← Chapters

အခန်း ၁၂၈၀

Vol. 86 Ch. 1280

အခန်း ၁၂၈၀

Vol. 86 Ch. 1280

အခန်း (၁၂၈၀) အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးများ။

ချင်ယွင်သည် သူမပြောပြသည့် တားမြစ်ထားသော စွမ်းအားက ဘာလဲဆိုသည်ကို ယောင်ဖုန်းအား အမှန်တကယ် မေးချင်မိသည်။ သို့သော် ယောင်ဖုန်းက ရှင်းမပြခဲ့ပေ။ သူမသည် အနာဂတ်တွင် ထိုစွမ်းအားကို အသုံးမပြုခြင်းက အကောင်းဆုံး ဖြစ်ကြောင်းသာ ချင်ယွင်ကို ပြောပြခဲ့သည်။ အကယ်၍, ပြင်ပမှ ကျွမ်းကျင်ပညာများ သိရှိသွားပါက ၎င်းသည် ကြီးမားသော ပြဿနာကြီး ဖြစ်ပေါ်လာပေလိမ့်မည်။

ယောင်ဖုန်း၏ သတိပေးချက်ကို ကြားတော့ ချင်ယွင်သည် ပို၍ပင် ပဟေဠိဖြစ်လာခဲ့သည်။

ဤကြေးနီအပိုင်းအစကို ဆရာကြီးအန်းနှင့် သခင်လေးပိုင်ယုတို့ မြင်သောအခါတွင် သူတို့၏ အမူအရာများသည် အလွန်ထူးဆန်းသွားပြီး ယင်းကြောင့်ပင်, သူ့ကို တိုက်ခိုက်လို ခဲ့သည်။ အခု သူ ပြန်စဉ်းစားကြည့်တော့, သခင်လေးပိုင်ယုသည် သူ့အား ကျောက်တုံး ရွေးချယ်သူ ဆရာကြီးဖြစ်သောကြောင့် မသတ်ခဲ့ခြင်း မဟုတ်ဘဲ ဤကြေးနီအပိုင်းအစ ကြောင့် မသတ်ခဲ့ခြင်းက ဖြစ်နိုင်ချေပိုများပါသည်။

"ကြည့်ရတာ, ဒီကြေးနီအပိုင်းအစရဲ့ မူလဇာစ်မြစ်က မရိုးရှင်းလောက်ဘူး။ ရံဖန်ရံခါ, ငါ သေသေချာချာ စုံစမ်းကြည့်ရမယ်” ချင်ယွင်က သူ့စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ဤကြေးနီအပိုင်းအစသည် ကြီးမားသော လျှို့ဝှက်ချက်ကြီး ပါရှိနေသည်ကို သူ ခံစားနိုင်ပြီး၊ ထိုလျှို့ဝှက်ချက်သည် ထူးထူးခြားခြား ဖြစ်နေသည်မှာ သေချာပါသည်။ ဘိုးဘေးနတ်ဘုရားများပင်လျှင်, ဤကြေးနီအပိုင်းအစနှင့်ပတ်သက်ပြီး အတော်လေး ဂရုစိုက်ကောင်း ဂရုစိုက်နေနိုင်သည်။ အကယ်၍, သူ နားမလည်နိုင်ပါက ချင်ယွင်သည် စိတ်အေးလက်အေး ခံစားရရန် ခက်ခဲလိမ့်မည်။

"နတ်ဘုရားနယ်မြေရဲ့ နက်ရှိုင်းတဲ့အရပ်က ရှေ့မှာပဲ။ အတွင်းထဲမှာ ပိုပြီးတော့ အန္တရာယ်များလိမ့်မယ်။ မင်းတို့ သတိထားရင် ပိုကောင်းမယ်။" ယောင်ဖုန်းသည် ချင်ယွင်၏ အတွေးရထားကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။

"ဒါက ဒီနတ်ဘုရားနယ်မြေရဲ့ နက်ရှိုင်းတဲ့အရပ်လား?” ထိုစကားကို လူတိုင်း ကြားသော အခါ, အားလုံးက စပ်စုသောမျက်နှာထားဖြင့် မျှော်ကြည့်မိကြသည်။

ချင်ယွင်လည်း ခေါင်းမော့ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ သူသည် ဤနတ်ဘုရား နယ်မြေအကြောင်း အဆုံးမဲ့ သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ချင်ယွင်သည် သူ့ရှေ့မှ မြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။

အစောပိုင်းက, သူသည် လူတိုင်းနှင့် စကားပြောနေရပြီး အလုပ်ရှုပ်နေခဲ့သည်။ ထို့အပြင် သူ့ရှေ့မှာ တိမ်များနှင့် မြူခိုးများက လေထဲတွင် ပြည့်နေသောကြောင့် သူ့ရှေ့မှ မြင်ကွင်းကို သူ ဂရုမစိုက်မိခဲ့ပေ။ သို့သော် ယခုမြင်လိုက်ရတော့ သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။

လက်ရှိတွင်, သူတို့ရှေ့မှာ ဧရာမတောင်ထိပ်ကြီး ကိုးခု ရှိနေခဲ့သည်။ ၎င်းတို့တစ်ခုချင်းစီကို အနက်ရောင် အခိုးငွေ့များဖြင့် ဖုံးလွှမ်းထားပြီး ကြီးကျယ်ခမ်းနားလှသည်။ ၎င်းတို့ တစ်ခုချင်းစီသည် အနှိုင်းမဲ့ မြင့်မားသော ဧရာမသတ္တဝါကြီးများနှင့် တူသည်။

၎င်းတို့သည် လူများကို အသက်ရှုမဝ ဖြစ်စေသည့် ပြင်းထန်သော ဖိနှိပ်မှုခံစားချက်ကို ပေးစွမ်းနိုင်ကာ၊ အနှိုင်းမဲ့ ခါးသီးဖွယ် တောင်တန်းတစ်ခုအသွင် တည်ဆောက်ထားသည်။

သို့သော် ချင်ယွင် အမှန်တကယ် အံ့အားသင့်သွားရသည့် အကြောင်းအရင်းမှာ ဤအရာ ကြောင့် မဟုတ်ပေ။ ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်စေသည်မှာ ဤဧရာမတောင်ကြီး ကိုးခု၏ တောင်ထိပ်ပေါတွင် ဖယ်ထုတ်ခံထားရသော အစိတ်အပိုင်းတစ်ခု ရှိနေခဲ့ပြီး၊ ၎င်းဖယ်ထုတ်သည့် နေရာမှာ တုနှိုင်းမရအောင် ကြီးမားသော စာလုံးကြီးများ ရှိနေခြင်းပင် ဖြစ်သည်။

ထိုစာလုံးများအားလုံးသည် အနှိုင်းမဲ့ အစွမ်းထက်သော ဓားဆန္ဒကို ထုတ်လွှတ်နေသည်။ အတိအကျ ပြောရလျှင်, ထိုပြင်းထန်သော ဓားဆန္ဒကြောင့် ချင်ယွင်သည် ခေါင်းမှ ခြေဖျား အထိ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဓားဆန္ဒလဲ?။ ဒီစကားလုံးကြီးကို ဓားတစ်လက်နဲ့ ထွင်းထားတာ ဖြစ်နေမှာတောင် ငါ ကြောက်မိတယ်။ ပြီးတော့ ဘယ်လောက်ကြီးမားတဲ့ လက်ကြီးလဲ။" ချင်ယွင်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။ (Big hand" is an idiom that means to applaud someone enthusiastically by clapping your hands။) ။ ("လက်ကြီး" ဆိုသည်မှာ အီဒီယမ်စကား၏ အဓိပ္ပါယ်မှာ, လက်ခုပ်တီးခြင်းဖြင့် တစ်စုံတစ်ဦးအား စိတ်အားထက်သန်စွာ လက်ခုပ်တီးပေးခြင်း။ ချီးကျူးခြင်း ဖြစ်ပါသည်)။

"ဒါက ကြီးမာရုံသက်သက် မဟုတ်ဘူး။ ဒါက တကယ်ကို ကြီးမားတဲ့ ကိစ္စကြီးတစ်ခုပဲလေ။ ညီအစ်ကိုချင်၊ မင်းအနေနဲ့ ဒီအနက်ရောင် နတ်ဘုရားကျောက်တောင်ကြီး ကိုးခုက ဘာကိုဆိုလိုမှန်း မသိသေးတာ ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်။ တကယ်လို့ မင်း သိသွားခဲ့ရင် မင်း အခုအချိန်မှာ အေးဆေးငြိမ်သက်နေရုံသာ တတ်နိုင်လိမ့်မယ်။” ချူယွန်က စိတ်ခံစား ချက်အပြည့်ဖြင့် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ပါသည်။ ထို့နောက်တွင်၊ သူ၏ မျက်လုံးများက ဧရာမနတ်ဘုရားကျောက်တောင်ကြီး ကိုးခုပေါ်သို့ ကျရောက်သွားခဲ့သည်။

"အိုး? ဒါဆို ဒီအနက်ရောင် ကျောက်တောင်ကြီး ကိုးခုရဲ့ ထူးခြားချက်က ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ထိုအနက်ရောင် ကျောက်တောင်ကြီးများကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အစကတည်းက, ထိုအနက်ရောင် ကျောက်တောင်ကြီးများသည် အနက်ရောင်မှလွဲ၍, မည်သည့် ထူးခြားမူကိုမှ သူ မခံစားခဲ့ရပါဘူး။ ချူယွန်ပြောစကားကို ကြားလိုက်ရမှ, ထိုနတ်ဘုရားကျောက်တောင်ကြီး ကိုးခုသည် နှိုင်းစာ၍မရအောင် ထူထဲသည့် အငွေ့အသက်များ ပါဝင်ပုံရနေသည်ကို သူ တွေ့ရှိလိုက်ရပါသည်။ ထိုအငွေ့အသက်သည် အလွန်မင်း အစွမ်းထက်သောကြောင့် သူ့အား အသက်ရှုမဝ ဖြစ်စေခဲ့သည်။

ယောင်ဖုန်းမှလွဲ၍ ကျန်လူတိုင်းသည် ချူယွန်ကို အံ့သြစွာ ကြည့်ရင်း ပဟေဠိဆန်သော အမူအရာများကို ထုတ်ဖော်ပြသလာကြသည်။

အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်လျှင်, ချူယွန်လည်း မနေသာဘဲ ပြောလိုက်သည် “ညီအစ်ကိုချင်, မင်းက ဘာလို့ ဒီနတ်ဘုရားကျောက်တောင်ကြီးကို တိုက်ခိုက်ဖို့ မကြိုးစားကြည့်တာလဲ။”

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်း အံ့ဩသွားသည်။ သူက သူ့ကို စမ်းသပ် ကြည့်ဖို့ရန် တိုက်တွန်းလိုဟန်ဖြင့် လှည့်ကြည့်လာသော သူက ယောင်ဖုန်းဆီကို ကြည့် လိုက်ပါသည်။

ယင်းက ချင်ယွင်ကို ချက်ချင်း အံ့သြသွားစေသည်။ သူ၏တိုက်ခိုက်မှုများသည် အလွန် အားကောင်းခြင်း မရှိသော်လည်း အနည်းဆုံးတော့ သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။ တစ်ချက် ရိုက်လိုက်ရုံဖြင့်, ကျောက်တောင်တစ်ခုကို မပြောနှင့်၊ ကျောက်တောင်ကြီးကိုးခုစလုံးပင် တစ်ချိန်တည်း ပေါက်ကွဲသွားနိုင်ပါသည်။ သို့သော် ချူယွန်နှင့် ယောင်ဖုန်း၏ မျက်နှာပေါ်ရှိ အမူအရာများက သူ့စိတ်နှလုံးကို ယုံကြည်မှု ပျောက်ဆုံးသွားစေသည်။

"ကောင်းပြီလေ၊ ငါစမ်းကြည့်ဦးမယ်" ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ ဖြည်းဖြည်း ချင်း ခြေတစ်လှမ်းစီ တိုးလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ကြယ်နတ်ဆိုးနတ်ဘုရား၏ စွမ်းအားသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး၊ အဝေးမှ အနက်ရောင် ကျောက်တောင် ကြီးပေါ်သို့ မိုးပြာရောင် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။

"ဘုန်း”။

သို့သော် ချင်ယွင်၏ လက်သီးချက်သည် အဝေးမှ အနက်ရောင်ကျောက်တောင်နံရံနှင့် အပြင်းအထန် တိုက်မိပြီး ပေါက်ကွဲသံတစ်ချက်သာ ထွက်ပေါ်လာခဲ့သည်။ သို့သော် ကျောက်တောင်ကြီးက ပျက်စီးသွားခြင်း မရှိခဲ့ပေ။ ကျောက်တောင်ပြိုကျဖို့ မပြောနှင့်၊ အနက်ရောင် ကျောက်တောင်ကြီး တစ်ခုလုံးက လှုပ်တောင်မလှုပ်ပါဘူး။

"ဒါ" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး၊ မယုံကြည်နိုင်သည့် အရိပ်အယောင် ပေါ်လွင်လာသည်။

သူတစ်ယောက်သာ မဟုတ်ပေ၊ တော်ညီအစ်မ, ရှေးဟောင်းတာအိုနှင့် သူ့ဘေးနားမှ နီထိုက်စွေ့သည်ပင် ထိတ်လန့်သည့် အမူအရာကို ထုတ်ပြလာသည်။

သို့သော် ချူယွန်နှင့် ယောင်ဖုန်းသည် လုံးဝ အံ့သြသွားပုံမပေါ်ဘဲ သူတို့၏မျက်နှာများသည် တည်ငြိမ်နေကြသည်။

"မင်းရဲ့ ခွန်အားကို အကုန်ထုတ်သုံးပြီး၊ မင်းရဲ့ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကိုပါ အသုံးပြုပြီး ထပ်စမ်းကြည့်ပါ။" ထိုအချိန်မှာ ယောင်ဖုန်းက ထပ်ပြောလာပြန်သည်။

ထိုစကားကြားတော့ ချင်ယွင်သည် အံ့ဩသွားရပြန်သည်။ သူ့အစွမ်းရှိသမျှ ထုတ်သုံးပြီး၊ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာကိုပါ အသုံးပြုရမှာလား?။

ယောင်ဖုန်းသည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာတစ်ချောင်း၏ ထက်ရှမှုကို မသိဘူး ဆိုသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍, ချင်ယွင်သည် ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာ ကို အသက်သွင်းရန်အတွက် သူ၏ခွန်အား အားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင်၊ ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းများကိုပင် တစ်ချက်ခုတ်ပိုင်းရုံဖြင့် ဖြတ်တောက်ပစ်နိုင်ပါသည်။ ယောင်ဖုန်းက သူ့ရှေ့မှ နတ်ဘုရားကျောက်တောင်ကြီးကို တိုက်ခိုက်ရန်အတွက်, သူ့ကို ထိပ်တန်းအဆင့်ရှိသည့် နတ်ဘုရားဆေဘာကို အသုံးပြုခွင့် ပေးလိုက်သည်လား?။

သို့သော် ယောင်ဖုန်း၏ အကြည့်များသည် ချင်ယွင်က ထိုနတ်ဘုရားကျောက်တောင်ကြီး ကို အပိုင်းပိုင်း ခွဲပစ်မည်ကို စိုးရိမ်ခြင်းမရှိသကဲ့သို့ ယောင်ဖုန်း၏ အကြည့်များက တည်ငြိမ်နေဆဲ ဖြစ်သည်။

ထိုအနေထားကို မြင်လျှင်, ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာကို တိုက်ရိုက် ထုတ်ယူလိုက်ပါသည်။ ဤ အနက်ရောင် နတ်ဘုရား ကျောက်တောင်ကြီးများသည် မည်မျှ မာကြောပြီး သူ၏ဆေဘာကို အမှန်တကယ် တားဆီးနိုင်စွမ်း ရှိမရှိကို သူကိုယ်တိုင်လည်း သိချင်လာမိသည်။

ဘန်း…။

ချင်ယွင်၏ နတ်ဘုရားတန်ခိုးခြောက်မျိုးကို နတ်ဘုရားဆေဘာထဲသို့ သွန်းလောင်းထည့် လိုက်သည်။ နတ်ဘုရားဆေဘာသည် ထူးထူးခြားခြား တုန်ခါအသံကို ချက်ချင်း ထုတ်လွှတ်လာပြီး၊ ချင်ယွင်၏လက်ရှိ နတ်ဘုရားဆေဘာမှ ပြင်းထန်သော ဆေဘာဆန္ဒ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝှီး..။

ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် ခုတ်ပိုင်းသွားခဲ့ပြီး ကြောက်မက်ဖွယ် ဆေဘာအလင်းတန်းတစ်ခုက အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီဆီသို့ တဟုန်ထိုး ပစ်လွှတ်သွားခဲ့သည်။

"ဘုန်း”။

ဆေဘာအလင်းတန်းသည် အနက်ရောင် ကျောက်တောင်ကြီးနှင့် အပြင်းအထန် တိုက်မိပြီး မြေကြီးကွဲအက်သွားသည့် နောက်ထပ် ပေါက်ကွဲသံတစ်ခု ဖြစ်ပွားခဲ့သည်။ သို့သော်၊ တန်ခိုးကြီးလှသော ထိုအနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးသည် မလှုပ်မယှက် ဖြစ်နေပြီး၊ အနည်းငယ်မျှသော အက်ကြောင်းလေးပင် ပေါ်မလာခဲ့ပေ။

ချင်ယွင် မှင်သက်သွားခဲ့သည်။ တော်ညီအစ်မနှင့် သူ့နောက်မှ တခြားလူများလည်း မှင်သက်ကြသည်။ သူတို့အားလုံး လွန်စွာမှ တုန်လှုပ်သွားကြသည်။

ချင်ယွင်၏ တိုက်ခိုက်မှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်လုနီး ပါး ဖြစ်နေခဲ့ပြီ။ သူ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်ပင် နတ်ဘုရားကျောက်တောင်ကြီးကို လုံးဝ မထိခိုက်စေ နိုင်ခဲ့ပါ။ သူတို့မျက်လုံးထဲမှာတော့ ဤအရာသည် တကယ်ကို မထင်မှတ်ထားသည့် အရာ ဖြစ်ပါသည်။

ချင်ယွင်သည် နတ်ဘုရားကျောက်တောင်ကြီးပေါ်ရှိ ကြီးမားလှသော စာလုံးကြီးကို ကြည့်ရူရန်အတွက် သူ့ခေါင်းကို မလိုလားဟန်ဖြင့် မော့လိုက်ပါသည်။ သူ့နှလုံးသားက ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

ဤကဲ့သို့ မာကျောသော နတ်ဘုရားကျောက်တောင်ကြီးပေါ်တွင် စာလုံးများကို ထွင်းထုနိုင်သူ၏ ဓားဆန္ဒသည် မည်မျှ ပြင်းထန်လိုက်မည်နည်း?။

"ဒီအနက်ရောင်နတ်ဘုရားကျောက်တောင်ကြီးက ဘယ်လို ကျောက်တုံးအမျိုးစားနဲ့ ပြုလုပ်ထားတာလဲ?။ ဘာကြောင့် ဒီလောက် မာကြောနေရတာလဲ?။ ငါ့ဆေဘာကတောင် အက်ရာတစွန်းတစ မချန်ထားနိုင်ခဲ့ဘူး”။ ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

နီထိုက်စွေ့အပါအဝင် တော်ညီအစ်မနှင့် ရှေးဟောင်းတာအိုဆရာသခင်တို့သည် ချူယွန်နှင့် ယောင်ဖုန်းကို ပဟေဠိဆန်သော အမူအရာများဖြင့် ကြည့်နေကြသည်။

ဤမျှမာကြောသော ကျောက်တုံးအမျိုးစားကို သူတိုသည် အမှန်တကယ်ပင် မကြားဖူးပါ။ ၎င်းသည် အလွန်မင်း ကြောက်စရာကောင်းသည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း တောင်မှ အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါ။

All Chapters