အခန်း ၁၂၇၇
Vol. 86 Ch. 1277
အခန်း (၁၂၇၇) တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးများ။
"ဘုန်း”။
ကျန်းခွန်၏ ခန္ဓာကိုယ်သည် ရေကန်ထဲသို့ တိုးဝင်သွားစဉ်မှာ ရေကန်ပြင်၏ မျက်နှာပြင် တစ်ခုလုံးသည် ကောင်းကင်ယံကို လှုပ်ခါနိုင်သည့် လှိုင်းလုံးများအဖြစ် ရုတ်ခြည်း တုန်ခါသွားလေသည်။
ကျန်းခွန်မှ အသွင်ပြောင်းသွားသော ရှေးဟောင်းသွေးနဂါးငါးကြီးသည် ရေကန်ထဲသို့ နစ်မြုပ်သွားသော ချင်ယွင်ကို တိုက်ရိုက် မျိုချလိုသည့်အလား ချင်ယွင်ဆီသို့ တစ်ချက် ကိုက်လိုက်ပါသည်။
ချင်ယွင်သည် ကျန်းခွန်၏ ဧရာမရုပ်သွင်ကြီးကို ကြည့်ပြီး, သွေးစွန်းနေသော သူ့ပါးစပ် ထောင့်စွန်းမှ ချက်ချင်း အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဟမ့်၊ ခင်ဗျား, ကျုပ်ကို မျိုချနိုင်စွမ်းရှိမရှိက ခင်ဗျားအပေါ်မှာ မူတည်တယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ ချက်ခြင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ထို့နောက် ရေကန်အောက်ခြေမှ ပြင်းထန် သော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ ရေကန်တစ်ခုလုံးကို နှိုင်းစာ၍မရ အောင် ထက်ရှသော အလင်းရောင်များဖြင့် လင်းထိန်သွားစေခဲ့သည်။
'"ဒါ…”။ ကျန်းခွန်၏ မျက်နှာမှာလည်း အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။ ထိုအချိန်တွင် သူ၏ ကြီးမားလှသော ဧရာမရုပ်အသွင်သည်လည်း ရပ်တန့်သွားသည်။
"သူ အသွင်ပြောင်းတော့မှာလား။” ကမ်းပေါ်ရှိလူတိုင်း ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ, အံ့အားသင့်သော အမူအရာများကို ကိုယ်စီ ထုတ်ဖော်လာကြပြန်သည်။
"အောင်း”။
သေချာပါသည်။ လူတိုင်းက ထိုအတွေးမျိုး တွေးနေကြစဉ်မှာ, ကြောက်စရာကောင်းသည့် နဂါးဟိန်းဟောက်သံက ရေကန်အောက်ခြေကနေ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် အနှိုင်းမဲ့ကြီးမားသော ဧရာမခန္ဓာကိုယ်ကြီးတစ်ခု ပေါ်လာပြီး၊ ကြောက်စရာကောင်းသော ဧရာမခြေသည်းကြီးက ကျန်းခွန်၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ချသွားသည်။
ရေကန်၏အောက်ခြေမှ တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း ချင်ယွင်၏ တိုက်ခိုက်မှု ကြောင့် ရေကန်သည် လှုံံ့ဆော်သွားဆဲ ဖြစ်သည်။
"ဒါက နတ်ဘုရားနဂါးလား”။ ကျန်းခွန်သည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ သိသာစွာပင်၊ ချင်ယွင်သည် နတ်ဘုရားနဂါးအဖြစ် ပြောင်းလဲနိုင် သည်ကို သူ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပါသည်။
"ဘုန်း”။
ကျန်းခွန်သည် ချင်ယွင်၏ ဧရာမ ခြေသည်းကို ကြည့်လိုက်သည်။ သူသည် သူ၏ငါး အမြီးကြီးကို တွန့်လိမ်ကာ ချင်ယွင်၏ နဂါးခြေသည်းကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ နဂါးခြေသည်း ကြီးသည် ပေါက်ကွဲသွားခဲ့သည်။
"အောင်း..”။
ချင်ယွင်သည် ကောင်းကင်ယံပင် လှုပ်ခါသွားသည့် ဟိန်းဟောက်သံတစ်ချက်ကို ထုတ်ဖော်လိုက်ပြီး သူ့ခန္ဓာကိုယ်ကြီးသည် ရေကန်ထဲမှ တိုက်ရိုက် ထိုးထွက်လာသည်။
အသွင်ပြောင်းပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ပေ ၃၀၀၀၀ ကျော် ရှည်လျားသည်။ သူတို့ရှေ့မှာ ပေ ၁၀၀၀၀ သာ ရှည်လျားပြီး ကျယ်လောင်စွာ ရယ်မောနေသော ကျန်းခွန် သည် တကယ့်ကို ရွှံ့ငါးတစ်ကောင်နှင့် ထူးမခြားနားလှပေ။
သို့သော်လည်း ကျန်းခွန်၏ အငွေ့အသက်သည် ချင်ယွင်ပြောင်းလဲထားသော နတ်ဘုရား နဂါးကြီးထက် သာလွန်နေသေးသည်။ ချင်ယွင်၏ ခွန်အားများ တိုးလာသော်လည်း ကျန်းခွန်၏ ပင်ကိုယ်ကြံ့ခိုင်မှု၏ရှေ့တွင် သူသည် များစွာ အားနည်းနေသေးသည်။
"ဟား…၊ ဟား…” မင်းက တကယ်ကို နတ်ဘုရားနဂါးတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတာပဲ။ ကောင်းကင်ကြီးက ငါ့ကို တကယ်ပဲ ကူညီပေးနေတယ်။ ဒီနေ့ဟာ ငါ ကျန်းခွန်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ ဖြစ်ပုံရတယ်” ထိုအချိန်တွင် ကျန်းခွန်သည် သူ၏လူသားပုံစံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူက ကောင်းကင်ယံမှာ တွယ်ကပ်နေသော ချင်ယွင်ကို ကြည့်လိုက်ရင်း သူ့မျက်နှာက စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာပါသည်။
ရှေးဟောင်းသွေးနဂါးငါးကြီးတစ်ကောင်အနေဖြင့်၊ သူသည် နတ်ဘုရားသားရဲများကြား တွင် အနိမ့်ဆုံး နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ပြီး၊ ချင်ယွင် အသွင်ပြောင်းထားသော နတ်ဘုရားနဂါးသည် တန်ခိုးအကြီးဆုံး နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည်။
အကယ်၍ သူသာ, ချင်ယွင်၏ နတ်ဘုရားနဂါးစိတ်ဝိညာဉ်ကို ဝါးမျိုချပြီး ချင်ယွင်၏ ခန္ဓာကိုယ်ရှိ နတ်ဘုရားနဂါး၏ သွေးအနှစ်သာရကို မျိုချနိုင်ခဲ့ပါက၊ သူသည် သူ၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းကာ သူ၏ နတ်ဘုရားသားရဲသွေးမျိုးဆက်ကို မြှင့်တင်နိုင်မည် မှာ သေချာပါသည်။ ထို့ကြောင့်, သူသည် ထိုအခိုက်တန့်တွင် ချင်ယွင် အသွင်ပြောင်းထား သော နတ်ဘုရားနဂါးကြီးကို မြင်လိုက်ရချိန်မှာ, အနည်းငယ်မျှပင် စိုးရိမ်မှု ရှိမနေခဲ့ပေ။ ယင်းအစား, သူသည် အရမ်းကို ပျော်ရွှင်သွားခဲ့သည်။
ကျန်းခွန်၏ ကျေနပ်နေသော အမူအရာကို မြင်လိုက်ရသောအခါ ချင်ယွင်၏ ဧရာမ နဂါးမျက်လုံးကြီးများက သူ တွေးနေသည့်အရာကို ချက်ချင်း သိလိုက်သည်။ နဂါးကြီး၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး "ငါးငတုံးကြီး, ခင်ဗျားက ကျုပ်ကို မျိုချချင်တာလား။ ခင်ဗျား သေရမှာ မကြောက်ဘူးလား" ဟု လှောင်ပြောင် ပြောလိုက်သည်။
"မင်း ဆက်ပြီး တောင့်ခံနိုင်စွမ်း ရှိမရှိကိုပဲ စိုးရိမ်စမ်းပါ။ ငါ့ကို စိုးရိမ်စရာမလိုဘူး။ ငါ သိသလောက်ဆို မကြာခင် မင်းက ငါ့ဝမ်းစာ ဖြစ်လာလိမ့်မယ်။" ကျန်းခွန်၏ စိတ်နေ စိတ်ထားက အထူးကောင်းမွန်နေပုံရပြီး၊ ပန်းကန်ပြားပေါ်ရှိ အစားအစာကို ကြည့်နေ သကဲ့သို့ ချင်ယွင်ကို ကြည့်နေလေသည်။
ချင်ယွင်၏ နဂါးမျက်လုံးကြီးများက ချက်ချင်းပင် ပြုံးရိပ်သမ်းသွားသည်။ ဤအရာအားလုံး က သူ့အစီအစဉ်အတိုင်း ဖြစ်နေခဲ့သည်။
"ကောင်းပြီလေ, ခင်ဗျားက ကျုပ်ကို စားချင်တာဆိုတော့ လာခဲ့စမ်းပါ။ ခင်ဗျားက ကျုပ်ကို အရင်မျိုချနိုင်မလား?။ ဒါမှမဟုတ် ခင်ဗျားရဲ့သွားတွေကိုပဲ ကျုပ်က အရင်ချိုးနိုင်မလား ဆိုတာ ကြည့်ရအောင်” ချင်ယွင်နဂါးကြီးက လူသားစကားဖြင့် ထုတ်ပြောလိုက်ပြီး၊ သူ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ လှုပ်ခါသွားကာ ပေတစ်သောင်းမြင့်သော ဧရာမ လှိုင်းလုံးကြီးများသည် ရေကန်ထဲမှ မြင့်တက်လာခဲ့သည်။
ရေကန်၏ မျက်နှာပြင် တစ်ခုလုံး လှိုင်းလုံးများဖြင့် လှုပ်ခတ်နေ၏။
ချင်ယွင်နှင့် ကျန်းခွန်တို့သည် လုံးလုံးလျားလျား တိုက်ခိုက်ကြတော့သည်။ ကျန်းခွန်သည် နတ်ဘုရားလျှပ်စီးလှံကို အသုံးပြု၍ ချင်ယွင်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ သူ အပြင်းအထန် တိုက်ခိုက်လိုက်တိုင်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင် အကြေးခွံများ သည် ပေါက်ကွဲသွားကြသည်။
သို့သော်လည်း ချင်ယွင်သည်လည်း ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ ကြီးမားလှသော နဂါးခြေသည်းကြီးသည် ကျန်းခွန်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ရေကန်တစ်ခုလုံး ဖျန်းခနဲ တုန်ခါသွားခဲ့သည်။
လူတစ်ယောက်နှင့် နဂါးတစ်ကောင်သည် ထိုကဲ့သို့ပုံစမျိုးဖြင့် တိုက်ခိုက်နေကြပြီး၊ ယင်းကြောင့် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသည်။
ကမ်းပေါ်ရှိလူတိုင်း ဆွံ့အနေကြသည်။ ယခုလိုတိုက်ပွဲမျိုးက သူတို့အတွက် အိပ်မက်ဆိုး တစ်ခုလိုပင်။
ချင်ယွင်၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူမ နားမလည်နိုင်သည့် အလား ယောင်ဖုန်း၏ အမူအရာက လေးနက်နေပါသည်။
ဤနတ်ဘုရားနယ်မြေ၏ ကန့်သတ်ချက်များကြောင့် ချင်ယွင်၏ ကြီးမားသော ခန္ဓာကိုယ် သည် ရွေ့လျားရန် မလွယ်ကူပေ။ တိုက်ပွဲဖြစ်ချိန်၌ အလွန်မင်း အကန့်အသတ် ရှိနေခဲ့ သည်။ တစ်ဖက်တွင်မူ၊ ကျန်းခွန်သည် တိုက်ပွဲကို ရင်ဆိုင်ရန် နတ်ဘုရားလျှပ်စီးကို အဆက်မပြတ် အသုံးပြုကာ ချင်ယွင်၏ကြီးမားလှသော ခန္ဓာကိုယ်ကို အဆက်မပြတ် တရစပ် တိုက်ခိုက်နေပြီး ပို၍ပင် အဆင်ပြေစေသည်။
တခဏလေး အတွင်းမှာပင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံတစ်ဝက်ကျော်သည် ပျက်စီးသွားပြီး သူ့တစ်ကိုယ်လုံးမှာ သွေးများ အသားစများဖြင့် ယိုစီးကျနေပြီ။ သိသာ ထင်ရှားသည်မှာ၊ သူ့အပေါ် ကျရောက်လာသည့် ဤနတ်ဘုရားလျှပ်စီးလှံများ၏ တိုက်ခိုက်မှုများကို သူသည် လျစ်လျူရှုမထားနိုင်ခဲ့ပေ။ ၎င်းတို့သည် ဆန့်ကျင်ဘက်ပင် ဖြစ်နေခဲ့သည်။
ထို့ကြောင့် နတ်ဘုရားနဂါးအဖြစ် ပြောင်းလဲခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ခဲ့ပါ။ ယောင်ဖုန်းသည် ချင်ယွင်၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် ဤအရာကို သူ မတွေးမိမည် မဟုတ်ဟု သူမ ခံစားရသည်။ သူ့လုပ်ရပ်မှာ တခြားရည်ရွယ်ချက်များ ရှိနေရလိမ့်မည်။ သို့သော်, ချင်ယွင်၏ ရည်ရွယ်ချက်များကို သူမ မမြင်နိုင်ခဲ့ပါဘူး။
"ဟား…၊ ဟား….၊ နတ်ဘုရားနဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်တာက, မင်းက သေခြင်းတရားကို တကယ်ကို ချစ်မြတ်နိုးနေလို့ပဲ" ကျန်းခွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားလျှပ်စီးတွေက ချင်ယွင်ကို ဆက်လက် ထိမှန်နေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းသောကြောင့် သူမည်ကဲ့သို့ပင် တိုက်ခိုက်သည် ဖြစ်စေ ၎င်းကို ထိမှန်နိုင်သေးသည်။ ထို့ကြောင့် သူ့မျက်လုံးထဲတွင် ချင်ယွင်၏ အသွင်ပြောင်းခြင်းသည် သေခြင်းတရားကို တောင်းခံနေခြင်းနှင့် မခြားနားလှပေ။
ထိုအချိန်တွင် ချင်ယွင်၏ နဂါးမျက်လုံးကြီးများက နာကျင်သော အမူအရာကို ထုတ်ဖော် လာသည်။ ဤနတ်ဘုရားလျှပ်စီးလှံများ၏ တန်ခိုးစွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည်။ နတ်ဘုရားပစ္စည်းများနှင့် ယှဉ်နိုင်သော နဂါး အကြေးခွံ များပင် သူ့ကို ထိမှန်သောအခါ ခံနိုင်ရည် မရှိခဲ့ပေ။
သို့သော်, သူ ဤအရာကို လုပ်ကိုလုပ်ရလိမ့်မည်။ ထိုသို့လုပ်မှသာ ကျန်းခွန်ကို သတ်ပစ်နိုင်မည် ဖြစ်သည်။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်း ဒီအခြေအနေမျိုးမှာ မင်းအတွက် တောင့်ခံနိုင်ဖို့က မလွယ်ဘူးလေ။ ဒါပေမယ့် အရာအားလုံးကို မင်း လက်ခံရလိမ့်မယ်။ နောက်ဆုံးအနေနဲ့ မင်းကို ပြိုင်ဘက်ကင်း နတ်ဘုရားလျှပ်စီးနဲ့ ဆုချပါရစေ” ကျန်းခွန်က အေးစက်စွာ ပြောလိုက်ပြီး သူ့အမူအရာက ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်လာသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ၊ နတ်ဘုရားလျှပ်စီးမှ လုံးလုံးလျားလျား ထွက်ပေါ်လာ သည့် ကြီးမားသော လျှပ်စီးအလုံးကြီးသည် သူ့ခေါင်းထက်တွင် ပေါ်လာခဲ့သည်။
ထိုနတ်ဘုရားလျှပ်စီးကြောင်းများ ပေါ်လာသည်နှင့်၊ ရေကန်၏မျက်နှာပြင် တစ်ခုလုံး တုန်လှုပ်လာသည်။ ထိုနတ်ဘုရားလျှပ်စီးအလုံးအတွင်း ပါရှိသော စွမ်းအင်အတက်အကျ လှိုင်းများသည် ကမ္ဘာတစ်ခုလုံးကိုပင် တုန်လှုပ်စေနိုင်သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နတ်ဘုရားလျှပ်စီးလဲ။ ပြီးသွားပြီ။ ချင်ယွင်တော့ အဆုံးသတ်သွားတော့မယ်”။ ကမ်းစပ်ပေါ်မှ တော်အန်းသည် ထိုနတ်ဘုရား လျှပ်စီးအလုံးကြီးကို မြင်သောအခါ အလွန်မင်း ထိတ်လန့်သွားပြီး အော်ငိုလုမတတ်ပင်။
တော်ယုသည် တော်အန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ၏ မျက်နှာပေါ်မှာ အလွန်မင်း ကြောက်လန့်သွားသည့် အမူအရာ ပေါ်လာသည်။
ယောင်ဖုန်းသည် လှုပ်ရှားလိုက်ချင်ဟန်ဖြင့် သူမ၏လက်ထဲမှ နှင်းဓားကို တင်းတင်း ဆုပ်ကိုင်ထားသည်။ သို့သော်လည်း ချင်ယွင်၏ ယခင်စကားများကြောင့် သူမသည် ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။
"ငရဲကိုသွားလိုက်တော့”။
ကျန်းခွန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်နှင့် ပြိုင်ဘက်ကင်း နတ်ဘုရားလျှပ်စီးက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ ကန်ရေပြာင်သည် ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးကြောင့် အငွေ့ပျံသွားခဲ့သည်။
အကယ်၍, ချင်ယွင်သည် ထိုနတ်ဘုရားလျှပ်စီးသာ ထိမှန်ခဲ့လျှင်, ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို အသာထား၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူပင်လျှင် အသက်ရှင်ရန် အခွင့်အလမ်း မရှိနိုင်ပေ။
သို့သော် ချင်ယွင်သည် လုံးဝ ထိတ်လန့်သွားခြင်း မရှိခဲ့ပေ။ သူသည် သူ့ဆီသို့ တဟုန်ထိုး ပျံသန်းလာသော ပြိုင်ဘက်ကင်း နတ်ဘုရားလျှပ်စီးအလင်းတန်းကို ကြည့်လိုက်ရင်း၊ သူ့မျက်လုံးများမှ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
"အခုပဲ” ချင်ယွင်က သူ့စိတ်ထဲမှာ ဟစ်ကြွေးလိုက်ပြီး သူ့တစ်ကိုယ်လုံးသည် ချက်ချင်း လှုပ်ရှားသွားခဲ့သည်။