← Chapters

အခန်း ၁၂၇၉

Vol. 86 Ch. 1279

အခန်း ၁၂၇၉

Vol. 86 Ch. 1279

အခန်း (၁၂၇၉) တားမြစ်စွမ်းအား။

ချင်ယွင်သည် စိတ်ထဲမှာ တုန်လှုပ်သွားပါသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား သည် မည်သည့်နေရာမှ လာသည်ကို သဘာဝအတိုင်း သူ သိပါသည်။

ဤစွမ်းအားသည် သူ၏ ကနဦးစကြဝဠာ ဗဟိုရှိ လျှို့ဝှက်ဆန်းကြယ်သော ကြေးနီ အပိုင်းအစထံမှ သဘာဝအတိုင်း ဆင်းသက်လာခြင်း ဖြစ်ပါသည်။

သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစကို လောင်းကစားကျောက်တုံး ဆိုင်မှ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ချင်ယွင်သည် ၎င်း၏ဇာစ်မြစ်ကို လုံးဝ မသိပါ။

သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစသည် ထူးထူးခြားခြား အရာတစ်ခု ဖြစ်ကြောင်း ချင်ယွင် သိပါသည်။

ထိုသို့မဟုတ်ပါက၊ ဤအရာသည် ပိုင်ရှင်ကို အသိအမှတ်မပြုဘဲ ချင်ယွင်၏ ခန္ဓာကိုယ်ထဲ သို့ ထွင်းဖောက်ဝင်ရောက်ပြီး ချင်ယွင်၏ ကနဦးစကြာဝဠာထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ချင်ယွင်၏ ကနဦးစကြဝဠာ စွမ်းအားသည်ပင် ဤကြေးနီအပိုင်းအစကို အနည်းငယ်မျှ လှုပ်ခါနိုင်စွမ်း မရှိသေးပေ။

အကယ်၍, နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားသည် ကျန်းခွန်၏ စွမ်းအားကို အသုံးပြုပြီး၊ ကြေးနီအပိုင်းအစကို အသက်သွင်းရန် ပြောပြခဲ့ခြင်းကြောင့်သာ မဟုတ်ပါက, သူသည် သေသည်အထိ ရိုက်နှက်ခံရလျှင်ပင်, ၎င်းကို မည်သို့ အသုံးပြုရမည်ကို စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။

အဆုံးတွင်၊ လျိုဘို၏တောင်းဆိုချက်အရ ကြေးနီအပိုင်းအစကို အသက်သွင်းပြီးနောက်၊ ကြေးနီအပိုင်းအစမှ ထုတ်လွှတ်သော စွမ်းအားသည် ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။

ဤစွမ်းအားသည် နူးညံ့သိမ်မွေ့သော်လည်း အလွန်မင်း ကြောက်စရာကောင်းလွန်းလှ သည်။ ဤစွမ်းအားသည် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် သို့မဟုတ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ချင်ယွင် သေချာပါသည်။ ထိုသို့မဟုတ်လျှင်, သူသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ကြေးနီ အပိုင်းအစ၏ စွမ်းအားကို အသုံးချလျှင်ပင် ကျန်းခွန်ကို သေသည်အထိ လွယ်လွယ်ကူကူ ချေမွပစ်နိုင်မှာ မဟုတ်ပါဘူး။

ယခုအချိန်မှာ, ထိုစွမ်းအားသည် လွင့်ပျယ်သွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင် အလင်းတန်းများလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။ သို့သော် ချင်ယွင်၏ ခန္ဓာကိုယ် သည် အနည်းငယ်မျှ အဆင်မပြေမူကို မခံစားခဲ့ရပေ။ နတ်ဘုရားတန်ခိုးကို အပြင်းအထန် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော တန်ပြန်သက်ရောက်မူ အားလုံးလည်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ ဤအရာက ချင်ယွင်၏ စိတ်ထဲတွင် အလွန်မင်း တုန်လှုပ်သွားစေ သည်။

"လျို, ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးနီအပိုင်းအစက ဘာလဲ?။ အဲဒီနတ်ဘုရား လျှပ်စီးကို စုပ်ယူပြီးနောက် ဘာကြောင့် ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ရတာ လဲ” ချင်ယွင်သည် ကမ်းပေါ်သို့ အလျင်စလို ပြန်မတက်ခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ မျက်ခုံးကြားရှိ နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ ပစ္စည်းဝိညာဉ်ကို မေးမြန်းလိုက်ပါသည်။

လျိုဘိုသည် ကြေးနီအပိုင်းအစကို အသက်သွင်းရန် နည်းလမ်းကို ပြောပြလာသောကြောင့် ကြေးနီအပိုင်းအစ၏ မူလအစ သို့မဟုတ် အချက်လက်မှန်ကို သဘာဝကျကျ သိထားလိမ့် မည်။

ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားနှင့် ကြေးနီအပိုင်းအစ နှစ်ခုစလုံးသည် အဆင့်တူရတနာများ ဖြစ်နိုင်ကြောင်း ခံစားခဲ့ရပြီး ဤရတနာအဆင့်သည် နတ်ဘုရား ပစ္စည်းများ၏ အတိုင်းအတာထက်ပင် ကျော်လွန်သွားခဲ့ပြီ။

"မင်းရဲ့ လက်ရှိခွန်အားနဲ့ မင်း သိဖို့မလိုသေးဘူး။ ဒီကြေးနီအပိုင်းအစက ထူးထူးခြားခြား ဇာစ်မြစ်ရှိတယ်ဆိုတာ မင်း သိထားဖို့ပဲလိုတယ်။ တကယ်လို့, အနာဂတ်မှာ ဒီလို ကြေးနီအပိုင်းအစတွေကို မင်းမြင်ခဲ့ရင် သေချာပေါက် ရအောင်ယူရလိမ့်မယ်။” လျိုဘို၏ အစစ်အမှန် အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အယ်၊ ဖြစ်နိုင်တာက ကြေးနီအပိုင်းအစ တစ်ခုထက်မက ရှိနေတာလား" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

"မင်းက တော်တော်တုံးအတဲ့ကောင်ပဲ။ အပိုင်းအစတစ်ခုလို့ ပြောမှတော့, နဂိုအကောင်း အတိုင်းကနေ တစ်ခုခုကြောင့် ကျိုးပဲ့သွားလို့ပေါ့။ ဒီကြေးနီအပိုင်းအစ တုနှိုင်းမဲ့ ရတနာတစ်ခုရဲ့ အပိုင်းတစ်ပိုင်းတစ်ခုပဲ” လျိုဘို၏ ထူးဆန်းသည့်အသံက ဆက်လက် မြည်လာခဲ့သည်။

ချင်ယွင်၏ မျက်နှာသည် အလွန်မင်း အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာခဲ့သည်။ ဤကြေးနီအပိုင်းအစသည် ရတနာတစ်ခုမှ ကျိုးပဲ့သွားပြီးနောက်မှ ဖြစ်ပေါ်လာသည့် အပိုင်းအစတစ်ခုဟု သူ မည်သို့ မထင်မိဘဲနေမည်နည်း?။ ထိုအကြောင်းကို သူ မတွေးမိ၍ မဟုတ်ဘဲ၊ မတွေးဝံ့ခြင်းသာ ဖြစ်ပါသည်။

ချင်ယွင်သည် ယခုလေးပင် ကြေးနီအပိုင်းအစမှ ထွက်ပေါ်လာသည့် စွမ်းအားကို ရှင်းရှင်း လင်းလင်း ခံစားလိုက်ရသည်။ ထို့အပြင်၊ ၎င်းသည် ထိုကြေးနီအပိုင်းအစ၏ စွမ်းအား အားလုံး မဟုတ်ကြောင်း ချင်ယွင် ခံစားခဲ့ရသည်။ အစိတ်အပိုင်းတစ်ခုလေးကပင်, ဤမျှ ကြောက်စရာကောင်းသော တန်ခိုးအစွမ်း ရှိနေခဲ့သည်။ ထိုရတနာ ပြည့်ပြည်စုံစုံ ရှိစဉ်အခါ က မည်သည့် စွမ်းအားမျိုး ဖြစ်ပေါ်လာမည်ကို သူ တကယ်ပင် စိတ်မကူးနိုင်ခဲ့ပါဘူး။

"လျိုဘို, အနာဂတ်မှာ ငါ ဒီကြေးနီအပိုင်းအစကို အသက်သွင်းဖို့ ဒီနည်းကို အသုံးပြုလို့ ရဦးမလား။" ချင်ယွင်က ဆက်မေးသည်။

ကြေးနီအပိုင်းအစမှ တန်ခိုးသည် အလွန်ကြောက်စရာကောင်းသည်။ အကယ်၍, ၎င်းကိုသာ တစ်ချိန်လုံးသုံး အသုံးပြုနိုင်ခဲ့လျှင်, ချင်ယွင်ပိုင်ဆိုင်ထားသည့် မည်သည့် ဝှက်ဖဲများထက်မဆို ပိုမိုသန်မာနေမည်မှာ သေချာပါသည်။ ထိုကြောင့် ချင်ယွင်သည် ဂရုမစိုက်ဘဲ မနေနိုင်တော့ပေ။

သို့သော် လျိုဘိုပြောလာသည့် နောက်ဆက်တွဲ စကားများက ချင်ယွင်၏ခေါင်းပေါ်မှာ အိုးတစ်လုံးပေါက်ခွဲလိုက်သကဲ့သို့ မျက်ရည်တောက်တောက် ကျသွားချင်စရာပင်။

"ဟမ့်၊ မင်းကရော ဘယ်လိုထင်လဲ?။ ဒီအချိန်၊ မင်းက ဒီကြေးနီအပိုင်းအစရဲ့ စွမ်းအားကို အသက်သွင်း နိုင်ခဲ့တယ်။ အဲဒါက အရာအားလုံးက တိုက်ဆိုင်မှုတစ်ခုပဲ။ မင်း ဒီအခွင့်အရေးကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။ မင်းက အဲဒါကို အနာဂတ်မှာ တစ်ချိန်လုံး အသုံးပြုနိုင်ဖို့ တကယ်ပဲ စဉ်းစားနေတာလား?။ ဒါက အိပ်မက်မက်နေတာပဲ”။ ကောင်စုတ် လေး, ဒါနဲ့တူညီတဲ့စကားတွေ ရှိနေသေးတယ်။ အဲဒါက တကယ်ကို အရေးမကြီးပါဘူး။ မင်းရဲ့ စကြဝဠာ ကျင့်ကြံခြင်း တိုးတက်လာဖို့အတွက် အချိန်တွေကို ဆုပ်ကိုင်ထားဖို့က အရေးကြီးဆုံး အရာပဲ။ မင်းရဲ့ ကနဦးစကြာဝဠာဟာ အစောပိုင်း ထိုက်ကျိနယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ တကယ်လို့, မင်းသာ အလယ်လတ်အဆင့် ထိုက်ကျိနယ်ပယ်ကို ရောက်ရှိနေခဲ့ပြီး၊ ကနဦးစကြဝဠာရဲ့ စွမ်းအားကို ငှာရမ်းနိုင်ခဲ့ရင်, သူ့ကိုသတ်ဖို့အတွက် ဒီကြေးနီအပိုင်းအစရဲ့ အစွမ်းကို ဘာလို့ အသုံးပြုနေမှာလဲ။” လျိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ တကယ်ဆို, သူသည် ကနဦးစကြာဝဠာ၏ စွမ်းအားကို ငှားရမ်းချင်ပါသည်။ သို့သော်လည်း, ကောင်းကင်ဘုံ၏တန်ခိုးအစွမ်းက သူ့ကို ထိုကဲ့သို့ပြုလုပ်ရန် ခွင့်မပြုသလိုပင်။ ထို့ကြောင့်, သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့ပေ။

ထို့အပြင်, ချင်ယွင်ခံစားမိသည်မှာ, နောက်ဆုံးအချိန်တုန်းက သူသည် အင်မော်တယ်ဘုရင် နယ်ပယ်နှင့် အင်မော်တယ်ဧကရာဇ်နယ်ပယ်တို့ကို ရှောင်ရှားပြီး ကနဦးစကြာဝဠာကြောင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သော်လည်း၊ သူသည် ကြယ် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ကောင်းသော ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီးသည် ဖြစ်ပေါ်လာနိုင်ချေ ရှိပါသည်။ ထိုအချိန်ရောက်လျှင်၊ နတ်ဘုရားကမ္ဘာ ကပ်ဘေးဒုက္ခ၏ အတိုင်းအတာကို ချင်ယွင်သည် ပင် မတွေးဝံ့ပေ။ ထို့ကြောင့်, သူသည် တတ်နိုင်သမျှ သူ့ခွန်အားကို မြှင့်တင်နေရပါသည်။

ထိုသို့မဟုတ်လျှင်, အကယ်၍, သူသည် ကြယ်နတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်ပြီး ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆွဲဆောင်မိခဲ့ပါက, သူ့မှာ ခုခံတွန်းလှန်ဖို့ ခွန်းအားရှိမနေခဲ့လျှင်, တကယ်ကို ကြောက်စရာကောင်းလာလိမ့်မည်။

သို့သော်လည်း လျိုဘိုပြောသည့် စကားမှာ အမှန်ပင်ဖြစ်သည်။ သူသည် ပြင်ပကမ္ဘာ၏ စွမ်းအားကို အလွန်အမင်း အားမကိုးနိုင်ပေ။ သူ့ကိုယ်ပိုင်ခွန်အားသည်သာ အရာအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။

ဘန်း…။

ချင်ယွင်သည် သူ့စိတ်ကို ထိန်းလိုက်ပြီး နဂါးအတောင်များကို ဖွင့်ကာ ကမ်းစပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ယခင်က သူသည် ဤနတ်ဘုရားနယ်မြေ၏ ကန့်သတ်ချုပ်ချယ်မှုမှ လုံးဝ ကင်းဝေးစေရန် လျှို့ဝှက်ဆန်းကြယ်သော ကြေးနီအပိုင်းအစ၏ စွမ်းအားကို ချေးငှားယူခဲ့ပြီး လေထဲတွင် ပျံဝဲနိုင်စေခဲ့သည်။ သို့သော် ယခုတွင် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ပျောက်ကွယ်သွားခဲ့ပြီး၊ သူသည် သဘာဝအတိုင်း လေထဲတွင် ဆက်လက် မပျံသန်းနိုင် တော့ပေ။

ဘန်း..။

ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကမ်းစပ်ဆီသို့ အမြန် ပြေးသွားခဲ့သည်။

ချင်ယွင် ပြန်လာရန် စောင့်စားနေသည့် လူအုပ်ကြီးသည် ချင်ယွင် ကမ်းပေါ် တက်လာသည်ကို မြင်ပြီး ချက်ချင်း ဝိုင်းရံလိုက်ကြပါသည်။

"သခင်လေးချင်, ရှင် အဆင်ပြေရဲ့လား"

"လူဆိုးကောင်၊ မင်း နာကျင်နေသေးလား" တော်ညီအစ်မသည် ကမန်းကတန်း ရှေ့ကို ပြေးလာပြီး လှမ်းမေးကြသည်။

"အဆင်ပြေပါတယ်၊ ငါ အဆင်ပြေပါတယ်”။ ချင်ယွင်က လေးစားမူကို ဖော်ပြဟန်ဖြင့် ပြုံးကာ ပြန်ပြောသည်။

ချင်ယွင်၏ အဖြေကိုကြားတော့ တော်ညီအစ်မများလည်း စိတ်သက်သာရာ ရသွားပါသည်။

"ဝေါင်း…၊ ဆရာကြီး၊ မင်းက အခု ငါ့ရဲ့ တကယ့်ဆရာကြီး ဖြစ်သွားပြီ။ မင်းက အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်ကိုတောင် ပေါ့ပေါ့ပါးပါး သတ်နိုင်ခဲ့တယ်။ မင်းက ငါ့ရဲ့အိုင်ဒေါကြီးပဲ” နီထိုက်စွေ့က ချင်ယွင်၏ ပေါင်ကို ပွေ့ဖက်ပြီး၊ သူသည် ချင်ယွင်ကို အိမ်မွေးနွားတစ်ကောင်ကို ပေးချင်နေသည့် အလား မြှောက်ပင့်ပြောနေသည်။

ချင်ယွင်က နီထိုက်စွေ့ကို ချက်ချင်း ကန်ထုတ်လိုက်ပြီး၊ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

နီထိုက်စွေ့သည် ဒေါသမထွက်ဘဲ မိုက်မဲစွာ ခစ်ခစ်ရယ်မောနေသည်။

ချင်ယွင်သည် နီထိုက်စွေ့ကို လျစ်လျူရှုပြီး ယောင်ဖုန်းဆီကို လှည့်ကြည့်လိုက်သည်။ ထိုမှသာ, သူမသည် နောက်ကွယ်မှ သူ့ကို အပေါ်အောက် စိုက်ကြည့်နေကြောင်း သိလိုက်ရ သည်။

"အယ်? ငါ ဘာဖြစ်နေလို့လဲ?" ယောင်ဖုန်း၏ စူးရှသော မျက်လုံးများကြောင့် ချင်ယွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး ခြောက်ကပ်စွာ ပြုံးရင်း မေးလိုက်ပါသည်။

ယောင်ဖုန်းသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီစွမ်းအားက ဘယ်က ရောက်လာ တာလဲ။ တကယ်လို့, ငါ့ခန့်မှန်းချက်သာ မှန်နေရင် အဲဒီစွမ်းအားက မင်းကိုယ်ပိုင်ဟာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

"ဟုတ်​တယ်​။ အဲဒီစွမ်းအားက တကယ်ကို ​​ငှားရမ်းထားတဲ့ စွမ်းအားပဲ” ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ယောင်ဖုန်းသည် ထိုစကားကိုကြားသည်နှင့် သူမ၏ အမူအရာက ချက်ချင်း လေးနက်သွား ခဲ့ပါသည်။ သူမက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "အထူးသဖြင့် တခြားသူတွေ ရှေ့မှာ ဒီစွမ်းအားကို ထပ်ပြီး မသုံးမိစေနဲ့။ အဲဒါက တားမြစ်ထားတဲ့ စွမ်းအားပဲ"။

ချင်ယွင်သည် ချက်ချင်းပင် ပဟေဋ္ဌိ ဖြစ်သွားခဲ့သည်။

တားမြစ်ထားတဲ့ စွမ်းအားလား…?။ အဲဒါက ဘာလဲ?။

All Chapters