← Chapters

အခန်း ၁၂၇၄

Vol. 85 Ch. 1274

အခန်း ၁၂၇၄

Vol. 85 Ch. 1274

အခန်း (၁၂၇၄) နတ်ဘုရားခန္ဓာကိုယ်သန့်စင်ခြင်း။

သင်္ဘောပေါ်ရှိ လူများဖြစ်စေ, ယောင်ဖုန်းကိုယ်တိုင်ဖြစ်စေ, ချင်ယွင်က ကျန်းခွန်ကို ဆေဘာတစ်ချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည့်ကို တွေ့လိုက်ရသောအခါ အားလုံးက တုန်လှုပ်သွားသည့် အမူအရာများကို ထုတ်ဖော်လာ ကြသည်။

ကျန်းခွန်က ဘယ်သူလဲ?။

သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ချဉ်းနင်းဝင်ရောက်တော့ မည့် အလယ်အလတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သည်။ ဖိနှိပ်ခံထားရသော ဤနတ်ဘုရားနယ်မြေ၌ပင်၊ သူသည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ သို့သော်၊ ချင်ယွင်၏ဆေဘာ တိုက်ခိုက်မူကြောင့် သူသည် အမှန်တကယ်ပင် လွင့်ပျံသွားခဲ့ပြီး သူ၏ဒဏ်ရာများမှာ သေးငယ်ခြင်းမရှိပေ။

ချင်ယွင်သည် နတ်ဘုရားဆေဘာကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူ့နောက်မှ နဂါး အတောင်ပံများက အနည်းငယ် တောက်ပလာသည်။ သူသည် လေထဲတွင် ပျံဝဲရင်း ကျန်းခွန် လဲကျသွားသည့်နေရာကို ကြည့်လိုက်သည်။

သို့သော်လည်း ကျန်းခွန်သည် ရေကန်ထဲသို့ ပြုတ်ကျသွားပြီးနောက် သူ့ကို မတွေ့ရတော့ ပေ။

"စောင့်နေစရာ မလိုတော့ဘူး။ သူ ပြန်ထွက်လာမှာ မဟုတ်တော့ဘူး။ စောစောက မင်းရဲ့ ဆေဘာတိုက်ခိုက်မူကြောင့် သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်တယ်။ နောက်ပြီး သူ့ရဲ့နတ်ဘုရား တန်ခိုးကလည်း ကုန်ဆုံးသွားခဲ့ပြီ။ ဒီတော့ သူ့ကိုယ်သူပဲ စိုးရိမ်ရတော့မယ်။ သူ့ရဲ့ ပင်ကိုယ် စရိုက်အရ၊ သူက ရေတိုမှာ ငါတို့ကို ပြဿနာလာရှာမှာ မဟုတ်ဘူး။" ယောင်ဖုန်းသည် ရေကန်၏ မျက်နှာပြင်ကို တချက်ထိပြီး ကုန်းပတ်ပေါ်သို့ ပြန်တက်သွားခဲ့သည်။ သို့သော်လည်း သူမသည် ဒဏ်ရာပြင်းထန်စွာ ရနေသကဲ့သို့ သူမ၏အမူအရာမှာ မကောင်းလှပေ။

ချင်ယွင်လည်း ကုန်းပတ်ဆီသို့ ပြန်လည်ပျံသန်းလာကာ ယောင်ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ "ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ မင်း အဆင်ပြေရဲ့လား" သူက မေးတယ်။

အကယ်၍, ယောင်ဖုန်းသာ ယခုလို စိတ်ပျက်အားငယ်ဖွယ် အခြေအနေထိ အပြင်းအထန် တိုက်ခိုက်ခြင်းကြောင့်သာ မဟုတ်ပါက၊ လျှပ်စီးနဂါးငယ်လေး၏ အကူအညီဖြင့်ပင် သူသည် ထိုကဲ့သို့ အောင်ပွဲခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ကျန်းခွန်၏ ခွန်အားဖြင့်ဆို ပါက, သူသည် ချင်ယွင်နှင့် အခြားလူများကို သူ့ခန္ဓာကိုယ်မှ နတ်ဘုရားတန်ခိုးများ ဝါးမျိုခံရခြင်း မရှိခင်မှာကတည်းက သတ်ပစ်နိုင်မည် ဖြစ်သည်။

သေချာသည်မှာ, ချင်ယွင်သည် ကနဦးစကြဝဠာထဲမှာ ပုန်းအောင်းနေနိုင်သော်လည်း, သူ့အနေဖြင့် တစ်ချိန်လုံး ပုန်းအောင်းနေဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ ထို့အပြင်၊ ရှေးဟောင်းတာအိုနှင့် တော်ယုတို့သည် သင်္ဘောပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့် ၎င်းတို့ အားလုံးကို ကနဦးစကြဝဠာထဲသို့ သူ မထည့်နိုင်ပေ။

ထို့ကြောင့် ယောင်ဖုန်းသည် ဤတစ်ကြိမ်တွင် ကျန်းခွန်အား နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့သည်။

ချင်ယွင်၏မေးခွန်းကိုကြားတော့ ယောင်ဖုန်းသည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမ၏ အမူအရာမှာ အေးစက်နေဆဲ ဖြစ်သည်။

"မင်း ငါတို့ကို ဘာလို့ ဒီလို ကာကွယ်ပေးနေရတာလဲ" ချင်ယွင်က ယောင်ဖုန်းကို မေးသည်။

သို့သော်လည်း ယောင်ဖုန်းသည် ချင်ယွင်၏မေးခွန်းကို ကြားပုံမပေါ်ပေ။ သူမသည် တင်ပျဉ်ခွေ ထိုင်ကာ မျက်လုံးများမှိတ်ပြီး သူမ၏ဒဏ်ရာများကို ကုသရန် သူမ၏ ကျင့်ကြံမှုကို စတင် အသုံးပြုခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ဖြစ်သွားသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင်, ဤယောင်ဖုန်း၏ ပင်ကိုယ်စရိုက်ကို နားလည်ရန် အနည်းငယ် ခက်ခဲသည်။ တခါတရံမှာ, သူမသည် ရေခဲတုံးလို အေးစက်ပြီး တစ်ခါတရံမှာတော့ သိပ်ပြီး မအေးစက်သည့် ခံစားချက်ကို ပေးစွမ်းနေပြန်သည်။ သူမ စိတ်ထဲမှာ မည်သည့်အရာ တွေးနေမှန်း သူ မသိပါဘူး။

ယောင်ဖုန်းသည် သူ့ကို ကူညီပေးရသည့် အကြောင်းရင်းက သူမမှာလည်း သူမကိုယ်ပိုင် စေ့ဆော်မှုကြောင့် ဖြစ်နိုင်ပြီး၊ ၎င်းသည်လည်း အကြောင်းပြချက်မရှိဘဲ လှုပ်ရှားရန်မှာ မဖြစ်နိုင်ဟု ချင်ယွင် သေချာပြောနိုင်သည်။

ချင်ယွင်သည် ယခင်က ကောင်းကင်နတ်ဘုရားမအဆင့် ကျွမ်းကျင်သူတစ်ဦးက သူ့ကို မြင်မြင်ချင်း ချစ်မိသွားလောက်အောင် သူ့စွဲဆောင်မူက ထူးထူးခြားခြား ကြီးမြတ်နေလိမ့် မည်ဟု သူ မယုံကြည်ပေ။

ဤယောင်ဖုန်း၏ ရည်ရွယ်ချက်ကိုမူ၊ ချင်ယွင်သည် သူမ မပြောပြဘဲ သဘာဝအတိုင်း ခန့်မှန်း၍ မရနိုင်ပေ။

"အဟွတ်.. အဟွတ်...”။

ချင်ယွင်သည် သူ့ရင်ဘတ်ကို ဖုံးအုပ်ပြီး၊ အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်ကာ၊ သူ့ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာသည်။

ယခုလေးတင်, သူသည် ကျန်းခွန်၏တိုက်ခိုက်မှုကို တားဆီးရန် နတ်ဘုရားတန်ခိုး ခြောက်မျိုး၏ ပေါင်းစပ်စွမ်းအားကို အပြင်းအထန် အသုံးပြုလိုက်သောအခါ၊ သူသည် ကြီးမားသော တန်ပြန်ဒဏ်ကို ခံစားခဲ့ရသည်။ ထို့အပြင်၊ ချင်ယွင်သည် ကျန်းခွန်၏ နတ်ဘုရားတန်ခိုးစွမ်းအားကို အပြင်းအထန် ပြန်လည်အသုံးပြုသောအခါ၊ ၎င်းထံမှလည်း ကြီးမားသော တန်ပြန်ရိုက်ချက်ဒဏ်ကို ခံစားခဲ့ရသေးသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။

ပြန်လည်ကုစားရန်အတွက် အသက်တန်ခိုးနှင့် ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုးကို အရူးအမူး အသုံးပြုထားခြင်းကြောင့်သာ မဟုတ်ပါက၊ သူသည် ယခုအချိန်တွင် ပြိုလဲကောင်း ပြိုလဲသွားနိုင်သည်။

သို့သော် ချင်ယွင်သည် သူ့နှလုံးသားထဲတွင် အမျက်ဒေါသ အနည်းငယ်မျှပင် မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ချင်ယွင်သည် ယခုလေးတင် ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုးလုံးကို အသုံးပြုသော အခါ၊ ထိုနတ်ဘုရားတန်ခိုးအတွင်းမှာ ပါရှိသော အကန့်အသတ်မဲ့ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤစွမ်းအားသည် ထိန်းချုပ်ရန် အလွန်ခက်ခဲသော် လည်း၊ ၎င်းသည် အနာဂတ်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအား ဖြစ်လာမည်မှာ သေချာပါသည်။

"ကျန်းခွန်က ငါတို့ကို ဒီအတိုင်း လွှတ်ပေးထားမှာ မဖြစ်နိုင်ဘူး။ သူ့ခွန်အားတွေ ပြန်ကောင်းလာတဲ့အခါ ကျိန်းသေပေါက် ပြန်လာရှာလိမ့်မယ်။ အဲဒီအချိန်မှာ သူက သေချာ ပေါက် သတိထားနေလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, သူ့ရဲ့နတ်ဘုရားတန်ခိုးကို စုပ်ယူဖို့ အတွက် လျှပ်စီးနဂါးငယ်လေးကို အသုံးပြုချင်ရင်တောင်, ငါ အဲဒီလို မလုပ်​နိုင်​​တော့မှာ​ကြောက်မိ​တယ်​။" ချင်ယွင်က သူ့စိတ်ထဲတွင် တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

ယခင်ကက ကျန်းခွန်၏ အစစ်အမှန် ခန္ဓာကိုယ်သည် ငါးတစ်ကောင်ဖြစ်ကြောင်း ဤ ယောင်ဖုန်းထံမှ ကြားဖူးသည်။ သူ၏ပင်ကိုယ်စရိုက်အရ ဤရေကန်၏ အောက်ခြေမှာ နှစ်သန်းပေါင်းရာနှင့်ချီ၍ နေနိုင်သူသည် အလွန်သည်းခံနိုင်သူ ဖြစ်ရလိမ့်မည်။ ထိုကဲ့သို့ လူစားမျိုးက အမြဲတမ်း လက်တုံ့ပြန်လိုစိတ်ရှိသည်။ ထို့ကြောင့် ကျန်းခွန်သည် ဘယ်တော့ မှ အရှုံးမပေးဘူးဆိုသည်မှာ သေချာသည်။

"ဘာပဲဖြစ်​ဖြစ်​, ငါ ငါ့ရဲ့နတ်ဘုရား​ခန္ဓာကိုယ်​ကို အရင်ဆုံး ​သန့်စင်​သင့်​တယ်​။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူပြောပြီးသည့်နောက်မှာ, သူသည် ဤအကြောင်းများကို ဂရုမစိုက်တော့ဘဲ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရန် စတင်ကြိုးစားပါတော့သည်။

နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် နတ်ဘုရားတန်ခိုးကို အသုံးပြုခြင်းသည် အလွန်နာကျင်ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သူသည် ထိုနာကျင်မူကို အဆက်မပြတ် ထိန်းချုပ်ပြီး သူ့ကိုယ်ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကို နတ်ဘုရားတန်ခိုး ဖြင့် ပေါင်းစပ်ရန် လိုအပ်သည်။ သို့မှသာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် နတ်ဘုရားခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤဖြစ်စဉ်သည် အလွန် နာကျင်စေသည်ဟု ယူဆနိုင်ပါသည်။

ချင်ယွင်သည် သူ၏နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် နတ်ဘုရားတန်ခိုး ခြောက်မျိုးကို အသုံးပြုခြင်းက သူသည် သာမန်လူများထက် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်ပင် ပြင်းထန်စွာ ခံနိုင်ရည်ရှိရမည်ဖြစ်သည်။

ဤဖြစ်စဉ်အတွင်းမှာ, ကြယ်နတ်ဆိုးနတ်ဘုရား၏ စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ လုံးဝ ရုတ်သိမ်းထားရမည်။ ထိုသို့မဟုတ်ပါက စစ်မှန်သော နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ဤနည်းအားဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် နာကျင်ကိုက်ခဲမှုကို ပို၍ပင် ပြင်းထန်လာစေမည်။

ဘန်း…။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပင်မသွေးကြောများကို သန့်စင်ရန် အတွက် နတ်ဘုရားတန်ခိုးများကို ပေါင်းစပ်ရန် စတင် ကြိုးစားလိုက်သည်။

သို့သော်၊ ပေါင်းစပ်နတ်ဘုရားတန်ခိုးသည် ချင်ယွင်၏ဒန်တန်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ပင်မသွေးကြောများမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ၊ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များသည် ပြင်းထန်သော လျှပ်စီးကြောင်းနှင့် ထိမှန်သွားသ ကဲ့သို့ ခံစားရသည်။ နာကျင်မှုသည် သူ့စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည်အထိ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

“အား..…”

ချင်ယွင်သည် သူ့သွားတွေကို တင်းတင်းကြိတ်ကာ အစွမ်းကုန် အော်ဟစ်ပြီး ညည်းညူ လိုက်သည်။ သူ့ခန္ဓာကိုယ်သည် မိုးကြိုးတစ်သောင်းဖြင့် ထိမှန်သွားသကဲ့သို့ ခံစားခဲ့ရပြီး၊ ၎င်းသည် အင်းဆက်ပိုးကောင်ပေါင်း တစ်သောင်း ကိုက်ခံရသကဲ့သို့ ခံစားရသည်။ ထို နာကျင်မှုမျိုးက သူ့တစ်ကိုယ်လုံး အတွင်းကနေ ပျံ့နှံ့သွားခဲ့ပြီး၊ အလွန်နာကျင်သည်ဟု ပြော၍ရပါသည်။

ချင်ယွင်သည် သူ့ကိုယ်သူ အသံမထွက်အောင် အတင်းအကြပ် တွန်းလှန်ထားသော်လည်း၊ သူ့မျက်နှာပေါ်မှ နာကျင်မှုကိုတော့ ဖုံးကွယ်ထား၍ မရခဲ့ပါဘူး။ သူ့မျက်နှာပေါ်ရှိ အမူအရာ က နှိုင်းစာ၍မရအောင် ပြင်းထန်နေပြီး သူ့မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ချွေးများက သူ့နဖူးပြင်တစ်ခုလုံးကို စိုချွဲနေကာ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ကုန်းပတ်ပေါ် တွင် လူးလိမ့်လုနီးပါး ဖြစ်သွားရသည်။

သူတို့ဘေးမှ လူအုပ်ကြီးသည် ချင်ယွင်၏ ထူးဆန်းသော အသွင်အပြင်ကို သဘာဝအတိုင်း သတိပြုမိကြပြီး အားလုံး ထိတ်လန့်တုန်လှုပ်သည့် အမူအရာများကို ထုတ်ဖော်လာကြ သည်။ တော်ညီအစ်မဆို ပို၍ပင် ထိတ်လန့်သွားကြသည်။

"ချင်ယွင်, ရှင် ဘာဖြစ်နေတာလဲ" တော်ယုက စိုးရိမ်စိတ်ဖြင့် ကမန်းကတန်း မေးလိုက်သည်။ ထို့နောက် သူမသည် ရှေ့သို့ လှမ်းသွားချင်သည်။

သို့သော် သူမကို ရှေးဟောင်းတာအိုက တားဆီးလိုက်ပြီး "စိတ်မပူပါနဲ့၊ သူ အဆင်ပြေ တယ်။ သူက သူ့နတ်ဘုရားခန္ဓာကိုယ် သန့်စင်နေတာ" ဟု ပြောလိုက်သည်။

"နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်နေတာလား?။ ဒါက နာကျင်ရတယ်ဆိုရင်တောင်မှ ဒီလောက်နာကျင်မူကို မခံစားရဘူး မဟုတ်ဘူးလား”။ ချူယွန်က အံ့အားသင့်စွာ မေးလိုက် သည်။ တော်ညီအစ်မသည်လည်း ရှုပ်ထွေးသော အမူအရာများကို ထုတ်ဖော်လာကြသည်။

သူတို့အားလုံးသည် သူတို့၏ နတ်ဘုရားခန္ဓာကိုယ်များကို သန့်စင်ဖူးကြသူများ ဖြစ်သည်။ သူတို့၏နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရာတွင် နာကျင်မှုများစွာ ခံစားခဲ့ရသော်လည်း ၎င်းတို့သည် ယင်းကို ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။ သို့သော်၊ သူတို့သည် နတ်ဘုရား ခန္ဓာကိုယ်ကို သန့်စင်ရာမှာ ချင်ယွင်ကဲ့သို့ နာကျင်သော အခြေနေသို့ ရောက်ရှိနေသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

"တကယ်လို့, ငါ ခန့်မှန်းတာမမှားဘူးဆိုရင်, သူ့ရဲ့နတ်ဘုရားတန်ခိုးက ငါတို့ထက် အများကြီး အားကောင်းနေသင့်တယ်။ ဒါ့ကြောင့် သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က ဒီအစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးကို ခံနိုင်ရည်မရှိ ဖြစ်နေတာ။ ဒါ့ကြောင့်လည်း သူ့နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်းက ဒီလောက် အလွန်နာကျင်နေရတာ ဖြစ်လိမ့်မယ်" ရှေးဟောင်းတာအိုက ပြောသည်။

သူသည် ချင်ယွင်အပေါ် နားလည်မှု တစ်ချို့ ရှိပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှာ သာမန် လူတစ်ယောက်နှင့် မတူသည့် စွမ်းအားတွေ ရှိနေပြီး၊ ချင်ယွင်၏ ပင်ကိုယ်စရိုက်က ပြတ်သားသည်ကို သူ သိထားသည်။ အလွန်မင်း ပြင်းထန်သော နာကျင်မှုကြောင့်သာ မဟုတ်ပါက, သူသည် ထိုကဲ့သို့ နာကျင်နေသည့် အမူအရာမျိုးကို ထုတ်ဖော်ပြသမှာ မဟုတ်ပါဘူး။

.

ရှေးဟောင်းတာအို၏ စကားကိုကြားတော့ အနီးနားမှ လူတွေအားလုံး အံ့ဩသွားကြသော် လည်း သူတို့စိတ်ထဲမှာ အရမ်းကို တုန်လှုပ်သွားကြသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ၎င်းတို့အားလုံးထက် ကြံ့ခိုင်နေပြီး ထိုကဲ့သို့ နာကျင်သော အမူအရာကို ပြသနေရလျှင် ဤနတ်ဘုရားတန်ခိုးသည် မည်မျှ အစွမ်းထက်လိုက်မည် နည်း။

ယခုတော့ ချင်ယွင်သည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်ရသည့်အကြောင်းရင်းကို သူတို့အားလုံး နောက်ဆုံးတွင် နားလည်လာခဲ့ကြ သည်။ သူ၏ ကောင်းကင်ကို အံတုနိုင်သော ပါရမီ အရည်အချင်းအပြင်၊ ဤအရာအားလုံး ကို သည်းမခံနိုင်လောက်အောင် နာကျင်ရသော ဝေဒနာများနှင့် လဲလှယ်ထားရခြင်း ဖြစ်ပါသည်။

All Chapters