← Chapters

အခန်း ၁၂၈၁

Vol. 86 Ch. 1281

အခန်း ၁၂၈၁

Vol. 86 Ch. 1281

အခန်း (၁၂၈၁) နတ်ဘုရားကျောက်တောင်ကိုးခု။

"ဒါက ဘိုးဘေးနတ်ဘုရား ကျောက်တုံးပဲ။ နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ အမာကြောဆုံး နတ်ဘုရားကျောက်တုံးတွေပဲ။ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကသာ ပြိုင်ဘက်ကင်း နတ်ဘုရားတန်ခိုးနဲ့ မချိုးဖျက်ဘူးရင်၊ ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတွေတောင်မှ ချိုးဖျက်ဖို့အတွက် အခက်အခဲ တွေ့ရလိမ့်မယ်။”ချူယွန်က ရှင်းပြသည်။

လူတိုင်း ထိုစကားကိုကြားလိုက်ရချိန်မှာ, သူတို့အားလုံး အလွန်ခြောက်ခြားသွားသည့် အမူအရာများ ဖြစ်ပေါ်လာကြပါသည်။

ဘိုးဘေးနတ်ဘုရားကျောက်တုံးလား?။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေသာ ချိုးဖြတ်နိုင်သည့်ကျောက်တုံးကို သူတို့သည် ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

ထိုကျောက်တုံးသည် မည်မျှ မာကြောလိုက်မည်နည်း?။ သို့ရာတွင်၊ သူ့ရှေ့ရှိ အနက်ရောင် နတ်ဘုရား ကျောက်တောင်ကြီး ကိုးခုစလုံးသည် ဘိုးဘေးနတ်ဘုရားကျောက်တုံးများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာကောင်းများ ကို အမှန်တကယ် သိမ်းဆည်းထားခြင်း ဖြစ်နေခဲ့သည်။

"သူပြောခဲ့တဲ့စကားတွေက မပြည့်စုံသေးဘူး။ ဘိုးဘေးနတ်ဘုရားတွေ အားလုံးလိုလိုက ဒီဘိုးဘေးနတ်ဘုရားကျောက်တုံးကို ချိုးဖျက်နိုင်တာ မဟုတ်ဘူး။ အလွန်မင်း အစွမ်းထက် တဲ့ တိုက်ခိုက်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဘိုးဘေးနတ်ဘုရားတွေကသာ ပြိုင်ဘက် ကင်း နတ်ဘုရားစွမ်းရည်တွေနဲ့ ချိုးဖျက်နိုင်ကြတာ" ယောင်ဖုန်းက ဆက်ပြောသည်။

ထိုစကားကိုကြားတော့ လူတိုင်း ပို၍ပင် အံ့သြသွားကြသည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကပင် အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးပေါ်မှာ အက်ကြောင်းလေး တစွန်းတစကိုပင် ချန်ထားနိုင်ခြင်းမရှိခြင်း၏ အကြောင်းအရင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဘိုးဘေးနတ်ဘုရားများပင်လျှင် ထိုကျောက်တုံးကို ချိုးဖျက်ရန်အတွက် နတ်ဘုရား စွမ်းရည်ကို အသုံးပြုခဲ့ရသည်။ ဤကျောက်တုံးသည် အလွန်မင်း မာကြောလွန်းလှသည်။

"ဒါဆို ဒီစကားလုံးကိုးလုံးက သံသယမရှိ ဝူဝမ်ဓားဘိုးဘေးကိုယ်တိုင် ရေးထွင်းခဲ့တာ ဖြစ်ရမယ်”။ ရှေးဟောင်းတာအိုသည် နတ်ဘုရားကျောက်တောင်ကြီး ကိုးခုပေါ်မှ စာလုံးကိုးခုကို ကြည့်ပြီး၊ သူ့မျက်လုံးတွေက စူးစူးရှရှ တောက်ပနေရင်း ပြောလိုက်ပါသည်။

ချင်ယွင်သည် စကားလုံးကိုးလုံးကို ကြည့်လိုက်သော်လည်း၊ သူ့မျက်ခုံးများက လျင်မြန်စွာ ရှုံ့တွသွားခဲ့သည်။

ဤအက္ခရာကိုးလုံးကို သူ မသိပါ။ ၎င်းတို့သည် နတ်ဘုရားကမ္ဘာရှိ နတ်ဘုရားသင်္ကေတများ ကဲ့သို့ မဟုတ်ဘဲ၊ ၎င်းတို့သည် အလွန်ရှေးကျသော အက္ခရာများ ဖြစ်နိုင်သည်။

"ဒါက နတ်ဘုရားကမ္ဘာရဲ့ ရှေးကျတဲ့ ဘာသာစကားပဲ။ အရမ်းကို ရှေးကျလွန်းတယ်။ အခုအချိန်မှာ နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာတောင် လူအနည်းငယ်လောက်ကပဲ ဒီဘာသာ စကားကို နားလည်နိုင်တော့တယ်" ယောင်ဖုန်းက ပြောသည်။

"ဒါဆို မင်းရော နားလည်လား" ချင်ယွင်က မေးသည်။

ယောင်ဖုန်းက ခေါင်းခါပြလိုက်သည်။

ချင်ယွင်သည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်သဖြင့် စိတ်မပျက်ခဲ့ပေ။

ယောင်ဖုန်းက ဤစာလုံးများသည် ရှေးခေတ် နတ်ဘုရားအက္ခရာများ ဖြစ်ပြီး၊ ထိုအက္ခရာများကို လူအနည်းငယ်သာ သိတော့သည်ဟု ပြောဆိုထားခြင်းကြောင့်, ယောင်ဖုန်း မသိနိုင်သည်က ပုံမှန်ပင်။

"နောက်ထပ် ငါတို့က ဒီအနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးကို ဖြတ်ကျော်ရမှာ လား" ချင်ယွင်က ထပ်မေးသည်။

ချင်ယွင်သည် ဤနတ်ဘုရားနယ်မြေအကြောင်း ဘာမှမသိပေ။ ထို့ကြောင့်, သူသည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ အမိန့်များကို နားထောင်ရလေသည်။

"တကယ်လို့, မင်းတို့အနေနဲ့ ရတနာတွေကို ရှာဖွေချင်တယ်ဆိုရင်, တောင်ပေါ်ကို တက်လိုက်ပါ။ နတ်ဘုရားကျောက်တောင်ကြီးကိုးခုရဲ့ တစ်ခုစီတိုင်းရဲ့တောင်ထိပ်ပေါ်မှာ ခန်းမကြီးတစ်ခုစီ ရှိတယ်။ ခန်းမကြီးတစ်ခုစီတိုင်းမှာ ထိပ်တန်း ရတနာတွေ ရှိနေလိမ့် မယ်။ ငါ ခန့်မှန်းတာမမှားရင် မင်းလိုချင်နေတဲ့ ရတနာကလည်း ခန်းမကြီး ကိုးခုထဲက တစ်ခုမှာ ရှိရလိမ့်မယ်။ " ယောင်ဖုန်းက ပြောသည်။

တော်ညီအစ်မသည် ထိုစကားကို ကြားသောအခါတွင် သူမတို့၏မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာလေသည်။

သူမတို့သည် သူမတို့၏ ဘိုးဘေးနတ်ဘုရား ကျန်ရစ်ခဲ့သည့် အဖိုးတန်ဆုံး ရတနာဖြစ်သော စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရရှိနိုင်ရန် အလွန်ကြိုးစားခဲ့ရသည်။ ယခု, ယောင်ဖုန်းက ထိုရတနာက သူမတို့ရှေ့မှာ ရှိနေသည်ဟူသော ပြောစကားကို ကြားလိုက်ရ လျှင်, သူမတို့အနေဖြင့် မည်သို့ မပျော်ရွှင်ဘဲနေမည်နည်း?။

"ဒါပေမယ့် မင်းတို့ အပျော်မစောကြနဲ့ဦး။ ဒီနတ်ဘုရားကျောက်တောင်ကြီး ကိုးခုက အားလုံး သာမန်ထက် ထူးခြားလွန်းတယ်။ နတ်ဘုရားကျောက်တောင်ကြီး ကိုးခုဟာ အနှိုင်းမဲ့အစွမ်းထက်တဲ့ ကန့်သတ်ချက်တွေနဲ့ ဖုံးလွှမ်းနေတယ်။ တကယ်လို့, မင်းတို့သာ သတိမထားဘူးဆိုရင် မင်းတို့ ပြာဖြစ်သွားလိမ့်မယ်။ မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တွေကို အသာထား၊ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ တောင်မှ ဒီပြင်းထန်တဲ့ ကန့်သတ်မှုတွေအတွင်းမှာ ရှင်သန်နိုင်ဖိ့် ခက်ခဲလိမ့်မယ်” ယောင်ဖုန်းက ထပ်ပြောသည်။

တော်ညီအစ်မသည် ယောင်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ, သူမတို့၏ မျက်နှာပေါ်မှ အပြုံးများသည် ချက်ချင်း တောင့်တင်းသွားပြီး၊ သူမတို့၏ လှပသော မျက်နှာများသည် အနှိုင်းမဲ့ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပါသည်။

"နတ်ဘုရားကျောက်တောင်ကြီး ကိုးခု၊ ခန်းမကြီးကိုးခုလား။ ခန်းမတစ်ခုစီမှာ ရတနာတွေ ရှိနေတာလား?" ချင်ယွင်က လေးနက်စွာ မေးလိုက်သည်။

"မှန်တယ်၊ ဒီနတ်ဘုရားကျောက်တောင်ကြီး ကိုးခုဟာ တကယ်တော့ အပြင်လူတွေ အတွက် စမ်းသပ်မှုတစ်ခုပဲ။ တကယ်လို့, သူတို့သာ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး၊ တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်နိုင်ခဲ့ရင်၊ တောင်ထိပ်ပေါ်ကို တက်ပြီး ရတနာတွေ ကို ရယူနိုင်လိမ့်မယ်”။ ယောင်ဖုန်းက ပြောသည်။

“ဒါဆို ဒီနေရာမှာရှိနေတဲ့ ဒီနတ်ဘုရားကျောက်တောင်ကြီးကိုးခုစလုံးရဲ့ ခန်းမတွေထဲမှာ ရတနာတွေ ရှိနေနိုင်သေးလို့လား?” ချင်ယွင်က ဆက်မေးသည်။

ပတ်ဝန်းကျင်မှ လူတွေလည်း သိချင်စိတ်ပြင်းပြသည့် အမူအရာများ ဖြစ်ပေါ်လာကြပါ သည်။ ဤနတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာကြသူများသည် သူတို့ချည်း မဟုတ်သည် မှာ သေချာပါသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်၊ ဤနေရာသို့ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ရောက်ရှိလာခဲ့သည်မှာ သေချာပါသည်။ ၎င်းတို့သည် ဤနတ်ဘုရား ခန်းမကြီးကိုးခုရှိ ရတနာများအားလုံးကို သိမ်းယူသွားနိုင်မည် မဟုတ်ပါလော?။

"မဟုတ်ဘူး” ယောင်ဖုန်းက အပြုသဘောဆောင်သော အဖြေကို ပေးခဲ့သည်။

သို့သော် ထိုအဖြေသည် ချင်ယွင်နှင့် အခြားသူများကို ပြင်းထန်စွာ ထိတ်လန့်စေခဲ့သည်။ မည်သူကမှ ရတနာတွေကို မယူနိုင်ကြဘူးလား?။ ဤစကားက မည်သည့် အဓိပ္ပာယ်ကို ဆိုလိုပါသနည်း?။ ဆိုလိုသည်မှာ ဤနတ်ဘုရားကျောက်တောင်ကြီး ကိုးခုပေါ်မှ ကန့်သတ်ချက်များသည် အလွန်မင်း ကြောက်စရာကောင်းလှသည်။ ၎င်းတို့သည် နှစ်သန်းပေါင်းရာနှင့်ချီ၍ မည်သူမျှ မဖြတ်ကျော်နိုင်ခဲ့သည်အထိ အလွန့်လွန် ကြောက်စရာ ကောင်းနေခဲ့သည်။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ဤနတ်ဘုရားကျောက်တောင်ကြီး ကိုးခု သည် ဤနေရာတွင် တည်ရှိနေခဲ့သည်။ မည်သူမျှ ရတနာများကို အောင်မြင်စွာ ယူဆောင် နိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ဆိုလျှင် ဤနတ်ဘုရားကျောက်တောင်ပေါ်ရှိ ကန့်သတ်ချက်များ သည် မည်မျှ ကြောက်စရာကောင်းနေသနည်း?။

တော်ညီအစ်မ၏ မျက်နှာသည်လည်း နှိုင်းစာ၍မရအောင်ပင် ဖြူဖပ်ဖြူရော် ဖြစ်သွားကြပါ သည်။ အကယ်၍, စိမ်းပြာနန်းတော် နတ်ဘုရားစေတီသည် နတ်ဘုရား ကျောက်တောင် ကြီးကိုးခု၏ ခန်းမကြီးများထဲ၌ ရှိနေခဲ့လျှင်ပင်, သူမတို့သည် ထိုတောင်ပေါ်မှ ပစ္စည်းကို သူမတို့လက်ထဲရောက်အောင် ရယူနိုင်စွမ်းရှိကောင်းမှ ရှိပါလိမ့်မည်။ ဤအရာက သူမတို့ကို ချက်ချင်း စိတ်ဓာတ်ကျစေခဲ့သည်။

ချင်ယွင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး ယောင်ဖုန်းဘက်သို့ လှည့်ကာ မေးမြန်းလိုက် သည် "ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ မင်းလည်း ဒီနတ်ဘုရားကျောက်တောင်ကြီး ကိုးခုအတွက် ဒီကိုလာခဲ့တာ ဖြစ်ရမယ်။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း ရှာနေတဲ့ အရာကတော့ ဘယ်နတ်ဘုရားကျောက်တောင်မှာ ရှိနေမလဲ ငါ သိချင်မိတယ်။ ပြီးတော့ စိမ်းပြာနန်းတော် နတ်ဘုရားစေတီကရော ဘယ်ကျောက်တောင်မှာ ရှိနေနိုင်မလဲ”။

ယောင်ဖုန်းသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ သူမသည် ချင်ယွင်ထံသို့ လှည့်ကြည့်ကာ ပြောသည် "ဒီနတ်ဘုရားကျောက်တောင်ကြီးကိုးခုရဲ့ ခန်းမတစ်ခုထဲမှာ ငါလိုချင်တဲ့အရာတစ်ခု ရှိနေတယ်။ ဒါပေမယ့် ဘယ်ခန်းမထဲမှာလဲဆိုတာတော့ ငါလည်း အတိအကျ မသိသေးဘူး။ မင်းတို့ရှာနေတဲ့ စိမ်းပြာနန်းတော် နတ်ဘုရားစေတီအကြောင်း လည်း ငါ ဘာမှမသိဘူး။"

ချင်ယွင်က အနည်းငယ် ခေါင်းညိတ်သည်။ ယောင်ဖုန်းသည် ဤနတ်ဘုရားနယ်မြေ အကြောင်းကို များစွာသိထားသော်လည်း အကန့်အသတ် ရှိနေပါသေးသည်။ သူမသည် အရာအားလုံးကို သိရှိရန်မှာ မဖြစ်နိုင်ပေ။

ချင်ယွင်က ခေါင်းမော့ပြီး သူ့ရှေ့မှ နတ်ဘုရားကျောက်တောင်ကြီး ကိုးခုကို မော့ကြည့်ရင်း ပြောလိုက်သည် "တကယ်လို့ ငါတို့လိုချင်တာကို ရှာချင်ရင်တော့, ငါတို့အနေနဲ့ နတ်ဘုရား ကျောက်တောင်ကြီးတွေကို တစ်ခုချင်းဖြတ်ပြီး ရှာရမယ့်ပုံပဲ"

ချင်ယွင်၏ စကားကြောင့် ရောက်ရှိလာသူ လူအားလုံး တုန်လှုပ်ခြောက်ခြားသွားသည်။ ယောင်ဖုန်းပင်လျှင် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်မိသည်။

သူတို့လိုချင်သည့် ရတနာတွေကို ရှာဖွေရန်အတွက် တစ်ခုတည်းသော နည်းလမ်းက နတ်ဘုရားကျောက်တောင်ကြီးတွေကို ဖြတ်ပြီး ရှာဖွေရမှန်း သိထားကြသော်လည်း ချင်ယွင်၏ စကားကိုကြားတော့ သူတို့သည် အလွန်အံ့သြနေကြဆဲပင်။

ချင်ယွင်သည် ရှေးခေတ်ကတည်းက မည်သူမျှ မစွမ်းနိုင်ခဲ့သည့် နတ်ဘုရား ကျောက်တောင်ကြီးများကို ရှာဖွေလိုခဲ့သည်။ ထိုစကားက တကယ်ကို လွှမ်းမိုးနိုင်စွမ်း ရှိလွန်းသည်။

"ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ ကောင်လဲ။ နတ်ဘုရားကျောက်တောင်ကြီး ကိုးခုကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ကာ ရှာဖွေမယ်လို့ သူက ပြောရဲသေးတယ်။ ဒီစကားကြားပြီး လူတွေ ကြောက်လန့်ပြီး သေသွားကြမှာ သူ မစိုးရိမ်ဘူးလား”။

သို့သော်လည်း ချင်ယွင် စကားပြီး၍ မကြာခင်မှာပင် အဝေးမှ လှောင်ပြောင် သရော်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ချင်ယွင်သည် အဝေးမှ လမ်းလျှောက်လာသော ရုပ်အသွင်ပြင် နှစ်ခုကို မြင်လိုက်ရသည်။ သူသည် အဖြူရောင် နတ်ဘုရားဝတ်စုံကို ၀တ်ဆင်ထားသည့် လူငယ် နှစ်ဦး အဝေးမှ လျှောက်လှမ်းလာသည်ကို လှမ်းမြင်လိုက်ရခြင်း ဖြစ်သည်။ ချင်ယွင်ကို ကြည့်နေရင်း သူတို့၏အမူအရာတွေက တစ်ဖက်သားအပေါ် အထင်အမြင်သေးခြင်းများ ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူတို့သည် ယောင်ဖုန်းကို ကြည့်လိုက်သောအခါတွင်, သူတို့၏ မျက်လုံးများကို အနည်းငယ် ထိန်းချုပ်ထားပြီး၊ ချင်ယွင်နှင့် အခြားသူများကို ကြည့်လိုက်သောအခါတွင် သူတို့၏ အမူအရာများကို ဖုံးကွယ်မထားကြပေ။

ချင်ယွင်သည် သူတို့နှစ်ယောက် အဝေးကနေ လမ်းလျှောက်လာနေသည်ကို ကြည့်နေရင်း, သူ့မျက်ခုံးတွေက ချက်ချင်းဆိုသလို အနည်းငယ် တွန့်သွားခဲ့သည်။

သူတို့နှစ်ယောက် လာနေသည့် လမ်းကြောင်းကို ကြည့်လိုက်ရင်း, သူတို့နှစ်ယောက်သည် သူတို့လာခဲ့သည့် လမ်းကြောင်းနှင့် အတူအတူမဟုတ်လောက်ပေ။ သူတို့နှစ်ယောက်သည် ထိုရေကန်ကြီးကို ဖြတ်သန်းလာခြင်း မဟုတ်ပေ။ သူတို့သည် အခြားဦးတည်ရာအရပ်မှ ဤနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခဲ့ပြီး၊ ချင်ယွင်နှင့် အခြားသူများကို တွေ့ဆုံခဲ့ခြင်း ဖြစ်ရပေမည်။ ထို့အပြင် သူတို့နှစ်ဦး၏ ကျင့်ကြံမှုမှာလည်း မနိမ့်ကြလှပေ။

တစ်ယောက်က ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်မှာရှိပြီး၊ နောက်တစ်ယောက် ကတော့ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာ ရှိနေခဲ့သည်။

All Chapters