← Chapters

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း (၁၂၈၂) ရှောင်ချင်းဖန်။

ချင်ယွင်သည် လမ်းလျှောက်လာသော လူငယ်နှစ်ဦးကို ဂရုတစိုက် ကြည့်လိုက်မိသည်။

၎င်းတို့အနက်မှ ရှေ့မှလျှောက်လှမ်းလာသော လူငယ်သည် အစောပိုင်း မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ခိုင်မာသော ကျင့်ကြံမူ အခြေခံရှိပြီး သူ၏ရုပ်ရည်အသွင်အပြင်သည် ချောမောပြေပြစ်သည်။ အကယ်၍, သူ၏ ကျင့်ကြံမူ အခြေခံမရှိလျှင်ပင်, ထိုအသားရေပြားကို အားကိုးရုံမျှဖြင့် အမျိုးသမီးတွေကြား မှာ အလွန်ရေပန်းစားနေလိမ့်မည်။

သို့သော် ချင်ယွင် အံ့သြသွားရသည်မှာ ဤလူငယ်၏ ဆံပင်များသည် အမှန်တကယ် ငွေရောင်ဖြစ်နေသည်။ သူသည် ခေါင်းပေါ်တွင် ရိုးရိုးသရဖူတစ်ခုကို ၀တ်ဆင်ထားကာ သူ့ဆံပင်အဖျားများသည် လေထဲတွင် တွဲလောင်းကျနေကာ၊ ဖော်မပြနိုင်အောင်ပင် ကျက်သရေ ရှိလှသည်။

သူ့မျက်နှာက အမြဲတမ်း မည်သူ့ကိုမျှ ဂရုမစိုက်ဟန် သရော်ပြုံးဖြင့် ပြည့်နေခဲ့သည်။ သူ့မျက်လုံးများက နောက်ပြောင်ဆော့ကစားလိုဟန် အပြည့်ရှိနေပြီး၊ သူ့ခန္ဓာကိုယ်က ဂုဏ်သိက္ခာကြီးမြတ်ခြင်း၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ့ကိုယ်ရေး အချက်လက်က ထူးခြားနေရလိမ့်မည်။

သူ့နောက်မှ လူငယ်သည်လည်း အဖြူရောင် နတ်ဘုရားဝတ်စုံကို ၀တ်ဆင်ထားသည်။ သို့သော် သူ၏ ကျင့်ကြံမှုနှင့် အငွေ့အသက်သည် ထိုလူငယ်ထက် နိမ့်ကျသည်။ သူသည် သူ့ရှေ့မှ လူငယ်လေး၏ အစေခံ သို့မဟုတ် အလုပ်ကျွေးတစ်ယောက် ဖြစ်ပုံရသည်။

သို့သော်၊ ချင်ယွင်နှင့် အခြားလူများကို ကြည့်နေသည့် သူ့မျက်လုံးများတွင် မထီမဲ့မြင် ပြုခြင်းနှင့် အထင်အမြင်သေးသည့် အမူအရာများက သူ့ရှေ့မှ လူငယ်ထက်ပင် ပိုမို ပြင်းထန်နေခဲ့သည်။ သေမျိုးကမ္ဘာ၏စကားအရဆို, ဤသည်မှာ ခွေးတွေက လူတွေကို အထင်သေးနေခြင်း ဖြစ်သည်။

ချင်ယွင်ကို လှောင်ပြောင်ပြောဆိုသည့် စကားများက ဦးဆောင်သူ လူငယ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူငယ်နှစ်ဦးသည် အဝေးမှ လမ်းလျှောက်လာကာ ချင်ယွင်နှင့် အခြားသူများရှေ့သို့ အမြန် ရောက်ရှိလာခဲ့သည်။

တော်ယုနှင့် အခြားသူများသည် သူတို့နှစ်ဦး ရုတ်တရက် ရောက်ရှိလာသည်ကို ကြောက်ရွှံ့ ဟန်ဖြင့် ပြင်းထန်သော ရန်လိုဟန်များကို ချက်ချင်း ထုတ်ဖော်လာကြသည်။

"ကောင်စုတ်လေး၊ ဒီနတ်ဘုရားကျောက်တောင်ကြီး ကိုးခုကို တစ်ခုပြီးတစ်ခု ရှာချင်တယ် လို့ မင်းပြောခဲ့တာလား။” ခေါင်းဆောင်လူငယ်က ချင်ယွင်ကိုကြည့်ကာ အေးစက်သော အပြုံးဖြင့် မေးသည်။ သူ့မျက်နှာပေါ်ရှိ အမူအရာသည် လွှမ်းမိုးမူအပြည့်ရှိနေသည်။

"ဟုတ်တယ်လေ၊ ဒီကသခင်လေးကရော ဘယ်လိုထင်လဲ ငါသိချင်မိတယ်။" ချင်ယွင်က သရော်ဟန်ဖြင့် တုန့်ပြန်လိုက်ပြီး၊ သူ့အကြည့်တွေက နှိမ့်ချခြင်းမရှိသလို မောက်မာခြင်း လည်း မရှိပေ။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ ကြည့်ရတာ တော်တော်လေး မာရေကြောရေ ရှိမယ့်ပုံပဲ” ချင်ယွင်က သူ့ကို ထိုကဲ့သို့ စကားမျိုး အမှန်တကယ် ပြောဆိုရဲသည်ကို တွေ့လိုက်ရလျှင် လူငယ်က ချက်ချင်းရယ်ပြီး ပြောလိုက်သည်။

"ဟမ့်၊ သူက မာနကြီးနေတယ်လို့ ကျွန်တော် ထင်တယ်။ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ ဒီနတ်ဘုရားနယ်မြေထဲမှာ ဝူဝမ်ဓားဘိုးဘေး ထားရစ်ခဲ့တဲ့ နတ်ဘုရား ကျောက်တောင်ကြီးကိုးခုဟာ အဆုံးအစမရှိတဲ့အရာတွေပဲ။ ဒါတောင်မှ, သူက တစ်ခုပြီး တစ်ခု ကျော်ဖြတ်မယ်လို့ တကယ်ကို ပြောရဲသေးတယ်။ သူက တကယ်ပဲ အစွန်းရောက် တဲ့အထိကို မောက်မာလွန်းနေပြီ။ သူ နတ်ဘုရားကျောက်တောင်ပေါ် မတက်နိုင်ခင်, သေသွားမှာတောင် ကျွန်တော် ကြောက်မိတယ်။ သူက ဒီနေရာလာပြီး တတယ်ကို အဓိပ္ပာယ်မဲ့ လျှောက်ပြောနေတာပဲ” ထိုလူငယ်နောက်မှ ချောမောသော လူငယ်က ချင်ယွင်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အထင်သေး ရှုံ့ချမှုများ က ချက်ချင်းပင် ပို၍ ပြင်းထန်လာခဲ့သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်နှာက ချက်ချင်း အေးစက်သွားပါသည်။

သူသည် သူ့ရှေ့မှ ဤလူငယ်နှစ်ယောက်နှင့် ရန်ငြိုးရန်စ မရှိခဲ့ပေ။ သူတို့နှစ်ယောက်သည် သူ့အား လှောင်ပြောင် သရော်လာကြသည်။ ချင်ယွင်၏ စိတ်သဘောထားသည် မည်မျှပင် ကောင်းမွန်နေပါစေ, သူသည် ဒေါသထွက်သွားပေလိမ့်မည်။

တစ်ဖက်တွင်မူ တော်ယုနှင့် အခြားသူများကလည်း မကျေမနပ်ဖြစ်သည့် အမူအရာများကို ထုတ်ပြလာသည်။ ထင်ရှားသည်မှာ သူတို့နှစ်ဦး၏ ရုတ်တရက် ရောက်ရှိလာသော ဤလူငယ်နှစ်ဦးကို အလွန်စက်ဆုပ်ရွံရှာနေကြသည်။

ယောင်ဖုန်းက တစ်ဖက်မှာ ရပ်နေပြီး မည်သည့်စကားမှ မပြောဘဲ အေးစက်စွာ ကြည့်နေခဲ့သည်။

"လူကြီးမင်းတို၊ ငါက ကြွားတယ်ပဲပြောပြော, မာနကြီးနေတယ်လို့ပဲဆိုဆို, မင်းတို့ ထင်ချင်သလိုထင် အဆင်ပြေပါတယ်။ အခုတော့ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ။ ငါတို့ အခုပဲ တောင်ပေါ်ကို တက်တော့မယ်။" ချင်ယွင်က လူငယ်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။

သူသည် ထိုလူငယ်နှစ်ယောက်ကို မကြောက်သော်လည်း ပြဿနာများ နည်းနိုင်သမျှ နည်းခြင်းက ပိုကောင်းပါသည်။ ထို့အပြင် ခေါင်းဆောင်လူငယ်သည် မြင့်မားသော အဆင့်အတန်းတစ်ခု ရှိနေသင့်သည်။ နတ်ဘုရားနန်းတော်ကြီးလေခုမှာတောင် သူ့အဆင့်အတန်းက မနိမ့်ကျဟု ယူဆရပါသည်။ ချင်ယွင်သည် ကမ္ဘာတစ်ခုလုံးနှင့် ရန်သူ ဖြစ်လာရန် မလိုလားသောကြောင့်, သူသည် အနည်းငယ်မျှသော မကျေမနပ်ဖြစ်ရုံဖြင့် အဖွဲ့စည်းတစ်ခုကို မစော်ကားလိုပေ။

"ကောင်းပြီ၊ မင်းတို့ ထွက်သွားလို့ရတယ်၊ ဒါပေမယ့် သူမ၊ သူမနဲ့ သူမတို့တော့ နေခဲ့ရမယ်။ မင်းကတော့ မင်းကြိုက်သလို လုပ်နိုင်တယ်။ ဒီသခင်လေးက မင်းနဲ့ပတ်သက်ပြီး အာရုံစိုက်ဖို့ ပျင်းလွန်းတယ်။" လူချောလေးက တော်ယု, တော်အန်းနှင့် ယောင်ဖုန်းတို့ကို ညွှန်ပြသည်။

သူရောက်လာပြီး မကြာခင်, ချင်ယွင်တို့အုပ်စုထဲမှာ သူက အရေးမပါသူ ဖြစ်သွားခဲ့ပြီ။

သူသည် တော်ညီအစ်မ၏အလှပကို သဘာဝအတိုင်း မြင်လိုက်ရပြီးနောက်, ယင်းက သူ့ကို တုန်လှုပ်သွားစေခဲ့သည်။ ယောင်ဖုန်းအနေဖြင့်, သူမသည် ယုရှောင်၏ ခန္ဓာကိုယ်ကို အသုံးပြုထားပြီး, သူမမျက်နှာက တော်ညီအစ်မတွေလို မလှပသော်လည်း, ရှားရှားပါးပါး လူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရဆဲပင်။ သူမ၏ အေးစက်စက် စိတ်သဘောထား ကိုပါ ပေါင်းထည့်လိုက်လျှင်, သူ့နှလုံးသားထဲတွင် သူမကို အနိုင်ယူလိုစိတ်က ပို၍ပင် နက်ရှိုင်းစွာ ပြင်းပြလာခဲ့သည်။

ထိုလူငယ်၏စကားကြားတော့ ချင်ယွင်၊ တော်ညီအစ်မနှင့် ယောင်ဖုန်းတို့သည် မျက်မှောင် ကြုတ်သွားကြသည်။ အထူးသဖြင့် ယောင်ဖုန်း၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာ သည်။

"မင်းက သူတို့ကို ဘာအတွက်​​နေခိုင်းချင်ရ​တာလဲ" ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ ချောမောသောလူငယ်ကို စိုက်ကြည့်ရင်း ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။

'"ဘာအတွက် ဟုတ်လား?။ သူတို့က သေချာပေါက် ငါ့သခင်လေးရဲ့ မယားငယ်တွေ ဖြစ်လာမှာပေါ့။ ငါ့သခင်လေးက သူမတို့ကို တွေ့ရတာ အရမ်းကို ကံကောင်းလွန်းတယ်။ မင်းဉာဏ်ကောင်းရင်, ဒီနေရာကို အမြန်ထွက်လာပြီး၊ ငါ့သခင်လေးကို ရိုရိုသေသေနဲ့ သခင်လေးလို့ ခေါ်ပြီး ဒူးထောက်လိုက်တော့။ မဟုတ်ရင်, ငါ့သခင်လေး လှုပ်ရှားတဲ့အခါ, မင်း ဒုက္ခရောက်လိမ့်မယ်။" ချောမောသော လူငယ်လေး စကားမပြောခင်မှာ သူ့နောက်မှ အစေခံက ဦးစွာ ပြောလိုက်သည်။

ချောမောသော လူငယ်သည် သူ့နောက်မှ လူငယ်အား စကားမပြောရန် တားမြစ်ခြင်း မရှိပေ။ ယင်းအစား သူသည် မောက်မာသည့် အမူအရာတစ်ခုကိုပင် ထုတ်ပြလာသည်။ သူ၏ အကြည့်များက ဆော့ကစားလိုဟန် အမူအရာဖြင့် တော်ညီအစ်မနှင့် ယောင်ဖုန်းတို့ အပေါ် ကျရောက်သွားခဲ့သည်။

"ဟင့်၊ နင်တို့က ငါတို့ကို ဒူးထောက်စေချင်တာလား?။ နင်တို့ကမှ ငါတို့ကို ဒူးထောက် သင့်တယ်လို့ ငါ ထင်တယ်" တော်အန်းသည် ချက်ချင်းပင် လူငယ်အား မထီမဲ့မြင်ပြုသော အမူအရာဖြင့် ကြိမ်းမောင်းသည်။

ချင်ယွင်နှင့် ယောင်ဖုန်းတို့၏ စွမ်းအားကို သူမ သိထားသောကြောင့်, ထိုလူငယ်နှစ်ဦး မည်မျှပင် အစွမ်းထက်နေပါစေ, သူမရှေ့ရှိ လူငယ်နှစ်ဦးကို သူ မကြောက်ခဲ့ပေ။

"နံစော်နေတဲ့ ကောင်မလေး။ မင်း သေချင်နေပြီလား" တော်အန်းက အမှန်တကယ်ပင် သူ့ကို ဆူပူကြိမ်းမောင်းဝံ့သည်ကို မြင်လိုက်ရသောအခါ အစေခံလူငယ်သည် ချက်ချင်းပင် ပြင်းထန်သော ဒေါသနှင့်အတူ တော်အန်းကို တိုက်ခိုက်တော့မည် ဖြစ်သည်။

သို့သော်လည်း သူ မလှုပ်မရှားနိုင်ခင်မှာ ချောမောသော လူငယ်လေးက နောက်သို့ လှည့်ကြည့်လိုက်သည်။

ချောမောသော လူငယ်သည် တော်အန်းကို မျက်နှာပြောင်တိုက်ကာ လှည့်ကြည့်လိုက် သည်။

သူမစကား ပြောပြီးသည်နှင့် တော်အန်းကိုကြည့်သည့် သူ့အကြည့်တွေက ပို၍ပင် ပြင်းထန်လာခဲ့သည်။

"တော်လောက်ပြီ" ချင်ယွင်က ချက်ချင်း အေးစက်စွာ အော်ဟစ်လိုက်ပြီး တော်အန်း၏ လမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ရှေ့ကို ခြေတစ်လှမ်းတိုးကာ တော်အန်း၏ရှေ့မှ ပိတ်ရပ်လိုက်ပါသည်။

"ချာတိတ်လေး, မင်းကို ထပ်ပြောပါရစေ။ သူများကိစ္စတွေမှာ ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ။ သူက မင်းရဲ့အမျိုးသမီး ဟုတ်တာ မဟုတ်တာ ငါ့ကို လာမပြောနဲ့။ သူမက မင်းအမေ ဖြစ်နေရင်တောင်မှ ဒီသခင်လေးက သူမကို သဘောကျတယ်ဆိုရင်, မင်းက နာခံမှုရှိရှိနဲ့ ဒီနေ့ သူမကို ငါ့ဆီကို လွှဲပေးရမယ်။ ဒီလိုမှမဟုတ်​ရင်,​ မင်း ဒီ​လောကကြီး​ထဲ ရောက်​လာရတာကို ​နောင်​တရ​စေရမယ်​။" ချင်ယွင်က သူ့ကို တားထားသည်ကို တွေ့လိုက်ရသောအခါ, ချောမောသော လူငယ်၏ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ သည်။

သူ့သခင်လေး ဒေါသထွက်နေသည်ကို သူ့နောက်မှ လူငယ်က မြင်သောအခါ ချင်ယွင်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ရင်း မထီမဲ့မြင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီလောကကြီးထဲ ရောက်လာရတာကို နောင်တရစေရမယ်။ ဟုတ်လား?။ ဒီနတ်ဘုရား ကမ္ဘာကလည်း သေမျိုးကမ္ဘာက အမိုက်စား တပည့်တွေနဲ့ ထူးမခြားနား ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး။” ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် ပြင်းထန်စွာ အေးစက်သွား ခဲ့သည်။

ဤချောမောသော လူငယ်လေးသည် တော်ညီအစ်မကို မက်မောနေရုံသာဆိုလျှင် ချင်ယွင်သည် သူ့စိတ်ထဲတွင် အနည်းငယ်မျှသာ ဒေါသထွက်ပေလိမ့်မည်။ သို့သော် စောစောက ချောမောသော လူငယ် ပြောခဲ့သည့် "မင်းအမေဖြစ်နေခဲ့ရင်တောင် ဒီနေ့ မင်း ငါ့ကိုနာခံမူရှိရှိနဲ့ သူမကို ငါ့လက်ထဲ အပ်ရမယ်" ဆိုသောစကားက ချင်ယွင်၏ နှလုံးသား ထဲမှ အမျက်ဒေါသကို လုံး၀ နှိုးဆွပေးခဲ့သည်။ ချင်ယွင်၏ နက်ရှိုင်းသော မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။

"မင်းကြည့်ရတာ အသက်ရှင်ရတာကို တကယ် ပင်ပန်းနေပုံပဲ။ ကောင်းပြီလေ၊ ဒီနေ့ ငါ ရှောင်ချင်းဖန်က ငါ့ပြောစကားအတိုင်း အမြဲတည်တယ်ဆိုတာ မင်းကို ပြောပြမယ်။" ချောမောသော လူငယ်၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာ သည်။ မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ခမ်းနားထည်ဝါမူက တော်အန်းအပေါ် အထိန်းကွပ်မဲ့ ဖိနှိပ်လာခဲ့သည်။

"ရှောင်ချင်းချန်က မင်းနဲ့ ဘာတော်လဲ" သို့သော် ထိုအခိုက်အတန့်တွင် အေးစက်စက် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

စကားပြောဆိုသူမှာ သဘာဝအတိုင်း ယောင်ဖုန်းဖြစ်ပြီး၊ ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေသူ ဖြစ်သည်။

All Chapters