အခန်း ၁၂၈၅
Vol. 86 Ch. 1285
အခန်း (၁၂၈၅) ကြောက်မက်ဖွယ် ကန့်သတ်ချက်များ။
ရှောင်ချင်းဖန်နှင့် သူ့ကျွန်တို့ ထွက်ခွာသွားပြီးနောက်၊ ချင်ယွင်သည် တော်ညီအစ်မ၊ ရှေးဟောင်းတာအိုဆရာသခင်, ချူယွန်နှင့် နီထိုက်စွေ့တို့ကို သတ္တမမြောက် နတ်ဘုရား ကျောက်တောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ၊ ယောင်ဖုန်းသည် သူမ၏ကိုယ်ပိုင်ရတနာကို ရှာဖွေရန်အတွက် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ်သို့ တက်သွားခဲ့သည်။
အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးသည် မာကျောပြီး မည်သည့် အသီးအရွက်, သစ်ပင်မှမရှိဘဲ၊ ၎င်းပေါ်တွင် ထူးဆန်းသော ကျောက်တုံးများစွာ ရှိနေသည်။ တောင်တစ်ခု ချင်းမှာတောင်တက်သမားများ တက်ရန်အတွက် ကျဉ်းမြောင်းသော တောင်တက်လမ်း တစ်ခု ရှိနေခဲ့သည်။
တောင်တက်လမ်းသည် အလွန်ကြမ်းတမ်းပြီး မတ်စောက်သည်။ နတ်ဘုရားကျောက် တောင်တန်းအား ပြင်းထန်သော ကန့်သတ်ချက်များဖြင့် ဖုံးလွှမ်းထားခြင်းကိုပါ ထည့်တွက် လျှင် မသေချာသည့်အတွက်, ချင်ယွင်နှင့် အခြားသူများသည် တောင်တက်လမ်းပေါ်သို့ တက်ပြီးနောက် ဖြည်းညှင်းစွာ လျှောက်သွားကြပါသည်။
နတ်ဘုရားကျောက်တောင်ကြီးကိုးခု၏ တောင်တစ်ခုချင်းစီသည် ပေပေါင်းသောင်းနှင့်ချီ၍ မြင့်ပါသည်။ တောင်ကြီးများသည် အနှိုင်းမဲ့ကြီးမားပြီး တောင်ထိပ်များကို တိမ်တိုက်များ နှင့် တိမ်မြူခိုးများက ဖုံးလွှမ်းထားသည်။
သို့သော်၊ ချင်ယွင်နှင့် အခြားသူများသည် နတ်ဘုရားသံမဏိကဲ့သို့ မာကျောသော တောင်ပေါ်လမ်းကို လျှောက်လှမ်းသောအခါတွင်, သူတို့သည် တုနှိုင်းမရအောင် ပြင်းထန်ပြီး ရှေးကျသော အငွေ့အသက်ကို ခံစားနေကြရဆဲပင်။
ဤနတ်ဘုရားကျောက်တောင်များသည် ဤနေရာတွင် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ ကြောင်း ထင်ရှားပြီး ဤနတ်ဘုရားကျောက်တောင်တန်းသည် ဧရာမတောင်ကြီးများကဲ့သို့ ဤနေရာတွင် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့ကြောင်း သိသာလှပါသည်။
ဘန်း..။
ချင်ယွင်နှင့် အခြားသူများသည် ကြမ်းတမ်းသော တောင်တက်လမ်းအတိုင်း လျှောက်လာခဲ့ ကြသည်။ သို့သော်, သူတို့သည် မီတာငါးရာအောက် တက်လာပြီးအချိန်မှာ ပထမဆုံး အခက်အခဲကို ကြုံတွေ့ခဲ့ရသည်။
၎င်းသည် စတုရန်းမီတာ သုံးဆယ်ကျော် ရှည်လျားသော စင်မြင့်တစ်ခု ဖြစ်သည်။ ထိုစင်မြင့်အစွန်းတွင်၊ ကျောက်ပြားတစ်ချပ် ရှိသည်။
ထိုကျောက်ပြားပေါ်တွင် "တကယ်လို့ သင်တို့ ဝင်သွားရင်, သေရလိမ့်မယ်၊ နောက်ပြန် ဆုတ်ရင် သင်တို့ အသက်ရှင်လိမ့်မယ်" ဟု ရေးသားထားသည်။
ထိုကျောက်ပြားပေါ်ရှိ စါလုံးများသည် တောင်ထိပ်ပေါ်ရှိ စာလုံးများနှင့် အလွန် ဆင်တူ သည်။ သို့မဟုတ် ၎င်းတို့သည် တူညီသော လူတစ်ယောက်တည်းက ရေးသားထားခြင်း ဖြစ်သည်။ သို့သော် တစ်ခုတည်းသော ခြားနားချက်မှာ တောင်ပေါ်ရှိ စာလုံးများကို ဓားကို စုတ်တံအဖြစ် အသုံးပြုကာ ရေးသားထားခြင်း ဖြစ်ပြီး၊ သူတို့ရှေ့မှ ထိုကျောက်ပြားပေါ်ရှိ စာလုံးများကို စုတ်တံအဖြစ် လက်ချောင်းကို အသုံးပြုကာ ကြီးမြတ်လှသော နတ်ဘုရား တန်ခိုးဖြင့် ရေးထွင်းထားသည်မှာ ထင်ရှားပါသည်။
ထိုကျောက်ပြားမှာ ဘိုးဘေးနတ်ဘုရားကျောက်ပြားပင် ဖြစ်နေပါသေးသည်။ သို့သော်, ရေးသားသည့် ပုံစံက မတူသော်လည်း ထိတ်လန့်စရာကောင်းသည့် အကျိုးသက်ရောက်မှု က အတူတူပင် ဖြစ်ပါသည်။
"သင်တို့ ဝင်ရင်, သင်တို့ သေရလိမ့်မယ်။ နောက်ပြန် ဆုတ်ရင် သင်တို့ အသက်ရှင်မယ်” ဒါက ဘာကိုဆိုလိုတာလဲ။" နီထိုက်စွေ့သည် ကျောက်ပြားပေါ်ကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ငါတို့ ရှေ့တိုးရင် သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်။ နောက်ပြန်ဆုတ်ရင် အသက်ရှင်နိုင်မယ့် အခွင့်အလမ်း ရလိမ့်မယ်" ဆိုတဲ့ အဓိပ္ပါယ်ကို ဒီစာသားက ငါတို့ကို ပြောပြနေတာ ဖြစ်သင့်တယ်။” ရှေးဟောင်းတာအိုက ပြောပါတယ်။
"ဒါဆို ငါတို့ ရှေ့ဆက်ပြီး အစွမ်းကုန်ကြိုးစားရင်, သေရလိမ့်မယ်။ နောက်ပြန်ဆုတ်ရင်, အသက်ရှင်ရမယ်။ ငါတို့ ဝင်ရောက်ခဲ့ရင်, ဘာလို့ ငါတို့က သေရမှာလဲ" ချူယွန်သည် သူ့စိတ်ထဲတွင် သံသယများ မြင့်တက်လာခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် ရှုပ်ထွေးသော အမူအရာများကို ထုတ်ဖော်လိုက်ကြ သည်။ ထိုလူပြောလိုသည့် ကျောက်ပြားပေါ်ရှိ ဆိုလိုရင်းအဓိပ္ပာယ်ကို သူတို့ နားမလည် ခဲ့ကြပေ။
ချင်ယွင်သည် ဆင်ခြင်စဉ်းစားဟန် အမူအရာကို ထုတ်ဖော်ထားပြီး၊ သူ၏ အမူအရာက အနည်းငယ် လေးနက်နေပါသည်။
"ဒါကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံး တောင်ပေါ်ကို ဆက်တက်ကြမယ်။ ရှေးဆက်တက်ပြီး ကြိုးစားကြည့်ရအောင်။" တော်အန်းက မကြောက် မရွှံ့ ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမသည် စင်မြင်ဆီသို့ တိုက်ရိုက် လျှောက်သွားသည်။ ချင်ယွင်နှင့် အခြားလူများသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူမကို အလျင်အမြန် ဆွဲဖမ်းချင်ကြ သည်။ သို့သော် သူတို့သည် ခြေလှမ်းအလွန် နှေးကွေးနေသေးသည်။ တော်အန်းသည် စင်မြင့်ပေါ်သို့ တက်လှမ်းနေပြီ ဖြစ်သည်။
သို့သော် ထူးဆန်းသည်မှာ သူမသည် စင်မြင့်အလယ်သို့ ရောက်သည်အထိ မည်သည့် လှုပ်ရှာမူမှ မရှိခဲ့ပေ။
"ကြည့်စမ်း၊ ငါ အဆင်ပြေနေတယ် မဟုတ်လား။ ဒီကျောက်ပြားက ခြိမ်းခြောက်ထားတာ ဖြစ်ရမယ်" တော်အန်းက လူအုပ်ဆီသို့ သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။
လူတိုင်းသည် သူတို့၏မျက်နှာများပေါ်တွင် ဝေခွဲမရဖြစ်သည့် အမူအရာများ ရှိနေကြပါ သည်။ ဖြစ်နိုင်သည်မှာ, ဤကျောက်ပြားသည် ဤနေရာ၌ ကန့်သတ်ချက်များရှိနေသည့် လက္ခဏာမဟုတ်ဘဲ သတိပေးရုံသက်သက်သာ ဖြစ်နိုင်ပါသလား?။
"ကြည့်ရတာ ငါတို့ အတွေးလွန်နေပုံပဲ။" တော်အန်းက ဘေးကင်းလုံခြုံပြီး အော်ပြောနေ သည်ကို မြင်လိုက်ရတော့ ချူယွန်က အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။ ထို့နောက်, သူသည် စင်မြင်ဆီသို့ လျှောက်သွားတော့မည်။
"အား....."
သို့သော် ချူယွန်သည် ခြေတစ်ဖက် စင်မြင့်ပေါ်သို့ တက်ခါနီးတွင် တော်အန်းဆီမှ ရုတ်တရက် သနားစဖွယ် အော်ဟစ်သံကို ထွက်ပေါ်လာခဲ့သည်။
အားလုံးလည်း တော်အန်းရှိနေရာအရပ်ကို ချက်ခြင်း ပြန်ကြည့်လိုက်လျှင်, တော်အန်း၏ ခြေထောက်တွေက ကျောက်ဆောင်ထဲသို့ နစ်မြုပ်နေသည်ကို တွေ့လိုက်ရပါသည်။ သူမခြေဖဝါးအောက်ရှိ အနှိုင်းမဲ့ မာကျောသော ကျောက်ပြားကြီးသည် ယခုအခါ ပျော့ပျောင်းသော ရွှံ့နွံကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ယင်းကြောင့် တော်အန်းသည် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
ထိုအချိန်တွင် တော်အန်းသည် အမှန်တကယ်ပင် ကြောက်လန့်နေသည်။ ဤအနက်ရောင် ကျောက်ပြားကြီးသည် မည်မျှ မာကျောသည်ကို သူမ မြင်ဖူးသည်။ အကယ်၍ သူမသည် ဤကျောက်တုံးထဲသို့ အမှန်တကယ် နစ်မြုပ်သွားခဲ့လျှင်, သူမသည် အသက်ရှင်ရန် အခွင့်အလမ်း လုံးဝ မရှိနိုင်ပေ။
"ကယ်ပါ။ အစ်မ ငါ့ကို ကယ်ပါဦး" တော်အန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း, သူမ ရုန်းကန်လိုက်စဉ်, အလျင်အမြန် နစ်မြုပ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့အားသင့်သွားကြပါသည်။ ဖြစ်ပျက်နေသည်ကို သူတို့ နားမလည်ခဲ့ကြပါဘူး။ တုနှိုင်းမရအောင် မာကျောလှသည့် ဤကျောက်ပြားကြီး သည် အဘယ့်ကြောင့် ရုတ်တရက် သဲနုန်းမြေသဖွယ် ဖြစ်လာရသနည်း?။
ချင်ယွင်၏ မျက်ခုံးများသည် ရွှံ့တွသွားကာ သူ့မျက်နှာက အနှိုင်းမဲ့ လေးနက်သော အမူအရာ ပေါ်လွင်နေသည် ။
ကျောက်ပြားကြီးသည် ပျော့ပျောင်းနေသော်လည်း အနှိုင်းမဲ့ မာကျောနေဆဲ ဖြစ်သည်။ သူသည် နတ်ဘုရားတန်ခိုးဖြင့် တိုက်ခိုက်ကြည့်သော်လည်း၊ သူသည် ထိုကျောက်ပြားကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။ တော်အန်း ဆက်လက်နစ်မြုပ်နေချိန်မှာ, သူသည် ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
တော်အန်းသည် အသက်ကိုးခုကို ပိုင်ဆိုင်ထားသော်လည်း, ချင်ယွင်က သူမကို အစကတည်းက ဒီနေရာမှာ အသက်မဆုံးရှုံးစေချင်ပါဘူး။ ထို့အပြင်, သူတို့သွားရမည့် လမ်းကြောင်းက အလွန်ရှည်လျားပြီး အန္တရာယ်လည်း ပိုများလာလိမ့်မည်။
ယခုအချိန်တွင် တော်အန်းသည် ဒူးဆစ်အထိ နစ်မြုပ်နေပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းသည် မလှုပ်မယှက် ဖြစ်နေသည်။ သူမသည် ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ အနည်းငယ် လှုပ်ရှားနိုင်သည်။
"အစ်မ ကယ်ပါဦး” ထိုအချိန်တွင် တော်အန်းသည် လုံးဝကို ကြောက်လန့်နေပြီး မျက်ရည်များပင် စီးကျလာသည်။
"အန်အာ၊ မရုန်းကန်နဲ့။ မရုန်းကန်နဲ့၊ အဲဒါက မင်းကို နစ်မြုပ်မှု ပိုမြန်စေလိမ့်မယ်။” တော်ယုက စိုးရိမ်တကြီး ဖြေသိမ့်ပေးလိုက်သည်။
ထို့နောက် သူမက ချင်ယွင်ကို တောင်းပန်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ယခု တော်အန်းကို ကယ်တင်ရန် နည်းလမ်းရှိသည်ဆိုလျှင်, ချင်ယွင်တစ်ယောက်သာ တတ်နိုင်ပါလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် ချင်ယွင်သည် သူ့ကိုယ်ပိုင် အတွေးထဲတွင် လွင့်မျောနေခဲ့ပြီး၊ ပတ်ဝန်းကျင်ကို သူ သတိမမူမိတော့ပေ။ သူသည် ကျောက်တုံးပေါ်က စာလုံးများ၏ အဓိပ္ပါယ်ကို တွေးတောနေခဲ့သည်။
"ဝင်ရောက်ခြင်းက သေဆုံးခြင်းကို ဆိုလိုပြီး၊ ဆုတ်ခွာခြင်းက ရှင်သန်ခြင်းကို ဆိုလိုတယ်”
သူ့အမြင်အရဆို၊ ဤဝါကျသည် ဝူဝမ်ဓားဘိုးဘေးမှ ချန်ထားရစ်ခဲ့သော အရိပ်မြွက် စကားထားတစ်ခု ဖြစ်မည်မှာ သေချာပါသည်။ အကယ်၍, သူတို့သည် ဤကန့်သတ်ချက် ကနေ လွတ်မြောက်ချင်သည်ဆိုရင်, ဒီအရိပ်အမြွက်စကားထာကို အားကိုးရလိမ့်မည်။
သို့သော် ဤစာကြောင်းကို နားလည်ရန် လွယ်ကူသောအလုပ် မဟုတ်ပေ။
ထိုအချိန်တွင်၊ တော်အန်းသည် ကျောက်ပြားအတွင်း တစ်ဝက်လောက် နစ်မြုပ်နေခဲ့ပြီး၊ သူမခန္ဓာကိုယ် အပေါ်ပိုင်းတစ်ဝက်သာ အပြင်ဘက်မှာ ကျန်နေခဲ့သည်။
အကယ်၍, ဤအတိုင်းသာ ရှေ့ဆက်သွားပါက တော်အန်းသည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ထက် မနည်းသော အချိန်အတွင်းမှာ ကျောက်ပြားကြီးထဲ လုံးလုံးလျားလျား ဝါးမျိုခြင်း ခံရပေတော့မည်။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော, ပို၍ပင် စိုးရိမ်လာကြပါသည်။ အကယ်၍, တော်အန်းသာ အမှန်တကယ် ဝါးမျိုခံလိုက်ရလျှင်, သူမသည် ရှင်သန်ရန် မျှော်လင့်ချက် လုံးဝ ရှိတောမှာ မဟုတ်ပါဘူး။ အကယ်၍, သူမ ပြန်မွေးဖွားလာလျှင်ပင်, သူမသည် ဤကြောက်စရာကောင်းသည့် ကန့်သတ်မှုကနေ လွတ်မြောက်နိုင်စွမ်း ရှိမရှိ သူတို့ မသိကြသေးပါဘူး။
ချင်ယွင်သည် ကျောက်တုံးကြီးပေါ်ရှိ စကားလုံးများကို တွေးတောရင်း နစ်မြုပ်နေသေး သည်။ နောက်ဆုံးတွင်၊ တော်အန်းသည် သူမဝမ်းဗိုက်အထိ အထဲသို့ နစ်မြုပ်သွားစဉ်မှာ, ချင်ယွင်၏ မျက်လုံးများက တောက်ပသော အလင်းရောင်တစ်ချက် ရုတ်တရက် လင်းလက်လာသည်။
"ငါ စဉ်းစားလို့ရပြီ။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင်, သူက တော်အန်းကို ကြည့်ကာ "တော်အန်း မလှုပ်နဲ့၊ ငါ မင်းကို ကယ်ပေးမယ်" ဟု ပြောလိုက်ပါသည်။
အားလုံးက ရွှင်မြူးသွားကြပြီး၊ တော်အန်း၏ မျက်နှာပေါ်က မျက်ရည်များပင် ချက်ချင်း ရပ်သွားသည်။ သို့သော် သူတို့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုများ ပျောက်ကွယ်မသွားခင်, ချင်ယွင်၏ လုပ်ရပ်များက သူတို့ကို လုံးဝ ထိတ်လန့်သွားစေခဲ့သည်။
ဘန်း..။
ချင်ယွင်သည် ရှေ့သို့ ခြေလှမ်းအကျယ်ကြီး လှမ်းလိုက်ပြီး တော်အန်း အနားမှာ ချက်ချင်း ပေါ်လာသည်။
"ချင်ယွင်, မင်းက အရူးပဲ"
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အလွန်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်လာကြပြီး၊ သူတို့၏နှလုံးများသည် လည်ချောင်းအထိပင် ချက်ချင်း မြင့်တက်လာသည်။
တော်အန်းသည် အတိတ်မှ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ပြီး ဖြစ်သော်လည်း, ယခုအခါ ချင်ယွင်သည် စင်မြင့်ပေါ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်နေပြန်ပြီ။ ဤရာက သေခြင်းတရားကို တောင်းဆိုနေခြင်း မဟုတ်ဘူးလား?
"ငါ အဆင်ပြေပါတယ်။ စိတ်မပူကြနဲ့"။
သို့သော် အားလုံးက ချင်ယွင်အတွက် စိုးရိမ်နေကြစဉ်မှာ, ချင်ယွင်က ပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။