အကြည့်များ ချက်ချင်း ပေါ်လာခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားလျှပ်စီးကြောင်းကို ချင်ယွင်ဘက်သို့ ချက်ချင်း လှည့်လာပြီး သူ့ကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။
"ဓါးလှိုင်း...”။
ချင်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာက ဝင်းလက်စွာ တောက်ပသွားပြီး ကျန်းခွန်၏ နတ်ဘုရားလျှပ်စစ်ကြောင်းနှင့် တိုက်ရိုက် ထိမှန်သွားပါသည်။
"ပြန်လာခဲ့”။ ထိုမြင်ကွင်းကိုမြင်တော့ ယောင်ဖုန်းက ချက်ချင်းပင် ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
သူမ၏အမြင်အရ ချင်ယွင်၏ လုပ်ရပ်သည် သေခြင်းတရားကို တောင်းခံနေခြင်းနှင့် ထူးမခြားနားပေ။
သို့သော် ချင်ယွင် မကြားလိုက်ပုံရသည်။ နတ်ဘုရားဆေဘာနှင့် ကျန်းခွန်၏ နတ်ဘုရား လျှပ်စီးတို့သည် ရှေ့မတိုးနောက်မဆုတ် လက်ရည်တူ ဖြစ်နေခဲ့သည်။
"ဘုန်း”။
ကောင်းကင်ယံတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး လှိုင်းလုံးကြီးများလည်း မြင့်တက်လာခဲ့သည်။
ချင်ယွင်နှင့် ကျန်းခွန်တို့သည် ကြောက်မက်ဖွယ်ကောင်းသော အပြင်းအထန် တိုက်ခိုက်မှု ကြောင့် နောက်ပြန် ဆုတ်သွားကြသည်။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်မှ ခွန်အားများကို ဖယ်ရှားရန် နဂါးတောင်ပံများကို အားကိုးပြီး၊ လေထဲမှာပင် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရသည်။ သို့သော် ကျန်းခွန်လည်း အခြေအနေ သိပ်မကောင်းလှပေ။ သူ့ရုပ်အသွင်က အဝေးမှ ရေကန်ပြင်ပေါ် ဆင်းသက် သွားပြီး၊ သူ့ရင်ဘတ်ကို ဖုံးအုပ်လိုက်သည်။ သူ့အမူအရာက အလွန်မင်း ရှက်ရွံ့နေသည်။
"ဘာဖြစ်နေတာလဲ?။ ငါ့ရဲ့တိုက်ခိုက်မှုက ဘာလို့ ရုတ်တရက် အားနည်းသွားရတာလဲ?။ ပြီးတော့, ပြီးတော့, ငါ့ရဲ့နတ်ဘုရားတန်ခိုးတွေ?။ ဘယ်လောက် မြန်မြန် ဆန်ဆန် ပျောက်ကွယ်သွားရတာလဲ။" ကျန်းခွန်သည် သူ့ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသည့် အဖြစ်အပျက်ကို ချက်ချင်း ခံစားလိုက်ရပြီး အံ့အားသင့်စွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသည်။
"ခင်ဗျားရဲ့ နတ်ဘုရားတန်ခိုးကို ခင်ဗျား ရှာနေတာ မဟုတ်လား။ ခင်ဗျားရဲ့ နတ်ဘုရား တန်ခိုးက ဒီမှာလေ" ချင်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လျှပ်စီးနဂါးငယ်လေး သည် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချင်ယွင်၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။
ထို့နောက်မှာတော့ လျှပ်စီးနဂါးငယ်လေးသည် အကန့်အသတ်မဲ့ နတ်ဘုရားတန်ခိုးကို ချင်ယွင်ထံသို့ တိုက်ရိုက် ဖြည့်ဆည်းပေးလိုက်သည်။ ချက်ခြင်းပင်၊ ပြင်းထန်သောလျှပ်စီး ၏ နတ်ဘုရားတန်ခိုးသည် ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး ချင်ယွင်၏လက်ထဲရှိ နတ်ဘုရားဆေဘာထဲသို့ သွန်းလောင်းသွားခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်းက တကယ်ပဲ ငါ့ရဲ့နတ်ဘုရားတန်ခိုးကို ခိုးယူသွား တာလား?။ ကျန်းခွန်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း ချက်ချင်းပင် ဒေါသထွက်သွားသည်။
ချင်ယွင်ကိုကြည့်ရင်း ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြသွားကြသည်။
ယောင်ဖုန်းပင်လျှင် ထူးထူးခြားခြား အံ့သြသွားရသည်။ ရှင်းရှင်းပြောရလျှင်၊ ချင်ယွင်မှာ ယခုလိုနည်းလမ်းမျိုးရှိနေမည်ဟု သူမ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပါသည်။
"ဒါဆို ဘယ်လိုလဲ” ခင်ဗျားရဲ့နတ်ဘုရားတန်ခိုးကို အခုပဲ မြည်းစမ်းခွင့်ပေးမယ်။" ချင်ယွင်က တဟားဟား ရယ်မောပြီး သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို မြှောက်လိုက် သည်။
"ဓားဖျက်ဆီးခြင်း” ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားဆေဘာက ချက်ခြင်းပင် ပြင်းထန်စွာ ခုတ်ပိုင်းသွားခဲ့သည်။
ဘန်း…။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးသည် လေဟာနယ်ထဲသို့ ချက်ချင်း ဆုတ်ဖြဲ သွားပြီးနောက် ပြင်းထန်သော လျှပ်စီးကြောင်းများ ပျံနှံ့နေသည့် ဆေဘာလျှပ်စီး အလင်းတန်းကြီးက လျင်မြန်စွာ ထွက်ပေါ်လာပြီး အဝေးမှ ကျန်းခွန်အား ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ကျန်းခွန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ထိုအချိန်တွင်၊ သူ့ခန္ဓာကိုယ် ထဲမှာ နတ်ဘုရားတန်ခိုး များပြားစွာ မကျန်တော့ပေ။ ထို့ကြောင့် ထိုဆေဘာတိုက်ကွက်၏ ထိတ်လန့်ကြောက်ရွံ့မှုကို တွန်းလှန်ရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။
"ဘုန်း”။
ဆေဘာအလင်းသည် ကျန်းခွန်၏ခန္ဓာကိုယ်ကို ချက်ချင်း ထိမှန်သွားပြီး အဝေးမှ ရေကန်ထဲသို့ ပျံတက်သွားခဲ့သည်။