← Chapters

အခန်း ၁၂၈၃

Vol. 86 Ch. 1283

အခန်း ၁၂၈၃

Vol. 86 Ch. 1283

အခန်း (၁၂၈၃) အခါတော်မှီမိုး။

ယောင်ဖုန်း၏ ရုတ်တရတ် စကားများက အထူးသဖြင့် ရောက်ရှိလာသော လူငယ်နှစ်ဦးကို အံ့အားသင့်သွားစေခဲ့သည်။

ရှောင်ချင်းဖန်သည် ယောင်ဖုန်းကို ကြည့်လိုက်ပြီး, သူသည် ယောင်ဖုန်းအကြောင်းကို အမှန်တိုင်း နားလည်ရန် ကြိုးစားနေသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်လိုက် သည်။ သို့သော်လည်း, အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်တွင် သူသည် ယောင်ဖုန်း၏ နောက်ခံကို မမြင်နိုင်ခဲ့ပေ။

"ရှောင်ချင်းချန်က ငါ့အဖိုးပဲ။ မင်း ဘယ်လိုလုပ် သိနေတာလဲ။" ရှောင်ချင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုက်ပြီး၊ သူ့မျက်လုံးတစ်စုံက ယောင်ဖုန်းကို စိုက်ကြည့်နေခဲ့ သည်။

ရှောင်ချင်းချန်ဆိုသည့် နာမည်ကို မည်သူမျှ မသိခဲ့သည်မှာပင် ကြာငြောင်းလှပါပြီ။ အနည်းဆုံးတော့ နှစ်ပေါင်းငါးသန်း ကြားငြောင်းခဲ့လေပြီ။ ရှောင်ချင်းချန်သည် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းခန့်က နတ်ဘုရားကပ်ဘေးဒုက္ခတွင်းမှာ သေဆုံးသွားခဲ့ပြီး ဖြစ်သော ကြောင့် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းခန့်ကတည်းက ဤအမည်ကို ကျွမ်းကျင်ပညာရှင် တစ်ဦးတစ်ယောက်မျှ မကြားဖူးတော့ပေ။

ယောင်ဖုန်းသည် ရှောင်ချင်းဖန်၏ စကားကို ကြားလိုက်ရသောအခါ, သူမ၏ ပါးစပ်ထောင့် က လှောင်ရယ်သံ ထွက်ပေါ်လာခဲ့သည်။ သူမ၏ အေးစက်သော မျက်လုံးများက ရှောင်ချင်းဖန်ကို ကြည့်ကာ ပြောလိုက်သည် "ရှောင်ချင်းချန်ရဲ့ နာမည်ကို ငါ သိရုံတင် မကဘူး၊ သူသေသွားတာကိုပါ ငါ သိတယ်။ ဘာလို့ဆို, ငါက သူ့ကိုသတ်တဲ့လူမိုလို့ပဲ”။

ယောင်ဖုန်းသည် ထိုစကားပြောပြီးသည်နှင့် သူမခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပြင်းထန်သော တန်ခိုးအာနုဘော်ကို ထုတ်လွှတ်လိုက်ပါသည်။ ထိုဘုန်းတန်ခိုး အာနုဘော် သည် ရှောင်ချင်းဖန်ဆီသို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့ပြီး၊ ရှောင်ချင်းဖန် အစောပိုင်းက ထုတ်ဖော်ထားသော စွမ်းအားကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။ ထို့အပြင်၊ ၎င်းသည် ရှောင်ချင်းဖန်၏ ကိုယ်ပေါ်တွင် ကြီးမားသော နတ်တောင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး၊ ရှောင်ချင်းဖန်သည် အတွင်းရော အပြင်ပါ ပြင်းထန်သော အေးစက်မှုကို ခံစားရစေသည်။

"မင်း.. မင်းက အတိအကျ ဘယ်သူလဲ။ ငါ့အဘိုးက အဲဒီအချိန်တုန်းက ကောင်းကင် နတ်ဘုရားမတစ်ပါးရဲ့ လက်ထဲမှာ ဆုံးသွားခဲ့တယ်။ မင်းက သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ" ရှောင်ချင်းဖန်သည် ချက်ချင်း ထိတ်လန့်တကြား ပြောလိုက်သည်။ ယောင်ဖုန်းထံမှ ထုတ်လွှတ်သော အအေးဓာတ်ကို သူ ခံစားနိုင်သော်လည်း၊ ဤအငွေ့အသက်သည် ကောင်းကင်နတ်ဘုရားအဆင့်နှင့် အလွန်ဝေးနေပါသေးသည်။

"မင်း ငါ့နာမည်ကို ကြားဖူးပြီးသား ဖြစ်မှာပါ။ ငါ့နာမည်က ယောင်ဖုန်းပဲ" ယောင်ဖုန်းက လှောင်ပြောင်ပြီး ရှောင်ချင်းဖန်အား ပြောလိုက်သည်။

ရှောင်ချင်းဖန်သည် ထိုနာမည်ကို ကြားလိုက်ရသည့်အခါ သူ့နှလုံးသားက ရုတ်တရက် ခုန်ထွက်သွားခဲ့သည်။ သူသည် ယောင်ဖုန်းကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။

ယောင်ဖုန်းဆိုသည့် နာမည်ကို သူ မည်သို့ မကြားဖူးနေမည်နည်း?။ သူငယ်ငယ်လေး ကတည်းက, ထိုနာမည်ကို သူ့အဖေဆီကနေ သင်ယူခဲ့ပြီး၊ ထိုနာမည်က သူနှင့် သူ့အဖေ အပေါ် နတ်ဆိုးတစ်ပါးကဲ့သို့ အမြဲတမ်း လွှမ်းမိုးနေခဲ့သည်။

သို့သော်၊ ကောင်းကင်နတ်ဘုရားမယောင်ဖုန်းသည် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းခန့်က ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် သူတို့သည် စိတ်သက်သာရာရခဲ့ကြသည်။ မူလက သူတို့သည် ကောင်းကင်နတ်ဘုရားမယောင်ဖုန်းသည် သေဆုံးသွားပြီဟု ထင်ခဲ့ကြ သော်လည်း ရှောင်ချင်းဖန်သည် သူမနှင့် ထပ်တွေ့ရမည်ဟု မမျှော်လင့်ထားပေ။ ရှောင်ချင်းဖန်သည် ကြောက်ရွံ့မှုကို မည်သည့် မခံစားရဘဲ နေမည်နည်း?။

သူ့နောက်မှာ ရပ်နေသည့် အစေခံလိုလူငယ်သည် သူ့သခင်လေး ထိုကဲ့သို့ အကြောက် တရားမျိုး ရှိနေသည်ကို သဘာဝအတိုင်း မမြင်ခဲ့ဖူးပါဘူး။ သို့သော် သူသည် ရှေ့သို့ ခုန်ထွက်သည့်အထိ မတုံးအပေ။ အဆုံးတွင်, သူ့သခင်လေး ကိုယ်တိုင်က သူမကို ကြောက်နေသည်ဆိုလျှင် သေချာပေါက် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။ ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် ရှောင်ချင်းဖန်၏ နောက်ကွယ်တွင် ပုန်းနေပြီး တိတ်ဆိတ် နေ၏။

တော်အန်းသည် ဤမာနထောင်လွှားသော အကောင်နှစ်ကောင်က လိပ်ပေါက်လေး တစ်ကောင်၏ အသွင်အပြင်မျိုးကို ထုတ်ဖော်ပြသလာသည်ကို မြင်သောအခါ, ၎င်းတို့ အပေါ် အထင်သေး ရှုတ်ချသော အမူအရာကို ချက်ချင်း ပြသလိုက်သည်။ ရှောင်ချင်းဖန်နှင့် အစေခံကျွန်သည် ဒေါသအလွန်ထွက်ပြီး သွားများယားယံသွားသော်လည်း, သူတို့သည် ထိုဒေါသကို မထုတ်ပြရဲပေ။

"စီနီယာ… စီနီယာ..၊ စီနီယာရဲ့ ကိုယ်ရေးအချက်လက်ကို စောစောက မသိခဲ့လို့ပါ၊ ကျွန်တော်တို့က စီနီယာကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ ခွင့်လွှတ်ပေးပါ။ ခွင့်လွှတ်ပေးပါ” ရှောင်ချင်းဖန်က ဆောလျင်စွာ တောင်းပန်လိုက်သည်။

ယောင်ဖုန်းက သူ့အဖိုးကို သတ်ပစ်ခဲ့သည့် ရန်သူဖြစ်ခဲ့ရင်တောင် ဘာဖြစ်လဲ။ သူ၏ လက်ရှိခွန်အားဖြင့် ကလဲ့စားချေရန် အမှန်တကယ် မစွမ်းဆောင်နိုင်သေးပါ။ ယခု၊ အရေးကြီးဆုံးအရာမှာ သူ့အသက်ကို ဂရုစိုက်ရန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ယောင်ဖုန်းကို သဘာဝအတိုင်း ယဉ်ကျေးစွာ ဆက်ဆံကြရမည် ဖြစ်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အံ့သြသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူသည် ယောင်ဖုန်းနှင့် တွေ့ဆုံခဲ့သည်မှာ မကြာသေးသော်လည်း, ယောင်ဖုန်း၏ စရိုက်ကို သူ နားလည်နေတုန်းပင်။

သူမ၏ ပင်ကိုယ်စရိုက်အရဆို, သူမကို မျက်စိဖြင့်ကြည့်ပြီး စိတ်အနှောင့်ယှက်ဖြစ်စေတာ, သို့မဟုတ် သူမကို ဒေါသထွက်အောင် တစ်ခုခုလုပ်တာကို မြင်နေသမျှ ကာလပတ်လုံး, သူမသည် ဓားထုတ်ပြီး သေချာပေါက် တိုက်ခိုက်လိမ့်မည်။ ဤလူငယ်နှစ်ဦးကို ကြောက်ရွံ့ စေရန်အတွက် ဤကဲ့သို့ သူမ၏အဆင့်အတန်းကို သေချာပေါက် အသုံးချလိမ့်မည် မဟုတ်ပေ။ ယောင်ဖုန်းသည် ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် သူမမှာ သူမကိုယ်ပိုင် အစီအစဉ်တစ်ခုခု ရှိနေမည်မှာ သေချာပါသည်။

ချင်ယွင်သည် ထိုလူငယ်နှစ်ဦးကို သတ်ပစ်ချင်သော်လည်း ယောင်ဖုန်း သူမရည်ရွယ်ချက် ပန်းတိုင် ရောက်ရှိရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

သေချာပါသည်။ ချင်ယွင်၏ ခန့်မှန်းချက်က လုံးဝ မမှားခဲ့ပါဘူး။ ယောင်ဖုန်း၏ လုပ်ရပ်တွေက ရည်ရွယ်ချက်တစ်ခုခု ရှိနေမည်ဟု သူ မှန်းဆနေချိန်မှာ ယောင်ဖုန်းက ရှောင်ချင်းဖန်ကို အေးစက်စွာ ကြည့်ပြီး ပြောသည် "မင်းက ရှောင်ချင်းချန်ရဲ့ မြေးဖြစ်တာ ကြောင့် မင်းက ကောင်းကင်တုန်လှုပ်ခြင်းနတ်ဘုရားနန်းတော်ရဲ့ ကောင်းကင်ဘုံမြို့တော် ကို ဆက်ခံသူ ဖြစ်ရမယ်။ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ မြေပုံက မင်းလက်ထဲမှာ ရှိသင့်နေတယ်။ မဟုတ်ရင်, မင်းရဲ့ ခွန်အားနဲ့, မင်း ဒီနေရာကို ရောက်လာ နိုင်ရင်တောင်, သေချာပေါက် အရမ်းကြီး လွယ်ကူနေမှာ မဟုတ်ဘူး”။

ယောင်ဖုန်း၏ စကားကိုကြားတော့ ရှောင်ချင်းဖန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ် သွားသည်။ သူက အလွန်မင်း ထိတ်လန့်သော အမူအရာဖြင့် ပြောလိုက်ပါသည်၊ "စီနီယာ,၊ စီနီယာ, ယောင်ဖုန်း, စီနီယာက ကောင်းကင်နတ်ဘုရားရတနာမြေပုံကို သိနေမှတော့, အဲဒီမြေပုံကို ငါတို့ရှောင်မျိုးနွယ်ရဲ့ တပည့်တွေကပဲ ဖွင့်နိုင်တယ်ဆိုတာကိုပါ စီနီယာ သိထားလောက်ပါတယ်။ တကယ်လို့ စီနီယာက အဲဒီမြေပုံကို ယူသွားရင်တောင်, စီနီယာအတွက် နည်းနည်းလေးမှ အသုံးမဝင်ပါဘူး။"

ထိုအချိန်တွင် ရှောင်ချင်းဖန်က တောင်းပန်သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်နတ်ဘုရား ရတနာမြေပုံသည် သူ့အတွက် အလွန်အရေးကြီးပါသည်။ အကယ်၍ သူသည် ကောင်းကင်နတ်ဘုရားရတနာမြေပုံကို ဆုံးရှုံးသွားခဲ့ပါက၊ သူသည် ရှင်သန်နိုင်သော်လည်း ကောင်းကင်ဘုံမြို့တော်၏ အမွေကို ဆက်ခံရန် ခက်ခဲပေလိမ့်မည်။

"စိတ်မပူပါနဲ့၊ မင်းတို့ရှောင်မျိုးနွယ်ရဲ့ တပည့်တွေကပဲ ဒီမြေပုံကို ဖွင့်နိုင်တယ်ဆိုတာ သဘာဝအတိုင်း ငါ သိထားတယ်။ ဒါကြောင့် မင်းကို ငါသတ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းရဲ့မြေပုံကို ငှားရမ်းဖို့ လိုအပ်နေတယ်" ယောင်ဖုန်းက အေးစက်စွာ ပြောသည်။ သူမ၏ လေသံမှာ ဂုဏ်သိက္ခာနှင့် ပြည့်စုံနေပြီး၊ သူမစကားက လုံးဝ ငြင်းဆန်၍မရနိုင်ပေ။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ စီနီယာ၊ စီနီယာ ဘာပဲလုပ်ချင်လုပ်ချင်, တွန့်ဆိုင်းမနေဘဲ အမိန့်သာ ပေးလိုက်ပါ။” ရှောင်ချင်းဖန်က ကမန်းကတန်း ပြောလိုက်သည်။

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, ပြောစရာစကားမဲ့ပြီး ခေါင်းယမ်းလိုက်မိ ကြသည်။

ရှောင်ချင်းဖန်သည် အစောပိုင်း ရောက်ခါစက သူ၏မောက်မာသော အသွင်အပြင်သည် ယခုသူ့ပုံစံနှင့် လုံးဝ မတူတော့ပါဘူး။ ရှောင်ချင်းဖန်၏ ကျင့်ကြံမှုသည် မည်မျှပင် မြင့်မားနေပါစေ၊ ၎င်းအပြုမူသည် သူတို့အား စိတ်နှလုံးအောက်ခြေမှပင် အထင်မြင်သေးမူ ကို ခံစားရစေသည်။

သေချာသည်မှာ ရှောင်ချင်းဖန်လည်း ရှေးဟောင်းတာအိုနှင့် တခြားလူများ၏ စိတ်ကို မြင်နိုင်ပါသည်။ သူသည် သူ့စိတ်ထဲတွင် ရှက်ရွှံ့ခြင်း ဒေါသဖြစ်ခြင်း နှစ်မျိုးစလုံးကို ခံစားလိုက်ရသည်။ အခွင့်အရေးရရင် သူတို့အားလုံးကို သတ်ပစ်မည်ဟု သူ့ကိုယ်သူ ကျိန်ဆိုလိုက်သည်။ ထိုသို့မဟုတ်လျှင်, ဒီနေ့ သူ၏ရုပ်ဆိုးကျည်းတန်သည့် အပြုမူတွေက ပျံ့နှံ့သွားပါလိမ့်မည်။

ရှောင်ချင်းဖန်က သူ့စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကျိန်ဆိုနေချိန်မှာ ချင်ယွင်လည်း ရှောင်ချင်ဖန်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများ တောက်ပနေသည်ကို တွေ့လိုက်ရပါသည်။ ဤအချက်က ရှောင်ချင်းဖန်ကို ရှင်သန်ခွင့်ပေး၍ မရနိုင်တော့ ကြောင်း ပို၍ပင် သေချာစေခဲ့ပါသည်။ မဟုတ်လျှင်, နောင်အနာဂတ်မှာ သူတို့အတွက် ကြီးမားသည့် ကပ်ဘေးအန္တရာယ်ကြီး သေချာပေါက် ဖြစ်လာပါလိမ့်မည်။

"နတ်ဘုရား ကျောက်တောင်ကြီးကိုးခုထဲက ဘိုးဘေးနတ်ဘုရား ဖီနစ်ကျောက်စိမ်းချဉ်ဆီ နဲ့ စိမ်းပြာနန်းတော် နတ်ဘုရားစေတီတို့ ဘယ်ကျောက်တောင်မှာရှိလဲဆိုတာ သိနိုင်ဖို့ အတွက် အဲဒီမြေပုံကို အသုံးပြုပြီး ငါ့ကို ကူညီစေချင်တယ်။" ယောင်ဖုန်းက ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်းဆိုသလို အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ဤအခိုက်အတန့်တွင် ယောင်ဖုန်းသည် ရှောင်ချင်ဖန်ကို အဘယ်ကြောင့် ခြိမ်းခြောက်ရုံ သာ ခြိမ်းခြောက်ခဲ့သည်ကို နောက်ဆုံး သူ နားလည်သွားခဲ့သည်။ သူမသည် ရတနာများ တည်ရှိရာ နတ်ဘုရားကျောက်တောင်များကို ရှာဖွေရန်အတွက် ဖြစ်နေပုံရသည်။ ယောင်ဖုန်း ပြောပြခဲ့သော ကောင်းကင်နတ်ဘုရား ရတနာမြေပုံသည် ရတနာများ၏ တည်နေရာကို ရှာဖွေနိုင်စွမ်း ရှိနေခြင်းများ ဖြစ်နေမလား?။

ထို့အပြင်, ထိုဘိုးဘေးနတ်ဘုရား ဖီးနစ်ကျောက်စိမ်းကျောက်ဆီသည် ယောင်ဖုန်း ရှာဖွေလိုသည့် ရတနာများ ဖြစ်နေမလား?။

"ကောင်းပါပြီ” သို့သော် ချင်ယွင် အံ့သြနေစဉ်မှာ ရှောင်ချင်းဖန်ကလည်း သဘောတူလိုက် ပါသည်။

ဘန်း…။

သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်စဉ်မှဦ မှော်ဆန်သော ပန်းချီကားတစ်ချပ်သည် သူ့ရှေ့တွင် လွင့်ပျံလာခဲ့သည်။ ၎င်းသည် တန်ခိုးကြီးသော နတ်ဘုရားအလင်းတန်းကို ထုတ်လွှတ်နေပြီး၊ ထိုမှော်ပန်းချီလိပ်ထံမှ ထူးဆန်းသော နတ်ဘုရားစွမ်းအင် အတက်အကျ လှိုင်းများ ထုတ်လွှတ်နေခဲ့သည်။

"ဒါက နတ်ဘုရားတွေရဲ့ ရတနာမြေပုံလား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ယောင်ဖုန်းက သူ့အမေးကို ကြားလျှင်, "ဟုတ်တယ်။ ဒါက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၊ ကောင်းကင်ဘုံမြို့တော်ရဲ့ အဖိုးတန်ဆုံး ရတနာတစ်ခုပဲ။ ဒီရတနာ က ကမ္ဘာပေါ်မှာရှိတဲ့ ရတနာအားလုံးရဲ့တည်ရာကို သိရှိနိုင်တယ်။ ရှာဖွေလို့တဲ့ ရတနာရဲ့ အမည်ကို ဒီစာလိပ်ပေါ်မှာ ရေးလိုက်တာနဲ့, ဒီစာလိပ်က လမ်းညွှန်ပေးမှာ ဖြစ်ပြီး၊ အဲဒီ ရတနာရဲ့တည်နေရာကို ရှာတွေ့နိုင်လိမ့်မယ်။ ဒါပေမယ့်, ဒီရတနာမြေပုံကို ကောင်းကင် တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ရဲ့ ရှောင်မျိုးနွယ်က လူတွေပဲ အသုံးပြုနိုင်တယ်”။

ယောင်ဖုန်း၏ စကားကိုကြားတော့ ချင်ယွင်၏ မျက်နှာသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားခဲ့သည်။ သူက ပြုံးပြီး သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်ပါသည် "ဒါဆို, ဒီ ရှောင်ချင်းဖန်က တကယ်ကို အချိန်ကိုက် ရောက်လာခဲ့တာပဲ။

All Chapters