← Chapters

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း (၁၂၈၄) ရတနာများ၏ တည်ရှိရာနေရာ။

ဝန်းကျင်လူများသည် ချင်ယွင်၏ စကားကို ကြားသောအခါတွင် စိတ်လိုလက်ရ ပြုံးမိကြ သည်။

ချင်ယွင်၏ စကားက လုံးဝ မမှားပေ။ ဤရှောင်ချင်းဖန် ရောက်ရှိလာခြင်းသည် သူတို့ အတွက် တကယ်ကို အချိန်တော်မှီ မိုးရွာသွန်းခြင်း ဖြစ်ပါသည်။

၎င်းအဖြစ်ပျက်သည် ဗိုက်စာနေချိန်တွင်, သင့်မှာ စားစရာတစ်ပုံကြီးရှိနေပြီး ပန်းကန်နှင့် တူ မရှိသည့်အခိုက်, တစ်ယောက်ယောက်က ပန်းကန်တွေ၊ တူတွေ ယူဆောင်လာခြင်း တူပါသည်။ ဤအရာက အခိုက်ကိုက်မိုး မဟုတ်ပေဘူးလား?။

အကယ်၍, သူတို့သည် နတ်ဘုရားကျောက်တောင်ကြီးကိုးခုမှာ ရတနာနှစ်ခုကို ရှာဖွေမည် ဆိုလျှင်, နတ်ဘုရားကျော်တောင်ကြီးကိုးခုစလုံးကို တစ်ခုပြီးတစ်ခု ဖြတ်သန်း၍ ရှာဖွေရ ပေလိမ့်မည်။ နတ်ဘုရားကျောက်တောင်ကြီးများသည် အန္တရာယ်များနှင့် ပြည့်နေပြီး သတိမပြုပါက အသက်ပင် ဆုံးရှုံးသွားနိုင်သည်။

သူတို့ ကံကောင်းကြပါသည်။ သူတို့လိုချင်သော ရတနာများကို အောင်မြင်စွာ ရှာဖွေရန် အတွက် နတ်ဘုရားကျောက်တောင်တစ်ခု သို့မဟုတ် နှစ်ခုကိုသာ တက်ရောက်ရန် လိုအပ် တော့မည်။ ထိုသို့မဟုတ်လျှင်, သူတို့သည် အချိန်အများကြီး ပေးရလိမ့်မည်။ ပြောစရာ မလိုအောင်ပင် အန္တရာယ်လည်း ပို၍များပြားလာလိမ့်မည်။

ယခုမူ ရှောင်ချင်းဖန်သည် ပေါ်ချလာခဲ့ပြီး သူတို့အတွက် ဤပြဿနာကို ဖြေရှင်းပေးခဲ့ သည်။ ရတနာနှစ်ခု တည်ရှိနေသည့်နေရာကို ရှာဖွေရန်အတွက် ကောင်းကင်နတ်ဘုရား ရတနာမြေပုံကို အသုံးပြုခြင်းဖြင့်, သူတို့သည် ပစ်မှတ်တစ်ခုရှိလာမည် ဖြစ်ပြီး၊ မှန်ကန်သော ဆေးကို ညွှန်းဆိုနိုင်ပါတော့မည်။

ချင်ယွင်၏ စကားကိုကြားတော့ ရှောင်ချင်းဖန်၏ အမူအရာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။ သို့သော် သူ့ရင်ထဲတွင် မကျေနပ်ချက်များ ရှိနေသော်လည်း သူ့မျက်နှာတွင်မူ ထိုမကျေနပ်မှုကို အနည်းငယ်မျှပင် ထုတ်မပြဝံ့ပေ။ သူ့ရှေ့မှ နတ်ဆိုး အမျိုးသမီးက သူ့ကို ဒေါသအကြီးအကျယ်ထွက်ပြီး ဓားတစ်ချက်တည်းဖြင့် ထိုးသတ်လိုက် မှာကို သူ အရမ်းကြောက်နေခဲ့သည်။

ဘန်း..။

ရှောင်ချင်းဖန်သည် သူ၏ နတ်ဘုရားတန်ခိုးကို ဖြန့်ကျက်လိုက်သည်။ သူသည် ညာဘက် လက်ကို လေဟာနယ်တွင် မြောက်ကိုင်ထားပြီး သူ၏လက်ထဲတွင် နတ်ဘုရားစုတ်တံ တစ်ချောင်း ပေါ်လာခဲ့သည်။

ရှောင်ချင်းဖန်သည် သူ၏နတ်ဘုရားတန်ခိုးကို မှင်အဖြစ် အသုံးပြုပြီး မှော်စာလိပ်ပေါ်တွင် စာလုံးကြီးငါးလုံးကို အမြန်ရေးချလိုက်သည်။

ဘိုးဘေးနတ်ဘုရား ဖီးနက်ကျောက်စိမ်းချဉ်ဆီ။

ဘန်း..။

ထိုစာလုံးငါးလုံးသည် မြေပုံပေါ်တွင် ဖြစ်ပေါ်လာသည်နှင့်, မြေပုံထံမှ လင်းလက် တောက်ပ သော အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ထို့နောက် လူတိုင်း၏ရှေ့မှာပင် ဝေဝေဝါးဝါး နတ်ဘုရားကျောက်တောင်ကြီး၏ မြင်ကွင်း တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုနတ်ဘုရားကျောက်တောင်ကြီး၏ မြင်ကွင်းသည် ချင်ယွင်နှင့် အခြားလူများ ရှေ့မှာရှိနေသည့် နတ်ဘုရား ကျောက်တောင်ကြီးကိုးခုနှင့် အတူတူပင်။ ထိုနတ်ဘုရားကျောက်တောင်များအနက်မှ တောင်ထိပ်တစ်ခုပေါ်တွင် အထူး တောက်ပနေသော အလင်းတန်းတစ်ခု ရှိနေသည်။

ထိုအလင်းတန်းသည် ရတနာတည်ရှိရာ နေရာဖြစ်နေသည်ကို လူတိုင်းက သံသယ မရှိကြပေ။

"ဒါက ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပဲ" ချူယွန်က နတ်ဘုရား ကျောက်တောင်ကြီး အသွင်အပြင်ကို ကြည့်ရင်း ပြောလိုက်ပါသည်။

ထိုစကားကို လူတိုင်း ကြားသောအခါ၊ သူတို့အားလုံးသည် ဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ထိပ်ဆီသို့ မျှော်ကြည့်ကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ယောင်ဖုန်း၏ အေးစက်နေသည့် မျက်လုံးများတွင် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားသည့် အမူအရာကို ပေါ်လွင်စေပါသည်။

သူမသည် လွန်ခဲ့သော နှစ်ပေါင်းငါးသန်းက ဘိုးဘေးနတ်ဘုရား ဖီးနက်ကျောက်စိမ်း ချဉ်ဆီ၏ တည်နေရာကို ရယူနိုင်ရန်အတွက် ရှောင်ချင်းချန်ကို သတ်ပစ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူမသည် မအောင်မြင်ခဲ့ဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ပျက်စီး သွားခဲ့ရသည်။

ယခုဆိုလျှင် သူမသည် အမှားလုပ်မိပြီးနောက် ဘိုးဘေးနတ်ဘုရား ဖီးနက်ကျောက်စိမ်း ချဉ်ဆီ၏ တည်နေရာကို ရယူနိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤအရာက သူမကို အနည်းငယ် တွေဝေမှိန်းမောသွားစေခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်ပြီး "သင့်မှာ ပန်းပင်စိုက်ဖို့ နှလုံးသားရှိနေလား?။ ဒါဆို ရွှံထဲမှာ ဒုတ်တစ်ချောင်း ထိုးစိုက်ပြီး သင့်ကိုအရိပ်ရစေမည့် သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွား လာမည်ဆိုသည့် စိတ်နှလုံးမျိုး မရှိရဘူး။ အရာအားလုံးက အံ့မခန်းပါပဲ" ဟူသော ရှေးဟောင်းစကားတစ်ခွန်းက ပဲ့တင်ထပ်နေခဲ့သည်။ ဤနေရာ၌ ("Liu Chengyin") ဟူသော တရုတ်စကားစုကို အတိအကျ ပြန်ဆိုလျှင်, “ရွှံ့ထဲမှာ တုတ်တစ်ချောင်းထိုးပြီး မင်းကိုအရိပ်ရစေဖို့အတွက် သစ်ပင်ကြီး တစ်ပင်အဖြစ် ပေါက်လာခဲ့တယ်။" ဟူသော အဓိပ္ပာယ်ရပြီး၊ ပုံသဏ္ဍန်အားဖြင့် ရည်ရွယ်ထားခြင်းမရှိသော လုပ်ရပ်များသည် မမျှော်လင့် ထားသော အောင်မြင်မှုများဆီသို့ ဦးတည်သွားနိုင်သည်ဟု ဆိုလိုသည်။ ("Liu Chengyin" is a Chinese phrase that literally translates to "idly poke a stick in the mud and it grows into a tree to shade you". The phrase figuratively means that unintentional actions can lead to unexpected success.)။ ဗဟုသုတအနေဖြင့် ရှာပေးထားခြင်း ဖြစ်ပါသည်။

"ကံတရားလို့ခေါ်တဲ့အရာက ဒါမျိုး ဖြစ်နိုင်လောက်တယ်။" ယောင်ဖုန်းက သူ့ကိုယ်သူ တွေးလိုက်မိသည်။

"မြန်မြန်၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီရှိနိုင်မယ့် နတ်ဘုရားကျောက်တောင်ကြီးကို မြန်မြန်ကြည့်လိုက်စမ်း” တော်အန်းက ရှောင်ချင်းဖန်ကို အမိန့်ပေးပါသည်.

"မင်း" ရှောင်ချင်းဖန်၏ မျက်နှာက ပြင်းထန်သော အမျက်ဒေါသ ထွက်ပေါ်လာသည်။ နတ်ဘုရားတစ်ပိုင်း အမျိုးသမီးတစ်ယောက်က သူ့ကို အမိန့်ပေးဖို့ သတ္တိရှိနေပြီလား?။

သို့သော်လည်း သူ စိတ်မဆိုးခင်မှာ ယောင်ဖုန်း၏ အေးစက်သော အကြည့်များက သူ့အပေါ် ကျရောက်လာခဲ့သည်။ သူသည် ချက်ချင်းပင် သူ၏ ဒေါသအမျက်ကို ဖယ်ရှားလိုက်ပြီး နတ်ဘုရားစုတ်တံဖြင့် စတင် ရေးသားလိုက်သည်။

ထိုမြင်ကွင်းကို တော်အန်း မြင်သောအခါတွင် သူမသည် ချက်ချင်းပင် လျှာကိုထုတ်ကာ ရှောင်ချင်းဖန်၏ ဆံပင်များ အဆုံးထိပင် ထောင်သွားစေသည့် တစ်စုံတစ်ရာကို ပြောလိုက်ပါသည် "ရှင်က သိပ်ပြီး သူရဲဘောကြောင်တဲ့လူပဲ”။

ရှောင်ချင်းဖန်၏ အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည် ဖြစ်သော် လည်း သူသည် ဒေါသကို ထုတ်မပြဝံ့ပေ။ သူသည် အံတင်းတင်းကြိတ်ကာ လက်သီးကို ဆုပ်ပြီး နတ်ဘုရားစုတ်တံဖြင့် စတင်ရေးသားရုံသာ တတ်နိုင်ခဲ့ပါသည်။

ထိုမြင်ကွင်းမြင်တော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိပါသည်။

ဒီတော်အန်းက အရမ်းကို ခေါင်းမာနေတုန်းပင်။ ယခုဆိုလျှင် ရှောင်ချင်းဖန်သည် သူမအပေါ် အလွန်ဒေါသထွက်နေခဲ့ပြီ။ ထိုကြောင့် ရှောင်ချင်းဖန်သည် သူမကို ပြန်လည် ပေးဆပ်ခိုင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သေချာပေါက် တွေးနေလိမ့်မည်။ ဤနည်းအားဖြင့်၊ သူတို့သည် ရှောင်ချင်းဖန်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။ ဟုတ်ပါသည်။ ဤအရာက ချင်ယွင်ကိုယ်တိုင်လည်း မြင်ချင်နေ သည့်အရာ ဖြစ်ပါသည်။

အကယ်၍ ရှောင်ချင်းဖန်သာ တိုက်ခိုက်ရန် အစပြုလာခြင်း မရှိပါက၊ သူသည် သူ့ကို မည်သို့ သတ်ပစ်ရမည်ကို အမှန်တကယ် မသိသေးပေ။

သေချာသည်မှာ၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ဆက်ဆံရခြင်းသည် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သို့သော်လည်း ဤနေရာတွင် ကြယ်တစ်ပွင့် နတ်ဆိုးကျွန်၊ သူ၏နတ်ဘုရားတန်ခိုး ခြောက်မျိုး ပေါင်းစပ် စွမ်းအားနှင့် အမျိုးမျိုးသော နည်းလမ်းများဖြင့်ဆိုပါက, သူသည် သူ့ကို တွန်းလှန်တိုက်ခိုက် ရန် ဖြစ်နိုင်ပါသေးသည်။ သေချာတာက, သူသည် နောက်လိုက်ကျွန်ကို ဦးစွာ သတ်ပစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်လျှင်, ချင်ယွင်သည် တစ်ယောက်တည်းဖြင့် နှစ်လုံးစလုံးကို ရင်ဆိုင်ရမည်ဆိုလျှင်, သူ့အနေဖြင့် အနိုင်ရဖို့ အခွင့်အလမ်း အများကြီးရှိမှာ မဟုတ်ပါဘူး။

အကယ်၍ ထိုအစေခံသာ ရှေးဟောင်းတာအိုဆရာသခင်နှင့် အခြားသူများကို တိုက်ခိုက်ခဲ့ ပါက, သူ့အတွက် ပျာယာခတ်သွားဖို့ ပိုမိုလွယ်ကူလိမ့်မည်။ ထို့ကြောင့်, အကယ်၍, သူသည် ရှောင်ချင်းဖန်ကို သတ်လိုပါက၊ သူ့နောက်မှ ခွေးကျွန်ကို ဦးစွာ သတ်ပစ်ရမည်။

ဘန်း..။

ချင်ယွင်သည် ရှောင်ချင်းဖန်ကို မည်ကဲ့သို့ သတ်ပစ်ရမည်ကို စဉ်းစားနေချိန်မှာ ရှောင်ချင်းဖန်သည် ကောင်းကင်နတ်ဘုရားရတနာမြေပုံပေါ်တွင် "စိမ်းပြာနန်းတော် နတ်ဘုရားစေတီ" ဟူသော စကားလုံးလေးလုံးကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

“စိမ်းပြာနန်းတော် နတ်ဘုရားစေတီ" ဟူသော စကားလုံးများကို ရေးထားပြီးပြီးချင်း, ကောင်းကင်နတ်ဘုရားရတနာမြေပုံမှ တစ်ဖန် အားကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းများ ပေါ်လာခဲ့သည်။

ဘုန်း…။

နတ်ဘုရားကျောက်တောင်များ၏ ရှုမြင်ကွင်းသည် ချင်ယွင်နှင့် အခြားသူများရှေ့မှာ တဖန် လွင့်မျောနေပြန်သည်။ ထိုနတ်ဘုရားကျောက်တောင်တန်းရူမြင်ကွင်းသည် ချင်ယွင်နှင့် အခြားသူများ ယခင် မြင်ဖူးထားသည့်အတိုင်း အတိအကျ တူပါသည်။ သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ အလင်းတန်းသည် ဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ထိပ်၌ မဟုတ်တော့ဘဲ သတ္တမမြောက် နတ်ဘုရားကျောက်တောင်ထိပ်၌ ဖြစ်နေခဲ့သည်။

"ခုနှစ်ခုမြောက်..၊ ခုနှစ်ခုမြောက်...၊ အစ်မ၊ ဒီစိမ်းပြာနန်းတော် နတ်ဘုရားစေတီက တကယ်ပဲ ခုနှစ်ခုမြောက် နတ်ဘုရားကျောက်တောင်ထိပ်မှာပဲ။" တော်အန်းသည် တော်ယုကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ယောင်ဖုန်းကို ကျေးဇူးတင်စွာ စိုက်ကြည့်ရင်း တော်ယု၏ မျက်နှာက နှိုင်းစာ၍မရသည့် စိတ်လှုပ်ရှားဖွယ် အမူအရာကို ပေါ်လွင်စေပါသည်။ ယောင်ဖုန်း၏အကူအညီ မပါဘဲ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ တည်နေရာကို ဤမျှမြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင် မည် မဟုတ်ကြောင်း သူမ သိပါသည်။

ယောင်ဖုန်းက ဂရုမစိုက်ဘဲ ပြုံးပြီး ဘာကိုမှ ဆက်မပြောပေ။

ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ အခုတော့ သူတို့လိုအပ်သည့် ရတနာတွေ အားလုံးကို ရှာတွေ့ခဲ့ပြီ။

ဒုတိယမြောက် နတ်ဘုရားကျောက်တောင်မှာ တစ်ခု။ နောက်တစ်ခုက သတ္တမမြောက် ကျောက်တောင်ကြီးမှာ။

"ချင်ယွင်၊ မင်း သူတို့ကို စိမ်းပြာနန်းတော်နတ်ဘုရားစေတီကို ရှာဖွေဖို့အတွက် သတ္တမ မြောက် နတ်ဘုရားကျောက်တောင်ကို ခေါ်သွားလိုက်ပါ။ ဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ကို ငါတစ်ယောက်တည်း သွားလိုက်မယ်။" ယောင်ဖုန်းက ချင်ယွင်ကို ပြောသည်။

"မင်းတစ်ယောက်တည်း လုပ်နိုင်လို့လား?" ချင်ယွင်သည် မသိစိတ်က မေးလိုက်ပါသည်။ သူမေးမြန်းပြီးမှ မိုက်မဲသည့်မေးခွန်းကို မေးလိုက်မိပြီဆိုတာ သိလိုက်ရ၏။

ယောင်ဖုန်း၏ ကျင့်ကြံမှုသည် သူတို့အားလုံးထက် သာလွန်သည်။ ထို့အပြင် သူမသည် တစ်ချိန်က ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဤအချက်က, သူမ၏မိုးကုပ်စက်ဝိုင်းဖြစ်စေ, သို့မဟုတ် သူမ၏အသက်ကယ် နည်းလမ်း များ ဖြစ်စေ, သူမသည် သူတို့ထက် အများကြီး ပိုသာပါသည်။ ထို့ကြောင့်, သူမသည် အန္တရာယ်နှင့် ကြုံဆိုင်ကြုံတွေ့ရလျှင်ပင်, ယောင်ဖုန်းအနေဖြင့် ခက်ခဲသော အန္တရာယ်များ နှင့် ရင်ဆိုင်ရလျှင်ပင် ဖြေရှင်းရန်နည်းလမ်းကို ရှာတွေ့နိုင်ပါလိမ့်မည်။

သို့သော်လည်း ယောင်ဖုန်းသည် ချင်ယွင်၏မေးခွန်းကို အနည်းငယ် ပြုံးကာ လေးနက်သော အမူအရာဖြင့် တုန့်ပြန်လိုက်သည် "လုပ်နိုင်ပါတယ်”။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ဤအရာက အကောင်းဆုံး ရွေးချယ်မှုပဲဆိုတာ သူ သိပါသည်။

ယောင်ဖုန်းတစ်ယောက်တည်း ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ကို သွားရောက် ခြင်းက အသက်ရှင်ဖို့ ပိုမိုလွယ်ကူပြီး၊ အကယ်၍, ချင်ယွင်နှင့် အခြားလူများပါ နောက်မှ လိုက်ပါခဲ့မည်ဆိုပါလျှင်, သူမကို ဝန်ထုပ်ဝန်ပိုးအဖြစ် ဆွဲချမိစေရန် ပိုမိုလွယ်ကူပါသည်။

ထို့အပြင် တော်ညီအစ်မ၏ ခွန်အားဖြင့် သတ္တမမြောက် ကျောက်တောင်ထိပ်သို့ ရောက်ရှိရန်အတွက် ကိုယ့်ကိုယ်ကို အားကိုးရန်မှာ မဖြစ်နိုင်သောကြောင့်, သူမတို့သည် ချင်ယွင်ကိုသာ အားကိုးနိုင်ပါသည်။

ရှေးဟောင်းတာအိုနှင့် တခြားသူတွေက သူ့နောက်ကို လိုက်ပါလာကြသည်။ အကယ်၍ သူတို့သည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက၊ ချင်ယွင်သည် ၎င်းတို့အား ကနဦး စကြဝဠာထဲသို့ ခေါ်ဆောင်သွားနိုင်သည်။ ဤအရာက ဉာဏ်အရှိဆုံး ရွေးချယ်မှုလည်း ဖြစ်သည်။

"မင်းတို့ အခု ထွက်သွားလို့ရပြီ။ ငါ မင်းကို မသတ်ဘူးလို့ ပြောထားမှတော့ ငါ မင်းကို မသတ်ဘူးပေါ့။ ဒါပေမယ့် မင်း ငါတို့ရှေ့မှာ ထပ်ပေါ်လာရဲရင်, ငါ မင်းကို သေချာပေါက် သတ်ပစ်ရလိမ့်မယ်" ယောင်ဖုန်းက ဘေးမှာ ထွက်မသွားဘဲ ရပ်နေသည့် ရှောင်ချင်းဖန်နှင့် သူအစေခံကို အေးစက်စွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ,” ယောင်ဖုန်း၏ စကားကိုကြားတော့ ရှောင်ချင်းဖန်၏ မျက်နှာသည် ချက်ချင်း လွတ်ငြိမ်းချမ်းသာခွင့်ရသွားသည့် အရိပ်အယောင် ပေါ်လာသည်။ သို့သော် သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်မှ စဉ်းလဲကောက်ကျစ်မှု အရိပ်မြွက်တစ်ခု က ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

All Chapters