← Chapters

အခန်း ၁၂၈၆

Vol. 86 Ch. 1286

အခန်း ၁၂၈၆

Vol. 86 Ch. 1286

အခန်း (၁၂၈၆) တော်အန်းကို ကျီစယ်ခြင်း။

ချင်ယွင်၏ စင်မြင့်ပေါ်သို့ ရုတ်ချည်း ခုန်တက်လိုက်ခြင်းက သူတို့အား အမှန်တကယ် ထိတ်လန့်စေပါသည်။

ချင်ယွင်က သူအဆင်ပြေကြောင်း ပြောပြလာသည်ကို မြင်လိုက်ရမှ သူတို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားပါသည်။ သို့သော်လည်း သူတို့သည် နှလုံးသားထဲတွင် တွန့်ဆုတ်နေသေးပြီး၊ ချင်ယွင် လုပ်ဆောင်လိုသည့်အရာကို သူတို့ နားမလည်ကြသေးပေ။

ထိုအချိန်တွင် ချင်ယွင်၏ခြေထောက်များသည် ကျောက်ပြားထဲသို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။ ဤကျောက်ပြားသည် အလွန်ထူးဆန်းပါသည်။

သင်၏ခြေထောက်က အရမ်းပျော့ပြောင်းနေမူကို ခံစားရပုံပေါ်ပေမယ့်, ခြေဖဝါးကို ပြန်ဆွဲထုတ်လိုက်သည့်အခါ ကျောက်ပြားက မာကျောနေသေးသည်ကို တွေ့ရပါလိမ့်မည်။ သင့်အနေဖြင့် သင်၏နတ်ဘုရားတန်ခိုးကို ဘယ်လိုပင် အသုံးပြုနေပါစေ၊ နည်းနည်းလေး မှ လှုပ်လို့ရမှာ မဟုတ်တော့ပါဘူး။

ထိုအချိန်တွင်၊ တော်အန်း၏ ခန္ဓာကိုယ်သည် ကျောက်တုံးထဲသို့ နစ်မြုပ်နေပြီ ဖြစ်ပြီး၊ သူမ၏ပခုံးနှင့် ဦးခေါင်းသာ ကျန်ပါတော့သည်။ အချိန်တိုအတွင်းမှာ သူမသည် ဤကြောက်မက်ဖွယ် အနက်ရောင်ကျောက်ပြားကြီး၏ ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

"အစ်မ၊ ကယ်ပါဦး၊ ငါ မသေချင်သေးဘူး။" တော်အန်းက ငိုရှိုက်သံဖြင့် ပြောသည်။

သူမသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း၊ သူမ၏ စိတ်နေစိတ်ထားသည် ညစ်ပတ်တတ်သော ကလေးငယ်တစ်ဦး၏ စိတ်နေစိတ်ထားအဖြစ် ရှိနေသေးသည်။ ထို့ကြောင့်၊ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင် သူမသည် သဘာဝအတိုင်း ကြောက်ရွံ့မှုကို ခံစားရလိမ့်မည်။

"မကြောက်နဲ့။ သခင်လေးချင်က မင်းကို ကယ်တင်နည်းလမ်းကို သေချာပေါက် တွေးမိသွားပြီ။ မင်း သူ့စကားကို နားထောင်ရမယ်။" တော်ယုက ကမန်းကတန်း နှစ်သိမ့်လိုက်သည်။

ဤသည်မှာ ဘိုးဘေးနတ်ဘုရားကိုယ်တိုင် ချမှတ်ထားသော ကန့်သတ်ချက် ဖြစ်ပါသည်။ အကယ်၍, သူတို့သည် ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူအစုအဝေးတစ်ခု ဖြစ်နေ လျှင်ပင်, ဤကြောက်မက်ဖွယ်ကောင်းသော ဤပတ်ဝန်းကျင်မှာ ၎င်းတို့သည် လှိုင်းလုံးများကို မဖြစ်ပေါ်စေနိုင်သည့် ပင်လယ်ထဲမှ ငါးငယ်လေးများကဲ့သို့ပင် ဖြစ်နေပါဦး မည်။

"အကျင့်မကောင်းတဲ့ချင်၊ နင် ငါ့ကို ကယ်ရမယ်နော်။" တော်ယု၏စကားကို ကြားတော့ တော်အန်းသည် ကမန်းကတန်း ပြန်လှည့်ကြည့်ပြီး သူမကဲ့သို့ ထူးဆန်းသော ကျောက်ပြားထဲတွင် ပိတ်မိနေသော ချင်ယွင်အား ပြောလိုက်ပါသည်။

ထိုမိန့်ခွန်းကို ကြားတော့ ချင်ယွင်သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားရသည်။

သူသည် သူမတို့ကို တစ်ခါတည်း အနိုင်ကျင့်မိတာ မဟုတ်ဘူးလား?။ ဒီကောင်မလေးသည် သူ့ကို လူဆိုးစု အမြဲခေါ်နေခဲ့သည်။

သေချာသည်မှာ, ချင်ယွင်လည်း စိတ်ဆိုးခြင်းမရှိပါဘူး။ သူက တော်အန်းကို လေးလေး နက်နက် ကြည့်ပြီး ပြောလိုက်သည် "အခု မင်း ငါ့စကားကို နားထောင်ပြီး ငါပြောသလို လိုက်လုပ်ပါ။ ဒီလိုနည်းနဲ့ဆို ငါက မင်းရဲ့ ရှင်သန်မှုကို အာမခံနိုင်တယ်"

တော်အန်းက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

တော်အန်းက သဘောတူသည်ကို မြင်လိုက်ရလျှင်, ချင်ယွင်သည် ပို၍ စိတ်သက်သာရာ ရသွားသည်။ အကယ်၍, သူမသည် ဒီကြောက်စရာကောင်းသည့် ကန့်သတ်ချုပ်ချယ်မှု ကနေ လွတ်မြောက်ချင်သည်ဆိုလျှင်, တော်အန်း၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင်, သူသည် ဒီကန့်သတ်ချက်ကို ချိုးဖျက်ဖို့ အရမ်းကို ခက်ခဲပါလိမ့်မည်။

"ကဲ၊ မင်းရဲ့ခန္ဓာကိုယ်ထဲက နတ်ဘုရားတန်ခိုးကို လှည့်ပတ်ပြီး, မင်းရဲ့ခန္ဓာကိုယ်ထဲကနေ နတ်ဘုရားတန်ခိုးအားလုံးကို တွန်းထုတ်လိုက်ပါ။ တစ်နည်းနည်းလေးတောင် မကျန်ခဲ့စေနဲ့” ချင်ယွင်က ပြောသည်။

"နတ်ဘုရားတန်ခိုးကို အတင်းအကြပ် တွန်းထုတ်ရမှာလား?။ အဲဒါက သေခြင်းတရားကို တောင်းခံနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား" တော်အန်းက စိတ်ရှုပ်ထွေးစွာဖြင့် ကမန်းကတန်း မေးလိုက်သည်။

"ဟုတ်တယ်လေ၊ နတ်ဘုရားတန်ခိုးအားလုံးကို ဖယ်ထုတ်လိုက်ရင်, သေမျိုး တစ်ယောက် ရဲ့ ခန္ဓာကိုယ်ထက် နည်းနည်းလေးပဲ သန်မာတော့မှာ မဟုတ်ဘူးလား?။ ကျန်တဲ့အရာ အားလုံးက သေမျိုးတစ်ယောက်နဲ့ ဘာမှမခြားနားတော့ဘူး မဟုတ်လား?” တော်ယုက ဝေခွဲမရသော အမူအရာဖြင့် မေးလိုက်ပါသည်။

ချူယွန်နှင့် နီထိုက်စွေ့သည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသော်လည်း၊ ရှေးဟောင်းတာအိုကမူ အတွေးနက်နေသေးသည်။

"ငါ့ကို ယုံပါ။ ငါပြောတဲ့အတိုင်း လုပ်ပါ" ချင်ယွင်က တော်အန်းကို ပြောသည်။

တော်အန်းသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း၊ သူမသည် ခေါင်းတစ်လုံးသာ ကျန်ရှိ တော့ပြီး၊ နစ်မြုပ်သွားသည့်အရှိန်ဟုန်ကလည်း ဆက်လက်ရှိနေမြဲဖြစ်သောကြောင့် အလျင်မြန် ဆုံးဖြတ်ချက် ချလိုက်ရပါသည်။

"ကောင်းပြီ၊ ငါ ငါ့ရဲ့နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်လိုက်မယ်။" တော်အန်းက အံကြိတ် ကာ ပြောလိုက်သည်။ သူမပြောပြီးသည်နှင့်, သူမ၏ ကျင့်ကြံခြင်းပညာရပ်ကို လှည့်ပတ် ကာ သူမခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးအားလုံးကို တွန်းထုတ်လိုက်သည်။

လျင်မြန်စွာပင်၊ တော်အန်း၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးသည် သူမထံမှ လုံးလုံး လျားလျား ပျံ့နှံ့သွားခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ၊ တော်အန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ, သူမ၏ နစ်မြုပ်မှု အရှိန် သည် အမှန်တကယ် နှေးကွေးသွားခဲ့သည်။ နောက်ဆုံးတွင်၊ တော်အန်း၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဘုရားတန်ခိုးများ လုံးဝ ပျောက်ကွယ်သွားသည်နှင့် တော်အန်း၏ နစ်မြုပ်မှု လမ်းကြောင်းသည် အမှန်တကယ်ပင် လုံးဝ ရပ်တန့်သွားခဲ့ပါသည်။

"တကယ်... တကယ်ကို မနစ်မြုပ်တော့ဘူးပဲ” လူဆိုးကောင်ချင်၊ နင်က အရမ်းကို အစွမ်းထက်တာပဲ” တော်အန်းသည် စိတ်လှုပ်ရှားသွားပြီး မထိန်းနိုင်ဘဲ အော်ပြောလိုက် ရင်း တောက်ပသော အပြုံးက သူမ၏ လှပသော မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာသည်။

ဤမြင်ကွင်းကို လူတိုင်း မြင်လိုက်သောအခါတွင်, ၎င်းသည် အနှိုင်းမဲ့ အံ့ဖွယ်ကောင်းသည် ဟု ခံစားလိုက်ရသည်။ သူတို့ခန္ဓာကိုယ်ထဲမှ နတ်ဘုရားတန်ခိုးက ပျောက်ကွယ်သွားသည် နှင့် အဘယ့်ကြောင့် နစ်မြုပ်ခြင်း မရှိသည့်ရတော့သည့် အကြောင်းရင်းကို သူတို့ နားမလည်ခဲ့ကြဘူး။

ချင်ယွင်က ပြုံးလိုက်ပြီး၊ သူ့အထင်က မှန်ကန်ကြောင်း ပိုသေချာသွားသည်။

ပထမအချက်က ဤကန့်သတ်ချက် ဖြစ်သည်။ ဤစင်မြင့်ပေါ်မှ ကန့်သတ်ချက်သည် အမှန်တကယ်ပင် အလွန်အားကောင်းသည့် ကန့်သတ်ချက်တစ်ခု ဖြစ်သည်။

နတ်ဘုရားတန်ခိုးရှိသူတိုင်း မည်သူမဆို ဤစင်မြင်ထဲသို့ ကျရောက်သွားလိမ့်မည်။ သူတို့ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုးက အားကောင်းလေ၊ ၎င်းတို့ နစ်မြုပ်မူက ပို၍ မြန်ဆန်လေ ဖြစ်လိမ့်မည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ခန္ဓာတွင်အတွင်းမှာ နတ်ဘုရား တန်ခိုး မရှိသူများသည် လုံခြုံပြီး ဘေးကင်း သာယာနေပေလိမ့်မည်။

ဝင်ခြင်းသည် သေခြင်းဖြစ်ပြီး၊ ဆုတ်ခွာခြင်းသည် ရှင်သန်ခြင်း ဖြစ်သည်။

ထုံးစံအတိုင်း၊ ဤသည်မှာ ထိုစင်မြင့်ထဲကို ဝင်ရောက်ခြင်းကို ဆိုလိုပါသည်။ ဤစင်မြင့်ထဲ သို့ ဝင်ရောက်လာသူ မည်သူမဆို, ၎င်းအပေါ်ရှိ ကြောက်မက်ဖွယ် ကန့်သတ်ချက်များ ကြောင့် ဝါးမျိုခံရမည်ဖြစ်ပြီး၊ ၎င်းတို့ကို တဖြည်းဖြည်း နစ်မြုပ်သွားစေကာ နောက်ဆုံးတွင် ကျောက်ပြားကျောက်ခဲကြီးနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားမည် ဖြစ်သည်။

သို့ရာတွင်၊ ဘိုးဘေးနတ်ဘုရားသည် ကန့်သတ်ချက်ကို ချမှတ်သောအခါ၊ သူသည် ဆုတ်ခွာမည့် လမ်းကြောင်းကိုလည်း ထားရစ်ခဲ့ပါသည်။ ဤဒုတိယစာကြောင်းသည် ဆုတ်ခွာခြင်း လမ်းကြောင်း ဖြစ်ပါသည်။

ဆုတ်ခွာခြင်း ဆိုသည်မှာ တောင်ပေါ်မှ ဆုတ်ခွာခြင်းကို မဆိုလိုဘဲ လူတစ်ယောက်၏ ကျင့်ကြံမူကို ဆုတ်ခွာခိုင်းခြင်း ဖြစ်ပါသည်။ ယင်းက ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်လာသော နတ်ဘုရား တန်ခိုးကို သေမျိုးတစ်ယောက်နှင့် ပိုမိုနီးစပ်စေရန်အထိ တွန်းအားပေးခဲ့ပါသည်။ သေချာသည်မှာ, နတ်ဘုရားတန်ခိုးသည် ထိုလူထံမှ ဆုတ်ခွာသွား သော်လည်း သူ၏ကျင့်ကြံမှုအဆင့်ကတော့ တည်ရှိနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့်ပင်, တော်အန်းသည်လည်း အက်ကြောင်းထဲမှာပင် ရှိနေပါသေးသည်။

"ဟဲ့ အယုတ်တမာကောင် ချင်၊ မြန်မြန်လုပ်လေ။ နင် ငါ့ကို ဒီနေရာကနေ ဖယ်ထုတ်ဖို့ နည်းလမ်းရှိရမယ်။ ဒီမာကျောတဲ့ ကျောက်ပြားကြီးကြောင့် သေတဲ့အထိ ကြိတ်ချေခံရ တော့မယ်။ မြန်မြန်, ငါ့ကို ဒီကနေ ဆွဲထုတ်ပေးစမ်းပါ။" တော်အန်းက ချင်ယွင်ကို ကမန်းကတန်း အော်ပြောလိုက်သည်။

သူမ၏ လက်ရှိ နစ်မြုပ်မှု အရှိန်ဟုန်သည် ရပ်တန့်သွားသော်လည်း သူမသည် အက်ကွဲကြောင်းထဲတွင် ရှိနေဆဲဖြစ်သည်။ ယခုအခါ သူမခန္ဓာကိုယ်ထဲတွင် နတ်ဘုရား တန်ခိုး၏ကောင်းချီးပေးမူများ မရှိတော့ပေ။ ထို့ကြောင့်၊ ကျောက်ပြားကြီး၏ ဖိအားကို သူမအနေဖြင့် တောင့်ခံရနေရသည်။

"မင်းက ငါ့ကို အယုတ်တမာကောင်ချင်လို့ ခေါ်နေတုန်းပဲလား။ မင်း သတိထားနေပါ။ ငါ မင်းကို မကယ်ပဲနေလိုက်မယ်”။ ချင်ယွင်က တင်းမာသော မျက်နှာထားဖြင့် တမင်တကာ လှည့်စားပြောလိုက်သည်။

"မလုပ်နဲ့၊ မလုပ်နဲ့နော်။ ငါ နင့်ကို လူယုတ်မာချင်လို့ ဘယ်တော့မှ မခေါ်တော့ဘူး။ လူကောင်းလေးချင်, လူတော်လေး ချင်၊ သခင်လေး ချင်၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ" တော်အန်းက အလျင်စလို တောင်းပန်လိုက်ပြီး အကျင့်ပျက်နေသည့် ကြောင်မလေး တစ်ကောင်လို ပြုမူလိုက်သည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မပြုံးဘဲ မနေနိုင်ပေ။ ထို့နောက် သူက ပြောလိုက်သည် "ဒါဆိုလည်း ငါကြားရအောင် ခင်ပွန်းချင်လို့ ခေါ်လိုက်ပါ”။

တော်အန်း၏ လှပသော မျက်နှာသည် ရှက်ကိုးရှက်ကန်းဖြစ်မူနှင့်အတူ အမျက်ဒေါသက ချက်ချင်း ထွက်ပေါ်လာသည်။ သူမမျက်လုံးကြီးတွေက ရုန်းကန်နေသည့် အမူအရာဖြင့် တောက်ပနေသည်။ နောက်ဆုံးတွင် သူမသည် သည်းမခံနိုင်တော့ပေ။ သူမက ခြင်တစ်ကောင်လို တိုးညှင်းသည့်အသံဖြင့် တိုးတိုးလေး ခေါ်လိုက်သည် "ချင်...ခင်ပွန်း ချင်”။

"ဟား...၊ ဟား…." ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူသည် တော်အန်းကို အမှန်တကယ် ကျီစားနေခြင်း ဖြစ်သည်။ သူသည် ဤမိန်းကလေး ကို သူ၏မိန်းမအဖြစ် အမှန်တကယ် မယူချင်ခဲ့ပေ။ သို့သော် တော်အန်းသည် သူကို အမှန်တကယ် ခေါ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

တော်အန်းသည် ​ခေါ်​ပြီး​နောက်​ အလွန်​ရှက်​ရွံ့​သော အမူအရာ ​ပေါ်လာသည်​။ သို့သော် လည်း, သူမဘေးမှ ချင်ယွင်က ကျေနပ်စွာ ရယ်မောနေခြင်းကို သူမမြင်လိုက်ရသော အခါတွင်, သူမသည် ချက်ချင်းပင် ဒေါသနှင့်အတူ ချင်ယွင်ကို ပြင်းထန်စွာ စိုက်ကြည့်နေခဲ့ သည်။ အကယ်၍, သူမသည် ယခုအချိန်တွင် လှုပ်ရှားနိုင်ခဲ့ပါက, သူမသည် ချင်ယွင်ကို ဆောင့်ကန်ပြီး အသည်းအသန် ကိုက်ပစ်ရန်ပင် ဆန္ဒရှိနေသည်။

ချင်ယွင်ကတော့ ဂရုမစိုက်ပေ။ သူ ဤကျောက်ပြားပေါ်ကို ခုန်ချရသည့် အကြောင်းရင်းက တော်အန်းကို ကယ်တင်ရန် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်၏ လက်ဖဝါးသည် တော်အန်း၏ ခေါင်းပေါ်သို့ ကျရောက်သွားပြီး ပြင်းထန်သော စွမ်းအားတစ်ခုက သူမခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုနယ်ပယ်ကို ချက်ချင်း စည်းတံဆိပ် ခတ်လိုက်ပါသည်။

တော်အန်း၏ ကျင့်ကြံမှုသည် စည်းတံဆိပ်ခတ်လိုက်သည်နှင့် သူမခန္ဓာကိုယ်သည် တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ဆုံးတွင် သူမသည် ကျောက်ပြားကြီးထဲမှ လုံးဝ လွတ်မြောက်သွားခဲ့သည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချင်ယွင်သည် ကျောက်ပြားအက်ကွဲကြောင်းထဲ မှ လွတ်မြောက်ရန် တူညီသော နည်းလမ်းကို အသုံးပြုလိုက်ပါသည်။

နောက်ဆုံးတွင်, သူသည် တော်ယု၊ ရှေးဟောင်းတာအိုနှင့် အခြားလူများကို စင်မြင့်ပေါ် တစ်ယောက်ပြီး တစ်ယောက် ဖြတ်ကျော်နိုင်အောင် ကူညီပေးခဲ့သည်။ စင်မြင့်ကို ဖြတ်ကျော်ပြီးနောက်၊ ချင်ယွင်သည် သူတို့၏စည်းတံဆိပ်များကို ကူညီဖယ်ရှားပေးခဲ့ သည်။ ထို့နောက် ၎င်းတို့၏ကျင့်ကြံမှုသည် ပြန်လည် သက်ဝင်လာခဲ့သည်.

လက်ဖြင့် စည်းတံဆိပ်ခတ်ခြင်း ပညာရပ်ကို သဘာဝအတိုင်း လျိုဘိုက ချင်ယွင်အား သင်ကြားပေးခဲ့ပါသည်။ ၎င်းသည် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများကို သေမျိုးများ ကဲ့သို့ဖြစ်အောင် ပြုလုပ်နိုင်ပါသည်။ ဤနည်းအားဖြင့်၊ သူသည် စင်မြင့်ပေါ်ရှိ ကန့်သတ် ချက်များကို ဘေးကင်းစွာ လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။

ချင်ယွင်ကိုယ်တိုင်ကတော့ ပို၍ပင် ရိုးရှင်းပါသည်။ သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို အပြည့်အဝ လွှင့်ထုတ်ပစ်ရန် ကနဦးစကြဝဠာကို အသုံးပြုနိုင်ပါသည်။

အရာအားလုံး ပြီးမြောက်ပြီးနောက် ချင်ယွင်သည် လူတိုင်းအား ထိုလျှို့ဝှက်ချက်ကို ရှင်းပြခဲ့သည်။

ဤကန့်သတ်ချက်သည် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရသည်ကို နောက်ဆုံးတွင် လူတိုင်း နားလည်လာကြသည်။

လူတစ်ယောက်၏ ကျင့်ကြံမူက ပိုသန်မာလေ, ဤကန့်သတ်ချက်၏ ချည်နှောင် ပေါင်းစည်းမှုစွမ်းအားက ပိုအားကောင်းလေ ဖြစ်ပုံရပါသည်။ ဆန့်ကျင်ဘက်အနေဖြင့်,၊ ဤကန့်သတ်ချက်သည် သေမျိုးများအပေါ် လုံးဝ သက်ရောက်မှု မရှိနိုင်ပါ။

ယင်းကြောင့် ဘိုးဘေးနတ်ဘုရား ချမှတ်ထားသော ကန့်သတ်ချက်များသည် အနှိုင်းမဲ့ အံ့ဖွယ်ကောင်းသည်ဟု လူတိုင်းက စိတ်လှုပ်ရှားမူနှင့် ကိုယ်စီညည်းတွားမိကြပါသည်။ ဤအရာအားလုံးသည် အခုမှ အစဘဲ ရှိပါသေးသည်။ တောင်တန်းပေါ် လျှောက်လှမ်းရမည့် ခရီးက အဝေးကြီးကျန်နေပါသေးသည်။

All Chapters